အိမ်ခြံမြေငှားရမ်းမှုအပေါ် အခွန်ကောက်ခံမှု အခြေခံလူတန်းစားမပါ

အိမ်ခြံမြေငှားရမ်းမှုအပေါ် အခွန်ကောက်ခံမှု အခြေခံလူတန်းစားမပါ - Property News in Myanmar from iMyanmarHouse.com
30 Oct 2014 1:41 pm တွင် တင်ခဲ့သည်
875 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေငှားရမ်းမှုအပေါ်အခွန်ကောက်ခံမှုအခြေခံလူတန်းစားတွေပါဝင်မှာမဟုတ်ဖူးလို့ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။“အိမ်ငှားရမ်းမှုတွေ အခွန်ကောက်လို့အိမ်ရှင်က တိုးတောင်းတယ်ဆိုတာတစ်လလေးသိန်းလောက်ပေးရတဲ့အိမ် လောက်ပဲတစ်နှစ်စာ၄၈သိန်းကိုအခွန်စပေးဆောင်ရတာပါ။အခြေခံလူတန်းစားတွေပေးရတဲ့တစ်လတစ်သိန်းလောက်ဆိုတာအခွန်စဆောင်ရတဲ့ပမာဏသိန်း၂၀မှာမပါဝင်ဘူး”လို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမင်းထွဋ်က ရှင်းပြပါတယ်။

အိမ်ခြံမြေအခွန်ပေးဆောင်ရမှာ ကျပ်သိန်း ၂၀ကျော်ကနေ စတင်အခွန်ကောက်ခံတာဖြစ်ပါတယ်။အဲ့သည်မှာဇနီးအတွက်ငါးသိန်း၊သားသမီးအတွက်သုံးသိန်းနဲ့အိမ်ပြုပြင်မှုအတွက် စရိတ်စတာတွေနှုတ်ပြီးအသားတင်ဝင်ငွေသိန်း၂၀ကျော်ကနေစပြီး ပေးရမှာ ဖြစ်တယ်။ တစ်လသုံးသိန်းပေးဆောင်ရတဲ့ တစ်နှစ်စာ ၃၆သိန်းလောက်ဟာ အသုံးစရိတ်နှုတ်ပြီးရင် အိမ်ငှားခအခွန် ပေးဆောင်စရာမလိုတဲ့ ပမာဏဖြစ်ပါတယ်။

အခုနှစ်အတွက်အိမ်ခြံမြေငှားရမ်းမှုလျာထားချက်မှာကျပ် ခြောက်ဘီလီယံခန့်ရှိပြီး လက်ရှိအချိန်အထိ ရရှိမှုမှာတော့ ခန့်မှန်းခြေ နှစ်ဘီလီယံခန့်ရရှိနေပီလို့သိရပါတယ်။“တချို့အိမ်ရှင်တွေကျတော့အခွန်ဆောင်ရလောက်အောင်မပေးရပေမယ့် အငှားအခွန်ရှိလို့ ဆိုပြီး ဈေးတက်ကြတယ်၊ တစ်နှစ်နဲ့ တစ်နှစ် ဈေးကိုနှစ်ဆလောက်တက်ပြီးငှားလို့အခြေခံလူတွေရဲ့ ငှားရမ်းခတွေ တက်လာတာ”လို့ အိမ်ခြံမြေအကျိုးဆောင် အန်တီချိုက ပြောပါတယ်။

အိမ်ခြံမြေငှားရမ်းခအတွက်အခွန်ငွေကိုအရင်ကတည်းက ကောက်ခံတာဖြစ်ပေမယ့်အခွန်ငွေငှားရမ်းမှုနှုန်းထားတွေထပ်မံကြေငြာလိုက်တာကြောင့်အခွန်ကြောင့်ဈေးပိုကောက်ခံတာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေအတွက်လုံးချင်းအိမ်ငှားရမ်းမှုမှာပျမ်းမျှ ကျပ် ၅၀,၀၀၀ ကနေ နှစ်သိန်းဝန်းကျင်အထိ ရှိပါတယ်။ ယခုနှစ်စပိုင်းမှာတော့ငှားရမ်းခတွေနှစ်ဆနီးပါးအထိတိုးမြင့်လာပေမယ့်ငှားရမ်းမယ့်အိမ်မရှိသလောက်ငှားရမ်းမှုများပြားနေတယ်လို့ သိရပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service