အိမ်ခြံမြေအရေးသိမှတ်စရာ ...

အိမ်ခြံမြေအရေးသိမှတ်စရာ ... - Property Knowledge in Myanmar from iMyanmarHouse.com
10 Mar 2024 1:51 pm တွင် တင်ခဲ့သည်
509 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဒီတစ်ပတ်မှာတော့ အိမ်ခြံမြေတိုက်ခန်း၀ယ်ယူရာတွင် သတင်းစာကြော်ငြာ ဘာကြောင့် ထည့်သင့်သလဲ.....ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းလေးအပါအဝင် မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။

 

မေးခွန်း (၁) - အိမ်ခြံမြေတိုက်ခန်း၀ယ်ယူရာတွင် သတင်းစာကြော်ငြာ ဘာကြောင့် ထည့်သင့်သလဲ။

အရောင်းဟန်ဆောင် ပေါင်နှံခြင်းမျိုးမဟုတ်ပါက မည်သည့် ရောင်းဝယ်ခြင်းများမဆို ပုံမှန် သမရိုးကျ လုပ်ငန်းစဉ်အတိုင်း ထိုက်သင့်သည့် စာရွက်စာတမ်းများ စစ်ဆေးမေးမြန်းခြင်း၊ စရန်ပေး စာချုပ်ချုပ်ဆိုခြင်း၊ ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေငြာခြင်းများ၊ မြေကွက်ဆိုလျှင် မြေပြင် အား တိုင်းတာစစ်ဆေးများရှိမည် ဖြစ် ပါသည်။

မိမိဝယ်ယူမည့် အိမ်ခြံမြေတိုက်ခန်း၏ အဆက်အစပ်စာချုပ်များ စစ်ဆေးသည့်အခါ၌လဲ အဆိုပါ စရန်ပေးစာချုပ်များနှင့် အဆင့်ဆင့် လွှဲပြောင်းရရှိခဲ့သော စာရွက်များကို ၊ ရက်စွဲများနှင့် ကိုက်ညီပြီး (စုံထောက်အတွေးနဲ့ပြောမယ်ဆိုရင်တော့) ကွင်းဆက်မိမိ စစ်ဆေးပါ။ သံသယရှိပါက လွှဲချော်နေသည် များကို ရောင်းသူပြောစကားဖြင့် ဖြည့်တွေးပြီ မဝယ်ပါနဲ့။ ရောင်းမှားဝယ်မှားဖြစ်ပါက ငွေကုန်၊ အချိန်ကုန် ဆုံးရှုံးနစ်နာသူမှ မိမိသာလျှင်ဖြစ်ပြီး မဝယ်ခင် တတ်ကျွမ်း နားလည်သူများနှင့် ဆွေးနွေးတိုင်ပင်ပါ။

အိမ်ခြံမြေဝယ်ယူခြင်းဖြစ်ပါက ဂရန်အမည်ပေါက်ဟုတ်မဟုတ်၊‌ မြေသက်တမ်းကျော်လွန်ခြင်း ရှိမရှိ၊ မြေကွက်အမှတ်၊ ဦးပိုင်အမှတ်၊ မြေအကျယ်အဝန်းဧကနှင့် မြေပြင်အခြေအနေကို (ကျူးကျော် နေထိုင်သူများ ရှိတတ်ပါသည်) သေချာစစ်ဆေးမှုပြုပါ။ မြေပိုင်ဆိုင်မှု စစ်ဆေးသည့်အခါ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြ မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေစစ်ဆေးမှုပြုပါ။

တိုက်ခန်းများတွင် ရောင်းချသူမှာ ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး ဝယ်ယူထားသည်ကို ပြန်လည် ရောင်းချလျှင် အဆင်ပြေသည်ဖြစ်သော်လည်း၊ ဂရုပြုရန်မှာ ၎င်းနှင့် အတူတကွပိုင်ဆိုင် အကျိုးခံစားခွင့်ရှိသော ဇနီး/ခင်ပွန်းအား စာချုပ်ပေါ်ရှိ ရောင်းသူအနေ၌ ဖြစ်စေ၊ အသိသက်သေနေရာ၌ဖြစ်စေ လက်မှတ် ရေးထိုးစေပါ။ နောင်အခါတွင် ခင်ပွန်း/ဇနီးဖြစ်သူမှ ရောင်းချသည်ကို မသိရှိ၍ ကန့်ကွက်ခြင်းမျိုး ပေါ်လာမည်မဟုတ်ပါ။

