ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် သည် ၎င်းတို့ဘဏ်၏ ချေးငွေများကို ယခု ထက်ပို၍
နှစ်ရှည်ချေးပေးနိုင်ရန်နှင့် ချေးငွေ ပမာဏထပ်မံတိုးချဲ့ရန် ရန်ပုံငွေ လိုအပ်နေ ကြောင်း အဆိုပါ
ဘဏ်၏ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးဝင်းဇော်က ဖေဖော်ဝါရီလ ဒုတိယ ပတ်အတွင်းက မြန်မာ
တိုင်း(မ်)ကိုပြောသည်။
"ကျွန်တော်တို့ကို နှစ်ရှည် ချေးပေးမယ့် ရန်ပုံငွေရရင် နှစ်ရှည်ချေးပေးပါမယ်။ ကျွန်တော်တို့က
ငွေလိုနေပါတယ်။ ကျွန်တော် တို့ကို အတိုးနှုန်းနည်းနည်းနဲ့ နှစ်ရှည် ချေးပေးရင် ကျွန်တော်တို့
ကလည်း အဲဒီအတိုင်း အတိုးနည်းနည်းနဲ့ နှစ်ရှည်ချေး ပေးမှာပေါ့။ အခုလောလောဆယ် တော့
ကျွန်တော်တို့ ဆီမှာ အများဆုံးလေးနှစ် ချေးပေးနိုင်တဲ့ငွေပဲ ရှိသေးတယ်။ ၁၀ နှစ်၊ အနှစ် ၂၀ ချေး
ပေး နိုင်တဲ့ငွေမရှိသေးဘူး" ဟု ၎င်းကပြောသည်။
"ဘဏ်ထောင်တာ တစ်နှစ်ရှိပြီ။ ဘယ်ကမှ ရန်ပုံငွေမရဘူး" ဟုလည်း ၎င်းကပြောသည်။
ယင်းကဲ့သို့ ချေးငွေကာလနှင့် ပမာဏပိုမို လာစေရန်မှာ နိုင်ငံတကာက အကူအညီနှင့် ချေးငွေ
များရရန်လိုအပ်ကြောင်း၊ ထိုအကူအညီဖြင့် ချေးငွေများရရန်ကိုလည်း ယုံကြည်မှုတည်ဆောက်
သည့်ကာလ လိုအပ်ကြောင်း၊ ထိုကာလကို ဖြတ်သန်းပြီးလျှင်မူ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း
လည်း ၎င်းကပြောသည်။
လက်ရှိအချိန်တွင် ယင်းဘဏ်က ငွေချေး လျှင် တစ်နှစ်လျှင် အတိုးနှင့်ဝန်ဆောင်ခ စုစုပေါင်းမှာ
ချေးငွေ၏ ၁၃ ရာခိုင်နှုန်းဖြစ်ပြီး အများဆုံးလေးနှစ်အထိ ထုတ်ချေးပေးခြင်း ဖြစ်သည်။
အဆိုပါဘဏ်သည် မြန်မာနိုင်ငံရှိ အခြားဘဏ်များနှင့် ချေးငွေအတိုးနှုန်း တူညီသော်လည်း ချေးငွေ
စောင့်ဆိုင်းကာလ မှာမူ အခြားဘဏ်များက တစ်နှစ်ခန့်သာ အများဆုံးရှိသဖြင့် ထိုဘဏ်က လက်
ရှိတွင် ကာလအရှည်ဆုံး ငွေထုတ်ချေး သည့်ဘဏ် ဖြစ်နေသည်။ သို့သော် ရန်ကုန်ကဲ့သို့ မြို့ကြီး
များတွင် မြေ ဈေးနှုန်းမြင့်တက်မှု ကြောင့် အိမ် ၀ယ်လိုသူ များသည် ၎င်းတို့၏၀င်ငွေနှင့် မတတ်နိုင်
ကြ ဘဲ ဘဏ်ကနှစ်ရှည်ချေးငွေယူပြီး အိမ် ၀ယ်ယူချင်သော်လည်း အတိုးနှုန်းနှင့် ချေးငွေ ပြန်ဆပ်
ရန်ကာလသတ်မှတ်ချက်မှာမူ ၎င်းတို့ အတွက် အဆင်မပြေသေးကြောင်း ပြောသည်။
အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိတွင် အကြီးစား အိမ်ရာစီမံကိန်းကြီးများသို့ ငွေချေး ပေးထား
သည်မှအပ တစ်သီးပုဂ္ဂလအနေဖြင့် မည်သူ့ကိုမျှ ငွေမချေးရသေးဘဲ ချေးငွေ လျှောက်ထားလာသူ
များထဲက လူဦးရေ ၂၀၀ ခန့်ထံသို့ ဘဏ်ကကွင်းဆင်းစစ်ဆေးနေပြီး ၎င်းတို့အနက် လူဦးရေမည်မျှ
ငွေချေးခွင့်ရ မည်ကိုလည်း မသိရသေးပေ။ ထိုလူဦးရေပမာဏမှာလည်း ပြင်ပ၌ အမှန် တကယ်
အိမ်ကိုချေးငွေဖြင့် ၀ယ်လိုသူ၊ ဆောက်လိုသူများ၏ ဦးရေပမာဏနှင့် နှိုင်း ယှဉ်လျှင် လွန်စွာနည်းပါး
