လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး - Property Knowledge in Myanmar from iMyanmarHouse.com
25 Apr 2024 11:37 am တွင် တင်ခဲ့သည်
905 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဘဝတွင် ရှုံးနိမ့်မှုများ ၊ အခက်အခဲများ ရင်ဆိုင်နေရသည်ဆိုပါက ဤစာမှာ သင်ဖတ်ရန် ရည်ရွယ်ပါသည်။

ယခုအကြောင်းအရာများကို ဖတ်ရှုခြင်းအားဖြင့် သင်၏ စိတ်နှလုံးသားထဲအထိ ရောက်စေမည့် တစုံတရာ ရရှိမည်ဟု မျှော်လင့်ပါသည်။

ယင်းအပြင် သင့်ဘဝအတွက် အပြောင်းအလဲဖြစ်စေမည့် အတွေးတစ်ခု ရရှိလာနိုင်ပါသည်။

 

၁။ (လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိတယ်)

 

အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး ရထားပြတင်းမှ အပြင်သို့ကြည့်ရင်း အဆန်းတကြယ် အော်ပြောလိုက်သည်။

“ဖေဖေရေ…သားတို့နောက်မှာ သစ်ပင်ကြီးတွေ လိုက်လာတယ် ကြည့်စမ်းပါဦး။”

သူ၏ ဖခင်က ပြုံးလိုက်သည်။

ရထားပေါ်တွင် ၎င်းတို့သားအဖနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော လူငယ်စုံတွဲတစ်တွဲက အသက် ၂၄ အရွယ် လူငယ်၏ ကလေးဆန်သော အပြုအမူကို ကြည့်ရင်း သနားနေသည်။

ရုတ်တရက် ထိုလူငယ်က ထအော်ပြန်သည်။

“ဖေဖေရေ ကြည့်ပါဦး။ မိုးတိမ်တွေ သားတို့ နောက်ကနေ လိုက်လာနေတယ်။”

 

 

ထိုအချိန်တွင်ကား လူငယ်စုံတွဲမှာ မအောင့်နိုင်တော့။

လူငယ်၏ အဖေအား မေးမြန်းတော့သည်။

“သားဖြစ်သူကို ဘာဖြစ်လို့ ဆရာဝန်ကောင်းကောင်းနဲ့ မပြတာလဲ။”

ထိုအခါက အဘိုးအိုက ပြုံးရင်း “ပြပါတယ်ကွယ်။ အခုလည်း တို့တွေ ဆေးရုံက ခုဘဲ ပြန်လာတာပါ။ သားက မွေးကတည်းက မျက်လုံးမမြင်ရှာဘူး။ ဒီနေ့မှ သူ့ဘဝမှာ အမြင်အာရုံ ရတာလေ။” ဟု ဆိုသည်။

ကမ္ဘာပေါ်ရှိ လူတိုင်းတွင် အကြောင်းကိုယ်စီ ရှိကြပါသည်။

၎င်းတို့အကြောင်း သေချာမသိဘဲ ပြစ်တင်ဝေဖန်ခြင်း မပြုပါနှင့်။

 

 

၂။ (အလင်းအမှောင် ညီအကို (၂) ဦး)

 

တစ်ခါက ညီအကို နှစ်ဦးရှိသည်။

တစ်ဦးမှာ ဆေးသမား၊ အရက်သမားဖြစ်ပြီး အရက်မူးလာလျှင် သူ၏မိသားစုကို အမြဲဆဲဆိုရိုက်နှက်လေ့ ရှိ၏။

အခြားတစ်ဦးမှာမူ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ရပ်ရွာကလည်း လေးစားရသူတစ်ဦး ဖြစ်ကာ နွေးထွေးသော မိသားစုတစ်ခု ထူထောင်ထားသည်။

