အမေရိကန်အခြေစိုက် ဟီတန် နေပြည်တော်ဟိုတယ်ဖွင့်

အမေရိကန်အခြေစိုက် ဟီတန် နေပြည်တော်ဟိုတယ်ဖွင့် - Property News in Myanmar from iMyanmarHouse.com
18 Oct 2014 11:38 am တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး
အခန်းပေါင်း ၂၀၀ ကျော် ပါဝင်သည့် အမေရိကန် အခြေစိုက် ဟီတန်နေပြည်တော် ဟိုတယ်ကို အောက်တိုဘာ ၁၇ ရက်က နေပြည်တော်၌ စတင်ဖွင့် လှစ်လိုက်ပြီ ဖြစ်သည်။

အဆိုပါ ဟိုတယ်အား ဧဒင် ကုမ္ပဏီ အုပ်စုနှင့် အမေရိကန် အခြေစိုက် Hilton World Wide ကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်သည်။

‘‘ရိုးသားစွာပဲ ပြောပါရစေ။ ကျွန်တော့်အနေနဲ့ နေပြည်တော် မှာ နိုင်ငံတကာအဆင့်မီဟိုတယ် တွေ ဖွင့်လိမ့်မယ်လို့ ဘယ်တုန်း ကမှ မထင်ခဲ့မိဘူး။ ဒါပေမဲ့ အခု တကယ်ဖြစ်လာပြီ’’ ဟု ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဟိုတယ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုဝင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပမည့် အာဆီ ယံထိပ်သီး အစည်းအဝေးတက် ရောက်မည့် ကမ္ဘာ့ထိပ်တန်းခေါင်း ဆောင်အချို့ ယင်းဟိုတယ်၌ တည်းခိုမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ‘‘မစ္စတာဘန်ကီမွန်းနဲ့ တရုတ်ခေါင်းဆောင်တည်းဖို့က တော့ သေချာနေပြီ’’ ဟု ဧဒင် ကုမ္ပဏီအကြီးအကဲ ဦးချစ်ခိုင်က ပြောသည်။

ဝန်ထမ်းပေါင်း ၄၀၀ ကျော်ရှိပြီး ဧကတစ်ရာနီးပါးကျယ်ဝန်း သည့် ဟီတန်နေပြည်တော် ဟို တယ်ကို ၂ နှစ်နီးပါး အချိန်ယူ တည်ဆောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ရှိကြောင်း ဦးချစ်ခိုင် က ပြောသည်။

ဟီတန်နေပြည်တော် ဟို တယ်တွင် အခန်းအမျိုးအစား ဆယ်မျိုးထားရှိပြီး ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များ တည်းခိုနိုင် သည့် အခန်းကျယ်နှစ်ခန်း ပါရှိ သည်။ ဧဒင်ကုမ္ပဏီပိုင် သင်္ဂဟ ဟိုတယ်များအား စီမံခန့်ခွဲမှုပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန် အခြေစိုက် Hilton World Wide ကုမ္ပဏီနှင့် ဧဒင် ကုမ္ပဏီတို့ လွန်ခဲ့သည့် သုံးလက သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။

နိုဝင်ဘာလအတွင်း ငပလီ ကမ်းခြေရှိ သင်္ဂဟငပလီဟိုတယ် ကို ဟီတန်ငပလီဟိုတယ် အဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပြီး မန္တလေး၊ အင်းလေးနှင့် ပုဂံဒေသ များတွင် ဖွင့်လှစ်သွားရန် စီစဉ် လျက်ရှိသည်။ Hilton World Wide ကုမ္ပဏီအနေဖြင့် ကမ္ဘာ ပေါ်တွင် နိုင်ငံပေါင်း ၉၈ နိုင်ငံမှ ဟိုတယ်ပေါင်း လေးထောင်ကျော်ကို စီမံခန့်ခွဲနေသော ကုမ္ပဏီ ဖြစ်သည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service