တိုက်ခန်းပိုင်ဆိုင်မှု စာချုပ်မှာ ရောင်းချသူအမည်ဖြင့် မဟုတ်ဘဲ အမွေဆက်ခံမှုဖြင့် တစ်ဦးတစ် ယောက်မှ ရောင်းချခြင်းမျိုးဖြစ်ပါက အမွေဆက်ခံခွင့်ရှိသူအားလုံး သဘောတူညီမှုဖြစ်ရန် လိုအပ်ပါသည်။ အိမ် ထောင်စုစာရင်း တောင်းယူကြည့်ရှုပါ။ ကျန်မောင်နှမများကိုလဲ မေးမြန်းပါ။ စာချုပ်တွင် ရောင်းသူနေရာ၊ အသိ သက်သေနေရာများ၌ လက်မှတ်ရေးထိုးစေပြီး လူစုံမှသာ ကန့်ကွက်သူ ပေါ်မလာမှာဖြစ်တဲ့အတွက် ပါဝင် လက်မှတ်ရေးထိုးခိုင်းပါ။

တိုက်ခန်းများ လွှဲပြောင်းရောင်းချခြင်းမှာ အပျောက်စနစ်ဖြင့် နေထိုင်မှုအတွက် လွှဲပြောင်း ရောင်းချခြင်းပင် ဖြစ်ပါသည်။ တိုက်ခန်းများမှာ ပိုင်ဆိုင်မှု လက်ရှိဖြစ်သူမှာ အဓိကဖြစ်သဖြင့် လွှဲပြောင်းရယူပြီးပါက သော့ပြောင်းခတ်ပါ။

ထို့အပြင် ကန့်ကွက်ရန်ရှိမရှိ နိုင်ငံပိုင်နေ့စဉ်သတင်းစာတွင် ကြေညာခြင်းမပြုဘဲ အခန်း အဆောလျင် မရယူပါနှင့် ရောင်းဈေးတန်ဖိုးငွေ အားလုံးလဲ မပေးချေပါနှင့်။ စရန်ပေးချေပြီး သတင်းစာကြေညာမှုပြုပါက ကန့်ကွက်သူပေါ်လာလျှင် ရောင်းချသူမှ စရန်ငွေ(၂)ဆ ပေးအပ်ရန် တာဝန်ရှိနေပြီး ဝယ်ယူသူမှလဲ တရားဝင် တောင်းဆို ပိုင်ခွင့်ရှိပါသည်။ ကန့်ကွက်ရန်ရှိမရှိ ကြေညာခြင်း မပြုဘဲ အရောင်းအဝယ် ဆက်လက် လုပ်ဆောင်ပါက အရှုပ်အရှင်းများ ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တရားရုံး၏ အမှုတွဲ၌ တရားပြိုင်အဖြစ် မလွှဲမသွေ ပါဝင်လာရမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) - ဂရန်ခွဲလျှောက်လျှင် မည်မျှကြာနိုင်ပါသနည်း။ အဆင့်ဆင့်ဆောင်ရွက်ရမည့်အချက်များကို ရှင်းပြပါ။

 

ဂရန်ခွဲ လျှောက်ထားလိုသည့် မြေကွက်သည် မြေငှားစာချုပ်သက်တမ်းရှိရင် လိုအပ်ပါသည်။ တစ်ဦး တစ်ယောက်ထဲ အမည်ပေါက်သည့် မြေကွက် (သို့) မြေကွက်အမည်ပေါက်သူများမှ ၎င်းတို့ပိုင်မြေကွက်အား အတည်ပြုတိုင်းခွဲ မြေကွက်ခွဲစိတ်နိုင်ပါသည်။ တည်နေရာ ဆက်စပ်နေပါက အတည်ပြုတိုင်းခွဲ မြေကွက် ပေါင်းစည်း ခွဲစိတ်ခြင်းလဲ ပြုနိုင်ပါသည်။

ဦးပိုင်မတူညီသော်လည်း မြေအမျိုးအစားတူညီကာ မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူခြင်းဖြစ်ပါက ဝယ်ယူ ပိုင်ဆိုင်သူမှ မြေကွက်အစိတ်အပိုင်းများကို အတည်ပြုတိုင်းခွဲ ပေါင်းစည်းခွဲစိတ်နိုင်ပါသည်။ မြေကွက် ခွဲစိတ်ခြင်း ပြုပြီးနောက် မြေငှားစာချုပ်(ဂရန်)ခွဲ လျှောက်ထားရပါမည်။

ဌာနသို့ မြေငှားစာချုပ်(ဂရန်)၊သတ်မှတ်လျှောက်လွှာပုံစံနှင့်အတူ မှတ်ပုံတင်စာချုပ်စာတမ်း၊ ပိုင်ဆိုင်မှု ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ၊ တရားရုံးမှ ချမှတ်ထားသော စီရင်ချက် အမိန့်နှင့် ဒီကရီရှိလျှင် တင်ပြရပါမည်။

လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) နောက်ဆုံး ပေးဆောင်ထားသော မြေငှားခပြေစာ၊ မြေကွက်အတွက် ခွဲစိတ်အတည်ပြုပုံစံ ခွင့်ပြုချက်၊ မြေတိုင်းမှ ခွဲစိတ်ပေးသည့် အတိုင်းအတာမှာ မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိ / မရှိ ကွင်းဆင်း စစ်ဆေးမှုလဲ ပြုပါသည်။

အမည်ပေါက်မှ လျှောက်ထားခြင်းဖြစ်ပါက ဂရန်ခွဲခွင့်ပြုရန် အဆင့်ဆင့် အမိန့်တောင်းခံမှုပြုနိုင်ပြီး မှတ်ပုံတင်စာချုပ်ဖြင့် ပိုင်ဆိုင်မှုရရှိကာ အမည်ပေါက်မှ လျှောက်ထားခြင်းမဟုတ်ပါက သတင်းစာ(၁၄)ရက် ကြေငြာပါသည်။ လိုအပ်သည့် စာရွက်စာတမ်း တင်ပြမှုပေါ်မှုတည်၍ လျှောက်ထားရာ၌ အချိန်ကာလ ကွာခြားမှု ရှိပါသည်။ ကန့်ကွက်ရန် မရှိပါက ဂရန်ခွဲခွင့်ပြုပြီး ဂရန်စာအုပ်နှင့် မြေတိုင်းမှ အတိုင်းအတာပါသည့် မြေပုံရေး ဆွဲခြင်း၊ သတ်မှတ် ဂရန်ခွဲဝန်ဆောင်ခနှင့် တံဆိပ်ခေါင်းခွန်ဥပဒေအရ အထူးကပ်တံဆိပ်ခေါင်း ကပ်စေပါသည်။

ဂရန်ခွဲထုတ်ပေးရာတွင် မူရင်းဂရန်တွင် ခွဲထုတ်ဧရိယာကို မှတ်သား၍ မြေကွက်ခွဲစိတ်ခြင်းပြုကာ မြေငှားစာချုပ် (ဂရန်) စာချုပ် သီးသန့်သာ ကျန်ရှိပါက ဌာနမှ အဆိုပါဂရန်ကို ဌာနမှ အပ်စေပါသည်။ ခွဲစိတ်ဂရန် မြေကွက်၏ မြေငှား သက်တမ်းကာလမှာ မူလဂရန်ပါ သက်တမ်းအတိုင်းတာ သက်တမ်း ကျန်ရှိမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အမွေဆိုင်ခြံကို မိမိမသိဘဲရောင်းလို့မရအောင် ဘယ်လိုကြိုတင် ကာကွယ်ထားလို့ ရနိုင်သနည်း။

အမွေပုံပစ္စည်းအား အမွေဆိုင်တစ်ဦးမှ လက်ဝယ်ထားရှိကာ အမွေဆိုင်များ အားလုံး၏ သဘောဆန္ဒ မပါဘဲ မသိရှိဘဲ လွှဲပြောင်းရောင်းချမှု မပြုစေရန် ကတိခံဝန်ချက် လက်မှတ်ရေးထိုးထားလျှင်လဲ မလုံလောက်ပါ။

သက်ဆိုင်ရာ အမွေဆိုင်အားလုံးသဘောတူညီချက်ဖြင့် နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ရေးသား၍ဖြစ်စေ ခွဲ‌ဝေရမည်ဖြစ်ကာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများပါဝင်ပါက မဖြစ်မနေ မှတ်ပုံတင်ခြင်း ပြုရန်လိုအပ်ပါသည်။

