ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် လျှပ်စစ်စွမ်းအင်ထုတ်ယူမှု လုပ်ငန်းများ
အတွက် အထောက်အကူ ရရှိနိုင်မည့် ပြပွဲကို အောက်တိုဘာလ(၃၀)ရက်နေ့မှ နိုဝင်ဘာလ
(၁)ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပြပွဲ စီစဉ်သူ Bangkok Exhibition
Services မှ အထွေထွေ မန်နေဂျာ Mr. Justin Pau က ပြောသည်။
ယင်းပြပွဲကို ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း(၂၆)နိုင်ငံမှ ကုမ္ပဏီင်္ပေါင်း
(၁၅၀)ခန့်ဖြင့် မြန်မာကွန်ဗင်းရှင်းစင်တာတွင် နံနက်(၉) နာရီမှ ညနေ(၅)နာရီ အချိန်အထိ
ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာမှ အဆင့်မြင့်စက်ပစ္စည်းများ နှင့် နည်းပညာများ
လေ့လာနိုင်မည်ဖြစ်သည်။
"အခုပြပွဲက ဒုတိယအကြိမ်မြောက်ပြပွဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ကွန်ဒိုမိနီယမ် ဥပဒေ
ရေးဆွဲတာ၊ ဟိုက်ဒရိုပါဝါ အသုံးပြုဖို့ လုပ်ဆောင်ချက်တွေ စတင်နေပြီဖြစ်လို့ နည်းပညာတွေ၊
စက်ပစ္စည်းတွေ လိုအပ်လာတဲ့ အချိန်မှာ အခုလိုပြပွဲတွေ ပြုလုပ်လာတာက အချိန်ကိုက်
ဖြစ်ပါတယ်။ ပြပွဲမှာ အဆင့်မြင့် လုပ်ငန်းသုံးစက် ပစ္စည်းတွေကို လေ့လာနိုင်မှာဖြစ်တဲ့အပြင်
နည်းပညာ အားနည်းချက်ကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို
ထိန်းသမ်းနိုင်မယ့် နည်းပညာတွေကိုလည်း ဆွေးနွေးနိုင်မှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ
ကုန်သည်ကြီးများအသင်းမှ ဒုတိယ ဥက္ကဌ ဦးဇော်မင်းဝင်း ကပြောသည်။
အဆိုပါပြပွဲတွင်အဆောက်အအုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်စွမ်းအားနှင့်
ပြန်လည် အသုံးပြုနိုင်သော လောင်စာစွမ်းအင်၊ ဓါတ်သတ္တု တူးဖော် ထုတ်လုပ်မှုဆိုင်ရာများ၊
သဘာဝတွင်းထွက် ပစ္စည်းများ တူးဖော်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ပစ္စည်းကိရိယာများနှင့်
နည်းပညာများကို ပြသမည်ဖြစ်သည်။
"မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၊ သဘာဝဓါတ်ငွေ့တူးဖော်မှု လုပ်ငန်းတွေနဲ့
မိုင်းလုပ်ငန်းတွေက နိုင်ငံစီးပွားရေးရဲ့ အရေးပါတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ အခုလိုမျိုး
ကုန်စည်ပြပွဲတွေကနေ ပြည်ပနိုင်ငံရဲ့ နည်းပညာတွေ၊ စက်ပစ္စည်း အသစ်တွေနဲ့
အတွေအကြုံတွေကို လေ့လာသင့်ပါတယ်" မြန်မာနိုင်ငံအင် ဂျင်နီယာအသင်း ဒုတိယဥက္ကဌ
ဦးတင်မောင်ဝင်း ကပြောသည်။
ယင်းပြပွဲသို့ တရုတ်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ပြင်သစ်၊ဂျာမနီတို့အပြင် အာရှနှင့် ဥရောပကုမ္ပဏီ
များမှ လာရောက်ပြသမည်ဖြစ်ပြီး ပထမအကြိမ် နိုင်ငံတကာမိုင်းလုပ်ငန်းနှင့် မြန်မာမိုင်းလုပ်ငန်း
ကွန်းဖရင့်ကိုလည်း ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သည်။
"ပြည်တွင်း သတ္တုတူးဖော်မှု လုပ်ငန်းတွေမှာ နည်းပညာလိုအပ်ချက်နဲ့ ကျွမ်းကျင်လုပ်သားတွေ
အများကြီး လိုအပ်နေပါသေးတယ်။ အခုပြပွဲမှာက အာရှအပြင် ဥရောပနိုင်ငံတွေကပါ
လာရောက်ပြသမှာဖြစ်တဲ့အတွက် သူတို့ရဲ့ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို နှီးနှောဖလှယ်နိုင်မှာ
ဖြစ်တဲ့အတွက် အခွင့်အလမ်းကောင်းတွေ အများကြီးရရှိနိုင်မှာပါ" ဟု မြန်မာ့သတ္တုတူးဖော်ရေး
အဖွဲ့ချုပ်(MFMA)မှ အတွင်းရေးမှူး ဦးမောင်မောင်မြင့်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် လျှပ်စစ်စွမ်းအင်
ထုတ်လုပ်မှု လုပ်ငန်းများမှာ တိုးတက်လာသော်လည်း နည်းပညာပိုင်း အားနည်းချက်များ
ရှိနေသေးသည့်အတွက် နိုင်ငံတကာမှ နည်းပညာများလေ့လာရန် လိုအပ်ကြောင်း
ကျွမ်းကျင်သူများက သုံးသပ်သည်။
ဆောက်လုပ်ရေး၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေးပြပွဲကိုကို Bangkok Exhibition Services မှ
ကြီးမှူးကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း၊ မြန်မာ့စက်မှုလုပ်ငန်းအဖွဲ့၊
သတ္တုတူးဖော်ရေးအဖွဲ့ချုပ်၊ အင်ဂျင်နီယာလုပ်ငန်းအဖွဲ့နှင့် ရန်ကုန်လျှပ်စစ် ဖြန့်ဖြူးရေးဘုတ်အဖွဲ့
တို့၏ ပံ့ပိုးမှုဖြင့် ပြုလုပ်မည်ဖြစ်သည်။
Credit: Myanmar Times