ကန်ကြီးထောင့်တွင် စက်မှုဇုန်တည်ဆောက်ရန် လယ်မြေများကိုသိမ်းယူခြင်းမဟုတ်ဘဲ ဒေသခံများနားလည်အောင် ရှင်းပြ၀ယ

ကန်ကြီးထောင့်တွင် စက်မှုဇုန်တည်ဆောက်ရန် လယ်မြေများကိုသိမ်းယူခြင်းမဟုတ်ဘဲ ဒေသခံများနားလည်အောင် ရှင်းပြ၀ယ - Property News in Myanmar from iMyanmarHouse.com
5 Nov 2014 11:39 am တွင် တင်ခဲ့သည်
1103 ကြိမ် ကြည့်ရှု့ပြီး
ကန်ကြီးထောင့်မြို့နှင့် ပုသိမ်မြို့ကြား၊ ပုသိမ်မြစ်နှင့် အနီး တစ်ဝိုက်အတွင်းရှိ လယ်မြေဧက သုံးထောင်ကျော်တွင် စက်မှုဇုန် စီမံကိန်းအကောင်အထည်ဖော် ရန် လယ်မြေများကို လယ်သမား များထံမှ ၀ယ်ယူနေကြောင်း ဧရာ ၀တီဖွံ့ဖြိုးရေးကုမ္ပဏီမှ သတင်းရ ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအ တွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါ်ပေါက်လာစေရန် ကန်ကြီး ထောင့်မြို့နယ်တွင် စက်မှုဇုန်နှင့် ကုန်သွယ်ဆိပ်ကမ်းတစ်ခုတည် ဆောက်သွားရန် ဧရာဝတီဖွံ့ဖြိုးရေးကုမ္ပဏီ (Ayeyarwady Development) က လယ်ယာမြေများ လိုက်လံဝယ်ယူနေခြင်း ဖြစ်သည်။ စီမံကိန်းတည်ဆောက်ရန် လျာထားသော မြေများဝယ် ယူရရှိပါက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC) မှခွင့်ပြုချက်ရရန် လျှောက်ထားမည် ဖြစ်သည်။

‘‘လယ်တွေကို ၀ယ်တဲ့နေရာ မှာ လယ်သိမ်းတဲ့ သဘောမျိုးမ ဖြစ်အောင် လုပ်ရပါတယ်။ စီမံ ကိန်းအကြောင်းကို တစ်ရွာပြီး တစ်ရွာလိုက်ပြီး ရှင်းပြရပါတယ်။ ဒေသခံတွေအတွက် ယုံကြည် ချက်လည်းရှိလာအောင်ပေါ့။ ဈေး နှုန်းကိုတော့ တစ်ပြေးညီသတ်မှတ် ပြီး ၀ယ်ပါတယ်။ ဟိုနေရာတစ်မျိုး၊ဒီနေရာတစ်မျိုး မဖြစ်အောင်ပါ။ လက်ရှိ ပေါက်ဈေးထက် ငါးဆလောက်ဈေးတင်ပြီး ပေးဝယ်နေတာပါ’’ဟု ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူပြောသည်။

အဆိုပါ စက်မှုဇုန်အကောင် အထည်ဖော်ရန် မြေဧက လေးထောင် ၀ယ်ယူနေကြောင်း အထက်ပါမြို့နယ် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောဆိုထားသော်လည်း ကုမ္ပဏီကမူ လယ်ဧကသုံးထောင်ငါးရာ ၀ယ်ယူမှု ပြုလုပ်နေကြောင်း ပြောသည်။

ထိုစီမံကိန်း အကောင်အ ထည် ဖော်ရန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က မူအားဖြင့် ခွင့်ပြုထားကြောင်း သတင်းရရှိသည်။ ထို့ကြောင့် အစိုးရအဖွဲ့နှင့် ကုမ္ပဏီဝန်ထမ်းအချို့ အပါအ၀င် လယ်မြေများဝယ်ယူရန် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒေသခံများ လက်ခံနိုင်ရန် စီမံကိန်းကို နားလည်လာစေရန် ရှင်းလင်းပြောကြားကာ ၀ယ်ယူခြင်းဖြစ်သည်ဟု ဆိုသည်။ တိုင်းဒေသကြီးမှ မြေစာရင်းဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ရောင်းချ လယ်မြေများကိုစနစ်တကျတိုင်းထွာမှုများ ပြုလုပ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုအခါ စက်မှုဇုန်တည် ဆောက်ရန် လျာထားမြေနေရာ၏ ၇၀ ရာခိုင်နှုန်းဝန်းကျင် ၀ယ်ယူ ထားပြီးဖြစ်ပြီး ကျန်လယ်မြေ များကို ၀ယ်ယူနိုင်ရန် ညှိနှိုင်းနေ သည်ဟု ဆိုသည်။

