ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com
12 Apr 2024 11:47 am တွင် တင်ခဲ့သည်
1392 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျနီဖာလိုပက်တို့ စုံတွဲသည် အခြေချနေထိုင်ရန် နေရာသစ်တစ်ခုရှာဖွေ လျက်ရှိသည်။

ဂျနီဖာလိုပက်တို့စုံတွဲသည် အိန္ဒိယ၏ အချမ်းသာဆုံး သူဌေးကြီး မူကက်ရှ်အမ်ဘာနီ၏ သမီးဖြစ်သူထံမှ လော့စ်အိန်ဂျလိမြို့ ဘီဗာလီဟေးစ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ဝယ်ယူထားသည့် သတင်း မကြာသေးမီက ထွက်ပေါ်လာသေးသည်။

ဂျနီဖာလိုက်ပက်တို့စုံတွဲသည် မကြာသေးမီက နယူးယောက်မြို့တွင် နေအိမ်လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာသည်။

၎င်းတို့စုံတွဲသည် နယူးယောက်မြို့ Upper East Side အရပ်ရှိ နေအိမ်များစွာကို လိုက်လံ ကြည့်ရှုခဲ့သည်။

ဂျနီဖာလိုပက်မှာ အင်္ကျီအစင်းကြား၊ ဂျင်းဘောင်းဘီပွနှင့် ကုတ်အင်္ကျီအနက်တို့ ဝတ်ဆင်ထားသည်။

(ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့ပေါ်တွင် နေအိမ်များစွာ လိုက်လံကြည့်ရှုခဲ့သည်။ ဓာတ်ပုံ-Mega)

(နယူးယောက်မြို့ Upper East Side အရပ်တွင် နေအိမ်များ လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Mega)

(ဂျနီဖာလိုပက်တို့စုံတွဲက အထပ် ၄ ထပ်ပါဝင်ပြီး စတုရန်းပေ ၇၀၀၀ နီးပါးကျယ်ဝန်းကာ အိမ်လခ တစ်လလျှင် ဒေါ်လာ ၄၅၀၀၀၀ ဈေးခေါ်ထားသော အဆောက်အအုံတစ်ခုကိုလည်း ကြည့်ရှုခဲ့သည်။ ဓာတ်ပုံ- AbacaPress)

(အဆိုပါအခန်းတွင် အိပ်ခန်း ၆ ခန်းနှင့် အမိုးပေါ် လသာဆောင်နေရာတစ်ခု ပါဝင်သည်။ ဓာတ်ပုံ-Mega)

အော်စကာဆုရှင် ရုပ်ရှင်မင်းသား ဘင်အက်ဖလက်မှာ အင်္ကျီ၃ ထပ် ဝတ်ဆင်ထားပြီး အောက်ဆုံးတွင် ကမ္ဘာကျော် အော်တာနေးတစ်အဖွဲ့ကြီး Nirvana တီရှပ် ဝတ်ဆင်ထားပြီး ယင်းအပေါ်တွင် ဖလန်နယ် အင်္ကျီကို ကြယ်သီးမတပ်ဘဲ ဝတ်ဆင်ထားကာ အပေါ်ဆုံးတွင် အနက်ရောင် ဂျက်ကတ် ဝတ်ဆင်ထားသည်။

အသက် ၅၁ နှစ်ရှိပြီဖြစ်သော ဘင်အက်ဖလက်သည် အောက်ပိုင်းတွင်မူ ဂျင်းဘောင်းဘီနှင့် သူအမြဲဝတ်သော Nikes ဖိနပ်ဖြင့် တွေ့ရသည်။ ၎င်းတို့စုံတွဲ ကြည့်ရှုခဲ့သည်မှာ အိပ်ခန်း ၆ ခန်းပါ လူနေခန်းတစ်ခုဖြစ်ပြီး အမိုးပေါ်လသာဆောင် ပန်းဥယျာဉ်နှင့် မြေတိုက်ခန်းတို့ ပါဝင်သည်။ နယူးယောက်ပို့စ် သတင်းဌာန၏ ဖော်ပြချက်အရ ထိုအခန်းမှာ တစ်လလျှင် အိမ်လခ ဒေါ်လာ ၄၅၀၀၀ ဈေးခေါ် ထားကြောင်း သိရသည်။

(ဂျနီဖာလိုပက်က နယူးယောက်တွင် ၃ ရက်ကြာ အချိန်သုံးစွဲကာ နေအိမ် လိုက်လံရှာဖွေခဲ့သည်။ ဓာတ်ပုံ-Mega)

(ဂျနီဖာလိုပက်တို့စုံတွဲ နေအိမ်လိုက်လံ ရှာဖွေခဲ့ကြပုံ။ ဓာတ်ပုံ-GC Images)

(ဂျနီဖာလိုပက်တို့စုံတွဲ အီစတာပွဲတော်ကာလကို နယူးယောက်တွင် ဖြတ်သန်းခဲ့သည်။ ဓာတ်ပုံ-Mega)

