ဘင်္ဂလာဒေခ်ျ့နဲ့ကုန်သွယ်မယ့် မောင်တောစီးပွားရေးဇုန် ကျပ်သိန်းတစ်သောင်းအကုန်အကျခံ တည်ဆောက်မည်

ဘင်္ဂလာဒေခ်ျ့နဲ့ကုန်သွယ်မယ့် မောင်တောစီးပွားရေးဇုန် ကျပ်သိန်းတစ်သောင်းအကုန်အကျခံ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
20 Oct 2014 11:20 am တွင် တင်ခဲ့သည်
1006 ကြိမ် ကြည့်ရှု့ပြီး
ဘင်္ဂလာဒေခ်ျ့နှင့်ကုန်သွယ်မည့် မောင်တောစီးပွားရေးဇုန်ကို ကျပ်ငွေ သိန်းပေါင်း တစ်သောင်းအကုန်ကျခံပြီး ရခိုင်ပြည်နယ် အစိုးရမှ တည်ဆောက်သွားမည်ဟု ဆိုသည်။

မောင်တောမြို့သို့ များမကြာမီက ရောက်ရှိခဲ့သူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးမြအောင်က မောင်တော ကုန်သည်များအသင်းတွင် စီးပွားရေးဇုန် တည်ဆောက်မည့် အကြောင်းကို ထိုသို့ ထုတ်ဖေါ် ပြောကြားခဲ့သည်ဟု မောင်တော ကုန်သည်များ အသင်း တာဝန်ရှိသူများက ပြောသည်။

မောင်တောစီးပွားရေးဇုန် ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အစိုးရမှ ကျပ်သိန်းပေါင်းခြောက်ထောင်နှင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများဘက်က ကျပ်သိန်းပေါင်းလေးထောင် မ – တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ပြောဆိုသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် မောင်တာခရိုင်တာဝန်ရှိသူများက စီးပွားရေးဇုန် တည်ဆောက်မည့်နေရာကို သွားရောက် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

မောင်တောဒေသခံ စီပွားရေး လုပ်ငန်းရှင် ကိုမောင်လှမှ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စီးပွားရေးဇုန်ကို မောင်တောမှ (၂) မိုင်ခန့် ဝေးကွာသော ကညင်ချောင်းဆိပ်ကမ်း အနီးတွင် တည်ရှိသော ဧက (၅၀) ခန့်ရှိ မြေပေါ်တွင် တည်ဆောက်ရန် စီစဉ်နေသည်ဟု ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးတွင် အသုံးပြုနေသော မောင်တော အမှတ် (၁) ဝင်ထွက်စခန်းအနီး ရွှေဇားချောင်းဆိပ်ကမ်းမှာ တဖြည်းဖြည်းတိမ်ကောလာသည့်အပြင် မော်တော်ဘုတ်များဝင်ရန် ဒီရေအတက်ကို စောင့်ရခြင်း အပါအ၀င် မြေနေရာလည်း မရှိသဖြင့် ကညင်ချောင်း ဆိပ်ကမ်းဟောင်းအား ရွေးချယ်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ကညင်ချောင်းဆိပ်ကမ်းတွင် တန်ချိန် ၃၀၀ နှင့် ၄၀၀ အကြားကုန်တင် သင်္ဘောများ ၀င်ထွက်သွားလာနိုင်ပြီး ယခင်ကလည်း နယ်စပ်ကုန်သွယ်ရာတွင် ယင်းဆိပ်ကမ်းကို အသုံးပြုခဲ့သည်ဟု သိရသည်။

မောင်တောစီးပွားရေးဇုန်ကို တစ်ဘက်နိုင်နှင့် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ဈေးကွက်စီးပွားရေးကို ဖော်ဆောင်ရန် အတွက် ဖြစ်ကြောင်း၊ ပွဲရုံအခု ၂ဝ ဖြင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်းမှ စီးပွားရေး လုပ်ငန်းရှင်များမှ ပါဝင်လုပ်ကိုင်သွား မည် ဖြစ်ကြောင်း မောင်တောကုန်သည်များ အသင်းဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် အကြား နယ်စပ်ကုန်သွယ်မူကို လက်ရှိကာလတွင် စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းနှင့် မောင်တော ရွှေဇားဆိပ်ကမ်းတို့ကို အသုံးပြုပြီး ပြုလုပ်နေကြောင်း သိရသည်။ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက် (MoU) ကို ၁၉၉၄ ခုနှစ် မေ ၁၈ ရက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကို ၁၉၉၅ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် စတင်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ဘက်ကမူ မြန်မာနှင့် ကုန်သွယ်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းကို မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တက်ကနက်မြို့ ဘောင်တော်တွင် ဖွင့်လှစ်ထားသည်။

Credit: နိရဉ္စရာ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service