သို့သော် လယ်ယာမြေများ ၀ယ်ယူရာတွင် လယ်သမားများထံမှ အတင်းအကျပ်ဝယ်ယူနေ သည့် ပုံစံမျိုးဖြင့် ၀ယ်ယူနေပြီး ရပ်ကျေးအဆင့်ရှိ အုပ်ချုပ်ရေးမှူး အချို့က လယ်မရောင်းပါက အချိန်တန်လက်လွှတ်ဆုံးရှုံးရ မည်ဟု ပြောဆိုမှုများကြောင့် လယ်မြေများရောင်းချရသည့် အနေအထားများရှိနေကြောင်း ဒေသခံလယ်သမားများက ပြောကြားသည်။ ထို့အပြင် အဆိုပါ ဒေသရှိ လယ်မြေများမှာ မြေသြဇာ ကောင်းမွန်ပြီး ဆန်စပါးစိုက်ပျိုးပါက အထွက်ကောင်းသည့် မြေများဖြစ်၍ ဘိုးစဉ်ဘောင်ဆက် လယ်လုပ်ခဲ့သော နေရာများ ဖြစ်သောကြောင့် ဒေသခံအချို့က မရောင်းချလိုကြောင်း ပြောသည်။ လယ်မြေများ ၀ယ်ယူသောအခါတွင်လည်း တစ်ဧကလျှင် ကျပ် သိန်း ၃၀ နှုန်းဖြင့်သာ ၀ယ်ယူ သည့်အတွက် လယ်သမားအချို့က မဖြစ်မနေ ရောင်းချရမည်ဆိုလျှင် ထိုနှုန်းထက် ပိုများသောခေတ်ကာလနှင့် လျော်ညီသည့် နှုန်းကို ရလိုကြောင်း ပြောသည်။

ထို့အပြင် ကုမ္ပဏီက စက်ရုံ တည်ဆောက်ရန် မြေလိုက်လံ ၀ယ်ယူရာတွင် မြို့သစ်စီမံကိန်း အတွက် သိမ်းယူထားသော မြေ များကို မြို့နယ်အုပ်ချုပ်ရေးမှူးက စက်မှုဇုန်အကောင်အထည်ဖော် မည့်ကုမ္ပဏီထံသို့ ပြန်လည် ရောင်းချနေခြင်းဖြစ်ကြောင်း လယ်သိမ်းခံထားရသူ လယ်သမားငါးဦးက ပြောသည်။ ထိုအချက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ငြင်းဆိုထားသော်လည်း မြို့သစ်စီမံကိန်း အတွက်ဆိုကာ လယ်ယာမြေအသိမ်းခံထားရသော လယ်သမား များက ၎င်းတို့ လယ်မြေပြန်ရရန်၊ လယ်မြေပြန်မရပါကလည်း လျော်ကြေးရရန် တောင်းဆိုမှုများရှိပြီး မြေယာပြဿနာဖြစ်ပွားနေသည်။

‘‘အသိမ်းခံထားရတဲ့ လယ် မြေ(မြို့သစ်အတွက်)၊ ဒေသခံများထံမှ သိမ်းယူထားသော လယ်မြေ)တွေပေါ်မှာ စက်ရုံဆောက်မှာ ဗျ။ လယ်သမားတွေကလည်း လယ်ပြန်မရတဲ့အတူ ထိုးရောင်း လိုက်ကြတာရှိတယ်။ အုပ်ချုပ် ရေးမှူးတွေက ဦးဆောင်ပြီး လိုက် ၀ယ်နေတာ။ အသိမ်းလည်းခံရ သေးတယ်။ ပြန်မပေးဘဲ အုပ်ချုပ် ရေးမှူးတွေက ကြားပွဲစားလုပ်ပြီး ပြန်ဝယ်နေတာပါ’’ဟု လယ်မြေ အသိမ်းခံရပြီး မြေပြန်ရရန် လက်မှတ်ရေးထိုး တိုင်ကြားထားသူ ဦးတင်မြင့်က ပြောသည်။