မြေကွက်ဝယ်ယူခြင်းများတွင် အရောင်းအဝယ်အတွက် ဝယ်ယူသူမှ အရောင်းမြေပုံ တောင်းယူခြင်း၊ သက်ဆိုင်ဌာနများတွင် ပိုင်ဆိုင်မှုစာရွက်စာတမ်း စစ်ဆေးခြင်းတို့ရှိပါသည်။ အမွေဆိုင်ခြံအား ရောင်းချခြင်းမှ ကာကွယ်ရန်အတွက် မြေယာစီမံခန့်ခွဲမှုဌာန၊ နယ်ဒေသဖြစ်က မြေစာရင်းဌာနတို့တွင် လွှဲပြောင်းရောင်းချမှုကို ကန့်ကွက်ကြောင်း စနစ်တကျဖြင့် ကန့်ကွက်စာ ကြိုတင်ပေးပို့ထားခြင်းလဲ ဆောင်ရွက်နိုင်ပါသည်။ ဝယ်ယူရန်ပြုစဉ် ဌာနဆိုင်ရာများတွင် စစ်ဆေးရာ၌ ကန့်ကွက်ခြင်းပေါ်လျှင် စရန်ပေးစာချုပ်ချုပ်ပြီးချိန်ဖြစ်ပါက ပိုင်ဆိုင်မှုမရှိဘဲ ရောင်းချသဖြင့် ရောင်းချသူမှာ ဝယ်ယူသူထံ စရန်ငွေ(၂)ဆ ပေးချေရမည်ဖြစ်ပါတော့သည်။

ကြိုတင်စနစ်တကျ ကန့်ကွက်မှုမရှိထားပါက အရောင်းအဝယ်ပြုနေကြောင်း စုံစမ်းသိရှိရသည်နှင့် တပြိုင်နက် အမွေဆိုင်ခြံဖြစ်ကြောင်း နို့တစ်စာပို့ပေးခြင်း၊ ရပ်ကွက်ရုံးမှ တဆင့်တွေ့ဆုံရှင်းလင်းခြင်း၊ အရောင်း အဝယ်ပြီးဖြစ်ပါက ကာလစည်းကမ်းသတ် (၃)နှစ်အတွင်း တရားရုံးတွင် စာချုပ်ပယ်ဖျက်ပေးစေလိုမှု လျှောက် ထားခြင်းများ ဆောင်ရွက်ရပါမည်။

မြန်မာဗုဒ္ဓဘာသာ အမွေစားအမွေခံတို့ အကြား ပစ္စည်းခွဲဝေ၍ လက်ရောက်အပ်ပေးစေလိုမှု မစွဲဆိုနိုင်၊ အမွေဆိုင်တစ်ဦးသည် ကျန်အမွေဆိုင်များထံမှ မိမိအစုကို ရလိုပါက အမွေပုံပစ္စည်းကို တရားရုံးမှ စီမံခန့် ခွဲပေး စေလိုမှု စွဲဆိုရမည်။ (၁၉၅၇ မတစ ၅ (လွှတ်တော်) ဒေါ်ဒေါ်ရှင် ပါ ၃ နှင့် ဦးအောင်ဖေ ပါ-၃ )

နီးစပ်ရာ ဆွေမျိုးသားချင်းများသည် အမွေပုံပစ္စည်းမှာ သေသူနှစ်ဦးပိုင်ပစ္စည်းများဖြစ်သည်ဟု ယုံကြည် လက်ခံပြီး မိသားစုပြေလည်မှုကို ဖန်တီးသည့် အနေဖြင့် ခွဲဝေရယူကြရန် သဘောတူညီကြဟန်ရှိသည်။ ယင်းသို့ မိသားစုပြေလည်မှု ဖန်တီးသည်ကို တရားရုံးများက အားပေးလိုက်လျော လက်ခံအတည်ပြုလေ့ရှိကြောင်း အောက်ပါ (မပန်းစီ(ခ)ဒေါ်ရင်ရင်နှင့် မလှရင်ပါ ၆၊ ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး၊ စာမျက်နှာ ၈၀၀ (၈၀၈))တွင်ဖော်ပြထားသည်။

 

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ျခံေျမအေရးသိမွတ္စရာ ...

ဒီတစ္ပတ္မွာေတာ့ အိမ္ျခံေျမတိုက္ခန္း၀ယ္ယူရာတြင္ သတင္းစာေၾကာ္ျငာ ဘာေၾကာင့္ ထည့္သင့္သလဲ.....ဆိုတဲ့ စိတ္ဝင္စားဖြယ္ေမးခြန္းေလးအပါအဝင္ ေမးခြန္းသုံးခုကို ေ႐ွ႕ေနမွ တိက်မွန္ကန္စြာေျဖၾကားေပးထားပါတယ္။

 

ေမးခြန္း (၁) - အိမ္ျခံေျမတိုက္ခန္း၀ယ္ယူရာတြင္ သတင္းစာေၾကာ္ျငာ ဘာေၾကာင့္ ထည့္သင့္သလဲ။

