ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဒေါ်လာ သန်း ၃၀၀ ဈေးခေါ်ထားသော အပန်းဖြေစခန်းကြီးကို ဝယ်ယူ

ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဒေါ်လာ သန်း ၃၀၀ ဈေးခေါ်ထားသော အပန်းဖြေစခန်းကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Aug 2024 1:33 pm တွင် တင်ခဲ့သည်
445 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(လယ်ရီ အယ်လစ်ဆင် ဘယ်သူလဲ)

လယ်ရီ အယ်လစ်ဆင် (Larry Ellison) (မွေး ၁၉၄၄) သည် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဆော့ဖ်ဝဲအဓိက ထုတ်လုပ်သည့် Oracle ကော်ပိုရေးရှင်းကို ပူးတွဲတည်ထောင်သူ၊ CEO ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လအချက်အလက်များအရ အယ်လစ်ဆင်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၆၇ ဒသမ ၁ ဘီလီယံဖြစ်ပြီး ကမ္ဘာပေါ်တွင် နဝမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။

((Palm Beach အပန်းဖြေစခန်းကြီး ဝယ်ယူခြင်း))

ဘီလျံနာ အယ်လစ်ဆင်သည် အမေရိက အရှေ့ဘက်ကမ်းရိုးတန်းမှသည် ဟာဝိုင်အီအထိ ဖြန့်ကျက် တည်ရှိ သော သူ၏ အိမ်ခြံမြေပိုင်ဆိုင်မှုများ စာရင်းတွင် ဖလော်ရီဒါပြည်နယ်၊ Palm Beach မြို့၏ တောင်ဘက်ရှိ အခန်းပေါင်း ၃၀၉ ခန်းပါသော ကမ်းခြေအပန်းဖြေစခန်းကြီးတစ်ခုကို ထပ်မံဖြည့်သွင်း လိုက်သည်။

အယ်လစ်ဆင်ဝယ်ယူလိုက်သော အပန်းဖြေစခန်းကြီး၏ အမည်မှာ Eau Palm Beach Resort & Spa ဟု အမည်ရပြီး ၁၉၅၀ ပြည့်လွန်ကာလများကတည်းက စတင်တည်ထောင်ခဲ့သော အပန်းဖြေစခန်း ဖြစ်သည်။

ဤအပန်းဖြေစခန်းတွင် တချိန်က ဖို့ဒ်မိသားစု၊ အမေရိကန်သမ္မတ ရုစဗဲ့ မိသားစုနှင့် Vanderbilt မိသားစုတို့ အပန်းဖြေခဲ့ကြဖူးသည်။

Oracle ပူးတွဲတည်ထောင်သူ အယ်လစ်ဆင်က Eau Palm အပန်းဖြေစခန်းကြီးကို Lewis Trust Group ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့သည်ကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိချေ။

Lewis Trust က ၂၀၀၃ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။

(Eau Palm Beach Resort & Spa ကို လယ်ရီ အယ်လစ်ဆင်က ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည် ကိုမူ မသိရချေ။ ဓာတ်ပုံ-Getty Images)

The Palm Beach Post သတင်းဌာန၏ ဖော်ပြချက်အရ Lewis Trust က ၂၀၁၉ ခုနှစ်တွင် အပန်းဖြေစခန်းကို ရောင်းချရန် စတင်ကြံရွယ်ခဲ့စဉ်က တခန်းလျှင် ဒေါ်လာ ၁ သန်း ရလိုခဲ့သည်ဟုဆိုရာ တနည်းအားဖြင့် ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် ရောင်းချလိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ကျွန်တော်တို့ လည်ပတ်လုပ်ကိုင်မှု အဆုံးသတ်ခဲ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်မိပေမယ့် လယ်ရီ အယ်လစ်ဆင်က တန်ဖိုးထားပြီး ပိုမိုအောင်မြင်လာအောင် လုပ်ဆောင်ပေးမယ့်အပေါ် ဝမ်းမြောက်မိပါတယ်” ဟု လန်ဒန်အခြေစိုက် Lewis ၏ ဥက္ကဌ Simon Lewis က ပြောသည်။

အယ်လစ်ဆင်သည် ဖလော်ရီဒါပြည်နယ်၊ Manalapan မြို့မှ မိုင်အနည်းငယ်ဝေးကွာသော နေရာရှိ လူနေအိမ်ခြံမြေ တစ်ခုကိုလည်း ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့ဖူးပြီး ဖလော်ရီဒါ၏ ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် ထိုစဉ်က စံချိန်တင်ခဲ့သည်။

အယ်လစ်ဆင်သည် ဟာဝိုင်အီရှိ Lanai ကျွန်းကို ၉၈ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးနှင့် Palo Alto တို့တွင် ဟိုတယ်များလည်း ပိုင်ဆိုင်ထားသည်။

အယ်လစ်ဆင် အဓိက အခြေချနေထိုင်သည်မှာ ဟာဝိုင်အီရှိ သူ၏ကျွန်းတွင် ဖြစ်သည်။

(အယ်လစ်ဆင်သည် ဟိုတယ်ပေါင်းများစွာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဓာတ်ပုံ- Eau Palm Beach Resort & Spa)

