One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပိန်း၏ ကျန်ရစ်ခဲ့သော စံအိမ်များ

One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပိန်း၏ ကျန်ရစ်ခဲ့သော စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
24 Oct 2024 11:43 am တွင် တင်ခဲ့သည်
972 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

One Direction အဖွဲ့မှ အဆိုတော် လီယမ်ပိန်း (အသက် ၃၁ နှစ်) သည် ဘွေနိုအေးရိစ်မြို့ ဟိုတယ်တစ်ခု၏ တတိယထပ် လသာဆောင်မှ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း အာဂျင်တီးနားရဲတပ်ဖွဲ့က ထုတ်ပြန်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်မှာ ဘွေနိုအေးရိစ်မြို့တော်၏ စိမ်းလန်းအုံ့ဆိုင်းသော Palermo အရပ်တွင် တည်ရှိသည့် CasaSur ဟိုတယ် တာဝန်ရှိသူတိို့က ရဲတပ်ဖွဲ့ထံ ဆက်သွယ်လာကြောင်း၊ မူးယစ်ဆေး သုံးစွဲထားကာ အရက်မူးနေဟန်ရသော အမျိုးသားတစ်ဦးနှင့် ပတ်သက်ပြီး တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့က ဟိုတယ်သို့ ရောက်ရှိသွားချိန်တွင် မန်နေဂျာက ပြောသည်မှာ ဟိုတယ်ဝန်းအတွင်း ကွက်လပ်တွင် ကျယ်လောင်သည့်အသံတစ်ခုကြားရကြောင်း ပြောသည်။

ရဲတပ်ဖွဲ့က သွားရောက်ကြည့်ရှုရာတွင် အမျိုးသားတစ်ဦး သူ၏ အခန်းဝရန်တာမှ ပြုတ်ကျခြင်းဖြစ်သည်ကို တွေ့ရကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(( လီယမ်ပိန်း ချန်ရစ်ခဲ့သော စည်းစိမ်ဥစ္စာများ))

လီယမ်ပိန်း ရုတ်တရက်သေဆုံးမှုမှာ ဂီတလောကနှင့် သူ၏ ပရိသတ်များအား တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

လီယမ်ပိန်းသည် သူ၏ တစ်ဦးတည်းသော ရင်သွေးအတွက် စည်းစိမ်ဥစ္စာ များစွာ ချန်ရစ်ခဲ့သည်။

(လီယမ်ပိန်း ကွယ်လွန်သည့်သတင်းမှာ ကမ္ဘာကို ကိုင်လှုပ်ခဲ့သည်။ ဓာတ်ပုံ-Marc Piasecki/ GC images)

လီယမ်ပိန်းသည် Girls Aloud မှ အဆိုတော်၊ X Factor UK ဒိုင်လူကြီးဟောင်း Cheryl Cole နှင့် လက်တွဲခဲ့စဉ်အတွင်း Bear Gray Payne အမည်ရှိ သားတစ်ဦးကို ၂၀၁၇ ခုနှစ်အတွင်းက ရရှိခဲ့ခြင်း ဖြစ်သည်။

လီယမ်ပိန်းသည် သူ၏ ဂီတလောက ဖြတ်သန်းမှုတစ်လျှောက် တေးအယ်လ်ဘမ်များနှင့် ဂီတဖျော်ဖြေပွဲများမှ ဝင်ငွေများစွာ ရရှိခဲ့ပြီး ကြွယ်ဝမှု ပေါင် ၅၆ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးကမ်းခြေမြို့နှင့် အင်္ဂလန်အနောက်တောင်ပိုင်း ဆာရေးခရိုင်တို့ရှိ စံအိမ်များ အပါအဝင် အိမ်ခြံမြေအများအပြား ပိုင်ဆိုင်ထားသည်။

(လီယမ်ပိန်းနှင့် သူ၏လက်တွဲဖော်ဟောင်း အဆိုတော် Cheryl Cole တို့ကို တွေ့ရပုံ။ ဓာတ်ပုံ-John Phillips/ Getty Images)

((လီယမ်ပိန်းနှင့် ပတ်သက်ခဲ့သော စံအိမ်များ))

((ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးမြို့မှ Monte Nido အမည်ရှိ သရဲခြောက်သောအိမ်ကြီး))

လီယမ်ပိန်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း သူ၏ သရဲခြောက်သော Monte Nido စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ ဒသမ ၁၆ သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်ခဲ့မှုမှာ ထိပ်တန်း သတင်းတစ်ရပ်ဖြစ်ခဲ့ဖူးသည်။

(ဆက်စပ်သတင်း)

One Direction အဆိုတော် လီယမ်ပိန်းက ကယ်လီဖိုးနီးယားရှိ စံအိမ်ကို ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ရောင်းချရန်စီစဉ်

https://www.imyanmarhouse.com/news/read/929271

လီယမ်ပိန်းသည် ထိုစံအိမ်ကို ရောင်းထုတ်ရန် ကြိုးစားသော်လည်း နှစ်ပေါင်းများစွာ ရောင်းမထွက်ခဲ့။

လီယမ်ပိန်းက ၂၀၁၅ ခုနှစ်အတွင်း စံအိမ်ကို ဝယ်ယူရာတွင် ကန်ဒေါ်လာ ၁၀ သန်းပေးခဲ့ရသောကြောင့် ပါးပါးသာ မြတ်စွန်းမည်ဟု ဆိုနိုင်သည်။

မိမိ၏ လက်တွဲဖော်ဟောင်း Cheryl Cole က အဆိုပါအိမ်ကြီးတွင် ပရလောကသားများကို တွေ့ခဲ့ကြောင်း လီယမ်ပိန်းက ပြောသည်။

သားဖြစ်သူကို ကိုယ်ဝန်လွယ်ထားရစဉ်ကာလအတွင်း Cheryl Cole သည် အပေါ်ဆုံးထပ်အခန်းကို ရှောင်ရှားလေ့ရှိကြောင်း၊ ထိုအခန်းတွင် သဘာဝလွန်ဖြစ်ရပ်များ ရှိနေကြောင်းလည်း လီယမ်ပိန်းက ပြောပြသည်။

(နှစ်ပေါင်းများစွာ ရောင်းမထွက်ခဲ့ဘဲ နောက်ဆုံးတွင်မူ ပေါ့ပ်ကြယ်ပွင့် Halsey က ဝယ်ယူသွားသည်)

မီးလုံးများ မှိတ်ချည် ပွင့်ချည်ဖြစ်ခြင်း၊ ရေပိုက်ခေါင်းများ အလိုအလျောက် ပွင့်ခြင်းကဲ့သို့ ခြောက်ခြားဖွယ် ဖြစ်ရပ်ဆန်းများနှင့် Cheryl Cole ရင်ဆိုင်ခဲ့ရသည်။

(ဗြိတိန်နိုင်ငံ၊ ဆာရေးခရိုင်မှ စံအိမ်))

(ဗြိတိန်နိုင်ငံ၊ ဆာရေးခရိုင်ရှိ လီယမ်ပိန်း၏ စံအိမ်အတွင်း ကမ္ဘာကျော်အဆိုတော် ဘိုနို၏ ဓာတ်ပုံကြီးကို တွေ့ရပုံ။)

ဗြိတိန်နိုင်ငံ၊ ဆာရေးခရိုင်ရှိ ကန်ဒေါ်လာ ၈ ဒသမ ၉ သန်းတန် စံအိမ်ကို လီယမ်ပိန်းက Cheryl Cole နှင့် လမ်းခွဲပြီး မကြာမီ အရောင်းဈေးကွက်တင်ခဲ့သည်။

ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်ကာ လန်ဒန်မြို့ပြင်တွင် တည်ရှိသည်။

စိမ်းလန်းသော ပန်းဥယျာဉ်၊ ရေကူးကန်၊ ဘောလုံးကွင်းနှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။

(လီယမ်ပိန်း၏ အိမ်တွင်း ရုပ်ရှင်ရုံ)

(အရက်ဘား၊ ဘိလိယက်ခုံနှင့် စာကြည့်တိုက်သော ဖွဲ့စည်းထားသော အခန်း)

(ဆက်စပ်သတင်း)