အေရာင္းဟန္ေဆာင္ ေပါင္ႏွံျခင္းမ်ိဳးမဟုတ္ပါက မည္သည့္ ေရာင္းဝယ္ျခင္းမ်ားမဆို ပုံမွန္ သမ႐ိုးက် လုပ္ငန္းစဥ္အတိုင္း ထိုက္သင့္သည့္ စာ႐ြက္စာတမ္းမ်ား စစ္ေဆးေမးျမန္းျခင္း၊ စရန္ေပး စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာေၾကျငာျခင္းမ်ား၊ ေျမကြက္ဆိုလွ်င္ ေျမျပင္ အား တိုင္းတာစစ္ေဆးမ်ား႐ွိမည္ ျဖစ္ ပါသည္။

မိမိဝယ္ယူမည့္ အိမ္ျခံေျမတိုက္ခန္း၏ အဆက္အစပ္စာခ်ဳပ္မ်ား စစ္ေဆးသည့္အခါ၌လဲ အဆိုပါ စရန္ေပးစာခ်ဳပ္မ်ားႏွင့္ အဆင့္ဆင့္ လႊဲေျပာင္းရ႐ွိခဲ့ေသာ စာ႐ြက္မ်ားကို ၊ ရက္စြဲမ်ားႏွင့္ ကိုက္ညီၿပီး (စုံေထာက္အေတြးနဲ႔ေျပာမယ္ဆိုရင္ေတာ့) ကြင္းဆက္မိမိ စစ္ေဆးပါ။ သံသယ႐ွိပါက လႊဲေခ်ာ္ေနသည္ မ်ားကို ေရာင္းသူေျပာစကားျဖင့္ ျဖည့္ေတြးၿပီ မဝယ္ပါနဲ႔။ ေရာင္းမွားဝယ္မွားျဖစ္ပါက ေငြကုန္၊ အခ်ိန္ကုန္ ဆုံး႐ႈံးနစ္နာသူမွ မိမိသာလွ်င္ျဖစ္ၿပီး မဝယ္ခင္ တတ္ကြၽမ္း နားလည္သူမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္ပါ။

အိမ္ျခံေျမဝယ္ယူျခင္းျဖစ္ပါက ဂရန္အမည္ေပါက္ဟုတ္မဟုတ္၊‌ ေျမသက္တမ္းေက်ာ္လြန္ျခင္း ႐ွိမ႐ွိ၊ ေျမကြက္အမွတ္၊ ဦးပိုင္အမွတ္၊ ေျမအက်ယ္အဝန္းဧကႏွင့္ ေျမျပင္အေျခအေနကို (က်ဴးေက်ာ္ ေနထိုင္သူမ်ား ႐ွိတတ္ပါသည္) ေသခ်ာစစ္ေဆးမႈျပဳပါ။ ေျမပိုင္ဆိုင္မႈ စစ္ေဆးသည့္အခါ ရန္ကုန္ၿမိဳ႕ေတာ္၊ စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕ျပ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ေျမစစ္ေဆးမႈျပဳပါ။

တိုက္ခန္းမ်ားတြင္ ေရာင္းခ်သူမွာ ၎ကိုယ္တိုင္ လက္မွတ္ေရးထိုး ဝယ္ယူထားသည္ကို ျပန္လည္ ေရာင္းခ်လွ်င္ အဆင္ေျပသည္ျဖစ္ေသာ္လည္း၊ ဂ႐ုျပဳရန္မွာ ၎ႏွင့္ အတူတကြပိုင္ဆိုင္ အက်ိဳးခံစားခြင့္႐ွိေသာ ဇနီး/ခင္ပြန္းအား စာခ်ဳပ္ေပၚ႐ွိ ေရာင္းသူအေန၌ ျဖစ္ေစ၊ အသိသက္ေသေနရာ၌ျဖစ္ေစ လက္မွတ္ ေရးထိုးေစပါ။ ေနာင္အခါတြင္ ခင္ပြန္း/ဇနီးျဖစ္သူမွ ေရာင္းခ်သည္ကို မသိ႐ွိ၍ ကန္႔ကြက္ျခင္းမ်ိဳး ေပၚလာမည္မဟုတ္ပါ။

တိုက္ခန္းပိုင္ဆိုင္မႈ စာခ်ဳပ္မွာ ေရာင္းခ်သူအမည္ျဖင့္ မဟုတ္ဘဲ အေမြဆက္ခံမႈျဖင့္ တစ္ဦးတစ္ ေယာက္မွ ေရာင္းခ်ျခင္းမ်ိဳးျဖစ္ပါက အေမြဆက္ခံခြင့္႐ွိသူအားလုံး သေဘာတူညီမႈျဖစ္ရန္ လိုအပ္ပါသည္။ အိမ္ ေထာင္စုစာရင္း ေတာင္းယူၾကည့္႐ႈပါ။ က်န္ေမာင္ႏွမမ်ားကိုလဲ ေမးျမန္းပါ။ စာခ်ဳပ္တြင္ ေရာင္းသူေနရာ၊ အသိ သက္ေသေနရာမ်ား၌ လက္မွတ္ေရးထိုးေစၿပီး လူစုံမွသာ ကန္႔ကြက္သူ ေပၚမလာမွာျဖစ္တဲ့အတြက္ ပါဝင္ လက္မွတ္ေရးထိုးခိုင္းပါ။

