ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာစီမံကိန်းကသိမ်းယူထား သော မြေနေရာများကို လျော် ကြေးပေးရာတွင်လယ်သမားများအနေဖြင့် လျော်ကြေးငွေသတ်မှတ်ပေးမှုနှင့်ပတ်သက်၍လက်ခံနိုင်ခြင်းမရှိပါက မြေသိမ်းဥပဒေပုဒ်မ၁၈(၁)အရ ပြန်လည် လျှောက်ထားရန်လိုအပ် ကြောင်းရန်ကုန်တိုင်းဒေသကြီးလယ်ယာ မြေစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌကအသိမ်းခံလယ်သမားများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
နိုဝင်ဘာ ၈ ရက် လှိုင်သာ ယာမြို့နယ် ကနောင်ခန်းမတွင် အသိမ်းခံတောင်သူများနှင့် တွေ့ဆုံစဉ်အကြံပြုလိုက်ခြင်းဖြစ် သည်။
‘‘ပန်းလှိုင်ဂေါက်ကွင်းကိစ္စ မှာ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်နလ(၃၉)မကျဘဲလုပ် နေကြတာဖြစ်တယ်။လယ်တွေကလယ်သမားပိုင်ပဲတကယ်လို့အကောင်အထည်ဖော်ထားရင် လည်း လျော်ကြေးကို တန်ရာတန် ကြေးပေးဖို့တော့ လိုတာပေါ့။
လယ်သမားတွေက ပေးတဲ့ လျော် ကြေးအပေါ်မှာလက်မခံနိုင်ရင် မြေသိမ်းဥပဒေပုဒ်မ၁၈(၁)အရပြန်တင်လို့ရပါတယ်’’ဟုရန်ကုန်တိုင်းဒေသကြီးလယ်ယာမြေစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦး အောင်သိန်းလင်းကပြောသည်။
လက်ရှိကုမ္ပဏီမှ အ ကောင် အထည်ဖော်ဆောင်ရွက်နေကြ ရာတွင်လယ်သမားများအား လျော်ကြေးနစ်နာကြေးပေးကာ ဆောင်ရွက်ပေးမှုများရှိနေသည်။ လယ်သမားများအနေဖြင့် ကုမ္ပဏီပေးဆောင်သည့်နစ်နာကြေးများမှာ လျော့နည်းနေခြင်းကြောင့်နောက်ဆက်တွဲအငြင်းပွားမှုများ ဖြစ်ပေါ်လာရသည်။ယင်းသို့အသိမ်းခံရခြင်းကိုနစ်နာကြေး ပေးရာတွင်လက်မခံနိုင်သည့် ငွေ ပမာဏသာဖြစ်နေပါက လယ်သ မားများမှာ ၁၉၉၄ မြေသိမ်းဥပဒေပုဒ်မ၁၈(၁)အရ ပြန်လည် လျှောက်ထားရန် အခွင့်အလမ်းရှိနေကြောင်းကို ကော်မရှင်ဥက္ကဋ္ဌက အကြံပြုတိုက်တွန်းထားသည်။
လွှတ်တော်ကိုယ်စားလှယ် များ၏ အကြံပြုချက်များကို သိ ခွင့်ရရှိရေးအတွက် လယ်သမား များက တောင်းဆိုကြရာ လွှတ် တော်ကိုယ်စားလှယ် နှစ်ဦးကလယ်သမားများနှင့် တွေ့ဆုံခြင်း ဖြစ်သည်။မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၊ မြေစာရင်းဌာနမှတာဝန်ရှိသူများက တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
‘‘အခုလိုပြန်ရဖို့အတွက် ပုံစံ အမျိုးမျိုးနဲ့ တောင်းဆိုနေတာ ၂ နှစ်ရှိသွားပြီဗျာ။ အခုချိန်ထိလည်း ထူးခြားမှုမရှိဘူး။ အခုကျေးရွာအဆင့်မြေစီမံခန့်ခွဲဖို့အဖွဲ့တစ်ဖွဲ့ထပ်ပြီးဖွဲ့ပေးထားတယ်။ ပြဿ နာကို သေသေချာချာပြန်စစ်ဖို့ အတွက်တဲ့။ တကယ်လည်း ပြဿနာက မြေတစ်ကွက်ထဲမှာ၂ ယောက်ထပ်နေတာတော့ရှိတာ ပေါ့’’ဟုလယ်သိမ်းခံထားရသူဦးစိုးသိမ်းကပြောသည်။
၂၀၁၃ ဇန်န၀ါရီ ၁ ရက် ထုတ်အစိုးရပိုင်သတင်းစာကြေ ညာချက်တွင်ပန်းလှိုင်အိမ်ရာစီမံကိန်းအတွက်လှိုင်သာယာမြို့ နယ်ရှိလယ်ကွင်းအမှတ်၈၃၂ နှင့်၁၈၃တို့ကိုတစ်စတုရန်းပေ လျှင်တစ်သိန်းခွဲနှုန်းဖြင့် ရောင်းချလိုက်ကြောင်းသတင်းထုတ် ပြန်ခဲ့သည်။
သတင်းစာတွင်ပါရှိ သော ဈေးနှုန်းအရလယ်တစ်ဧက လျှင် ကျပ်သိန်းခြောက်ထောင် ကျော်ကျသင့်မည်ဖြစ်သည်။လယ်မြေများကို ကုမ္ပဏီမှ ရောင်း ချသော ဈေးနှုန်းမှာ လယ်တစ် ဧကကျပ်သိန်းခြောက်ထောင် ကျော်ပြီးလယ်မြေလျော်ကြေး ပေးဆောင်ရာတွင်မူတစ်ဧကကျပ်သိန်းတစ်ရာပေးဆောင်ရာ တွင် ပွင့်လင်းမြင်သာမှုနှင့် အဆင်ပြေချောမွေ့မှုမရှိကြောင်း လယ် သမားများက ဝေဖန်ခဲ့ကြသည်။
Credit : 7Day Daily