စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ

စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
15 Jun 2025 1:27 pm တွင် တင်ခဲ့သည်
367 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဒီတစ်ပတ်မှာတော့  အိမ် ၊ ခြံ ၊ မြေ တွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်းဟာ ဥပဒေအရ တရားဝင်ဝယ်ယူခြင်း မြောက်ပါသလား.....ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းလေးအပါအဝင် မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။

⚖️ မေးခွန်း (၁) - အိမ် ၊ ခြံ ၊ မြေ တွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်းဟာ ဥပဒေအရ တရားဝင်ဝယ်ယူခြင်း မြောက်ပါသလား။

အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူပါက တရားဝင် ဝယ်ယူခြင်း မမြောက်ပါ။ စာချုပ်စာတမ်းဥပဒေပုဒ်မ- (၁၆)(ခ)အရ မရွှေ့မပြောင်းနိုင်သောပစ္စည်း အိမ် ၊ ခြံ ၊ မြေနှင့်စပ်လျဉ်း၍ လွှဲပြောင်း အရောင်းအဝယ်ပြုသည့်အခါတိုင်း တန်ဖိုးငွေ (၁)သိန်းနှင့် အထက်ရှိလျှင် တရားဝင်ပိုင်ဆိုင်ခွင့်ရှိစေရန် မဖြစ်မနေ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း ဖော်ပြ ထားပြီးဖြစ်ပါသည်။ ထိုကြောင့် ဂရန်မြေကွက်၊ မြေပိုင်မြေ အမည်ပေါက်တို့အား ဝယ်ယူသည့်အခါ ပစ္စည်းနှင့် သက် ဆိုင်သည့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် သွားရောက်ချုပ်ဆိုရမည်ဖြစ်ပါသည်။

အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူခြင်းမှာ ပိုင်ဆိုင်မှုအမည်ပေါက်ဖြစ်မလာသလို အဆိုပါမြေကွက်အား မိမိနှင့်စပ် လျဉ်း၍ တရားဝင်အမွေဆက်ခံခွင့် ပေးအပ်ခြင်းလဲမပြုနိုင်ပါ။ပုဒ်မ-၄၈(က)အရလဲ အိမ်ခြံမြေကို မှတ်ပုံမတင်လျှင် တနည်း နည်းဖြင့် လွှဲပြောင်းခြင်းပြုသည့်အခါတိုင်း အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။ ထိုကြောင့် အမည်ပေါက်မဟုတ်လျှင် ပြန်လည်ရောင်းချသည့်အခါတိုင်း အခက်အခဲတွေ့စေမည်ဖြစ်ပါသည်။

မှတ်ပုံတင်ထားလျှင်တော့ မှတ်ပုံတင်စာချုပ်ပါ ကတိပြုချက်များမှာ စည်းကမ်းချက်အဖြစ် တရားဝင် တည်မြဲ နေမည်ဖြစ်ပါသည်။ အောက်ပါအချက်အလက်များဖြင့် ညီညွှတ်လျှင် မှတ်ပုံတင် ပဋိဉာဉ်စာချုပ်တစ်စောင် ချုပ်ဆိုနိုင်ပါသည်။

(၁) ပဋ္ဋိညာဉ်ပြုသူသည် ပဋ္ဋိညာဉ်ပြုလုပ်နိုင်သူဖြစ်ရမည်။ (၂) ပဋ္ဋိညာဉ်ပြုလုပ်သူတို့၏ လွတ်လပ်သော သဘောတူညီချက်ရှိရမည်။ (၃) ပဋ္ဋိညာဉ်အတွက် ဥပဒေနှင့်မဆန့်ကျင်သော အဖိုးစားနားရှိရမည်။ (၄) ပဋ္ဋိညာဉ်ပြုလုပ်သူတို့၏ ရည်ရွယ်ချက်မှာ ဥပဒေနှင့်ညီညွတ်ရန်လိုသည်။

အရပ်ကတိစာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း- ၁၂၀ အတွင်းမှတ်ပုံတင်ရှိရန် လိုအပ်ပါသည်။ သတ်မှတ်ရက်ထက် နောက်ရက်ပေါင်း ၁၂၀ ကျော်လွန်ပါကလဲ ဒဏ်ကြေးဖြင့် မှတ်ပုံတင်ခြင်းပြုနိုင်သည်။ ရာဖြတ်တင်ရှိကာ ရောင်းခွန်၊ ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီးပါက မြေပိုင်ဆိုင်မှု ဂရန်မူရင်းနှင့်အတူ မြေခွန်ပြေစာ၊ အရောင်းမြေပုံ/မြေရာဇင်၊ ရောင်းသူဝယ်သူ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ လိုအပ်လျှင် ကျမ်းကျိန်လွှာကိုပါ တင်ပြစေပါသည်။