(Lewis Group က ယခုအပန်းဖြေစခန်းကြီးကို ၂၀၀၃ ခုနှစ်တွင် ကန်ဒေါ်လာ ၆၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဝယ်ယူပြီးနောက်ပိုင်း အပန်းဖြေစခန်းတွင် ဒေါ်လာ သန်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံ ဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ- Eau Palm Beach Resort & Spa)

(အပန်းဖြေစခန်းနေရာ၏ မူရင်းအဆောက်အအုံတွင် အမေရိက၏ အထင်ရှားဆုံး မိသားစုများ နေထိုင် အပန်းဖြေခဲ့ကြဖူးသည်။ ဓာတ်ပုံ- Eau Palm Beach Resort & Spa)

(အပန်းဖြေစခန်းမှာ အယ်လစ်ဆင်ဝယ်ယူထားသောအိမ်နှင့် မိုင်အနည်းငယ်မျှသာ ဝေးကွာသည်။ ဓာတ်ပုံ- Eau Palm Beach Resort & Spa)

(ဆက်စပ်သတင်း)

Lethal Weapon နှင့် The Matrix Trilogy ဇာတ်ကားများ၏ ထုတ်လုပ်သူ ပိုင်ဆိုင်သည့် လော့စ်အိန်ဂျလိ စံအိမ်ကြီးကို ဝယ်ယူသွားသူမှာ ကမ္ဘာကျော်သူဌေးကြီး လယ်ရီ အယ်လစ်ဆင်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာ

https://www.imyanmarhouse.com/news/read/722998

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Oracle billionaire Larry Ellison buys Palm Beach resort that was seeking $300M (nypost)

Photo Credit-Getty Images, Eau Palm Beach Resort & Spa

[Zawgyi]

ဘီလ်ံနာသူေဌးၾကီး လယ္ရီ အယ္လစ္ဆင္က ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ရွိ ေဒၚလာ သန္း ၃၀၀ ေစ်းေခၚထားေသာ အပန္းေျဖစခန္းၾကီးကို ဝယ္ယူ

(လယ္ရီ အယ္လစ္ဆင္ ဘယ္သူလဲ)

လယ္ရီ အယ္လစ္ဆင္ (Larry Ellison) (ေမြး ၁၉၄၄) သည္ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ျပီး ေဆာ့ဖ္ဝဲအဓိက ထုတ္လုပ္သည့္ Oracle ေကာ္ပိုေရးရွင္းကို ပူးတြဲတည္ေထာင္သူ၊ CEO ျဖစ္သည္။

၂၀၂၄ ခုႏွစ္၊ ဇြန္လအခ်က္အလက္မ်ားအရ အယ္လစ္ဆင္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၆၇ ဒသမ ၁ ဘီလီယံျဖစ္ျပီး ကမၻာေပၚတြင္ နဝမေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္သည္။

((Palm Beach အပန္းေျဖစခန္းၾကီး ဝယ္ယူျခင္း))

ဘီလ်ံနာ အယ္လစ္ဆင္သည္ အေမရိက အေရွ႕ဘက္ကမ္းရိုးတန္းမွသည္ ဟာဝိုင္အီအထိ ျဖန္႔က်က္ တည္ရွိ ေသာ သူ၏ အိမ္ျခံေျမပိုင္ဆိုင္မႈမ်ား စာရင္းတြင္ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ျမိဳ႕၏ ေတာင္ဘက္ရွိ အခန္းေပါင္း ၃၀၉ ခန္းပါေသာ ကမ္းေျခအပန္းေျဖစခန္းၾကီးတစ္ခုကို ထပ္မံျဖည့္သြင္း လိုက္သည္။

အယ္လစ္ဆင္ဝယ္ယူလုိက္ေသာ အပန္းေျဖစခန္းၾကီး၏ အမည္မွာ Eau Palm Beach Resort & Spa ဟု အမည္ရျပီး ၁၉၅၀ ျပည့္လြန္ကာလမ်ားကတည္းက စတင္တည္ေထာင္ခဲ့ေသာ အပန္းေျဖစခန္း ျဖစ္သည္။

ဤအပန္းေျဖစခန္းတြင္ တခ်ိန္က ဖို႔ဒ္မိသားစု၊ အေမရိကန္သမၼတ ရုစဗဲ့ မိသားစုႏွင့္ Vanderbilt မိသားစုတို႔ အပန္းေျဖခဲ့ၾကဖူးသည္။

Oracle ပူးတြဲတည္ေထာင္သူ အယ္လစ္ဆင္က Eau Palm အပန္းေျဖစခန္းၾကီးကို Lewis Trust Group ထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေစ်းႏႈန္းမည္မွ်ျဖင့္ ဝယ္ယူခဲ့သည္ကိုမူ ထုတ္ေဖာ္ေၾကညာျခင္း မရွိေခ်။

