ရန်ကုန်မြို့ က ၀င်ငွေနည်း အိမ်ငှားများအတွက် ဈေးမြင့်သော အိမ်လခကို ဘယ်လို ထိန်းညှိမလဲ

ရန်ကုန်မြို့ က ၀င်ငွေနည်း အိမ်ငှားများအတွက် ဈေးမြင့်သော အိမ်လခကို ဘယ်လို ထိန်းညှိမလဲ - Property News in Myanmar from iMyanmarHouse.com
13 Oct 2014 11:29 am တွင် တင်ခဲ့သည်
1185 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် နေထိုင်လျက် ရှိကြသော ပြည်သူလူထု အတွင်း၌ နေရေးဟူသော အခက်အခဲများ ပေါ်ပေါက်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ပုံစံ ပြောင်းလဲ လာသောအခါ စက်မှုဇုန် မြို့တော်ဖြစ်သော ရန်ကုန် မြို့ကြီးသို့ ပြည်ပ နိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီပိုင် လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ စသည်ဖြင့် ဝင်ရောက် အခြေချ လာကြသည်။ ထို့ကြောင့် ထိုလုပ်ငန်းများ နှင့် ဆက်နွှယ်လျက် ရှိသော ပြည်ပ နိုင်ငံသားများ အဖို့ မြေငှား၊ အိမ်ငှား၊ တိုက်ခန်းငှား နေထိုင် လုပ်ကိုင်ကြ ရသော အခါ ရန်ကုန်မြို့ကြီး ၌ အိမ်၊ ခြံ၊ မြေဈေးများ လှုပ်ရွလာကာ မကြုံစဖူး အထူး ကြီးမြင့်သော ဈေးနှုန်းများ ဖြစ်ပေါ်လာ လေ၏။

နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များကြောင့် ပြည်တွင်း၌ အလုပ်အကိုင် ပေါများလာခြင်း၊ လုံခြုံမှု ပြည့်ဝစွာ အလုပ်ဆင်း၊ အလုပ်တက် လုပ်ကိုင်နိုင်ခြင်း၊ မိသားစု၊ ဆွေမျိုးစုများ နှင့် မဝေးမကွာ နေရခြင်း၊ ပတ်စ်ပို့၊ ဗီဇာမလိုဘဲ ရန်ကုန်မြို့၌ အခြေချ နေထိုင်ရုံဖြင့် အိမ်ရှိလူကုန် အလုပ်လုပ် နိုင်ခြင်း တို့ကြောင့် ရန်ကုန်မြို့သည် အနယ်နယ် အရပ်ရပ် မှ လူငယ်လူရွယ်များ အခြေချ နေထိုင်ရာ ဖြစ်လာပြီး အိမ်၊ ခြံ၊ မြေ ဈေးတို့ ကမောက်ကမ ဖြစ်ကြ ရလေသည်။

ထိုဂယက်သည် ရန်ကုန်မြို့ခံ အိုးခွဲအိမ်ခွဲ နေထိုင်ကြ သူများ၊ ဝင်ငွေနည်း၊ လစာနည်း ဝန်ထမ်းများ၊ အိုးမဲ့အိမ်မဲ့များ အထိ ရိုက်ခတ်လာရာ အိမ်ဈေး၊ မြေဈေး၊ အိမ်ခန်းငှားခ (အိမ်လခ) စရိတ်များကို မနိုင်ဝန် ထမ်းရဘိ သကဲ့သို့ ရသမျှ လုပ်ခဝင်ငွေ မှာ နေစရိတ်က စားသွား သောကြောင့် ဘဝအမောများ ဆိုက်နေကြ ရလေ၏။ ထို ပြဿနာ များကို ချုပ်ငြိမ်းရန် မဆိုထားဘိ၊ လျော့ပါးသွား စေရန် သို့မဟုတ် ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ အခြေအနေများ ဖြစ်လာစေရန် ဝိုင်းဝန်း စဉ်းစား အကြံပေး ဆောင်ရွက်ကြ သော်လည်း ထိုပြဿနာမှာ ယနေ့ထိ မပြေလည် နိုင်သေးပေ။

ရန်ကုန်မြို့ရှိ အိုးခွဲအိမ်ခွဲ မိသားစုများ၊ ဝန်ထမ်းများ နှင့် ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ် ကြသော နယ်အသီးသီးမှ အလုပ်သမား များမှာ အိမ်ဝယ်ဖို့ထက် အိမ်ငှား နေလိုကြသည် ဖြစ်၍ အိမ်ငှားခ ကြီးမြင့်ခြင်းကို ခါးစည်းခံ နေကြရ လေသည်။ နိုင်ငံခြားသား များမှာ လုံးချင်း သို့မဟုတ် အခန်းများကို ဒေါ်လာဖြင့် ငှားရမ်းကြရာ ဒုတိယ တန်းစား၊ တတိယ တန်းစားမြို့နယ် မှ အိမ်ခန်းပိုင်ရှင် များကလည်း ဒေါ်လာဖြင့် ငှားရမ်းသော အဖိုးအခ များကို အားကျ၍ အိမ်ခန်းငှားခ ဈေးများကို အားကျ လိုက်တက်ကြ လေ၏။

