“ရှေ့နေမကြိုက်”တဲ့ ကန်ထရိုက်တာများ

“ရှေ့နေမကြိုက်”တဲ့ ကန်ထရိုက်တာများ - Property News in Myanmar from iMyanmarHouse.com
7 Nov 2014 12:09 pm တွင် တင်ခဲ့သည်
953 ကြိမ် ကြည့်ရှု့ပြီး
အိမ်၊ခြံ၊မြေ အရောင်းအ၀ယ် ဈေးကွက်တည်ငြိမ်သည့် ယခုလိုကာလမျိုးမှာ ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ဖို့ လုပ်ငန်းရှင်များ စိတ်အားထက်သန်လာကြတာကို တွေ့ရှိရပါတယ်။အိမ်ခြံမြေ အရောင်းအ၀ယ်က ကြီးမားတဲ့ အမြတ်အစွန်းရသလို၊ ကန်ထရိုက်တာတစ်ယောက်အဖြစ် အောင်မြင်သူ ဖြစ်လိုသူများကလည်း တစ်ခြမ်းပေး တစ်ခြမ်းယူ တိုက်ဆောက်လုပ်သည့် လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလာတာကို တွေ့ရပါတယ်။

“ကန်ထရိုက်တာတိုက်ဆောက်ပြီး ဈေးကွက်ရှာလာကြတဲ့ စီးပွားရေးသမားများ”

ဆောက်လုပ်ပြီး တိုက်ခန်းဝယ်သူတွေ၊ ကြိုပွိင့်တိုက်ခန်းဝယ်ယူသူတွေရဲ့ ခေါ်ဆောင်မှု့ကြောင့် ကျွန်ုပ်မကြာခဏ ရောက်ဖြစ်နေတဲ့ မြို့နယ်တွေကတော့ ဗိုလ်တစ်ထောင်မြို့နယ်၊ဒဂုံမြို့နယ်၊ကျောက်တံတားမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ သမိုင်း၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်
ဒေါပုံမြို့နယ်၊ သာကေတမြို့နယ် တို့ပဲဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့ မြို့နယ်တွေမှာဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူအများစုမှာ တခြားကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ရှိကြတာကိုတွေ့ရပါတယ်။သူတို့နဲ့ တိုက်ခန်းအ၀ယ်၊ကြိုပွိင့်အ၀ယ် စာချုပ်ပေးရင်း သိကျွမ်းတဲ့ အခါ လုပ်ငန်းလိပ်စာများ
အပြန်အလှန်ပေးလေ့ ရှိကြပါတယ်။

“သရုပ်ဆောင်၊ဒါရိုက်တာ စွယ်စုံရ ကန်ထရိုက်တာများ”

သူတို့ရဲ့ လိပ်စာကတ်ပြားလေးတွေကို ဖတ်ကြည့်လိုက်ရင် ဥပမာ ‘မိုးယံထက်’ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးနှင့် အထွေထွေဝန်ဆောင်မှု့ ကုမ္ပဏီ၊ ‘လှလွန်းသူ’ လူသုံးကုန်ပစ္စည်းရောင်းဝယ်ရေးနှင့် အထွေထွေ ၀န်ဆောင်မှု့လုပ်ငန်း စသည်ဖြင့် တွေ့ရပါတယ်။အချို့ မြို့နယ်များမှာတော့ နာမည်ကောင်းရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ တိုက်ခန်းများကို တွေ့ရပါတယ်။ကန်ထရိုက်တာလည်းသူပဲ၊ အင်ဂျင်နီယာဆိုလည်းသူပဲ အဲဒီလို လိုင်စင်ရ ကန်ထရိုက်တာများကိုလည်း တွေ့ခဲ့ ရပါတယ်။

“ရှေ့နေအလိုမရှိတဲ့ ကန်ထရိုက်တာများ”