‘‘မြေတွေကို ဖိအားပေးပြီး လိုက်ဝယ်နေတာ မဟုတ်ပါဘူး။ လယ်သမားတွေက သဘောတူပြီး ရောင်းမှသာ ၀ယ်နေတာပါ။ စက် မှုဇုန်တွေ ပေါ်လာရင် ဒေသမှာ ဖွံ့ဖြိုးလာမှာကိုပဲ မျှော်လင့်ထား တာ။ ရောင်းတယ်၊ ၀ယ်တယ်ဆို တာ တစ်ဖက်သတ်ဖိနှိပ်ပြီး လုပ် တာမဟုတ်ဘူး။ ဘက်ညီတဲ့ Win Win သီအိုရီအရ အလုပ်လုပ်နေ တာပါ။ စက်ရုံတွေက အလုပ် အကိုင်အခွင့်အလမ်းပေါ်လာမှာ ပါ။ ဒီအပေါ်မှာ ကန့်ကွက်တားဆီး တာမရှိပါဘူး’’ဟု ကန်ကြီးထောင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က အောက်တိုဘာ ၉ ရက်တွင် 7Day Daily သတင်းစာအား ပြောကြားသည်။

မြို့သစ်စီမံကိန်းအတွက် သိမ်းယူထားသော လယ်မြေများ ကို ရောင်းချပြီး ကျပ်သိန်း ၉၀၀ ကျော် အလွဲသုံးစားပြုလုပ်မှုဖြင့် ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ် ရေးမှူးကို မြို့နယ်ရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် မြို့နယ်အ ထောက်အကူပြုအဖွဲ့အစည်းများ က သမ္မတထံ အောက်တိုဘာ အတွင်း နှစ်ကြိမ် တိုင်ကြားထား ကြောင်း သတင်းရရှိသည်။

မြို့သစ်စီမံကိန်းအတွက် လယ်မြေဧက လေးထောင်ကျော် သိမ်းယူထားပြီး အထည်ချုပ်စက် ရုံတည်ဆောက်ရန် ကုမ္ပဏီထံ ရောင်းချနေခြင်းများရှိနေ၍ လယ် သမားများက လယ်မြေလျော် ကြေးရရှိရေး တောင်းဆိုထား သည်။

ကုမ္ပဏီမှ လယ်မြေအကောင်အထည်ပြနိုင်မှသာလျှင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိနိုင်မည်ဖြစ်သည့်အတွက်ကနဦးတွင် မြေ၀ယ်ယူရေး အဆင့်သာ ရှိသေးပြီး သတ်မှတ်မြေဧကပြည့်မီပါက MIC နှင့် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ကို တင်ပြတောင်းခံကာ ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပုသိမ်မြို့တောင်ဘက်၊ ငပု တော အသွားကားလမ်းမဘေး နှင့် ပုသိမ်မြစ်ကြားရှိ လယ်မြေ များကို စီမံကိန်းအကောင်အထည် ဖော်ရန် သတ်မှတ်ထားပြီး ပုသိမ် မြို့နှင့် ကန်ကြီးထောင့်မြို့နယ် အစ နယ်နိမိတ်ရှိ လယ်မြေများ ပါဝင်မည်ဖြစ်မည်ဟု ကုမ္ပဏီက အတည်ပြုပြောသည်။

ထို့ကြောင့် ရေကြည်ဦးကွင်း၊ ဆင်ခေါင်းကြီးကွင်း၊ ကပ်မလာ ကွင်းနှင့် ကန်ဦးကွင်းတို့ရှိ လယ် မြေများကို တစ်ဧကလျှင် ကျပ် သိန်းသုံးဆယ်နှုန်းဖြင့် လိုက်လံ ၀ယ်ယူနေကြောင်း မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် ဒေသခံများက ပြောသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service