သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ

သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jul 2024 1:49 am တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ထိုင်းနိုင်ငံရှိ ဒူးရင်းသီး စိုက်ပျိုးသော တောင်သူများနှင့် တင်ပို့သူများသည် တရုတ်ပြည်မှ ဒူးရင်းသီး ဝယ်လိုအား မြင့်မားမှုကြောင့် သန်းကြွယ်သူဌေးများ ဖြစ်လာနေကြသည်။

အပီချက် ချစ်ဖောသည် စက်ရုံမှ နည်းပညာရှင်အလုပ်ကို လွန်ခဲ့သော ၂၉ နှစ်ခန့်က ကျောခိုင်းခဲ့ကာ သူ၏လက်တွဲဖော် ကန်ဂျာနာနှင့်အတူ ဒူးရင်းလုပ်ငန်းနယ်ပယ်ထဲသို့ ခြေချခဲ့သည်။

ကန်ဂျာနာမှာ သစ်သီးရောင်းသူတစ်ဦးဖြစ်သည်။

၎င်းတို့၏ စွန့်စားခဲ့မှုမှာ အလုပ်ဖြစ်သည်ဟု ဆိုရတော့မည်။

ယခုအခါ တရုတ်ပြည်မှ ဒူးရင်းသီးဝယ်လိုအား အလွန်မြင့်မားနေသောကြောင့် အကျိုးအမြတ်အလားအလာ မှာလည်း အလွန်တရာကြီးမားနေသည်။

၎င်းတို့စုံတွဲသည် ယခုအခါ Rachadurian အမည်ရှိ ကုမ္ပဏီတစ်ခု တည်ထောင်ထားသည်။

အဆိုပါကုမ္ပဏီသည် ထိုင်းနိုင်ငံရှိ ဒူးရင်းသီး ထုတ်ပိုးသော အကြီးမားဆုံးကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

“ဒီလို အခြေအနေအဆင့်အတန်းမျိုး ရောက်လာလိမ့်မယ်လို့ ကျွန်တော်တခါမှ မတွေးခဲ့ဖူးပါဘူး။ အစောပိုင်းမှာ ကျွန်တော်တို့ လက်ကား ရောင်းတဲ့အလုပ်လုပ်ခဲ့တုန်းက တစ်ရက်ကို ဘတ် ၁၀၀ ကနေ ဘတ် ၅၀၀၀ ကြား (ကန်ဒေါ်လာ ၂ ဒသမ ၇ မှ ၁၃၈ ကြား) ပဲ ဝင်ငွေရှိခဲ့ပါတယ်။ ပိုကြီးတဲ့ ဈေးကွက်ကို ရောက်လာတဲ့အခါ ဘတ် ၁၀၀,၀၀၀ အထက် ရလာခဲ့ကြပါတယ်။”

“အခုအခါမှာ ကျွန်တော်တို့ဟာ ကိုယ်ပိုင် ပို့ကုန်လုပ်ငန်း ထူထောင်ထားပြီး ဝင်ငွေ ဘတ်ငွေသန်းဂဏန်း အနည်းငယ်မျှ မဟုတ်ဘဲ သန်းရာချီပြီး ဝင်ငွေရှိနေပါပြီ” ဟု အပီချက်က ထိုင်းသတင်းစာတစ်ခုဖြစ်သော The Nation သို့ ပြောသည်။

၎င်းတို့၏ ကုမ္ပဏီသည် ကိုဗစ်ကပ်ဘေးကာလတွင်ပင်လျှင် တစ်နှစ်တာအတွင်း ဒူးရင်းသီး တင်ပို့မှုမှာ ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖိုးခန့် ပို့ခဲ့သည်။

တရုတ်ပြည်၏ ဒူးရင်းသီးဝယ်လိုအား မြင့်တက်လာမှုနှင့်အတူ ထိုင်းနိုင်ငံမှာ တရုတ်ပြည်သို့ ဒူးရင်းသီးအများဆုံး တင်ပို့သောနိုင်ငံ ဖြစ်လာသည်။

တရုတ်ပြည်သည် ၂၀၂၄ ခုနှစ် ပထမ ၄ လတာအတွင်း ဒူးရင်းသီး တန်ချိန်ပေါင်း ၂၀၂၅၀၀ တင်သွင်းခဲ့သည်။

ယင်းအနက် ၆၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှလာသော ဒူးရင်းသီးများဖြစ်ကြောင်း အကောက်ခွန်ဌာန၏ အချက်အလက်များတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ဒူးရင်းသီးထုတ်လုပ်မှု ကြီးမားစွာ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သော ၁၂ နှစ်တာအတွင်း ထိုင်း၏ ဒူးရင်းထွက်ရှိမှုမှာ ၁၈၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သောနှစ် အတွင်း ဒူးရင်းသီး တန်ချိန် ၁ ဒသမ ၄ သန်း ထွက်ရှိခဲ့သည်။

