ကွန်ဒိုများ၊ အထပ်မြင့်တိုက်တာ များ တည်ဆောက်ရန် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီထံသို့ တင်ပြလာပါက အခန်း တစ်ခန်းစီအတွက် ကားရပ်နားရန် နေရာတစ်နေရာ ပါရှိရမည့်အပြင် အပိုကားပါကင်အဖြစ် အခန်းအရေ အတွက်၏ ၂ဝ ရာခိုင်နှုန်း ထပ်တိုး ထည့်သွင်းတည်ဆောက်နိုင်မှသာ ခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးညီညီက ပြောသည်။
”အရင်က ပေးခဲ့တာတွေ ရှိပေ မယ့် အခုနောက်ပိုင်း တင်ပြလာတဲ့ အထပ်မြင့်တွေအတွက် ကားပါကင် ပါမှပဲ ခွင့်ပြုတော့မယ်။ ကျွန်တော် တို့တွက်တဲ့ ပုံစံက တစ်ခန်းကို ကား တစ်စီးပါမယ်။ အထပ်က သိပ်မြင့်ပြီး အခန်းတွေကလည်း ၆ဝ၊ ၇ဝ လောက် ရှိတဲ့ အဆောက်အအုံတွေဆိုရင် အခန်းအရေအတွက်အပြင် ကား ပါကင်နေရာအတွက် နောက်ထပ် ၂ဝ ရာခိုင်နှုန်း အပိုပါမှ ပေးတော့ တယ်”ဟု ၎င်းက ပြောသည်။
မြို့တော်စည်ပင်၏ သတ်မှတ် ချက်အရ လေးထပ်နှင့် အထက် အဆောက်အအုံများကို အထပ်မြင့် အဖြစ် သတ်မှတ်ထားသော်လည်း ထို့ထက်ပိုမြင့်သော အဆောက်အအုံ များ၊ အထူးသဖြင့် ရှစ်ထပ်နှင့် အထက် အဆောက်အအုံများ တည် ဆောက်ရန် တင်ပြလာပါက ကား ပါကင် မရှိမဖြစ် ထည့်သွင်းတည် ဆောက်ရန် လိုအပ်မည်ဖြစ်သည့် အပြင် တည်ဆောက်မည့် မြေမျက်နှာ ပြင် မျက်နှာဝ ကျဉ်းမြောင်းသည့် နေရာများ၌ တည်ဆောက်မည် ဆိုပါကလည်း မြေအောက်ထပ်နှင့် ပထမထပ်တို့တွင် ကားပါကင် အတွက် နေရာပါရှိမှသာ စဉ်းစား တွက်ချက်ပြီး ခွင့်ပြုပေးခြင်းကြောင့် ကွန်ဒိုတိုက်ခန်းနှင့် အထပ်မြင့် အဆောက်အအုံများ၏ မြေညီထပ် များတွင် ကားပါကင် ထည့်သွင်း တည်ဆောက်လာကြခြင်းဖြစ် ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ပြည်တွင်းကုမ္ပဏီများ ထံမှ သိရသည်။
”ရှစ်ထပ်နဲ့အထက် မြေလည်း ကျဉ်းတဲ့နေရာမှာ မြေအောက်ထပ်နဲ့ နှစ်လွှာလောက်အထိ ပါကင်အတွက် ပေးလာကြရတယ်။ မြေကွက်ကြီး တွေမှာတော့ နေရာရှိတာကြောင့် ပါကင်အတွက် နေရာသီးသန့်ပေးလို့ ရပေမယ့် မြို့ထဲလို နေရာမျိုးမှာတော့ အဲဒီနည်းပဲ ရှိတယ်” ဟု အာရှမင်း ဆောက်လုပ်ရေးကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကောင်းမင်းခန့်က ပြော သည်။
မြန်မာနိုင်ငံမှ အထင်ကရလမ်းမ ကြီးများ၏ နံဘေးတွင် ရှိနေသည့် အထပ်မြင့် အဆောက်အအုံများနှင့် ကွန်ဒိုတိုက်ခန်းများသာမက ပုံမှန် တိုက်ခန်းများ၏ မြေညီထပ် တိုက် ခန်းများ၏ ဈေးနှုန်းများမှာ အခြား သော အထပ်များမှ တိုက်ခန်းများ ထက် ဈေးနှုန်းသိသိသာသာမြင့် လျက် ရှိသည်။ နိုင်ငံတကာတွင်မူ ထိုသို့မဟုတ်ဘဲ မြေညီထပ် အခန်း များမှာ တစ်တိုက်လုံး၌ ဈေးအနည်း ဆုံး ဖြစ်ပြီး အထက်သို့ရောက်သွား လေ ဈေးပိုကြီးလာလေဖြစ်ရာ မြန်မာ နိုင်ငံ၏ အိမ်ခန်းအနေအထား ဈေး