ငွေသွင်းနိုင်သူ နည်းပါး၍ ရွှေလင်ပန်း တန်ဖိုးနည်း တိုက်ခန်း အပ်နှံရေး ရက်တိုး သတ်မှတ်

ငွေသွင်းနိုင်သူ နည်းပါး၍ ရွှေလင်ပန်း တန်ဖိုးနည်း တိုက်ခန်း အပ်နှံရေး ရက်တိုး သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
10 Mar 2015 10:29 am တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်း ၀ယ်ယူခွင့် ရရှိသူများ အနက် ငွေသွင်းနိုင်သူ နည်းပါး၍ ရွှေလင်ပန်း တန်ဖိုးနည်း တိုက်ခန်း အပ်နှံရေး သတ်မှတ်ရက်ထက် ရက်တိုး သတ်မှတ် သွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်း ရရှိသည်။ ယခင်က မတ်လ (၅) ရက်နေ့ဟု သတ်မှတ်ထားခဲ့ရာမှ ဧပြီလ ပထမ သီတင်းပတ် အထိ ရက်တိုး သတ်မှတ်ရန် ဌာန အနေဖြင့် ဆောင်ရွက် ထားပြီး ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြ ထားကြောင်း သိရသည်။

ဝယ်ယူခွင့် ရသူတွေ ထဲမှာ တိုက်ခန်းငွေ အကြေပေးသွင်း နိုင်တဲ့ သူကတော့ ရာခိုင်နှုန်းနည်း တာပေါ့။ ဒါပေမဲ့ ကျန်တဲ့ သူတွေ အနေ နဲ့လည်း ငွေ စုဆောင်းမှု ပြုလုပ်နိုင်ဖို့ အတွက် တိုးမြှင့် သတ်မှတ်ပေးမှာ ဖြစ်ပါတယ် ဟု တိုင်းဒေသကြီး အိမ်ရာ စီမံကိန်း တာဝန်ခံ ဦးယုခိုင်က ပြောသည်။ မူလ သတ်မှတ် ထားသည့် မတ်လ (၅) ရက်နေ့ အထိ ငွေသွင်းပြီး၍ တိုက်ခန်းသော့များ အပ်နှံနိုင်သူ (၁၂၀) ကျော် ရှိသွားပြီ ဖြစ် ကာ (၅၀) ကျော် ကျန်ရှိနေ သေးကြောင်း ၎င်းက ဆက်လက် ပြောသည်။

ကျွန်မတို့နဲ့ ချိတ်ဆက်ပြီး ငွေပေးချေတဲ့ သူက (၂၁) ဦးရှိ သွားပြီ။ ဒါက ပထမ အသုတ် အနေနဲ့ပေါ့။ နောက်ထပ်လည်း ချေးငွေထုတ် ပေးဖို့ စိစစ်နေ ပါတယ် ဟု ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာတွင် တိုက်ခန်းပေါင်း (၅၇၆) ခန်း ပါဝင်ပြီး၊ တိုက်ခန်း အကျယ်အ၀န်းပေါ် မူတည်၍ တစ်ခန်းလျှင် ကျပ်သိန်း (၁၁၀) မှ (၁၂၀) အထိ သတ်မှတ် ထားသည်။ အဆိုပါ တိုက်ခန်းများ ၀ယ်ယူနိုင်ရေး အတွက် ၀ယ်ယူခွင့် ရရှိသူ များကို မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တို့မှ ချိတ်ဆက်၍ ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်းလည်း ဌာန တာဝန်ရှိသူများက တရားဝင် သတင်းထုတ်ပြန် ထားသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service