မှတ်ပုံတင်ရန် တင်ပြသော စာချုပ်မှာ မြန်မာစာဖြင့် ရေးသားဖော်ပြရန်လိုပါသည်။ မြန်မာစာဖြင့် မဟုတ်ပါ နိုတြီ ပဗ္ပလစ်လက်မှတ်ပါသော ဘာသာပြန်ဆိုချက်ဖြစ်ရမည်။ မှတ်ပုံတင်စာချုပ်၌ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ချန်လှပ် ခြင်း၊ပယ်ဖျက်ခြင်းတို့ပြုထားလျှင် စာချုပ်ချုပ်ဆိုသူတို့မှ လက်မှတ်တို၊ လက်မှတ်ရှည်ရေးထိုးရပါမည်ဖြစ်ပြီး မှတ်ပုံတင် အရာရှိမှာလဲ မှတ်ပုံတင်စာအုပ်၌ မှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။ အဆိုပါစာချုပ်၌ မရွှေ့မပြောင်းနိုင်သော အရပ်တည် ရှိရာ ဒေသကို မြေပုံမှတ်တမ်းနှင့်အတူ အမျိုးအစား၊ပုံသဏ္ဏာန်ကိုပါ တိကျရှင်းလင်းစွာဖော်ပြရမည်။ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်အတွက် အနည်းဆုံး အသိသက်သေ(၂)ဦးလဲ ပါဝင်ချုပ်ဆိုမှုပြုရပါမည်။ ပုဒ်မ-(၂၄) (ခ)အရ သတ်မှတ်ချက် များနှင့် ကိုက်ညီလျှင် မှတ်ပုံတင်အရာရှိမှ အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

⚖️ မေးခွန်း (၂) -စကွာတာမြေ ဆိုတာ ဘယ်လိုမြေမျိုးပါလဲ ? ခိုင်မာမှုရှိလား ? ဂရန်အမည်ပေါက် ဆောင်ရွက်လို့ရပါသလား။

စကွာတာမြေတွင် နေထိုင်သူမှာ စည်ပင်သာယာရေးကော်မတီမှ စည်းကြပ်သော မြေခွန်အား ထမ်းဆောင်ရပါ သည်။ ဂရန်လျှောက်ထားခွင့်ရှိသော မြေအမျိုးအစားများတွင်လဲ စကွာတာမြေပါဝင်ပါသည်။ မြေငှားစာချုပ်အဖြစ် ခွင့်ပြု ခြင်း မပြုမီ မြေခွန်ထမ်းဆောင်စေလျက် စကွာတာမြေအဖြစ် အမည်ပေါက်ချထား ပေးနိုင်ပါသည်။

မြေငှားစာချုပ်အား သက်တမ်းတိုး လျှောက်ထားခြင်းမရှိဘဲ မြေငှားစာချုပ်ပါ စည်းကမ်းချက်များအား ဖောက် ဖျက်လျှင် စကွာမြေအဖြစ် ရောက်ရှိသွားမည်ဖြစ်ပါသည်။ မိမိအမည်ပေါက်ဂရန်မြေအား သက်တမ်းမကုန်ခင် (၃)လ အလိုတွင် သက်တမ်းတိုး လျှောက်ထားရမည်ဖြစ်ပါသည်။ သက်တမ်းမတိုးလျှင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော စကွာမြေ အဖြစ် ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး မိမိမှာ အဆိုပါမြေ၌ စနစ်တကျ ကျုးလွန်ကာ ကျုးကျော် နေထိုင်သူဖြစ်သွားမည် ဖြစ်ပါသည်။ ဂရန်မြေအဖြစ်မှ တရားဝင် ဖျက်သိမ်းထားသောမြေမှာလဲ စကွာတာမြေဖြစ်ပါသည်။

မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ်-၂(ဋ)တွင် စကွာမြေဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့သော မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြုသေးသော၊ မြေငှားစာချုပ်စည်းကမ်းချက် တစ်ရပ် ရပ်ကို ဖောက်ဖျက်ခဲ့သော မြေအဆင့်အတန်း နှိမ့်ချသတ်မှတ်သောမြေကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။

ပါမစ်မြေမှ ဂရန်မြေအဖြစ်လျှောက်ထားလျက်ရှိပြီး ဂရန်ထုတ်ယူခြင်းမရှိလျှင်လဲ စကွာမြေအဖြစ် ရောက်ရှိသွား မည်ဖြစ်ပါသည်။ စကွာမြေအား စကွာတာမြေအမည်ပေါက်၊ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းလက်ခံရရှိသူသာ မြေငှားဂရန်စာချုပ် လျှောက်ထားခွင့်ရှိသည်။