(ဂျနီဖာလိုပက်က နယူးယောက်တွင် သွားလာခဲ့သည့် ဓာတ်ပုံများကို အင်စတာဂရမ်တွင် တင်ခဲ့သေးသည်။ ဓာတ်ပုံ-AbacaPress)

အသက် ၅၄ နှစ်ရှိပြီဖြစ်သော ဂျနီဖာလိုပက်သည် တတိယနေ့တွင် နယူးယောက်မြို့ မန်ဟက်တန်အရပ်၌ နေအိမ် ဆက်လက်ရှာဖွေခဲ့သည်။

(ဂျနီဖာလိုပက်တို့စုံတွဲသည် ပြီးခဲ့သောနှစ်ကတည်းက ဘီဗာလီဟေးစ်အရပ်တွင် နေထိုင်ခဲ့ကြသည်။ဓာတ်ပုံ-The ImageDirect)

(မူကက်ရှ်အမ်ဘာနီ၏ သမီးထံမှ ဒေါ်လာ သန်း ၆၀ ဖြင့် ဝယ်ယူခဲ့သော စံအိမ်။ ဓာတ်ပုံ-Mega)

(နေအိမ် လိုက်လံရှာဖွေနေသော ဂျနီဖာလိုပက်တို့စုံတွဲ။ ဓာတ်ပုံ-GC Images)

((ဆက်စပ်သတင်း))

မူကက်ရှ် အမ်ဘာနီ၏သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ ၆၁ သန်းဖြင့် ရောင်းချ

https://www.imyanmarhouse.com/news/read/1106645

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  Jennifer Lopez, Ben Affleck house hunt on NYC’s Upper East Side after buying $60 million mansion  (pagesix)

Photo Credit- AbacaPress / SplashNews.com, MEGA, GC Images, The ImageDirect, AbacaPress

[Zawgyi]

ဂ်နီဖာလိုပက္ႏွင့္ ဘင္အက္ဖလက္တို႔စံုတြဲ နယူးေယာက္ျမဳိ႕တြင္ ေနအိမ္ဝယ္ယူရန္ လိုက္လံရွာေဖြေနေသာ ဓာတ္ပံုမ်ား ထြက္ေပၚလာ

ဂ်နီဖာလိုပက္တို႔ စံုတြဲသည္ အေျခခ်ေနထိုင္ရန္ ေနရာသစ္တစ္ခုရွာေဖြ လ်က္ရွိသည္။

ဂ်နီဖာလိုပက္တို႔စံုတြဲသည္ အိႏိၵယ၏ အခ်မ္းသာဆံုး သူေဌးၾကီး မူကက္ရွ္အမ္ဘာနီ၏ သမီးျဖစ္သူထံမွ ေလာ့စ္အိန္ဂ်လိျမဳိ႕ ဘီဗာလီေဟးစ္အရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ သန္း ၆၀ ျဖင့္ ဝယ္ယူထားသည့္ သတင္း မၾကာေသးမီက ထြက္ေပၚလာေသးသည္။

ဂ်နီဖာလုိက္ပက္တို႔စံုတြဲသည္ မၾကာေသးမီက နယူးေယာက္ျမဳိ႕တြင္ ေနအိမ္လုိက္လံရွာေဖြေနေသာ ဓာတ္ပံုမ်ား ထြက္ေပၚလာသည္။

၎တို႔စံုတြဲသည္ နယူးေယာက္ျမဳိ႕ Upper East Side အရပ္ရွိ ေနအိမ္မ်ားစြာကို လိုက္လံ ၾကည့္ရႈခဲ့သည္။

ဂ်နီဖာလိုပက္မွာ အကၤ် ီအစင္းၾကား၊ ဂ်င္းေဘာင္းဘီပြႏွင့္ ကုတ္အက်ၤ ီအနက္တို႔ ဝတ္ဆင္ထားသည္။

(ဂ်နီဖာလိုပက္ႏွင့္ ဘင္အက္ဖလက္တို႔စံုတြဲ နယူးေယာက္ျမဳိ႕ေပၚတြင္ ေနအိမ္မ်ားစြာ လိုက္လံၾကည့္ရႈခဲ့သည္။ ဓာတ္ပုံ-Mega)

(နယူးေယာက္ျမဳိ႕ Upper East Side အရပ္တြင္ ေနအိမ္မ်ား လုိက္လံရွာေဖြခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-Mega)

(ဂ်နီဖာလုိပက္တို႔စံုတြဲက အထပ္ ၄ ထပ္ပါဝင္ျပီး စတုရန္းေပ ၇၀၀၀ နီးပါးက်ယ္ဝန္းကာ အိမ္လခ တစ္လလွ်င္ ေဒၚလာ ၄၅၀၀၀၀ ေစ်းေခၚထားေသာ အေဆာက္အအံုတစ္ခုကိုလည္း ၾကည့္ရႈခဲ့သည္။ ဓာတ္ပံု- AbacaPress)