တစ်အူထုံ့ဆင်း ညီရင်းအကိုဖြစ်ပြီး ပတ်ဝန်းကျင်အသိုက်အဝန်းတစ်ခုတည်းတွင် မွေးဖွားကြီးပြင်းခဲ့ပါလျက် အဘယ်ကြောင့် အလင်းနှင့်အမှောင်သဖွယ် ခြားနားနေရသည်ကို သိလိုသူများရှိလာသည်။

သို့နှင့် အရက်သမားဖြစ်သူကို ဦးစွာ မေးမြန်းကြည့်ကြသည်။

“ခင်ဗျားက ဆေးလည်းချတယ်၊ အရက်လည်းသောက်တယ်။ ပြီးတော့ မိသားစုကို ရိုက်နှက်တယ်။ ဘယ်လို စေ့ဆော်အားမျိုးကြောင့် ဒီလိုဖြစ်နေတယ်ထင်လဲ”

“အဖေ့ကြောင့်ပေါ့ဗျာ”

“ခင်ဗျားအဖေက ဘယ်လိုဖြစ်လို့လဲ။”

“ကျုပ်အဖေက ယစ်ထုပ်ကြီးလေဗျာ။ အရက်သောက်တယ်။ ပြီးရင် မိသားစုကို ရိုက်နှက်တယ်။ ကျွန်တော့်ကို ဘယ်လိုလူမျိုး ဖြစ်လာဖို့ မျှော်လင့်နေတာလဲ။ သူ့ကြောင့်ပဲ ကျုပ် ဒီလိုဖြစ်လာတာပေါ့။”

 

ယင်းနောက် ၎င်းတို့ အုပ်စုသည် ဘဝကို ကောင်းစွာဖြတ်သန်းကာ စီးပွားရေး အောင်မြင်နေသော ၎င်းနှင့်ညီအစ်ကို တော်စပ်သူထံ သွားပြန်သည်။

ထို့နောက် ယခင်အတိုင်းပင် မေးကြည့်၏။

“ခင်ဗျား ဘာကြောင့် စိတ်သဘောထားကောင်းပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်လာတာလဲ။ ဒီလိုဖြစ်ဖို့ တွန်းအား ဘယ်လိုရလဲ။”

“အဖေ့ကြောင့်ပေါ့ဗျာ။ ကျွန်တော် ကလေးဘဝတုန်းက အဖေဟာ မူးယစ်သောက်စားပြီး မဟုတ်တာတွေ အကုန်လုပ်တာ တွေ့ခဲ့ရတယ်။ အဲဒီကတည်းက ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချထားခဲ့တယ်။ ငါ ဒီလိုမျိုးလူ မဖြစ်ချင်ဘူး ဆိုပြီးတော့ပေါ့။”

၎င်းတို့ညီအစ်ကို ၂ ဦးလုံးသည် တူညီသော ရင်းမြစ်တစ်ခုတည်းမှ ပေးသော တွန်းအားများ ရခဲ့ကြသည်။

တစ်ဦးက ထိုစေ့ဆော်အားကို အပျက်သဘောဖြင့် အသုံးပြုခဲ့၏။

ကျန်တစ်ဦးကမူ အပြုသဘောဖြင့် အသုံးပြုခဲ့ရာ ၎င်းတို့၏ ဘဝလမ်းကြောင်းများလည်း ခြားနားသွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Everyone Has a Story in Life (4recruitmentservices)

 

 

 

[Zawgyi]

လူတုိင္းမွာ ကိုယ့္အေၾကာင္းနဲ႔ကိုယ္ရွိတယ္…. ႏွင့္ အလင္းအေမွာင္ ညီအစ္ကို ႏွစ္ဦး

 

 

ဘဝတြင္ ရံႈးနိမ့္မႈမ်ား ၊ အခက္အခဲမ်ား ရင္ဆိုင္ေနရသည္ဆိုပါက ဤစာမွာ သင္ဖတ္ရန္ ရည္ရြယ္ပါသည္။

