ငွေစက္ကူအတု စီးဆင်းမှု အိမ်ခြံမြေကလည်း ၀င်လာနိုင်

ငွေစက္ကူအတု စီးဆင်းမှု အိမ်ခြံမြေကလည်း ၀င်လာနိုင် - Property News in Myanmar from iMyanmarHouse.com
30 Oct 2014 2:46 pm တွင် တင်ခဲ့သည်
2375 ကြိမ် ကြည့်ရှု့ပြီး
ငွေစက္ကူအတု လှည့်လည်စီးဆင်းတဲ့ ပုံစံတွေထဲမှာ အိမ်ခြံမြေ အရောင်းအ၀ယ်ပေးချေမှု ပုံစံနဲ့လည်း ဖြစ်တတ်တာကြောင့် သတိထားဖို့လိုအပ်ပါတယ်။ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးက “ငွေစက္ကူအတု ၀င်လာတာမှာများသောအားဖြင့် ဖြစ်တတ်တာကအိမ်ခြံမြေအရောင်းအ၀ယ်၊ပစ္စ္စည်းတစ်ခုခု ရောင်းဝယ်တာတွေမှာ ငွေအတုနဲ့ ပေးခြေလေ့ရှိတယ်၊နယ်တွေပိုပြီးဖြစ်လေ့ရှိတယ်၊ကိုယ့်လက်ထဲရောက်နေတဲ့ပိုက်ဆံကိုသင်္ကာမကင်းဖြစ်ရင်ရဲကိုအကြောင်းကြားဖို့လိုအပ်တယ်”လို့ ပြောပါတယ်။

သူကဆက်ပြီးဒါကရဲအရေးယူမှုဖြစ်တယ်၊ကိုယ့်လက်ထဲအတုရောက်တာကို မသိပဲသုံးမိရင် ပြဿနာမရှိပေမဲ့ သိသိကြီးနဲ့ သုံးဆွဲမိတာ၊ဖြန့်ဝေတာဆိုရင်တော့ကြီးလေးတဲ့နှစ်ကြီးပြစ်ဒဏ်(ထောင်ဒဏ်)အထိချမှတ်ခံရမယ်လို့ပြောပါတယ်။သည်ရက်ပိုင်းအတွင်းမှာပဲ ကျပ် ၁၀,၀၀၀တန် ငွေစက္ကူအတုတွေ မူဆယ်မြို့နယ်အတွင်းဖမ်းဆီးရမိတဲ့သတင်းတွေရတယ်။ ငွေအတုထုတ်လုပ်ဖြန့်ဖြူးသုံးဆွဲတဲ့ နေရာမှာ မြန်မာနဲ့တရုတ်လူမျိုးတွေ ပါဝင်ပတ်သက်နေတာ တွေ့ရတယ်။

ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးက“အခုဖမ်းဆီးရမိတဲ့ဖြစ်စဉ်အရကြည့်ရင် ငွေစက္ကူအတုအရွတ်၁၀၀ဆိုတာပမာဏအရမ်းမများလို့ ပြည်သူတွေအနေနဲ့စိုးရိမ်စရာတော့မရှိဘူး”လို့ သူ့အမြင်ပြောပါတယ်။

ဈေးကွက်ထဲမှာကျပ်၅၀၀၀၊ကျပ်၁၀,၀၀၀တန် ငွေစက္ကူအတုတွေစီးဆင်းနေတာကြောင့်သုံးစွဲသူပြည်သူအကြားမှာစိုးရိမ်စိတ်တွေရှိပါတယ်။အတုလုပ်သူတွေကိုဟိုနေရာသည်နေရာမှာဖမ်းမိတယ်ဆိုပေမဲ့တကယ်ပင်ရင်းကိုဖမ်းမိတာမဟုတ်လို့ ငွေစက္ကူအတုတွေဟိုတစ်ရွက်သည်တစ်ရွက်နဲ့စီးဆင်းနေတာဖြစ်တယ်။ဘဏ်တွေမှာ ငွေသွားအပ်တာမျိုး၊လွှဲတဲ့အခါမျိုးကျမှ ငွေအတုပါတယ်ဆိုပြီးအပေါက်ဖောက်ပြီးသိမ်းဆည်းခံရတာ ဖြစ်တယ်။

အသက်၂၅နှစ်အရွယ်ကုမ္ပဏီဝန်ထမ်းတစ်ဦးက“လစာထုတ်ရင်ကဒ်နဲ့ထုတ်ရတော့အခုဆိုစိုးရိမ်စိတ်ကရှိတယ်၊ထုတ်လိုက်ရင်လဲကျပ်၅၀၀၀၊ကျပ်၁၀,၀၀၀တန်တွေချည်းရတာများတယ်၊ဘဏ်ကနေကဒ်စနစ်နဲ့ထုတ်ယူတယ်ဆိုပေမယ့်တချို့အတုတွေကအစစ်နဲ့တူတယ်ဆိုတော့ ရောနှောပြီးပါလာမှာ ကြောက်တယ်”လို့ သူစိုးရိမ်တာကိုပြောတယ်။

ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ငွေစက္ကူအတုရဲ့ အရည်အသွေးကအစစ်နဲ့ယှဉ်လို့မရဘူး၊အရည်အသွေးအရမ်းညံ့တယ်လို့ ဆိုပါတယ်။ ကာလာကော်ပီယာနဲ့ မိတ္တူကူးပြီး ပရင်တာနဲ့ထုတ်လုပ်ထားတယ်၊ ရေစာကြိုးလည်းမပါဘူးလို့ဆိုပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service