လန်ဒန်မြို့၏အချက်အချာဒေသများတွင် တည်ဆောက်ထားသော အဆင့်မြင့်ဇိမ်ခံအိမ်ခြံမြေများကို ပြည်ပလုပ်ငန်းရှင်များနှင့် ဘီလျံနာသူဌေးများက အထူးစိတ်ဝင်စားနေကြပြီး ဆက်တိုက်ဆိုသလို ဝယ်ယူရင်းနှီး မြှပ်နှံလာကြသဖြင့် ဈေးကွက်ဖောင်းပွမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းသိရသည်။
အထူးသဖြင့်မေဖဲယားအရပ်ရှိ အိမ်ခြံမြေများမှာ ဘီလျံနာမျာ၏မျက်စိကျမှုကို အထူးခံယူနေရပြီး ဈေးကွက်ပေါက်ဈေးမှာလည်း စတုရန်းတစ်ပေလျှင် စတာလင်ပေါင် ၄၇၅၀ ပေါင်အထိရှိနေကြောင်းသိရသည်။ အဆိုပါအိမ်ခြံမြေများမှာ Green Park နှင့်ဗြိတိန်၏နာမည်ကျော် ဘက်ကင်ဟန်နန်းတော်တို့ကိုအပေါ်စီးမှလှမ်း မျှော်ကြည့်ရှုနိုင်သည့်မြင်ကွင်းမျိုးကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။
ထို့အပြင် Clarges Complex အိမ်ရာတွင် တည်ဆောက်ထားသော အဆင့်မြင့်တိုက်ခန်း ၁၈ ခန်းမှာလည်း လန်ဒန်မြို့၏ဈေးအကြီးဆုံးတိုက်ခန်းများအဖြစ် မှတ်တမ်းဝင်ထားပြီး တစ်ခန်းလျှင်စတာလင်ပေါင် ၂၁၀ အထိ ပေါက်ဈေးရှိနေကြောင်းသိရသည်။ အထူးသဖြင့် ဇိမ်ခံအိမ်ခြံမြေထွန်းကားလာမှုကြောင့် လန်ဒန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ တစ်ချိန်ကပေါက်ဈေးနှုန်းအမြင့်မား ဆုံးဖြစ်ခဲ့သောဟောင်ကောင်ဇိမ်ခံအိမ်ခြံမြေဈေးကွက်ကိုလည်း ကျော်လွန်နိုင်ခဲ့ပြီဖြစ်သည်။
Credit: shwesathtagan