ပြည်တွင်း၌ ဖွင့်လှစ်ရောင်းချနေသော ကားအရောင်းပြခန်းများမှာ ဈေးကွက်အရ လူသွားလူ လာများသော လမ်းမကြီးများတွင် မြေငှားရမ်း၍ ဖွင့်လှစ်နေရသည့်အတွက် ယခုလက်ရှိ မြေဈေးနှုန်းမြင့် မားနေမှုမှာ ကားအရောင်းပြခန်းများအတွက်၏ အခက်အခဲ ဖြစ်ပေါ်စေကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း မှ စုံစမ်းသိရှိရသည်။
လက်ရှိပြည်တွင်း၌ Car Sale Centerများ၊ Car Showroomများ ဖွင့်လှစ်၍ ကားအမျိုးအစား အမျိုးအမျိုးကို ရောင်းချပေးလျက်ရှိရာ ယင်းကားအရောင်းပြခန်းများအနက် အချို့သောကားအရောင်း ပြခန်းများမှာ မြေငှားရမ်းဖွင့်လှစ်နေရသည့်အတွက် ရန်ကုန်မြို့၏မြေဈေးနှုန်းကြီးမြင့်မှုမှာ ကား အရောင်းပြခန်းများအတွက် အခက်အခဲဖြစ်စေကြောင်း စုံစမ်းသိရှိရသည်။ “ ကားအရောင်းပြခန်းအား လုံးတော့ မြေငှားပြီးဖွင့်တာတော့မဟုတ်ပါဘူး။ ဒီက ကားအရောင်းပြခန်း(၈၀)ရာခိုင်နှုန်း လောက်က တော့ မြေငှားပြီးဖွင့်နေရတယ်။ အခုမြေဈေးတွေကတက်နေတော့ ငှားရတဲ့ဈေးလည်း တက်လာတယ်၊ မြေငှားခဈေးနှုန်းတွေက အရမ်းမြင့်နေတော့ Car Sale Centerအတွက် အခက်အခဲဖြစ်တာပေါ့။ အဲ့ဒါကြောင့်လည်း Automobile Complex ကိုမြေဈေးသက်သာတဲ့ မြို့ပြင်မှာဖွင့်ဖို့စီစဉ်ရတာပါ။
တကယ် လို့ဖွင့်ဖြစ်ရင် Automobile Complexမှာ ကားနဲ့ပတ်သက်တဲ့ အရာမှန်သမျှဝယ်ယူနိုင်မှာပါ။” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူ တစ်ဦးကiMyanmarHouse သို့ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်လက်ရှိ ဖွင့်လှစ်ရောင်းချနေသော ကား Showroom နှင့် Car Sale Center ပေါင်း (၁၇၀)ကျော်တည်ရှိနေသည်။ ယင်းကဲ့သို့ ကားအရောင်းပြခန်းများဖွင့်လှစ်ရောင်းချမှုများ ပြားလာသည့်အတွက်ရန်ကုန်မြေဈေးကွက်မှာလည်း မြင့်တက်နေ ခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်တို့ထံမှ စုံစမ်းသိရှိရသည်။ ထို့အပြင် ယခုအခါ ကားအရောင်းပြခန်းအများစုသည် မန္တလေး၌ ဖွင့်လှစ်ရောင်းချမှုရှိနေသဖြင့် မန္တလေး အိမ်ခြံမြေဈေးနှုန်းမှာ ယခုထက်မြင့်တက်လာဖွယ်ရှိကြောင်း လည်းအိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတို့မှ သုံးသပ်ပြောဆိုနေကြသည်။
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com