ယခုအေၾကာင္းအရာမ်ားကို ဖတ္ရႈျခင္းအားျဖင့္ သင္၏ စိတ္ႏွလံုးသားထဲအထိ ေရာက္ေစမည့္ တစံုတရာ ရရွိမည္ဟု ေမွ်ာ္လင့္ပါသည္။

ယင္းအျပင္ သင့္ဘဝအတြက္ အေျပာင္းအလဲျဖစ္ေစမည့္ အေတြးတစ္ခု ရရွိလာႏိုင္ပါသည္။

 

၁။ (လူတိုင္းမွာ ကိုယ့္အေၾကာင္းနဲ႔ ကိုယ္ ရွိတယ္)

 

အသက္ ၂၄ ႏွစ္အရြယ္ လူငယ္တစ္ဦး ရထားျပတင္းမွ အျပင္သို႔ၾကည့္ရင္း အဆန္းတၾကယ္ ေအာ္ေျပာလိုက္သည္။

“ေဖေဖေရ…သားတို႔ေနာက္မွာ သစ္ပင္ၾကီးေတြ လိုက္လာတယ္ ၾကည့္စမ္းပါဦး။”

သူ၏ ဖခင္က ျပံဳးလိုက္သည္။

ရထားေပၚတြင္ ၎တို႔သားအဖႏွင့္ မ်က္ႏွာခ်င္းဆိုင္ ထုိင္ေနေသာ လူငယ္စံုတြဲတစ္တြဲက အသက္ ၂၄ အရြယ္ လူငယ္၏ ကေလးဆန္ေသာ အျပဳအမူကို ၾကည့္ရင္း သနားေနသည္။

ရုတ္တရက္ ထိုလူငယ္က ထေအာ္ျပန္သည္။

“ေဖေဖေရ ၾကည့္ပါဦး။ မိုးတိမ္ေတြ သားတို႔ ေနာက္ကေန လိုက္လာေနတယ္။”

ထိုအခ်ိန္တြင္ကား လူငယ္စံုတြဲမွာ မေအာင့္ႏိုင္ေတာ့။

လူငယ္၏ အေဖအား ေမးျမန္းေတာ့သည္။

“သားျဖစ္သူကို ဘာျဖစ္လို႔ ဆရာဝန္ေကာင္းေကာင္းနဲ႔ မျပတာလဲ။”

ထုိအခါက အဘိုးအိုက ျပံဳးရင္း “ျပပါတယ္ကြယ္။ အခုလည္း တို႔ေတြ ေဆးရံုက ခုဘဲ ျပန္လာတာပါ။ သားက ေမြးကတည္းက မ်က္လံုးမျမင္ရွာဘူး။ ဒီေန႔မွ သူ႔ဘဝမွာ အျမင္အာရံု ရတာေလ။” ဟု ဆိုသည္။

ကမၻာေပၚရွိ လူတိုင္းတြင္ အေၾကာင္းကိုယ္စီ ရွိၾကပါသည္။

၎တို႔အေၾကာင္း ေသခ်ာမသိဘဲ ျပစ္တင္ေဝဖန္ျခင္း မျပဳပါႏွင့္။

 

၂။ (အလင္းအေမွာင္ ညီအကို (၂) ဦး)

တစ္ခါက ညီအကို ႏွစ္ဦးရွိသည္။

တစ္ဦးမွာ ေဆးသမား၊ အရက္သမားျဖစ္ျပီး အရက္မူးလာလွ်င္ သူ၏မိသားစုကို အျမဲဆဲဆိုရိုက္ႏွက္ေလ့ ရွိ၏။

အျခားတစ္ဦးမွာမူ ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ျပီး ရပ္ရြာကလည္း ေလးစားရသူတစ္ဦး ျဖစ္ကာ ေႏြးေထြးေသာ မိသားစုတစ္ခု ထူေထာင္ထားသည္။