စကွာမြေအား မြေငှားဂရန် လျှောက်ထားသည့်အခါ အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

- မြေငှားစာချုပ်အား သတ်မှတ်လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန်

- မြေပိုင်ဆိုင်မှုစာချုပ်စာတမ်း (သို့) မြေပိုင်ဆိုင်မှု အထောက်အထား မူရင်းများ တရားရုံးအမိန့်များ

- နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား

- မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာ တို့တင်ပြလျှောက်ထားရန် ရပါမည်။

ဂရန်စည်းကမ်းပျက် မှတ်ချက်ရှိမရှိ၊ ကန့်ကွက်ရှိမရှိ၊ တရားရုံးတားဝရမ်း၊ ဘဏ်ကန့်ကွက်ချက်၊ အခွန်ဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် ကြွေးကျန်ရှိမရှိ မြေစီမံခန့်ခွဲမှုဌာနမှ စီစစ်ကာ မြေပြင်အား ကွင်းဆင်းစစ်ဆေးပြီး မြေငှားဂရန် ချပေးနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️ မေးခွန်း (၃) -BCC ဆိုတာ တိုက်ခန်း ရောင်းဝယ်လုပ်ပါက ဘယ်လိုအရေးပါ ပါသလဲ။

တိုက်ခန်းများမှာ BCC ရရှိသော အဆောက်အဦးဖြစ်မှသာ တရားဝင်နေထိုင်ပိုင်ဆိုင်ခွင့် အခွင့်အရေးရှိမည်ဖြစ် ပါသည်။ BCC ဆိုသည်မှာ (Building Complete Certificate) ဖြစ်ပြီး လူနေထိုင်ခွင့်ဟု မရေးသားထားသောလဲ သက်ဆိုင် ရာမှ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်ဖြစ်သောကြောင့် လူနေထိုင်ခွင့်ရှိပါသည်။

ဆောက်လုပ်ခွင့်ပါမစ်အရ ခွင့်ပြုချက်အတိုင်း ဆောက်လုပ်သော အဆောက်အဦးမှာ အဆောက်အအုံပြီးစီးလျှင် သက်ဆိုင်ရာမှ ပုဒ်မ-၇၈အရ BCCထုတ်ပေးမည်ဖြစ်ပါသည်။ ခွင့်ပြုချက်နှင့် မကိုက်ညီစွာ ဆောက်လုပ်ထားသော အဆောက်အအုံ ဖြစ်လျှင်တော့ BCC မရရှိသလို ဝယ်ယူသူမှာ တရားဝင်နေထိုင်ခွင့်မရှိပါ။ အဆိုပါ BCC မရရှိသေးသော တိုက်ခန်းတွင် နေထိုင်သည်ကို စစ်ဆေးတွေ့ရှိရလျှင် ဒဏ်ကြေး ထမ်းဆောင်ရခြင်း၊ ဖယ်ရှားထွက်ခွာပေးရခြင်းတို့ ဖြစ်ပေါ် မည်ဖြစ်ပါ သည်။

ဆောက်လုပ်ခွင့်ပါမစ် လျှောက်ထားသူ မြေရှင်/ကန်ထရိုက်မှာ ခွင့်ပြုပုံစံများအတိုင်း သတ်မှတ်ချက်နှင့်အညီ အဆောက်အအုံအား ဆောက်လုပ်ရန်လိုပြီး BCC လျှောက်ပေးရန်လဲ တာဝန်ရှိပါသည်။

တရားဝင်ဆောက်လုပ်ခြင်း မရှိသော အဆောက်အအုံများတွင်တော့ အဆောက်အအုံ ယာ / အုံဌာနသို့ ဆောက် လုပ်ခွင့်ပါမစ် တင်ရှိခြင်းမရှိသလို အစိမ်းဘုတ်လဲ မထွက်ရှိပါ။ ထို့ကြောင့် တရားဝင်ဆောက်လုပ်သော အဆောက်အအုံနှင့် ယှဉ်လျှင် ဈေးကွာခြားမည်ဖြစ်ပြီး ဆောက်လုပ်ရေး၊ အရည်အသွေးပိုင်း စိတ်ချရမှုမရှိသလို ဥပဒေနှင့်မညီသောကြောင့် ဝယ်ယူနေထိုင်ရန် မသင့်ပါ။ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆောက်လုပ်သော အဆောက်အအုံများမှာ စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခွင့်မရှိသလို ဝင်ရောက်နေထိုင်ခွင့်လဲ မရှိကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service