(အဆိုပါအခန္းတြင္ အိပ္ခန္း ၆ ခန္းႏွင့္ အမိုးေပၚ လသာေဆာင္ေနရာတစ္ခု ပါဝင္သည္။ ဓာတ္ပံု-Mega)

ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသား ဘင္အက္ဖလက္မွာ အကၤ် ီ၃ ထပ္ ဝတ္ဆင္ထားျပီး ေအာက္ဆံုးတြင္ ကမၻာေက်ာ္ ေအာ္တာေနးတစ္အဖြဲ႔ၾကီး Nirvana တီရွပ္ ဝတ္ဆင္ထားျပီး ယင္းအေပၚတြင္ ဖလန္နယ္ အကၤ် ီကို ၾကယ္သီးမတပ္ဘဲ ဝတ္ဆင္ထားကာ အေပၚဆံုးတြင္ အနက္ေရာင္ ဂ်က္ကတ္ ဝတ္ဆင္ထားသည္။

အသက္ ၅၁ ႏွစ္ရွိျပီျဖစ္ေသာ ဘင္အက္ဖလက္သည္ ေအာက္ပိုင္းတြင္မူ ဂ်င္းေဘာင္းဘီႏွင့္ သူအျမဲဝတ္ေသာ Nikes ဖိနပ္ျဖင့္ ေတြ႔ရသည္။ ၎တို႔စံုတြဲ ၾကည့္ရႈခဲ့သည္မွာ အိပ္ခန္း ၆ ခန္းပါ လူေနခန္းတစ္ခုျဖစ္ျပီး အမိုးေပၚလသာေဆာင္ ပန္းဥယ်ာဥ္ႏွင့္ ေျမတိုက္ခန္းတုိ႔ ပါဝင္သည္။ နယူးေယာက္ပို႔စ္ သတင္းဌာန၏ ေဖာ္ျပခ်က္အရ ထုိအခန္းမွာ တစ္လလွ်င္ အိမ္လခ ေဒၚလာ ၄၅၀၀၀ ေစ်းေခၚ ထားေၾကာင္း သိရသည္။

(ဂ်နီဖာလုိပက္က နယူးေယာက္တြင္ ၃ ရက္ၾကာ အခ်ိန္သံုးစြဲကာ ေနအိမ္ လိုက္လံရွာေဖြခဲ့သည္။ ဓာတ္ပံု-Mega)

(ဂ်နီဖာလိုပက္တုိ႔စံုတြဲ ေနအိမ္လုိက္လံ ရွာေဖြခဲ့ၾကပံု။ ဓာတ္ပုံ-GC Images)

(ဂ်နီဖာလုိပက္တို႔စံုတြဲ အီစတာပြဲေတာ္ကာလကို နယူးေယာက္တြင္ ျဖတ္သန္းခဲ့သည္။ ဓာတ္ပုံ-Mega)

(ဂ်နီဖာလုိပက္က နယူးေယာက္တြင္ သြားလာခဲ့သည့္ ဓာတ္ပံုမ်ားကို အင္စတာဂရမ္တြင္ တင္ခဲ့ေသးသည္။ ဓာတ္ပံု-AbacaPress)

အသက္ ၅၄ ႏွစ္ရွိျပီျဖစ္ေသာ ဂ်နီဖာလုိပက္သည္ တတိယေန႔တြင္ နယူးေယာက္ျမဳိ႕ မန္ဟက္တန္အရပ္၌ ေနအိမ္ ဆက္လက္ရွာေဖြခဲ့သည္။

(ဂ်နီဖာလိုပက္တုိ႔စံုတြဲသည္ ျပီးခဲ့ေသာႏွစ္ကတည္းက ဘီဗာလီေဟးစ္အရပ္တြင္ ေနထိုင္ခဲ့ၾကသည္။ဓာတ္ပံု-The ImageDirect)

(မူကက္ရွ္အမ္ဘာနီ၏ သမီးထံမွ ေဒၚလာ သန္း ၆၀ ျဖင့္ ဝယ္ယူခဲ့ေသာ စံအိမ္။ ဓာတ္ပံု-Mega)

(ေနအိမ္ လုိက္လံရွာေဖြေနေသာ ဂ်နီဖာလုိပက္တုိ႔စံုတြဲ။ ဓာတ္ပုံ-GC Images)

((ဆက္စပ္သတင္း))

မူကက္ရွ္ အမ္ဘာနီ၏သမီး အီရွာအမ္ဘာနီက ေလာ့စ္အိန္ဂ်လိစံအိမ္ကို ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ စံုတြဲထံ ကန္ေဒၚလာ ၆၁ သန္းျဖင့္ ေရာင္းခ်

https://www.imyanmarhouse.com/news/read/1106645

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  Jennifer Lopez, Ben Affleck house hunt on NYC’s Upper East Side after buying $60 million mansion  (pagesix)

Photo Credit- AbacaPress / SplashNews.com, MEGA, GC Images, The ImageDirect, AbacaPress

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service