ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်ဖြစ်လျှင်လည်း မြေဈေးတက်ရန် မသေချာ

ပန်းဆိုးတန်း-ဒလ တံတားစီမံကိန်း အကောင်အထည်ဖော်ဖြစ်လျှင်လည်း မြေဈေးတက်ရန် မသေချာ - Property News in Myanmar from iMyanmarHouse.com
8 Nov 2014 1:00 pm တွင် တင်ခဲ့သည်
1834 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်−ရပ်ဆိုင်းထားသော ရန် ကုန်-ဒလ မြစ်ကူးတံတားစီမံ ကိန်း ပြန်လည်စတင်လာပါက လည်း ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ယခင်ကကဲ့သို့ သိ သာစွာ ပြန်လည်လှုပ်ခတ်လာနိုင် ဖွယ်မရှိကြောင်း ရန်ကုန်မြို့အ ခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်းများက ဆိုသည်။

ဒလဘက်ခြမ်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ တံတားတည် ဆောက်မည့် အစီအစဉ် ရပ်ဆိုင်း လိုက်ပြီးနောက် တောက်လျှောက်အေးစက်နေခဲ့ပြီး အရောင်းအ၀ယ် မဖြစ်သလောက်အခြေအနေသို့ ရောက်သွားကြောင်း ဒေသခံများကပြောသည်။

‘‘အရောင်းဝယ်အေးနေတာ ကတော့ အခုအချိန်ထိပဲ။ တကယ် လို့ တံတားစီမံကိန်း ပြန်ပေါ်လာ ခဲ့မယ်ဆိုရင်တောင် တချို့သူတွေက စီမံကိန်းသတင်းကို သိပ်အယုံကြည်မရှိတော့တာကြောင့် အရင်တစ်ခေါက်ကလိုတော့ သိပ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ် တောင်မထင်ဘူး’’ ဟု Perfect World အိမ်ခြံမြေနှင့်စာချုပ်စာတမ်းဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာကိုနိုင်က ပြောသည်။

ယခုအခါတွင် ဒလဘက်ခြမ်းရှိ မြေကွက်များမှာ ရောင်းလိုသူများသာရှိပြီး ၀ယ်သူမရှိဘဲ အချို့ မြေပိုင်ရှင်များမှာ စီမံကိန်းသ တင်းကြောင့် အဆမတန်တက်ခဲ့ သည့် နှုန်းထားကိုသာ လက်ကိုင် ပြု ဈေးခေါ်ထားဆဲဖြစ်သည်ဟု ဒလမြို့နယ်မှ ဒေသခံပွဲစားများ က ပြောသည်။

‘‘တစ်ခါတလေတော့ ၀ယ် ဖို့လာစုံစမ်းတဲ့ တစ်ယောက်တလေတော့ ရှိတယ်။ ဒါပေမဲ့ ခေါ် ဈေးက လက်လှမ်းမမီနိုင်တဲ့ဈေး ဖြစ်နေတော့ ဈေးတောင်မဆစ်ဘဲ လှည့်ပြန်ကုန်ကြတယ်’’ ဟု ဒေသခံပွဲစားကိုသိန်းစိုးက ပြောသည်။

ယခင်က ဒလမြို့ပေါ်တွင် ပေ ၂၀ × ပေ ၆၀ မြေကွက်မှာ ကျပ်သိန်း ၁၀၀ အောက်သာ ရှိရာမှ တံတားစီမံကိန်းသတင်းကြောင့် ကျပ်သိန်း ၂၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး အချို့နေရာများမှာ ကျပ်သိန်း ၅၀၀ ခန့်အထိ ဖြစ်သွားခဲ့သည်ဟု သတင်းရရှိသည်။

‘‘တံတားစီမံကိန်းက ပြန်ပြင် မလား၊ မပြင်ဘူးလား ဆိုတာတော့ မသိဘူး။ ကြားလည်းမကြားဘူး။ ဒါပေမဲ့ ဖြစ်ပြီးသား မြေကွက်ဈေးက ပြန်ကျဖို့ မဖြစ်နိုင်သေးဘူး’’ဟု ဒလမြို့နယ်တွင်း နေထိုင်သော မြေပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးလှဝေက ပြောသည်။

အဆိုပါ တံတားစီမံကိန်း ပြန်လည်စတင်ဖြစ်ရန် မသေချာသည့်အခြေအနေတွင် ရှိနေစဉ် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပြန်လည် လုပ်နိုင်သည်ဟုဆိုသော သတင်းစကားကြောင့် ကြည့်မြင် တိုင်တစ်ဖက်ကမ်းအား ဒလဘက် ကမ်းထက်ဝယ်လက်များက ပိုမိုမျှော်လင့်နေကြသည်ဟု သိရှိရ သည်။

Credit: : 7daydaily News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service