One Direction မှ ရှေ့ထွက်အဆိုတော် ဟယ်ရီစတိုင်က လန်ဒန်မြို့တွင် ပထမဝယ်ယူခဲ့သော နေအိမ်မှ ခဲတစ်ပစ်စာသာ ကွာဝေးသောနေရာ၌ နေအိမ်တစ်လုံး ထပ်မံဝယ်ယူခဲ့ရာ ဟောလိဝုဒ်ကို ကျောခိုင်းပြီး ဇာတိမြေတွင် ခြေချလာမည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်

https://www.imyanmarhouse.com/news/read/850591

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: One Direction singer Liam Payne dead after falling from Buenos Aires hotel balcony (realestate) Photo Credit- Marc Piasecki/ GC images, John Phillips/ Getty Images, Hilton & Hyland

[Zawgyi]

One Direction မွ အဆိုေတာ္ လီယမ္ပိန္း အာဂ်င္တီးနားႏိုင္ငံ၊ ေဘြႏိုေအးရိစ္ျမိဳ႕ ဟိုတယ္ ဝရန္တာမွ ျပဳတ္က်ကာ ေသဆံုးခဲ့၊ လီယမ္ပိန္း၏ က်န္ရစ္ခဲ့ေသာ စံအိမ္မ်ား

One Direction အဖြဲ႔မွ အဆိုေတာ္ လီယမ္ပိန္း (အသက္ ၃၁ ႏွစ္) သည္ ေဘြႏိုေအးရိစ္ျမိဳ႕ ဟိုတယ္တစ္ခု၏ တတိယထပ္ လသာေဆာင္မွ ျပဳတ္က်ကာ ေသဆံုးခဲ့ေၾကာင္း အာဂ်င္တီးနားရဲတပ္ဖြဲ႔က ထုတ္ျပန္သည္ဟု ရိုက္တာသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္မွာ ေဘြႏိုေအးရိစ္ျမိဳ႕ေတာ္၏ စိမ္းလန္းအံု႔ဆိုင္းေသာ Palermo အရပ္တြင္ တည္ရွိသည့္ CasaSur ဟိုတယ္ တာဝန္ရွိသူတိုိ႔က ရဲတပ္ဖြဲ႔ထံ ဆက္သြယ္လာေၾကာင္း၊ မူးယစ္ေဆး သံုးစြဲထားကာ အရက္မူးေနဟန္ရေသာ အမ်ဳိးသားတစ္ဦးႏွင့္ ပတ္သက္ျပီး တိုင္တန္းျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

ရဲတပ္ဖြဲ႔က ဟိုတယ္သို႔ ေရာက္ရွိသြားခ်ိန္တြင္ မန္ေနဂ်ာက ေျပာသည္မွာ ဟိုတယ္ဝန္းအတြင္း ကြက္လပ္တြင္ က်ယ္ေလာင္သည့္အသံတစ္ခုၾကားရေၾကာင္း ေျပာသည္။

ရဲတပ္ဖြဲ႔က သြားေရာက္ၾကည့္ရႈရာတြင္ အမ်ဳိးသားတစ္ဦး သူ၏ အခန္းဝရန္တာမွ ျပဳတ္က်ျခင္းျဖစ္သည္ကို ေတြ႔ရေၾကာင္း ရဲတပ္ဖြဲ႔ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

(( လီယမ္ပိန္း ခ်န္ရစ္ခဲ့ေသာ စည္းစိမ္ဥစၥာမ်ား))

လီယမ္ပိန္း ရုတ္တရက္ေသဆံုးမႈမွာ ဂီတေလာကႏွင့္ သူ၏ ပရိသတ္မ်ားအား တုန္လႈပ္ေျခာက္ျခားေစခဲ့သည္။

လီယမ္ပိန္းသည္ သူ၏ တစ္ဦးတည္းေသာ ရင္ေသြးအတြက္ စည္းစိမ္ဥစၥာ မ်ားစြာ ခ်န္ရစ္ခဲ့သည္။

(လီယမ္ပိန္း ကြယ္လြန္သည့္သတင္းမွာ ကမၻာကို ကိုင္လႈပ္ခဲ့သည္။ ဓာတ္ပံု-Marc Piasecki/ GC images)

