ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများစွာ ထပ်မံ အကောင်အထည်ဖော်ရန် ရှိပြီး အခန်းဈေးနှုန်းများ တွက်ချက်နေဆဲ ဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများစွာ ထပ်မံ အကောင်အထည်ဖော်ရန် ရှိပြီး အခန်းဈေးနှုန်းများ တွက်ချက်နေဆဲ ဖြစ် - Property News in Myanmar from iMyanmarHouse.com
25 Feb 2015 9:08 am တွင် တင်ခဲ့သည်
540 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က တန်ဖိုးနည်း အိမ်ရာများစွာ ထပ်မံအကောင်အထည်ဖော်ရန် ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“အိုးအိမ်တို့၊ စည်ပင်တို့က တန်ဖိုးနည်းအိမ်ရာတွေ ထပ်မံပြီး အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အများကြီးပါ။ သူတို့က အဲဒါတွေကို အကောင်အထည်ဖော်ပြီးရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စီမံခန့်ခွဲခွင့် ပေးမယ်။ အဲဒီအခါမှာ အစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ မဲနှိုက်ရောင်းချပေးမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ထပ်မံတည်ဆောက်၍ ရရှိလာမည့် တန်ဖိုးနည်းအိမ်ရာ အခန်းများကို ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းအဆိုပါ တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖော်ထုတ်ခဲ့ပြီးသည့် တန်ဖိုးနည်းအိမ်ရာ အခန်းများမှာ ကျပ်သိန်း ၁၀၀ အထက်တွင် ရှိနေခြင်းကြောင့် အခြေခံလူတန်းစား ပြည်သူများ ၀ယ်ယူနိုင်သည့် အနေအထား မရှိပေ။

သို့ဖြစ်ရာ ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာများတွင်လည်း ယင်းသို့ ဈေးနှုန်း ကျပ်သိန်း ၁၀၀ အထက်သာ ဖြစ်နေမည် ဆိုပါက အခြေခံပြည်သူများ ၀ယ်ယူရန် မလွယ်ကူနိုင်ပေ။

မကြာသေးမီက ရောင်းချခဲ့သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ဆောက်လုပ်ခဲ့သည့် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှာလည်း ရန်ကုန်မြို့တွင်းနှင့် များစွာ အလှမ်းကွာသည့် လှိုင်သာယာ ရွှေလင်ပန်းချောင်း အနီးတွင် ရှိသော်လည်း အခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၁၁၀ မှ ၁၂၅ သိန်းကြားတွင် ရှိခဲ့သည်။ တိုက်ခန်းပေါင်း ၅၇၆ ခန်း တည်ဆောက်ပြီး ဖြစ်သော်လည်း ပြည်သူလူထုထံသို့ အခန်းပေါင်း ၂၀၀ ကျော်သာ မဲနှိုက်ရောင်းချပေးထားကြောင်း သိရသည်။

တန်ဖိုးနည်း အိမ်ရာများမှာ အခြေခံပြည်သူများ မ၀ယ်ယူနိုင်သည့် ဈေးနှုန်းများဖြစ်နေ၍ ဘဏ်များဖြင့် ချိတ်ဆက်၍ နှစ် ၂၀၊ ၃၀ အရစ်ကျ စနစ်ဖြင့် ၀ယ်ယူခွင့်ပေးရန် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောမတူခဲ့ကြောင်း သိရသည်။

ထို့ပြင် တန်ဖိုးနည်းအိမ်ရာများမှာ အမှန်တကယ် အိမ်ရာလိုအပ်သည့်သူများ လက်ထဲသို့ မရောက်ရှိဘဲ အိမ်ရာမလိုအပ်သော ဈေးကစားလိုသူများ လက်ထဲသို့ ရောက်ရှိချုပ်ကိုင်ခြင်းများ မရှိစေရန်အတွက် တန်ဖိုးနည်းအိမ်ရာဆိုင်ရာ ဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သုံးသပ်ခဲ့ပါသည်။

Credit : EMG

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service