ထိုင်း၏ ဒူးရင်းစိုက်ပျိုးမှုမှာလည်း ၈၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သော Khaosod English က ဖော်ပြသည်။

ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသည် တရုတ်ပြည်သို့ ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံဖိုးရှိ ဒူးရင်းသီးများ တင်ပို့ထားပြီး ဖြစ်သည်။

ယခင်နှစ် အလားတူကာလထက် တင်ပို့မှုပမာဏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ထိုင်းမှ ဒူးရင်းသီးများသည် တရုတ်ပြည်ရှိ ဒုတိယတန်းစားမြို့များအထိ ရောက်ရှိနေပြီး စားသုံးသူများအတွက် ဒူးရင်းသီးများ ပိုမိုလိုအပ်နေရာ လာမည့် ဆယ်စုနှစ်ဝက်ခန့်အတွင်း တရုတ်ပြည်သို့ တင်ပို့မှုပမာဏ ပိုမိုမြင့်တက်လာမည်ဟု ထိုင်းမှ ပို့ကုန်တင်ပို့သူတို့က မျှော်လင့်ထားသည်။

ထိုသို့ ဝယ်လိုအား မြင့်တက်မှုကြောင့် အပီချက်နှင့် ကန်ဂျာနာတို့က ထိုင်းနိုင်ငံတဝန်းရှိ ဒူးရင်းစိုက် တောင်သူတို့နှင့် ဆက်ဆံရေးတစ်ရပ် တည်ဆောက်ထားကာ ဒူးရင်းသီးကို တစ်နှစ်ပတ်လုံး တင်ပို့နိုင်ရန် စီစဉ်ထားသည်။

ထိုင်းအပြင် တရုတ်ပြည်သို့ ဒူးရင်းသီးတင်ပို့သည့် အခြားထိပ်တန်းနိုင်ငံများ၏ ပြိုင်ဆိုင်မှုများ ပြင်းထန် သော်လည်း ထိုင်းဒူးရင်းတောင်သူတို့က ၎င်းတို့စိုက်ပျိုးထုတ်လုပ်သော ဒူးရင်းသီးတို့၏ အရသာနှင့် အရောင်အသွေးအပေါ် ယုံကြည်မှုရှိသည်။

ထိုင်းနိုင်ငံ၏ ဒူးရင်းသီးလုပ်ငန်းနယ်တွင် ပါဝင်နေသူများအတွက် အိပ်မက်များ အမှန်တကယ် စတင်ဖြစ်ပေါ် လာနေပြီလည်း ဖြစ်သည်။

တရုတ်ပြည်သို့ ဒူးရင်းသီး တင်ပို့သည့်လုပ်ငန်းသည် ထိုင်းမှ စိုက်ပျိုး၊ တင်ပို့သူများကိုသာမက ဗီယက်နမ်ရှိ ဒူးရင်းစိုက်ပျိုးသူတို့၏ ဘဝများကိုလည်း ပြောင်းလဲပေးလျက်ရှိသည်။

ဗီယက်နမ်သည် တရုတ်ပြည်သို့ ဒူးရင်းသီးတင်ပို့မှုတွင် ယခုနှစ် ပထမ ၄ လပတ်အတွင်း ဈေးကွက်ဝေစု ၃၉ ဒသမ ၂ ရာခိုင်နှုန်း ရရှိထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai farmers become millionaires thanks to China’s appetite for durian (vnexpress)

Photo Credit-  AFP

 

 

[Zawgyi]

သန္းၾကြယ္သူေဌးမ်ား ျဖစ္လာလ်က္ရွိေသာ ထိုင္း ဒူးရင္းစိုက္ပ်ဳိးသူမ်ားႏွင့္ တင္ပို႔သူမ်ား

 

ထိုင္းႏိုင္ငံရွိ ဒူးရင္းသီး စိုက္ပ်ဳိးေသာ ေတာင္သူမ်ားႏွင့္ တင္ပို႔သူမ်ားသည္ တရုတ္ျပည္မွ ဒူးရင္းသီး ဝယ္လိုအား ျမင့္မားမႈေၾကာင့္ သန္းၾကြယ္သူေဌးမ်ား ျဖစ္လာေနၾကသည္။