လီယမ္ပိန္းသည္ Girls Aloud မွ အဆိုေတာ္၊ X Factor UK ဒိုင္လူၾကီးေဟာင္း Cheryl Cole ႏွင့္ လက္တြဲခဲ့စဥ္အတြင္း Bear Gray Payne အမည္ရွိ သားတစ္ဦးကို ၂၀၁၇ ခုႏွစ္အတြင္းက ရရွိခဲ့ျခင္း ျဖစ္သည္။

လီယမ္ပိန္းသည္ သူ၏ ဂီတေလာက ျဖတ္သန္းမႈတစ္ေလွ်ာက္ ေတးအယ္လ္ဘမ္မ်ားႏွင့္ ဂီတေဖ်ာ္ေျဖပြဲမ်ားမွ ဝင္ေငြမ်ားစြာ ရရွိခဲ့ျပီး ၾကြယ္ဝမႈ ေပါင္ ၅၆ သန္းခန႔္ရွိသည္ဟု ခန္႔မွန္းရသည္။

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားျပည္နယ္၊ မာလီဘူးကမ္းေျချမိဳ႕ႏွင့္ အဂၤလန္အေနာက္ေတာင္ပိုင္း ဆာေရးခရိုင္တို႔ရွိ စံအိမ္မ်ား အပါအဝင္ အိမ္ျခံေျမအမ်ားအျပား ပိုင္ဆိုင္ထားသည္။

(လီယမ္ပိန္းႏွင့္ သူ၏လက္တြဲေဖာ္ေဟာင္း အဆိုေတာ္ Cheryl Cole တို႔ကို ေတြ႔ရပံု။ ဓာတ္ပံု-John Phillips/ Getty Images)

((လီယမ္ပိန္းႏွင့္ ပတ္သက္ခဲ့ေသာ စံအိမ္မ်ား))

((ကယ္လီဖုိးနီးယားျပည္နယ္ မာလီဘူးျမိဳ႕မွ Monte Nido အမည္ရွိ သရဲေျခာက္ေသာအိမ္ၾကီး))

(Monte Nido စံအိမ္ၾကီးတြင္ ပရေလာကသားမ်ားရွိေၾကာင္း လီယမ္ပိန္း၏ လက္တြဲေဖာ္ေဟာင္း Cheryl Cole က ေျပာဖူးသည္။ ဓာတ္ပံု-Hilton & Hyland)

လီယမ္ပိန္းသည္ ၂၀၂၀ ျပည့္ႏွစ္အတြင္း သူ၏ သရဲေျခာက္ေသာ Monte Nido စံအိမ္ၾကီးကို ကန္ေဒၚလာ ၁၀ ဒသမ ၁၆ သန္းျဖင့္ ေရာင္းထုတ္ရန္ စီစဥ္ခဲ့မႈမွာ ထိပ္တန္း သတင္းတစ္ရပ္ျဖစ္ခဲ့ဖူးသည္။

(ဆက္စပ္သတင္း)

One Direction အဆိုေတာ္ လီယမ္ပိန္းက ကယ္လီဖိုးနီးယားရွိ စံအိမ္ကို ေဒၚလာ ၁၀ သန္းေက်ာ္ျဖင့္ ေရာင္းခ်ရန္စီစဥ္

https://www.imyanmarhouse.com/news/read/929271

လီယမ္ပိန္းသည္ ထိုစံအိမ္ကို ေရာင္းထုတ္ရန္ ၾကိဳးစားေသာ္လည္း ႏွစ္ေပါင္းမ်ားစြာ ေရာင္းမထြက္ခဲ့။

လီယမ္ပိန္းက ၂၀၁၅ ခုႏွစ္အတြင္း စံအိမ္ကို ဝယ္ယူရာတြင္ ကန္ေဒၚလာ ၁၀ သန္းေပးခဲ့ရေသာေၾကာင့္ ပါးပါးသာ ျမတ္စြန္းမည္ဟု ဆိုႏိုင္သည္။