တိုက္ခန္းမ်ား လႊဲေျပာင္းေရာင္းခ်ျခင္းမွာ အေပ်ာက္စနစ္ျဖင့္ ေနထိုင္မႈအတြက္ လႊဲေျပာင္း ေရာင္းခ်ျခင္းပင္ ျဖစ္ပါသည္။ တိုက္ခန္းမ်ားမွာ ပိုင္ဆိုင္မႈ လက္႐ွိျဖစ္သူမွာ အဓိကျဖစ္သျဖင့္ လႊဲေျပာင္းရယူၿပီးပါက ေသာ့ေျပာင္းခတ္ပါ။

ထို႔အျပင္ ကန္႔ကြက္ရန္႐ွိမ႐ွိ ႏိုင္ငံပိုင္ေန႔စဥ္သတင္းစာတြင္ ေၾကညာျခင္းမျပဳဘဲ အခန္း အေဆာလ်င္ မရယူပါႏွင့္ ေရာင္းေဈးတန္ဖိုးေငြ အားလုံးလဲ မေပးေခ်ပါႏွင့္။ စရန္ေပးေခ်ၿပီး သတင္းစာေၾကညာမႈျပဳပါက ကန္႔ကြက္သူေပၚလာလွ်င္ ေရာင္းခ်သူမွ စရန္ေငြ(၂)ဆ ေပးအပ္ရန္ တာဝန္႐ွိေနၿပီး ဝယ္ယူသူမွလဲ တရားဝင္ ေတာင္းဆို ပိုင္ခြင့္႐ွိပါသည္။ ကန္႔ကြက္ရန္႐ွိမ႐ွိ ေၾကညာျခင္း မျပဳဘဲ အေရာင္းအဝယ္ ဆက္လက္ လုပ္ေဆာင္ပါက အ႐ႈပ္အ႐ွင္းမ်ား ေပၚေပါက္လွ်င္ သက္ဆိုင္ရာ တရား႐ုံး၏ အမႈတြဲ၌ တရားၿပိဳင္အျဖစ္ မလႊဲမေသြ ပါဝင္လာရမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ဂရန္ခြဲေလွ်ာက္လွ်င္ မည္မွ်ၾကာႏိုင္ပါသနည္း။ အဆင့္ဆင့္ေဆာင္႐ြက္ရမည့္အခ်က္မ်ားကို ႐ွင္းျပပါ။

ဂရန္ခြဲ ေလွ်ာက္ထားလိုသည့္ ေျမကြက္သည္ ေျမငွားစာခ်ဳပ္သက္တမ္း႐ွိရင္ လိုအပ္ပါသည္။ တစ္ဦး တစ္ေယာက္ထဲ အမည္ေပါက္သည့္ ေျမကြက္ (သို႔) ေျမကြက္အမည္ေပါက္သူမ်ားမွ ၎တို႔ပိုင္ေျမကြက္အား အတည္ျပဳတိုင္းခြဲ ေျမကြက္ခြဲစိတ္ႏိုင္ပါသည္။ တည္ေနရာ ဆက္စပ္ေနပါက အတည္ျပဳတိုင္းခြဲ ေျမကြက္ ေပါင္းစည္း ခြဲစိတ္ျခင္းလဲ ျပဳႏိုင္ပါသည္။

ဦးပိုင္မတူညီေသာ္လည္း ေျမအမ်ိဳးအစားတူညီကာ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ဝယ္ယူျခင္းျဖစ္ပါက ဝယ္ယူ ပိုင္ဆိုင္သူမွ ေျမကြက္အစိတ္အပိုင္းမ်ားကို အတည္ျပဳတိုင္းခြဲ ေပါင္းစည္းခြဲစိတ္ႏိုင္ပါသည္။ ေျမကြက္ ခြဲစိတ္ျခင္း ျပဳၿပီးေနာက္ ေျမငွားစာခ်ဳပ္(ဂရန္)ခြဲ ေလွ်ာက္ထားရပါမည္။