နာမည်ရရှိပြီးတဲ့ လိုင်စင်ရ ကန်ထရိုက်တာတွေ ထဲက တိုက်ရိုက်ဝယ်တဲ့ အခါ ရှေ့နေပါလာတာကို သိပ်မကြိုက်ကြပါဘူး။သူတို့ရဲ့ လေသံကို နားထောင်ကြည့်တော့ သူတို့ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီက ဂုဏ်သိက္ခာနဲ့ အလုပ်လုပ်တာဖြစ်တယ်။ တကယ် တတ်ကျွမ်းတဲ့ လိုင်စင်ရ အင်ဂျင်နီယာနဲ့ လိုင်စင်ရ ကန်ထရိုက်တာက ဦးဆောင် တာဝန်ယူ ဆောက်လုပ်ထားတာဖြစ်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ/အဆောက်အအုံ(ယာ/အုံ) ဌာနက ချမှတ်ထားတဲ့ စံချိန် စံညွှန်းများနဲ့ အညီ ဆောက်လုပ်ထားတာဖြစ်တယ်။စံချိန် စံညွှန်းလည်း မှီတဲ့ အတွက် သူတို့ရောင်းချလိုက်တဲ့ တိုက်ခန်းတွေ အတွက် တာဝန်ယူပြီး ဖြစ်တယ်၊ ဒါကြောင့် ကန်ထရိုက်တာထံက တိုက်ရိုက်ဝယ်ယူသူများ အနေနဲ့ သူတို့ အဆင်သင့် ပြုလုပ်ထားတဲ့ စာချုပ်ပေါ်မှာ စာချုပ်ပေးကြတယ်။ပြည့်စုံတဲ့ စာချုပ်တစ်ခုလို့ ယုံကြည်ထားကြတယ်။ဒါကြောင့် ရှေ့နေပါလာရင် မကြည်ကြဘူးလေ။ရှေ့နေဆိုတာကလည်း စာချုပ် အဆက်အစပ် ပြတ်နေရင် ကွင်းဆက် မပြတ်ဖို့အတွက် လိုအပ်တဲ့ လိုအပ်တဲ့ အထောက်အထား စာရွက်တွေကို တောင်းတတ်ကြတယ်လေ။

“စကားမပြောသောသက်သေ”ဆိုတာ “ခိုင်မာတဲ့ စာချုပ်စာတမ်း”ပါပဲ

ဘယ်ကြည်ဖြူနိုင်ပါ့မလဲ၊ ရှေ့နေဆိုတဲ့ ပုဂ္ဂိုလ်မျိုးကလဲ သူတို့ပြတဲ့ စာချုပ်ကို ဖတ်ကြည့်လိုက်တာနဲ့ ဟာကွက်တွေ သွားတွေ့တာပဲ ဒီတော့ ၀ယ်သူ၊ ရောင်းသူ နှစ်ဖက်စလုံးက တာဝန်ယူမှု့၊ တာဝန်ခံမှု့ပါတဲ့ပဋိညာဉ်မျိုး ဖြစ်မဖြစ် ကြည့်ပေးရတယ်။ ရှေ့နေရဲ့ စာချုပ်မှာဆိုရင် ဥပမာပေါ့---- ၀ယ်သူလက်ဝယ်ရောက်ပြီးနောက်မှ အရင်ဝယ်ထားတဲ့သူပေါ်လာရင် ရောင်းသူက အရှုပ်အရှင်းကို ဖြေရှင်းပေးရပါမယ်။ဖြေရှင်းလို့ မရရင်တိုက်ခန်းတန်ဖိုးငွေကို တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်ပါမယ်။အဲဒီလို ဖြေရှင်းတာတောင် မပြီးနိုင်လို့ နစ်နာသူတဦးဦးက တရားစွဲရင် တရားရုံးကုန်ကျစရိတ်နဲ့ တကွ ၀ယ်သူရဲ့နစ်နာကြေးတွေကို ပြန်လည် ပေးလျော် ရမယ်…….. စတဲ့ ကန်ထရိုက်တာကို ချည်နှောင်တဲ့ ပဋ္ဋိညာဉ်တွေ ပါလာတော့ ဘယ်ကြိုက်တော့မှာလဲ။ရှေ့နေ အမြင်ကတော့ သူတို့ကို ချည်နှောင်တာ မဟုတ်ပါဘူး တရားရုံးရဲ့ အဆုံးအဖြတ် ယူခဲ့ရတဲ့ အခြေနေမျိုးရောက်ရင်တောင် မိမိရဲ့ စာချုပ်ဟာ “စကားမပြောသောသက်သေ” အဖြစ် ခိုင်လုံဖို့ ဖြစ်ပါတယ်။
ရှေ့နေစာချုပ်မကြိုက်လို့ ကန်ထရိုက်တာစာချုပ်နဲ့ပဲ ချုပ်ရတော့မယ်ဆိုရင်တော့ လိုင်စင်ရ ကန်ထရိုက်တာကုမ္ပဏီ အနေနဲ့ မိမိတို့မြို့နယ်၊ မိမိတို့ရပ်ကွက်၊ မိမိဝယ်မယ့်လမ်းမှာ တိုက်ဘယ်နှလုံးများဆောက်ထားပြီးပြီလဲ။နာမည်ကောင်းနဲ့ ကျော်ဇောတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီမှ ဟုတ်ရဲ့လား……..စသည့် အချက်အလက်များကို ပွဲစားနဲ့ ရပ်ကွက်တွင်း၊လမ်းတွင်းမှ (၁၀)အိမ်စုမှုး၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး တို့ထံမှ ကြိုတင်စုံစမ်းပြီးမှ ၀ယ်ယူတာအကောင်းဆုံးပါပဲ။ “ယုံကြည်မှု့နဲ့ စွန့်စားရတဲ့ သဘောပေါ့လေ”