မိမိ၏ လက္တြဲေဖာ္ေဟာင္း Cheryl Cole က အဆိုပါအိမ္ၾကီးတြင္ ပရေလာကသားမ်ားကို ေတြ႔ခဲ့ေၾကာင္း လီယမ္ပိန္းက ေျပာသည္။

သားျဖစ္သူကို ကိုယ္ဝန္လြယ္ထားရစဥ္ကာလအတြင္း Cheryl Cole သည္ အေပၚဆံုးထပ္အခန္းကို ေရွာင္ရွားေလ့ရွိေၾကာင္း၊ ထိုအခန္းတြင္ သဘာဝလြန္ျဖစ္ရပ္မ်ား ရွိေနေၾကာင္းလည္း လီယမ္ပိန္းက ေျပာျပသည္။

(ႏွစ္ေပါင္းမ်ားစြာ ေရာင္းမထြက္ခဲ့ဘဲ ေနာက္ဆံုးတြင္မူ ေပါ့ပ္ၾကယ္ပြင့္ Halsey က ဝယ္ယူသြားသည္)

မီးလံုးမ်ား မွိတ္ခ်ည္ ပြင့္ခ်ည္ျဖစ္ျခင္း၊ ေရပိုက္ေခါင္းမ်ား အလိုအေလ်ာက္ ပြင့္ျခင္းကဲ့သို႔ ေျခာက္ျခားဖြယ္ ျဖစ္ရပ္ဆန္းမ်ားႏွင့္ Cheryl Cole ရင္ဆိုင္ခဲ့ရသည္။

(ျဗိတိန္ႏိုင္ငံ၊ ဆာေရးခရိုင္မွ စံအိမ္))

(ျဗိတိန္ႏိုင္ငံ၊ ဆာေရးခရိုင္ရွိ လီယမ္ပိန္း၏ စံအိမ္အတြင္း ကမၻာေက်ာ္အဆိုေတာ္ ဘိုႏို၏ ဓာတ္ပံုၾကီးကို ေတြ႔ရပံု။)

ျဗိတိန္ႏိုင္ငံ၊ ဆာေရးခရိုင္ရွိ ကန္ေဒၚလာ ၈ ဒသမ ၉ သန္းတန္ စံအိမ္ကို လီယမ္ပိန္းက Cheryl Cole ႏွင့္ လမ္းခြဲျပီး မၾကာမီ အေရာင္းေစ်းကြက္တင္ခဲ့သည္။

ေဂ်ာ္ဂ်ီယာဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၇ ခန္း ပါဝင္ကာ လန္ဒန္ျမိဳ႕ျပင္တြင္ တည္ရွိသည္။

စိမ္းလန္းေသာ ပန္းဥယ်ာဥ္၊ ေရကူးကန္၊ ေဘာလံုးကြင္းႏွင့္ တင္းနစ္ကြင္းတို႔ ပါဝင္သည္။ (လီယမ္ပိန္း၏ အိမ္တြင္း ရုပ္ရွင္ရံု)

(အရက္ဘား၊ ဘိလိယက္ခံုႏွင့္ စာၾကည့္တိုက္ေသာ ဖြ႔ဲစည္းထားေသာ အခန္း) (ဆက္စပ္သတင္း)

One Direction မွ ေရွ႕ထြက္အဆိုေတာ္ ဟယ္ရီစတိုင္က လန္ဒန္ျမိဳ႕တြင္ ပထမဝယ္ယူခဲ့ေသာ ေနအိမ္မွ ခဲတစ္ပစ္စာသာ ကြာေဝးေသာေနရာ၌ ေနအိမ္တစ္လံုး ထပ္မံဝယ္ယူခဲ့ရာ ေဟာလိဝုဒ္ကို ေက်ာခိုင္းျပီး ဇာတိေျမတြင္ ေျခခ်လာမည္ဟု ခန္႔မွန္းခ်က္မ်ား ထြက္ေပၚ

https://www.imyanmarhouse.com/news/read/850591

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: One Direction singer Liam Payne dead after falling from Buenos Aires hotel balcony (realestate) Photo Credit- Marc Piasecki/ GC images, John Phillips/ Getty Images, Hilton & Hyland

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service