ဌာနသို႔ ေျမငွားစာခ်ဳပ္(ဂရန္)၊သတ္မွတ္ေလွ်ာက္လႊာပုံစံႏွင့္အတူ မွတ္ပုံတင္စာခ်ဳပ္စာတမ္း၊ ပိုင္ဆိုင္မႈ ဆိုင္ရာ အေထာက္အထား စာ႐ြက္စာတမ္းမ်ား ၊ တရား႐ုံးမွ ခ်မွတ္ထားေသာ စီရင္ခ်က္ အမိန္႔ႏွင့္ ဒီကရီ႐ွိလွ်င္ တင္ျပရပါမည္။

ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစီစစ္ေရးကတ္ျပား၊ ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္(သို႔) ေနာက္ဆုံး ေပးေဆာင္ထားေသာ ေျမငွားခေျပစာ၊ ေျမကြက္အတြက္ ခြဲစိတ္အတည္ျပဳပုံစံ ခြင့္ျပဳခ်က္၊ ေျမတိုင္းမွ ခြဲစိတ္ေပးသည့္ အတိုင္းအတာမွာ ေျမျပင္အေျခအေနႏွင့္ ကိုက္ညီမႈ႐ွိ / မ႐ွိ ကြင္းဆင္း စစ္ေဆးမႈလဲ ျပဳပါသည္။

အမည္ေပါက္မွ ေလွ်ာက္ထားျခင္းျဖစ္ပါက ဂရန္ခြဲခြင့္ျပဳရန္ အဆင့္ဆင့္ အမိန္႔ေတာင္းခံမႈျပဳႏိုင္ၿပီး မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ပိုင္ဆိုင္မႈရ႐ွိကာ အမည္ေပါက္မွ ေလွ်ာက္ထားျခင္းမဟုတ္ပါက သတင္းစာ(၁၄)ရက္ ေၾကျငာပါသည္။ လိုအပ္သည့္ စာ႐ြက္စာတမ္း တင္ျပမႈေပၚမႈတည္၍ ေလွ်ာက္ထားရာ၌ အခ်ိန္ကာလ ကြာျခားမႈ ႐ွိပါသည္။ ကန္႔ကြက္ရန္ မ႐ွိပါက ဂရန္ခြဲခြင့္ျပဳၿပီး ဂရန္စာအုပ္ႏွင့္ ေျမတိုင္းမွ အတိုင္းအတာပါသည့္ ေျမပုံေရး ဆြဲျခင္း၊ သတ္မွတ္ ဂရန္ခြဲဝန္ေဆာင္ခႏွင့္ တံဆိပ္ေခါင္းခြန္ဥပေဒအရ အထူးကပ္တံဆိပ္ေခါင္း ကပ္ေစပါသည္။

ဂရန္ခြဲထုတ္ေပးရာတြင္ မူရင္းဂရန္တြင္ ခြဲထုတ္ဧရိယာကို မွတ္သား၍ ေျမကြက္ခြဲစိတ္ျခင္းျပဳကာ ေျမငွားစာခ်ဳပ္ (ဂရန္) စာခ်ဳပ္ သီးသန္႔သာ က်န္႐ွိပါက ဌာနမွ အဆိုပါဂရန္ကို ဌာနမွ အပ္ေစပါသည္။ ခြဲစိတ္ဂရန္ ေျမကြက္၏ ေျမငွား သက္တမ္းကာလမွာ မူလဂရန္ပါ သက္တမ္းအတိုင္းတာ သက္တမ္း က်န္႐ွိမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - အေမြဆိုင္ျခံကို မိမိမသိဘဲေရာင္းလို႔မရေအာင္ ဘယ္လိုႀကိဳတင္ ကာကြယ္ထားလို႔ ရႏိုင္သနည္း။

အေမြပုံပစၥည္းအား အေမြဆိုင္တစ္ဦးမွ လက္ဝယ္ထား႐ွိကာ အေမြဆိုင္မ်ား အားလုံး၏ သေဘာဆႏၵ မပါဘဲ မသိ႐ွိဘဲ လႊဲေျပာင္းေရာင္းခ်မႈ မျပဳေစရန္ ကတိခံဝန္ခ်က္ လက္မွတ္ေရးထိုးထားလွ်င္လဲ မလုံေလာက္ပါ။

သက္ဆိုင္ရာ အေမြဆိုင္အားလုံးသေဘာတူညီခ်က္ျဖင့္ ႏႈတ္ျဖင့္ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ ေရးသား၍ျဖစ္ေစ ခြဲ‌ေဝရမည္ျဖစ္ကာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားပါဝင္ပါက မျဖစ္မေန မွတ္ပုံတင္ျခင္း ျပဳရန္လိုအပ္ပါသည္။