နေစရာ လိုအပ်ချက် ကြီးမားသော ဈေးကွက်ကြီး ဖြစ်ပေါ်နေသော ရန်ကုန်မြို့ကြီး တွင် အခန်းက နည်းနည်း၊ အခန်း လိုချင်သူက များများ ဖြစ်နေလေသော အခါ မျက်ဖြူ ဆိုက်လေ၊ ဆရာကြိုက်လေ ဆိုသကဲ့သို့ အိမ်ပိုင်ရှင်များ ရင်ကော့ကာ ဈေးဆိုနိုင် ကြတော့သည်။

ထို့ကြောင့် ကြီးမြင့်လာသည့် အိမ်ငှားခကို သတ်မှတ်နှုန်းစံ ဖြစ်စေရန် ညှိနှိုင်း လိုသော်လည်း အိမ်ရှင်များက ''ကိုယ့်အိမ် ကိုယ်ပိုင်တာ၊ ဘာမှ ဝင်စွက်စရာ မရှိဘူး ''ဟု ပြောဆို ကြသောကြောင့် အိမ်ငှားစားမည့် အိမ်ရှင်များကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး မှူးရုံးများတွင် စာရင်းပြုစု ထားရှိသည်။ အိမ်ရှင်နှင့် အိမ်ငှားတို့၏ အထွေထွေ ပြဿနာများ၊ ဥပမာ - အိမ်လခ ပိုတောင်းမှု၊ အိမ်လခ လစဉ် မပေးချေမှု စသော ကိစ္စများကိုပါ အဆိုပါရုံး တို့မှ ဒိုင်ခံဖြေရှင်း ပေးရမည် ဆိုပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှင့် မြို့နယ် အုပ်ချုပ်ရေးရုံး သီးခြား ဝန်ထမ်း ထားရှိရမည်။ အလုပ်ပို လာမည်။ ထိုမျှသာမက အိမ်ရှင် နှင့် တာဝန်ရှိ သူတို့အကြား အပေးအယူ ကိစ္စများ ပေါ်၊ မပေါ် မည်သူ ပြောနိုင် ပါမည်နည်း။

ထိုကိစ္စကို ဤသို့ ဖြေရှင်းနိုင်ရန် အကြံပြုချင် ပါသည်။ မြို့နယ်အလိုက် ငှားရမ်းရမည့် အိမ်လခများကို တရားဝင် သတ်မှတ် ပေးသင့်ပါသည်။ ဥပမာ - ပထမတန်းစား မြို့နယ်တွင် ငါးသိန်း၊ ဒုတိယတန်းစား မြို့နယ်တွင် နှစ်သိန်း၊ တတိယ တန်းစားမြို့နယ် တွင် ငါးသောင်း။ ထို အခြေခံ အိမ်လခထက် ပို၍ မြှင့်တင်ပါက ၅ဝ ရာခိုင်နှုန်း အခွန်ကောက်ပါ။ ထိုအခါ အိမ်ရှင်မှာ မူလ သတ်မှတ် ထားသော အိမ်လခ ထက်ပင် နည်းသော အိမ်လခကိုသာ ရရှိမည် ဖြစ်သောကြောင့် မူလ သတ်မှတ် အိမ်လခထက် မည်သူမျှ ထပ်တိုးတောင်း ကြတော့မည် မဟုတ်ပါ။ အိမ်ဆိုသည်မှာ နိုင်ငံတော်မှ နေထိုင်ရန် သတ်မှတ် ထားခြင်း ဖြစ်၍ စီးပွားရေး လုပ်မည် ဆိုပါက ဥပမာ - အိမ်တွင် လက်ဖက်ရည် ဆိုင်၊ စတိုးဆိုင် လုပ်လျှင် လုပ်ငန်းလိုင်စင် လုပ်၍ အခွန်များ ဆောင်ရ ပါသည်။ ယခု အိမ်ငှား သည်မှာလည်း စီးပွားရေး လုပ်ခြင်း မည်သောကြောင့် အထက်ပါ နည်းဖြင့် အိမ်လခကို ထိန်းညှိသင့် ပေသည်။ ။

Credit: Themyawadydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service