မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ - Property Knowledge in Myanmar from iMyanmarHouse.com
24 Aug 2025 12:06 pm တွင် တင်ခဲ့သည်
541 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားဖွယ်မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။

မေးခွန်း(၁) - သေတမ်းစာကို ဖျက်သိမ်းလို့ ရပါသလား။

သေတမ်းစာဆိုသည်မှာ မိမိပိုင်ဆိုင်သော ပစ္စည်းအရပ်ရပ်အား မိမိမရှိတော့သည့် နောက်ပိုင်းတွင် ကြိုတင်စီမံခန့်ခွဲ မှုပြုခြင်းပင် ဖြစ်ပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်များသည် သေတမ်းစာရေးသားခွင့်မရှိသလို အပေးဟန်ဆောင်သည့် သေ တမ်းစာလဲ ရေးသားခွင့်မရှိပါ။ မြန်မာဗုဒ္ဓဘာသာဝင် ကွန်လွန်လျှင် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အမွေပုံစီမံခန့်ခွဲမှု ပြုနိုင်ပါသည်။

ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များသာ သေတမ်းစာ ရေးသားခွင့်ရှိပါသည်။ အရွယ်ရောက်ပြီးသူ ရူးသွပ် သူမဖြစ်ပါက သေတမ်းစာတစ်စောင်အား စာဖြင့် ကိုယ်တိုင်ရေးသလို၊ တစ်စုံတစ်ယောက်ကို ညွှန်ကြား၍လဲ ရေးသားစေနိုင် ပါသည်။ ရူးသွပ်သူဖြစ်ပါကဘဲ ဝေဒနာသက်သာချိန်တွင် သေတမ်းစာရေးခွင့်ရှိသလို ဆွံအနားမကြားသူဖြစ်ပါကလဲ မိမိလုပ် ဆောင်ချက်များကို သိရှိနားလည်လျှင် သေတမ်းစာရေးနိုင်ပါသည်။

သေတမ်းစာတွင် သေတမ်းစာရေးသူအပြင် အနည်းဆုံး အသိသက်သေ(၂)ဦး ပါဝင်၍ လက်မှတ်ရေးထိုးရမည်။ သေ တမ်းစာတစ်စောင်မှာ ရေးသားသူကွန်လွန်ပြီး နောက်ပိုင်းမှ အကျိုးသက်ရောက်ပါသည်။ အထူးသေတမ်းစာများမှာ ညွှန်ကြားသူ လက်မှတ်မရေးထိုးမီ သေဆုံးပါကလဲ အတည်ဖြစ်သည်များလဲ ရှိပါသည်။

သေတမ်းစာအား သက်ရှိထင်ရှားရှိစဉ် ရေးသားကာ မှတ်ပုံတင် ပြုလုပ်ထား၍လဲရသလို၊ မှတ်ပုံမတင်ရင်လဲ ရပါ သည်။ သေတမ်းစာအား စာအိတ်ထဲ ချိတ်တံဆိပ်ခတ်နှိပ်ပြီး ကိုယ်တိုင်မှဖြစ်စေ၊ အခွင့်ရကိုယ်စား လှယ်မှဖြစ်စေ မှတ်ပုံတင် အရာရှိထံ မှတ်ပုံတင်အက်ဥပဒေပုဒ်မ - ၄၂ အရ သွားရောက် အပ်နှံထားရှိနိုင်ပါသည်။ သေတမ်းစာတွင် ဆောင်ရွက်သူ (Executor) တစ်ဦး (သို့) အများ ခန့်ထားခြင်းလဲပြုနိုင်ပါသည်။ သေတမ်းစာရေးသူ သေဆုံးသောအချိန်တွင် ဆောင်ရွက်ခွင့် ခန့်ထားသည့် (Executor)မှ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ-(၂၂၂)အရ သေတမ်းစာအတည်ပြုပေးရန် တရားရုံးသို့ လျှောက်ထားရမည်ဖြစ်ပါသည်။