Lewis Trust က ၂၀၀၃ ခုႏွစ္ကတည္းက ပိုင္ဆိုင္ထားခဲ့ျခင္း ျဖစ္သည္။

(Eau Palm Beach Resort & Spa ကို လယ္ရီ အယ္လစ္ဆင္က ေစ်းႏႈန္းမည္မွ်ျဖင့္ ဝယ္ယူလိုက္ျခင္းျဖစ္သည္ ကိုမူ မသိရေခ်။ ဓာတ္ပံု-Getty Images)

The Palm Beach Post သတင္းဌာန၏ ေဖာ္ျပခ်က္အရ Lewis Trust က ၂၀၁၉ ခုႏွစ္တြင္ အပန္းေျဖစခန္းကို ေရာင္းခ်ရန္ စတင္ၾကံရြယ္ခဲ့စဥ္က တခန္းလွ်င္ ေဒၚလာ ၁ သန္း ရလိုခဲ့သည္ဟုဆိုရာ တနည္းအားျဖင့္ ေဒၚလာ သန္း ၃၀၀ ေက်ာ္ျဖင့္ ေရာင္းခ်လိုခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

“ကၽြန္ေတာ္တို႔ လည္ပတ္လုပ္ကိုင္မႈ အဆံုးသတ္ခဲ့ရတဲ့အေပၚ စိတ္မေကာင္းျဖစ္မိေပမယ့္ လယ္ရီ အယ္လစ္ဆင္က တန္ဖုိးထားျပီး ပိုမိုေအာင္ျမင္လာေအာင္ လုပ္ေဆာင္ေပးမယ့္အေပၚ ဝမ္းေျမာက္မိပါတယ္” ဟု လန္ဒန္အေျခစိုက္ Lewis ၏ ဥကၠဌ Simon Lewis က ေျပာသည္။

အယ္လစ္ဆင္သည္ ဖေလာ္ရီဒါျပည္နယ္၊ Manalapan ျမိဳ႕မွ မိုင္အနည္းငယ္ေဝးကြာေသာ ေနရာရွိ လူေနအိမ္ျခံေျမ တစ္ခုကိုလည္း ကန္ေဒၚလာ ၁၇၃ သန္းျဖင့္ လြန္ခဲ့ေသာ ၂ ႏွစ္က ဝယ္ယူခဲ့ဖူးျပီး ဖေလာ္ရီဒါ၏ ေစ်းအၾကီးဆံုး အိမ္ျခံေျမအေရာင္းအဝယ္အျဖစ္ ထိုစဥ္က စံခ်ိန္တင္ခဲ့သည္။

အယ္လစ္ဆင္သည္ ဟာဝိုင္အီရွိ Lanai ကၽြန္းကို ၉၈ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားျပီး ကယ္လီဖုိးနီးယားျပည္နယ္၊ မာလီဘူးႏွင့္ Palo Alto တို႔တြင္ ဟိုတယ္မ်ားလည္း ပိုင္ဆိုင္ထားသည္။

အယ္လစ္ဆင္ အဓိက အေျခခ်ေနထုိင္သည္မွာ ဟာဝိုင္အီရွိ သူ၏ကၽြန္းတြင္ ျဖစ္သည္။

(အယ္လစ္ဆင္သည္ ဟိုတယ္ေပါင္းမ်ားစြာ ပိုင္ဆိုင္ထားသူ ျဖစ္သည္။ ဓာတ္ပံု- Eau Palm Beach Resort & Spa)

(Lewis Group က ယခုအပန္းေျဖစခန္းၾကီးကို ၂၀၀၃ ခုႏွစ္တြင္ ကန္ေဒၚလာ ၆၇ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ဝယ္ယူျပီးေနာက္ပိုင္း အပန္းေျဖစခန္းတြင္ ေဒၚလာ သန္း ၁၀၀ ခန္႔ ရင္းႏွီးျမွဳပ္ႏံွ ေဆာက္လုပ္မႈမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု- Eau Palm Beach Resort & Spa)

(အပန္းေျဖစခန္းေနရာ၏ မူရင္းအေဆာက္အအံုတြင္ အေမရိက၏ အထင္ရွားဆံုး မိသားစုမ်ား ေနထိုင္ အပန္းေျဖခဲ့ၾကဖူးသည္။ ဓာတ္ပံု- Eau Palm Beach Resort & Spa)

(အပန္းေျဖစခန္းမွာ အယ္လစ္ဆင္ဝယ္ယူထားေသာအိမ္ႏွင့္ မိုင္အနည္းငယ္မွ်သာ ေဝးကြာသည္။ ဓာတ္ပံု- Eau Palm Beach Resort & Spa)

(ဆက္စပ္သတင္း) Lethal Weapon ႏွင့္ The Matrix Trilogy ဇာတ္ကားမ်ား၏ ထုတ္လုပ္သူ ပိုင္ဆိုင္သည့္ ေလာ့စ္အိန္ဂ်လိ စံအိမ္ၾကီးကို ဝယ္ယူသြားသူမွာ ကမၻာေက်ာ္သူေဌးၾကီး လယ္ရီ အယ္လစ္ဆင္ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာ

https://www.imyanmarhouse.com/news/read/722998

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Oracle billionaire Larry Ellison buys Palm Beach resort that was seeking $300M (nypost)

Photo Credit-Getty Images, Eau Palm Beach Resort & Spa

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service