ကွက်မှာ နိုင်ငံတကာအိမ်ခန်းအနေ အထား ဈေးကွက်နှင့် မတူခြားနား သော ပုံသဏ္ဌာန်တစ်ရပ် ဖြစ်နေ သည်။ ဤသို့ ဖြစ်ရခြင်းမှာ ယင်း မြေညီထပ် အခန်းများတွင် လူနေ ထိုင်ခြင်းပြုနိုင်ရုံမျှမက ဈေးဝယ် စင်တာများနှင့် ဆိုင်ခန်းများ ဖွင့်လှစ် နိုင်သည့် အားသာချက် ရှိခြင်းကြောင့် ဖြစ်ပြီး ဤသည်မှာ မြန်မာပြည် အိမ်ခြံမြေလောက၏ ထုံးစံတစ်ခု ကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း ယခုအခါ ကွန်ဒိုမီနီယံနှင့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရန် အချက်အချာကျသောနေရာ ရှားပါး လာသည့်အတွက် အသစ်ထပ်မံ တည်ဆောက်သည့် ကွန်ဒိုမီနီယံ၊ အထပ်မြင့် အဆောက်အအုံ အများစု မှာ ခြံဝင်းများအတွင်း တည်ဆောက် သည့် အခြေအနေသို့ ပြောင်းလဲ လာသည့်အလျောက် ထိုသို့ ခြံဝင်း အတွင်း ဆောက်လုပ်သည့် အထပ် မြင့်အဆောက်အအုံများတွင် မြေညီ ထပ်အခန်းများမှာ စီးပွားရေးတွဲဖက် လုပ်ကိုင်ရန် အကွက်အကွင်း မကောင်းသည့် အနေအထားဖြစ်ရာ မကြာမီကာလအတွင်း နိုင်ငံတကာ ရှိ အထပ်မြင့်အဆောက်အအုံများ နှင့် ကွန်ဒိုတိုက်ခန်းများကဲ့သို့ အထပ် မြင့်လေ ဈေးနှုန်းမြင့်လေဖြစ်သည့် ဈေးကွက်ပုံသဏ္ဌာန်သို့ ပြောင်းလဲ လာနိုင်ကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီများထံမှ သိရသည်။
”နောက်ပိုင်း ကွန်ဒိုတွေမှာ တော့ အထပ်မြင့်လေ ဈေးကောင်း လေပဲ ဖြစ်သွားလိမ့်မယ်။ ကွန်ဒိုတွေ၊ အထပ်မြင့်တွေက ခြံထဲမှာ လုပ် လာတာ များလာတယ်လေ” ဟု ဦးကောင်းမင်းခန့်က ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအခင်းအကျင်းအရ ယခု အခါ မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ လာ ရောက်အလုပ်လုပ်ကိုင်သည့် ပြည်ပ နိုင်ငံသားများ၊ မြန်မာနိုင်ငံအတွင်း ပြန်လည်အခြေချနေထိုင်လာသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ အရေအတွက် များပြားလာသည့် အလျောက် ယင်းတို့ နေထိုင်ရန် နေရာထိုင်ခင်း လိုအပ်ချက် ပြေလည် စေရေးအတွက် ကွန်ဒိုမီနီယံနှင့် အထပ်မြင့်အဆောက်အအုံ ဆောက် လုပ်မှု များပြားလျက်ရှိရာ နေထိုင် သူများအတွက် ယာဉ်ရပ်နားမှု အခက်အခဲမဖြစ်စေရန်၊ ယာဉ်ကြော ကျပ်တည်းမှု လျော့နည်းသွားရန် ရည်ရွယ်လျက် နောက်ပိုင်း ဆောက် လုပ်ခွင့် တင်ပြလျှောက်ထားသည့် ကွန်ဒိုမီနီယံများနှင့် အထပ်မြင့် အဆောက်အအုံများ၌ လုံလောက် သော ယာဉ်ရပ်နားရန်နေရာ ထည့် သွင်းတည်ဆောက်မည့် အစီအမံ များ ပူးတွဲတင်ပြ လျှောက်ထားမှသာ ဆောက်လုပ်ခွင့်ပေးမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီက စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ကြေညာထားကြောင်း သိရ သည်။
Credit: The Trade Times