ထို့သို့ ဥပဒေအညီ ဆောင်ရွက်ထားရှိသော သေတမ်းစာတစ်စောင်အား ပြန်လည်ဖျက်သိမ်းလိုလျှင် သေတမ်းစာ ပိုင်ရှင်မကွယ်လွန်မီ ၎င်းကိုယ်တိုင်မှဖြစ်စေ၊ အခွင့်ရကိုယ်စားလှယ်မှဖြစ်စေ သေတမ်းစာအား ပြန်လည်ထုတ်ယူခွင့်ပြုရန် ပုဒ်မ-၄၄ နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်ပါသည်။ ဖျက်သိမ်းခြင်းမဟုတ်ဘဲ သေတမ်းစာအား ပြင်ဆင် လိုခြင်း၊ နောက်ထပ်သေတမ်းစာတစ်စောင် ရေးသားလိုခြင်း၊ သေတမ်းစာရေးသားသူ လက်ထပ်ခြင်းများကြောင့် မူလ ရည်ရွယ်ချက် ပြောင်းလဲသွားခြင်းဖြစ်ပါကလဲ သေတမ်းစာတစ်စောင်အား ပြင်ဆင်ဆောင်ရွက်နိုင်ပါသည်။ အထူးသေ တမ်းစာအားလဲ ရေးသားသူ သက်ရှိထင်ရှားရှိစဉ် ဖျက်သိမ်းခြင်း ဆောင်ရွက်နိုင်ပါသည်။ သေတမ်းစာရေးသားသူ ကွယ် လွန်ပြီး နောက်ပိုင်းတွင်တော့ သေတမ်းစာအတည်ပြုခြင်းသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ သေတမ်းစာအား ပျယ်ဖျက်ခွင့်မရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း(၂) - မွေးစားစာချုပ်မရှိလျှင်အမွေရနိုင်ပါသလား။

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ကိတ္ထိမသားသမီးမွေးစားခြင်း မှတ်ပုံတင်စာချုပ်ဖြင့် တရားဝင်သားသမီး မွေးစား ခြင်း ပြုလုပ်နိုင်ပါသည်။ လင်မယားနှစ်ဦး အမွေဆက်ခံရေးဥပဒေအရ သားသမီးမွေးစားခြင်းပြုနိုင်ပြီး နှစ်ဦးအနက် တစ်ဦး သဘောမတူလျှင်လဲ သားသမီးမွေးစားခြင်းမပြုနိုင်ပါ။

အရွယ်မရောက်သေးသူ ကလေးအား မွေးစားခြင်းပြုနိုင်သလို အရွယ်ရောက်သူ တစ်ဦးဦးအားလဲ သားသမီးအဖြစ် မွေးစားခြင်းပြုနိုင်ပါသည်။ အရွယ်မရောက်သေးသူအား မွေးစားလိုခြင်းဖြစ်လျှင် ၎င်းမိဘရင်း(၂)ဦးလုံး၏ သဘောတူ ခွင့်ပြုချက် လိုအပ်ပြီး မိဘအရင်းများ သေဆုံးပြီးဖြစ်လျှင်တော့ မွေးစားခြင်း အခိုင်အမာပြုရုံဖြင့် လုံလောက်ပါသည်။ အမွေစားအမွေခံအဖြစ် ထားရှိပြီး နောက်ပိုင်းတွင်လဲ မွေစားသားသမီး၏ သဘောတူညီချက်မပါဘဲ မွေးစားခြင်းကို ပယ်ဖျက် ခြင်း မပြုနိုင်ပါ။

သားသမီးအရင်းအချာ ရှိနေလျှင်လဲ ကိတ္ထိမသားသမီးမွေးစားခြင်း တရားဝင်ပြုခွင့်ရှိသလို မှတ်ပုံတင်စာချုပ်စာ တမ်းဖြင့် မွေးစားသည့်သားသမီးသည် သားရင်းသမီးဖြင့် တန်းတူအခွင့်အရေးရရှိပါသည်။ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် မွေးစားခြင်းမဟုတ်ပါက အငြင်းပွှားမှုများရှိလာလျှင် တရားဝင်အမွေဆက်ခံနိုင်ခွင့် အခွင့်အရေးလဲ ဆုံးရှုံးမည်ဖြစ်ပါသည်။ ကိတ္ထိမသားသမီးသားသမီး မွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ အမွေစားအမွေခံဆိုသည်မှာ ကိတ္ထိမသားသမီးအဖြစ် မွေးစားမှ အတည်ဖြစ်မည်ဖြစ်ပါသည်။