အပီခ်က္ ခ်စ္ေဖာသည္ စက္ရံုမွ နည္းပညာရွင္အလုပ္ကို လြန္ခဲ့ေသာ ၂၉ ႏွစ္ခန္႔က ေက်ာခိုင္းခဲ့ကာ သူ၏လက္တြဲေဖာ္ ကန္ဂ်ာနာႏွင့္အတူ ဒူးရင္းလုပ္ငန္းနယ္ပယ္ထဲသို႔ ေျခခ်ခဲ့သည္။ ကန္ဂ်ာနာမွာ သစ္သီးေရာင္းသူတစ္ဦးျဖစ္သည္။

၎တို႔၏ စြန္႔စားခဲ့မႈမွာ အလုပ္ျဖစ္သည္ဟု ဆိုရေတာ့မည္။

ယခုအခါ တရုတ္ျပည္မွ ဒူးရင္းသီးဝယ္လိုအား အလြန္ျမင့္မားေနေသာေၾကာင့္ အက်ဳိးအျမတ္အလားအလာ မွာလည္း အလြန္တရာၾကီးမားေနသည္။

၎တို႔စံုတြဲသည္ ယခုအခါ Rachadurian အမည္ရွိ ကုမၸဏီတစ္ခု တည္ေထာင္ထားသည္။

အဆိုပါကုမၸဏီသည္ ထိုင္းႏိုင္ငံရွိ ဒူးရင္းသီး ထုတ္ပိုးေသာ အၾကီးမားဆံုးကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

“ဒီလိုု အေျခအေနအဆင့္အတန္းမ်ဳိး ေရာက္လာလိမ့္မယ္လို႔ ကၽြန္ေတာ္တခါမွ မေတြးခဲ့ဖူးပါဘူး။ အေစာပိုင္းမွာ ကၽြန္ေတာ္တို႔ လက္ကား ေရာင္းတဲ့အလုပ္လုပ္ခဲ့တုန္းက တစ္ရက္ကို ဘတ္ ၁၀၀ ကေန ဘတ္ ၅၀၀၀ ၾကား (ကန္ေဒၚလာ ၂ ဒသမ ၇ မွ ၁၃၈ ၾကား) ပဲ ဝင္ေငြရွိခဲ့ပါတယ္။ ပိုၾကီးတဲ့ ေစ်းကြက္ကို ေရာက္လာတဲ့အခါ ဘတ္ ၁၀၀,၀၀၀ အထက္ ရလာခဲ့ၾကပါတယ္။”

“အခုအခါမွာ ကၽြန္ေတာ္တို႔ဟာ ကိုယ္ပိုင္ ပို႔ကုန္လုပ္ငန္း ထူေထာင္ထားျပီး ဝင္ေငြ ဘတ္ေငြသန္းဂဏန္း အနည္းငယ္မွ် မဟုတ္ဘဲ သန္းရာခ်ီျပီး ဝင္ေငြရွိေနပါျပီ” ဟု အပီခ်က္က ထုိင္းသတင္းစာတစ္ခုျဖစ္ေသာ The Nation သို႔ ေျပာသည္။

၎တို႔၏ ကုမၸဏီသည္ ကုိဗစ္ကပ္ေဘးကာလတြင္ပင္လွ်င္ တစ္ႏွစ္တာအတြင္း ဒူးရင္းသီး တင္ပို႔မႈမွာ ကန္ေဒၚလာ ၂ ဒသမ ၇ သန္းဖိုးခန္႔ ပို႔ခဲ့သည္။

တရုတ္ျပည္၏ ဒူးရင္းသီးဝယ္လိုအား ျမင့္တက္လာမႈႏွင့္အတူ ထိုင္းႏိုင္ငံမွာ တရုတ္ျပည္သို႔ ဒူးရင္းသီးအမ်ားဆံုး တင္ပို႔ေသာႏိုင္ငံ ျဖစ္လာသည္။

တရုတ္ျပည္သည္ ၂၀၂၄ ခုႏွစ္ ပထမ ၄ လတာအတြင္း ဒူးရင္းသီး တန္ခ်ိန္ေပါင္း ၂၀၂၅၀၀ တင္သြင္းခဲ့သည္။

ယင္းအနက္ ၆၀ ရာခိုင္ႏႈန္းမွာ ထိုင္းႏိုင္ငံမွလာေသာ ဒူးရင္းသီးမ်ားျဖစ္ေၾကာင္း အေကာက္ခြန္ဌာန၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ထိုင္းႏိုင္ငံသည္ ျပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း ဒူးရင္းသီးထုတ္လုပ္မႈ ၾကီးမားစြာ ျမင့္တက္လာခဲ့သည္။