နေသေးကြောင်း လည်း ဦးဝင်းဇော်ကပြောသည်။
"ဒီအခြေအနေ မှာ တကယ် လိုအပ်တဲ့သူတွေကို ဦးစားပေးပြီး ငွေချေးပေးသင့် တယ်။ အိမ်တစ်
လုံးရှိပြီးသားကနေ နောက်တစ်လုံး ထပ်ဆောက်ချင်တဲ့သူတွေကို ချေးပေး နေတာမျိုးဆိုရင် ဒါက
လက်တွေ့မကျဘူး။ အိမ်မရှိသေးတဲ့သူတွေ ဦးစားပေးတဲ့မူချပြီး လုပ်စေချင်တယ်။ ရှိပြီးသားသူ
တွေပဲ ထပ်ပေး နေလို့ကတော့ စနစ်က ဘယ်လောက်ကောင်း ကောင်း လူတွေကတော့ တိုး
တက်လာမှာ မဟုတ်ဘူး" ဟု အိမ်ဝယ်ရန် ကြိုးစားနေသည့် လူငယ်လုပ်ငန်းရှင် ကိုမြင့်ကျော်သူရ
က ပြောသည်။
၎င်းက အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ အတိုး နှုန်းမှာ များပြားသေးသည်ဟု ယူဆကြောင်း နှင့် လေးနှစ်
အတွင်း အကျေပြန်ဆပ်ရန်မှာ လည်း အခက်အခဲရှိသဖြင့် ချေးငွေပြန်ဆပ်ရ မည့်ကာလကို ယခု
ထက် ပိုမိုအချိန်ပေးသင့်ကြောင်း ပြောသည်။ "အတန်အသင့်ပဲရှိတဲ့ အိမ်တစ်လုံးကိုတောင် အခု
က သိန်းနှစ်ရာလောက်ရှိတယ်ဆို တော့ လေးနှစ်ချေးငွေနဲ့ ၀ယ်မယ်ဆိုရင် တစ်လ ကို အတိုးမပါ
သေးဘူး ငွေလေးသိန်းလောက် ပုံမှန်စုနိုင်မှဖြစ်မယ်။ ဒီပမာဏက လူအများစုရတဲ့ဝင်ငွေမဟုတ်
သေးဘူး" ဟုလည်း ကိုမြင့်ကျော်သူရကပြောသည်။
အခြားတစ်ဖက်တွင်မူ အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ရှယ်ယာရှင်များ ထည့်ဝင်ထားသည့်ငွေနှင့်
စုဆောင်းအပ်နှံငွေများအတွက် အတိုးနှုန်းမှာ ၈ ဒသမ ၂၅ ကျပ်မှ ၁၀ ကျပ်အထိပေးနေရသဖြင့်
ချေးငွေအတိုးနှုန်းကို ယခုထက် လျှော့ချ၍ မရနိုင်သေးကြောင်းလည်း ဦးဝင်း ဇော်ကပြောသည်။
အိမ်ဆောက်လုပ်ရန် ပြင်ဆင်နေသည့် အငြိမ်းစားအရာရှိ ဦးလှစိုးတင့်က "ပုံမှန်ဝင် ငွေအနေနဲ့ပြဖို့
က ပင်စင်လစာကလည်း အများ ကြီးမဟုတ်တော့ သူတို့ကလက်ခံမှာမဟုတ် ဘူး" ဟု ပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိတွင် နိုင်ငံတကာမှ ချေးငွေ အနေဖြင့်
ဂျပန်နိုင်ငံ ဆာဝါဒါဟိုးလ်ဒင်း ကုမ္ပဏီထံက ချေးငွေ ဒေါ်လာ ၁၀ သန်း တစ်ခု တည်းသာ ရရှိ
ထားပြီး ထိုငွေကိုလည်း အကြီးစား ဆောက်လုပ်ရေး စီမံကိန်းကြီးများထံ ထုတ်ချေးပြီးဖြစ်ကြောင်း
အဆိုပါဘဏ်တာဝန်ရှိသူက ပြောသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် သည်
ဆောက်လုပ်ရေးဝန်ကြီးဌာနက တိုက်ရိုက် ကြီးကြပ်ကွပ်ကဲကာ အစိုးရမတည် ငွေ ၁၄ ရာခိုင်
နှုန်းခန့်နှင့် အခြားပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများ အသီးသီး ထည့်ဝင်ထားသည့် မတည်
ငွေတို့ဖြင့် ပူးပေါင်း တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ထိုဘဏ်၏ စုစုပေါင်းမတည်ငွေမှာ
ကျပ်ဘီလျံ ၁၀၀ ခန့်ရှိပြီး ထိုငွေများအနက် ကျပ်ဘီလျံ ၉၀ ကျော်မှာမူ ထုတ်ချေးပြီးဖြစ် ကြောင်း
အဆိုပါဘဏ်၏ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောသည်။
Credit: mmtimes