ေျမကြက္ဝယ္ယူျခင္းမ်ားတြင္ အေရာင္းအဝယ္အတြက္ ဝယ္ယူသူမွ အေရာင္းေျမပုံ ေတာင္းယူျခင္း၊ သက္ဆိုင္ဌာနမ်ားတြင္ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္း စစ္ေဆးျခင္းတို႔႐ွိပါသည္။ အေမြဆိုင္ျခံအား ေရာင္းခ်ျခင္းမွ ကာကြယ္ရန္အတြက္ ေျမယာစီမံခန္႔ခြဲမႈဌာန၊ နယ္ေဒသျဖစ္က ေျမစာရင္းဌာနတို႔တြင္ လႊဲေျပာင္းေရာင္းခ်မႈကို ကန္႔ကြက္ေၾကာင္း စနစ္တက်ျဖင့္ ကန္႔ကြက္စာ ႀကိဳတင္ေပးပို႔ထားျခင္းလဲ ေဆာင္႐ြက္ႏိုင္ပါသည္။ ဝယ္ယူရန္ျပဳစဥ္ ဌာနဆိုင္ရာမ်ားတြင္ စစ္ေဆးရာ၌ ကန္႔ကြက္ျခင္းေပၚလွ်င္ စရန္ေပးစာခ်ဳပ္ခ်ဳပ္ၿပီးခ်ိန္ျဖစ္ပါက ပိုင္ဆိုင္မႈမ႐ွိဘဲ ေရာင္းခ်သျဖင့္ ေရာင္းခ်သူမွာ ဝယ္ယူသူထံ စရန္ေငြ(၂)ဆ ေပးေခ်ရမည္ျဖစ္ပါေတာ့သည္။

ႀကိဳတင္စနစ္တက် ကန္႔ကြက္မႈမ႐ွိထားပါက အေရာင္းအဝယ္ျပဳေနေၾကာင္း စုံစမ္းသိ႐ွိရသည္ႏွင့္ တၿပိဳင္နက္ အေမြဆိုင္ျခံျဖစ္ေၾကာင္း ႏို႔တစ္စာပို႔ေပးျခင္း၊ ရပ္ကြက္႐ုံးမွ တဆင့္ေတြ႕ဆုံ႐ွင္းလင္းျခင္း၊ အေရာင္း အဝယ္ၿပီးျဖစ္ပါက ကာလစည္းကမ္းသတ္ (၃)ႏွစ္အတြင္း တရား႐ုံးတြင္ စာခ်ဳပ္ပယ္ဖ်က္ေပးေစလိုမႈ ေလွ်ာက္ ထားျခင္းမ်ား ေဆာင္႐ြက္ရပါမည္။

ျမန္မာဗုဒၶဘာသာ အေမြစားအေမြခံတို႔ အၾကား ပစၥည္းခြဲေဝ၍ လက္ေရာက္အပ္ေပးေစလိုမႈ မစြဲဆိုႏိုင္၊ အေမြဆိုင္တစ္ဦးသည္ က်န္အေမြဆိုင္မ်ားထံမွ မိမိအစုကို ရလိုပါက အေမြပုံပစၥည္းကို တရား႐ုံးမွ စီမံခန္႔ ခြဲေပး ေစလိုမႈ စြဲဆိုရမည္။ (၁၉၅၇ မတစ ၅ (လႊတ္ေတာ္) ေဒၚေဒၚ႐ွင္ ပါ ၃ ႏွင့္ ဦးေအာင္ေဖ ပါ-၃ )

နီးစပ္ရာ ေဆြမ်ိဳးသားခ်င္းမ်ားသည္ အေမြပုံပစၥည္းမွာ ေသသူႏွစ္ဦးပိုင္ပစၥည္းမ်ားျဖစ္သည္ဟု ယုံၾကည္ လက္ခံၿပီး မိသားစုေျပလည္မႈကို ဖန္တီးသည့္ အေနျဖင့္ ခြဲေဝရယူၾကရန္ သေဘာတူညီၾကဟန္႐ွိသည္။ ယင္းသို႔ မိသားစုေျပလည္မႈ ဖန္တီးသည္ကို တရား႐ုံးမ်ားက အားေပးလိုက္ေလ်ာ လက္ခံအတည္ျပဳေလ့႐ွိေၾကာင္း ေအာက္ပါ (မပန္းစီ(ခ)ေဒၚရင္ရင္ႏွင့္ မလွရင္ပါ ၆၊ ၁၉၆၃ ခုႏွစ္၊ ျမန္မာႏိုင္ငံတရား စီရင္ထုံး၊ စာမ်က္ႏွာ ၈၀၀ (၈၀၈))တြင္ေဖာ္ျပထားသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
cherry-condo
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service