“မှတ်ကျောက်တင်မခံချင်တဲ့ ကန်ထရိုက်တာများ”

တိုက်ခန်းဝယ်သူဆိုတာကတော့ သူဝယ်ထားတဲ့ အရာ တရားဝင်ခိုင်မာဖို့ လူသိရှင်ကြား သတင်းစာမှာ ကြောငြာကြတယ်လေ။ဒါကိုပဲ အချို့ ကန်ထရိုက်တာများကြတော့ သူ့နာမည်နဲ့ သူ့ရဲ့ ဆောက်လုပ်ရေးကုမ္ပဏီအမည်သုံးပြီး ကန့်ကွက်ရန် ရှိမရှိ သတင်းစာမှာ ကြော်ငြာရင်တောင် စိတ်ဆိုးတာမျိုးလည်းရှိတတ်ပြန်တယ်။ တိုက်ခန်းရောင်းတာ ၀ယ်တာကို လူမသိစေချင်တာလား၊ရောင်းခွန်ဆောင်ရမှာ ကြောက်လို့လားမပြောတတ်ပါဘူး။ထူးထူးခြားခြား အဲဒီလို ကန်ထရိုက်တာမျိုးကိုလည်း တွေ့ဘူးပြန်တယ်။“လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်တယ်” ဆိုတဲ့ ရှေးလူကြီးများ စကားဟာ သိပ်မှန်တာပဲနော်။

“နာမည်ငှား ကန်ထရိုက်တာများနဲ့ တိုက်ကြီးပေါ်မှာ နေချင်တဲ့မြေရှင်”

အဲ..အဲ အခုပြောခဲ့တာကတော့ နာမည်ကောင်းလိုင်စင်ရ ကန်ထရိုက်တာကြီးများထံမှာ တိုက်ခန်းဝယ်ခဲ့ရင်တွေ့ကြုံရတဲ့ အတွေ့အကြုံလေးတွေကို ဗဟုသုတ ဝေမျှပေးလိုက်တာပါ။ယနေ့အချိန်အခါမှာတော့ “နာမည်ငှား” လိုင်စင်မရှိတဲ့ ကန်ထရိုက်တာများနဲ့ မြေရှင်တို့ နှစ်ဦးသဘောတူညီချက်ယူပြီးရပ်ကွက်တိုင်းမှာကန်ထရိုက် တာနဲ့ မြေရှင် တစ်ခြမ်းပေး၊တစ်ခြမ်းယူ စာချုပ်တယ်၊ အောက်နှစ်ထပ်ကို မြေရှင်ကယူပြီး အပေါ်သုံးထပ်ကိုတော့ ကန်ထရိုက်ယူစနစ်များနဲ့ အပြိုင်အဆိုင် ဆောက်လုပ်လာကြတာကို တွေ့ရပါတယ်။

“ တိုက်ဆောက်ရင် စောင့်ကြည့်လေ ကောင်းလေ မြေရှင်ရေ”

စားရေးသူ တိုက်ခန်းအရောင်းအ၀ယ် စာချုပ်ပေးတိုင်း မြေရှင်ကို စပ်စုကြည့်မိတဲ့ အခါ “လိုင်စင်ရ ကန်ထရိုက်တာနဲ့ လိုင်စင်ရအင်ဂျီနီယာ” ကို ဖြူသာလား၊မဲသလားတောင် မမြင်ဖူးပါဘူးတဲ့။တိုက်သာပြီးသွားတယ် တိုက်ဆောက်သူငွေရှင်နဲ့ လယ်သမား၊ပန်းရံသမား တို့ကိုသာ နေ့စဉ် မြင်တွေ့ ရပါတယ်ဟုဖြေကြလေ့ရှိပါတယ်။ ဒီတော့ စာရေးသူ စဉ်းစားကြည့်မိတယ် စာအုပ်ထုတ်ဝေတဲ့ အခါ ထုတ်ဝေသူရဲ့ လိုင်စင်ငှားပြီး စာအုပ် ထုတ်ဝေသလို ဖြစ်မှာပဲ။ အဲဒီတော့ ကန်ထရိုက်တိုက်ဆောက်ဖို့ အားသန်နေကြတဲ့ မြေရှင်များကို အသိပေး ပြောကြားလိုတာကတော့ အခုလို “ဘုမသိ ဘမသိ” စဉ်းစားနေမယ့် အစား ဆောက်လုပ်ခွင့်ရလို့ ပန္ဒက်ရိုက်ပြီးနောက် မြေတူးချိန်ကစပြီး တိုက်ဆောက်ပြီးသည့် အထိ အစ..အဆုံး ပြီးဆုံးသည်အထိ “စောင့်ကြည့်လေ ကောင်းလေ” ဟုသာ မှာကြားလိုက်ပါရစေ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက်သီးသန့်ရေးသားတင်ပြသည်။


Credit: iMyanmarHouse

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service