ျပီးခဲ့ေသာ ၁၂ ႏွစ္တာအတြင္း ထိုင္း၏ ဒူးရင္းထြက္ရွိမႈမွာ ၁၈၀ ရာခုိင္ႏႈန္းအထိ ျမင့္တက္ခဲ့ျပီး ျပီးခဲ့ေသာႏွစ္ အတြင္း ဒူးရင္းသီး တန္ခ်ိန္ ၁ ဒသမ ၄ သန္း ထြက္ရွိခဲ့သည္။

ထိုင္း၏ ဒူးရင္းစိုက္ပ်ဳိးမႈမွာလည္း ၈၀ ရာခုိင္ႏႈန္း ျမင့္တက္လာေၾကာင္း ထိုင္းသတင္းဌာနတစ္ခုျဖစ္ေသာ Khaosod English က ေဖာ္ျပသည္။

ယခုႏွစ္အတြင္း လက္ရွိအခ်ိန္အထိ ထိုင္းႏိုင္ငံသည္ တရုတ္ျပည္သို႔ ကန္ေဒၚလာ ၂ ဒသမ ၄ ဘီလီယံဖုိးရွိ ဒူးရင္းသီးမ်ား တင္ပို႔ထားျပီး ျဖစ္သည္။

ယခင္ႏွစ္ အလားတူကာလထက္ တင္ပို႔မႈပမာဏ ၃ ရာခိုင္ႏႈန္းမွ ၄ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့သည္။

ထိုင္းမွ ဒူးရင္းသီးမ်ားသည္ တရုတ္ျပည္ရွိ ဒုတိယတန္းစားျမိဳ႕မ်ားအထိ ေရာက္ရွိေနျပီး စားသံုးသူမ်ားအတြက္ ဒူးရင္းသီးမ်ား ပိုမိုလိုအပ္ေနရာ လာမည့္ ဆယ္စုႏွစ္ဝက္ခန္႔အတြင္း တရုတ္ျပည္သို႔ တင္ပို႔မႈပမာဏ ပိုမိုျမင့္တက္လာမည္ဟု ထိုင္းမွ ပို႔ကုန္တင္ပို႔သူတို႔က ေမွ်ာ္လင့္ထားသည္။

ထိုသို႔ ဝယ္လိုအား ျမင့္တက္မႈေၾကာင့္ အပီခ်က္ႏွင့္ ကန္ဂ်ာနာတို႔က ထိုင္းႏိုင္ငံတဝန္းရွိ ဒူးရင္းစိုက္ ေတာင္သူတို႔ႏွင့္ ဆက္ဆံေရးတစ္ရပ္ တည္ေဆာက္ထားကာ ဒူးရင္းသီးကို တစ္ႏွစ္ပတ္လံုး တင္ပို႔ႏုိင္ရန္ စီစဥ္ထားသည္။

ထိုင္းအျပင္ တရုတ္ျပည္သို႔ ဒူးရင္းသီးတင္ပို႔သည့္ အျခားထိပ္တန္းႏိုင္ငံမ်ား၏ ျပိဳင္ဆိုင္မႈမ်ား ျပင္းထန္ ေသာ္လည္း ထိုင္းဒူးရင္းေတာင္သူတို႔က ၎တို႔စိုက္ပ်ဳိးထုတ္လုပ္ေသာ ဒူးရင္းသီးတို႔၏ အရသာႏွင့္ အေရာင္အေသြးအေပၚ ယံုၾကည္မႈရွိသည္။ ထိုင္းႏိုင္ငံ၏ ဒူးရင္းသီးလုပ္ငန္းနယ္တြင္ ပါဝင္ေနသူမ်ားအတြက္ အိပ္မက္မ်ား အမွန္တကယ္ စတင္ျဖစ္ေပၚ လာေနျပီလည္း ျဖစ္သည္။

တရုတ္ျပည္သို႔ ဒူးရင္းသီး တင္ပို႔သည့္လုပ္ငန္းသည္ ထိုင္းမွ စိုက္ပ်ဳိး၊ တင္ပို႔သူမ်ားကိုသာမက ဗီယက္နမ္ရွိ ဒူးရင္းစိုက္ပ်ဳိးသူတို႔၏ ဘဝမ်ားကိုလည္း ေျပာင္းလဲေပးလ်က္ရွိသည္။

ဗီယက္နမ္သည္ တရုတ္ျပည္သို႔ ဒူးရင္းသီးတင္ပို႔မႈတြင္ ယခုႏွစ္ ပထမ ၄ လပတ္အတြင္း ေစ်းကြက္ေဝစု ၃၉ ဒသမ ၂ ရာခိုင္ႏႈန္း ရရွိထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Thai farmers become millionaires thanks to China’s appetite for durian (vnexpress)

Photo Credit-  AFP

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service