သီလဝါအထူးစီးပွားရေးဇုန်အတွင်း လူနေအိမ်ရာ၊ စီးပွားရေးဆိုင်ရာအဆောက်အအုံများ ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင် စတင်ေ

သီလဝါအထူးစီးပွားရေးဇုန်အတွင်း လူနေအိမ်ရာ၊ စီးပွားရေးဆိုင်ရာအဆောက်အအုံများ ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင် စတင်ေ - Property News in Myanmar from iMyanmarHouse.com
31 Oct 2014 11:59 am တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး
သီလဝါအထူးစီးပွားရေးဇုန်အတွင်း လူ နေအိမ်ရာ၊ စီးပွားရေးဆိုင်ရာ အဆောက်အ အုံများ စတင်အကောင်အထည်ဖော်နေပြီး ၂ဝ၁၄ ခုနှစ် အကုန်ပိုင်းတွင်စတင်ရောင်းချ ရန်ရည်ရွယ်ထားကြောင်း သီလဝါအထူးစီး ပွားရေးဇုန်အများပိုင်ကုမ္ပဏီ၏ အစီရင်ခံစာ အရ သိရသည်။

ယင်းစီမံကိန်းသည် သီလဝါအထူးစီး ပွားရေးဇုန်၏အစုရှယ်ယာရှင်များအတွက် ပိုမိုအကျိုးရှိစေရန်ရည်ရွယ်၍ သီလဝါအထူး စီးပွားရေးဇုန်အတွင်း မြို့ပြဖွံ့ဖြိုးရေးအတွက် လူနေအိမ်ရာနှင့်စီးပွားရေးဆိုင်ရာအဆောက် အအုံများကို တည်ဆောက်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“လူနေအိမ်ရာတွေနဲ့အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းကလည်း စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းလိုပဲ လူ အများရဲ့စိတ်ဝင်စားမှုကိုရရှိဖို့ မျှော်လင့် ထားပါတယ်။ ရောင်းချမှုကတော့ ၂ဝ၁၄ ခုနှစ်အကုန်မှာ စတင်ဖို့ရည်ရွယ်ထားပါတယ်”ဟု သီလဝါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီဥက္က| ဦးဝင်းအောင်က ဆိုသည်။

စက်မှုဇုန်အနီးတစ်ဝိုက်ရှိ ၃၅ ဟက် တာ (၈၆ ဒသမ ၄၉ ဧက)ရှိ ဘက်စုံမြို့ပြစီမံ ကိန်းသည် သီလဝါအထူးစီးပွားရေးဇုန်နှင့် တစ်ဆက်တည်းရှိနေပြီး အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် မဖြစ်မနေပါ ဝင်ရမည့်အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

ယင်းမြို့ပြဖွံ့ဖြိုးရေးအတွက် လူနေအိမ် ရာများနှင့်စီးပွားရေးဆိုင်ရာ အဆောက်အ အုံများတည်ဆောက်အကောင်အထည် ဖော် မှု ရှေ့ပြေးမဟာစီမံကိန်းကို နိုင်ငံတကာ အ သိအမှတ်ပြုပညာရှင်များဖြင့်ဆောင်ရွက်ခဲ့ ပြီး မြန်မာနိုင်ငံတွင် စံနမူနာပြအဆင့်မြင့် ဆုံး မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတစ်ရပ်ဖြစ်လာ မည်ဟုမျှော်လင့်ထားကြောင်း ဦးဝင်းအောင် က ပြောကြားသည်။

အဆိုပါ လူနေအိမ်ရာနှင့်စီးပွားရေးဇုန် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဆောက်လုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဒီဇိုင်းစီမံ ကိန်းရေးဆွဲခြင်းကို အာရှနှင့် ဥရောပနိုင်ငံ များမှ ဒီဇိုင်းရေးဆွဲသူ ခြောက်ဦးကိုဖိတ်ခေါ် ခဲ့ပြီးEgis Consulting Pte.Ltd ကို ရွေး ချယ်ခဲ့ကြောင်း သိရသည်။

ယင်းဒီဇိုင်းရွေးဆွဲသည့်Egis Consu-litng Pte.Ltd မှ အဆိုပါလူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာအဆောက်အအုံများ၏ပင်မဒီဇိုင်းကိုရေးဆွဲပြီးဖြစ်ကာ အသေးစိတ် ဒီဇိုင်းများကို ဆက်လက်ရေးဆွဲနေပြီး ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လုပ်ငန်းလုပ်ကိုင်လိုသူများကို တင်ဒါစနစ် ဖြင့် ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာ -ဂျပန်ဖက်စပ်အကောင်အထည်ဖော်ဆောင် ရွက်သည့် စီမံကိန်းဖြစ်ပြီး မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ဖြင့် ရင်းနှီးတည်ဆောက်သည့် စီမံကိန်းဖြစ် သည်။


Credit: eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service