တစ္အူထံု႔ဆင္း ညီရင္းအကိုျဖစ္ျပီး ပတ္ဝန္းက်င္အသိုက္အဝန္းတစ္ခုတည္းတြင္ ေမြးဖြားၾကီးျပင္းခဲ့ပါလ်က္ အဘယ္ေၾကာင့္ အလင္းႏွင့္အေမွာင္သဖြယ္ ျခားနားေနရသည္ကို သိလိုသူမ်ားရွိလာသည္။

သို႔ႏွင့္ အရက္သမားျဖစ္သူကို ဦးစြာ ေမးျမန္းၾကည့္ၾကသည္။

“ခင္ဗ်ားက ေဆးလည္းခ်တယ္၊ အရက္လည္းေသာက္တယ္။ ျပီးေတာ့ မိသားစုကို ရိုက္ႏွက္တယ္။ ဘယ္လို ေစ့ေဆာ္အားမ်ဳိးေၾကာင့္ ဒီလိုျဖစ္ေနတယ္ထင္လဲ”

“အေဖ့ေၾကာင့္ေပါ့ဗ်ာ”

“ခင္ဗ်ားအေဖက ဘယ္လိုျဖစ္လို႔လဲ။”

“က်ဳပ္အေဖက ယစ္ထုပ္ၾကီးေလဗ်ာ။ အရက္ေသာက္တယ္။ ျပီးရင္ မိသားစုကို ရိုက္ႏွက္တယ္။ ကၽြန္ေတာ့္ကို ဘယ္လိုလူမ်ဳိး ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနတာလဲ။ သူ႔ေၾကာင့္ပဲ က်ဳပ္ ဒီလိုျဖစ္လာတာေပါ့။”

ယင္းေနာက္ ၎တို႔ အုပ္စုသည္ ဘဝကို ေကာင္းစြာျဖတ္သန္းကာ စီးပြားေရး ေအာင္ျမင္ေနေသာ ၎ႏွင့္ညီအစ္ကို ေတာ္စပ္သူထံ သြားျပန္သည္။

ထို႔ေနာက္ ယခင္အတိုင္းပင္ ေမးၾကည့္၏။

“ခင္ဗ်ား ဘာေၾကာင့္ စိတ္သေဘာထားေကာင္းျပီး ေအာင္ျမင္တဲ့ လုပ္ငန္းရွင္ျဖစ္လာတာလဲ။ ဒီလိုျဖစ္ဖို႔ တြန္းအား ဘယ္လိုရလဲ။”

“အေဖ့ေၾကာင့္ေပ့ါဗ်ာ။ ကၽြန္ေတာ္ ကေလးဘဝတုန္းက အေဖဟာ မူးယစ္ေသာက္စားျပီး မဟုတ္တာေတြ အကုန္လုပ္တာ ေတြ႔ခဲ့ရတယ္။ အဲဒီကတည္းက ကၽြန္ေတာ္ ဆံုးျဖတ္ခ်က္တစ္ခု ခ်ထားခဲ့တယ္။ ငါ ဒီလိုမ်ဳိးလူ မျဖစ္ခ်င္ဘူး ဆိုျပီးေတာ့ေပါ့။”

၎တို႔ညီအစ္ကို ၂ ဦးလံုးသည္ တူညီေသာ ရင္းျမစ္တစ္ခုတည္းမွ ေပးေသာ တြန္းအားမ်ား ရခဲ့ၾကသည္။

တစ္ဦးက ထုိေစ့ေဆာ္အားကို အပ်က္သေဘာျဖင့္ အသံုးျပဳခဲ့၏။

က်န္တစ္ဦးကမူ အျပဳသေဘာျဖင့္ အသံုးျပဳခဲ့ရာ ၎တို႔၏ ဘဝလမ္းေၾကာင္းမ်ားလည္း ျခားနားသြားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Everyone Has a Story in Life (4recruitmentservices)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service