မြို့သာစီမံကိန်း လျော်ကြေးယူသူများအား ယခုလကုန်တွင် မြေကွက်ပေးမည်ဟု တိုင်းအစိုးရကမ်းလှမ်း

မြို့သာစီမံကိန်း လျော်ကြေးယူသူများအား ယခုလကုန်တွင် မြေကွက်ပေးမည်ဟု တိုင်းအစိုးရကမ်းလှမ်း - Property News in Myanmar from iMyanmarHouse.com
16 Oct 2014 10:23 am တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး
မြေယာလျော်ကြေးငွေ ကိစ္စမပြေမလည်ဖြစ်ရာမှ ဒေသခံ တောင်သူများက မြို့သာစီမံကိန်း လုပ်ငန်းများအပေါ် ကန့်ကွက်မှု များရှိလာချိန် မြေယာလျော်ကြေး ယူသူများကို အောက်တိုဘာ လမကုန်မီ မြေကွက်များပေးရန် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး နှင့် စီမံကိန်းအတွက် အဓိကတာ ၀န်ယူထားသည့် လျှပ်စစ်နှင့် စက် မှုဝန်ကြီး ဦးကျော်မြင့်တို့သည် အောက်တိုဘာ ၁၂ ရက်က မြို့ သာစီမံကိန်းသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ လျော်ကြေးငွေထုတ်ယူထားသူ တောင်သူများအား ယခုလမကုန်မီပေ (၈၀×၆၀) မြေကွက်များ ပေးအပ်မည့်အကြောင်း အသိပေးပြောကြားခဲ့သည်ဟု သိရှိရသည်။

‘‘တောင်သူတွေ မနစ်နာဖို့ မိသားစုတစ်စုကို မြေကွက်တစ် ကွက်စီပေးမှာပါ။ ပိုင်ဆိုင်မှု အထောက်အထားစာအုပ်တွေနဲ့ တကွပေးမှာပါ။ အခုနေရာငါး နေရာခွဲပြီး မြေကွက်တွေ ရိုက်နေ ပါပြီ။ ဒီလ ၂၅ ရက်နောက်ဆုံး ထားပြီး မြေကွက်တွေ ချထားပေး မှာပါ’’ဟု တိုင်းအစိုးရအဖွဲ့ လျှပ် စစ်နှင့် စက်မှုဝန်ကြီးဦးကျော်မြင့် ကပြောသည်။

မန္တလေး မြို့သာစီမံကိန်း တွင် ငါန်းဇွန်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ငါးအုပ်စု၊ ကျေး ရွာပေါင်း ၁၈ ရွာပါဝင်နေပြီး ကျေးရွာအုပ်စု တစ်စုချင်းစီအ လိုက် မြေကွက်များချထားပေး မည်ဖြစ်ကြောင်း၊ စုစုပေါင်းမြေ ကွက် ၁,၇၅၈ ကွက်ပေးအပ်မည် ဖြစ်ကာ ယင်းမြေကွက်များပေါ် တွင် တောင်သူများ ၀င်ရောက်နေထိုင် ပြီဆိုပါက ပြည်ထဲရေးအမည် ပေါက် ကျေးရွာအုပ်စုများဖြစ် လာသည်အထိ တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဦးကျော်မြင့် ကပြောသည်။

သို့သော်တစ်ချိန်တည်းမှာ ပင် မြေယာလျော်ကြေးငွေကိစ္စ မကျေနပ်၍ လျော်ကြေးငွေထုတ် ယူခြင်းမရှိသေးဘဲ ၎င်းတို့၏ သီး နှံစိုက်ခင်းများအပေါ် စီမံကိန်း လုပ်ငန်းများမလုပ်ရန် တားမြစ် သည့် တောင်သူများကို စီမံကိန်း လုပ်ငန်းတားဆီးနှောင့်ယှက် သည်ဟုဆိုကာ တရားစွဲဆိုအရေး ယူမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိသည်ဟု ဒေသခံတောင်သူများ ကပြောသည်။

စက်တင်ဘာလကုန်မှ စတင်ကာ လက်ရှိအချိန်ထိ မြို့သာ စီမံကိန်းအတွင်း ပါဝင်သော ကျေးရွာများမှ တောင်သူ ၂၀ ကျော်မှာ ပုဒ်မ ၄၄၇၊ ၁၄၃၊ ၁၄၇၊၅၀၅ (ခ)စသည့် အာမခံမရသည့် ပြစ်မှုပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည်ဟု တောင်သူများက ပြောသည်။

ဒေသခံတောင်သူများက စီမံကိန်းကို ကန့်ကွက်ခြင်းမဟုတ် ဘဲ လျော်ကြေးငွေမပြေလည် သေးချိန် ၎င်းတို့၏ စိုက်ပျိုးမြေ များပေါ်တွင် စီမံကိန်းလုပ်ငန်း များလုပ်ကိုင်ခြင်းမပြုသေးဘဲ ရပ်တန့်ပေးထားရန်၊ မြေယာစွန့် လွှတ်လိုက်ရမည့် ၎င်းတို့ဘ၀ အနာဂတ်အတွက် တိကျသေချာ သည့် အာမခံချက်ပေးရန်နှင့် လျော်ကြေးငွေတိုးမြှင့်ပေးရန် တောင်းဆိုနေခြင်းသာဖြစ်သည် ဟု တရားစွဲခံတောင်သူများက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့အနီး ရှိ မြေဧက တစ်သောင်းကျော်ပေါ် တွင် မန္တလေးမြို့သာစက်မှု ဥယျာဉ်စီမံကိန်းကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်တည်ဆောက်နေ ခြင်းဖြစ်သည်။ စီမံကိန်းအတွင်း ပါဝင်သော မြေယာများအတွက် မြေတစ်ဧကလျှင် ကျပ်သိန်း ၂၀ နှင့် ကျပ်ငါးသိန်းနှုန်းများဖြင့်လျော်ကြေးပေးခြင်းဖြစ်သည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service