ကိတ္ထိမသားသမီးဆိုသည်မှာ မွေးစားခြင်း တရားဝင်ဆောင်ရွက်ထားသော သားသမီးကိုဆိုလိုပြီး အပတိဌသားသမီး ကောက်ယူမွေးစားသော သားသမီးနှင့် ကွာခြားပါသည်။ အပတိဌသားသမီးမှာမှု အမွေဆက်ခံခြင်းအတွက် မွေးစားမိဘ များမှ ရည်ရွယ်ချက်မရှိပါ။ ကိတ္ထိမသားသမီးဖြစ်ရန်မှာ အမွေဆက်ခံ မွေးစားသားသမီးဖြစ်ကြောင်း လူသိရှင်ကြားပြသရ မည်ဖြစ်ပြီး မွေးစားခြင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုထားမှ နောင်တွင် အမွေဆက်ခံမှုခိုင်မာမည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

မေးခွန်း(၃) -ဘုန်းကြီးဝတ်ထားလျှင် မိဘအမွေကို ခံစားခွင့်ရှိပါသလား။

မိဘများပိုင်ဆိုင်သည့် အမွေပုံပစ္စည်းအား ဆက်ခံခွင့်ရှိသူများမှာ သားရင်းသားသမီးရင်းများနှင့် ကိတ္ထိမတရားဝင် အမွေစားအမွေခံ သားသမီးများသာ အမွေဆက်ခံခွင့်ရရှိမည်ဖြစ်ပါသည်။ ရဟန်း၊ ဘုန်းကြီးများသည် လူဘဝသို့ စွန့်လွှတ်ပြီး အပြီးအပိုင်သာသနာဘောင် ဝင်ရောက်ခြင်းဖြစ်ပါက လူဘဝ၏ ပိုင်ဆိုင်မှုများ၊ အမွေဆက်ခံမှုများမှာ သက်ဆိုင်ခြင်း လုံး၀ မရှိတော့ပါ။ ၀ိနည်းတော်များအတိုင်းသာ နေထိုင်ကြပြီး ပိုင်ဆိုင်ခွင့်များမှာ အလိုအလျောက် စွန့်ပယ်ပြီး ဖြစ်ပါသည်။

ဆွေမျိုးများ၊ မိဘများနှင့် ဘုန်းကြီးရဟန်းများမှ တစ်ဦးထံမှ တစ်ဦးကို အမွေဆက်ခံခွင့် အပြန်အလှန် မရှိပါ။ ရဟန်းတွင် ပိုင်ဆိုင်ခြင်း တစ်စုံတစ်ရာမရှိသောကြောင့် ရဟန်းပစ္စည်းအတွက်လဲ လူပုဂ္ဂိုလ်များမှာ မဆက်ခံနိုင်သလို မိဘ ပစ္စည်းအားလဲ ရဟန်းမှ မဆက်ခံနိုင်ပါ။ ထာဝစဉ်ရဟန်းပြုရန် ရည်ရွယ်ပြီး မိဘသေဆုံးပြီးနောက်မှ အမွေဆက်ခံရန်အ တွက် လူထွက်လျှင်လဲ အမွေဆက်ခံခွင့် ဆုံးရှုံးမည်သာဖြစ်ပါသည်။(ဦးခင်မောင်ရိုးနှင့် ဦးဉာဏ်ရီပါ-၃)(မပွေးနှင့် မောင်မြ သာ)။ ခေတ္တရဟန်းပြုခြင်းများတွင်တော့ အမိအဖ၏ အမွေအား မဆုံးရှုံးနိုင်ပါ။

ရဟန်းဝတ်အနေဖြင့် အမွေဆက်ခံခြင်းမပြုနိုင်သလို ရေစက်ချ၊ မှတ်ပုံတင်ခြင်းပြု၍ လှူဒါန်းသည့် ပစ္စည်းသာ သံဃိကပစ္စည်းအဖြစ် တရားဝင်မည်ဖြစ်ပါသည်။ ရွှေ၊ငွေ ကိုင်ဆောင်ခြင်း၊ ပေါင်နှံခြင်း၊ အရောင်းအဝယ်ပြုခြင်းလဲ မပြုနိုင် ပါ။ (ဦးတေဇနှင့် မအေးကြွယ်၊ ၅ ရန်ကုန် ၆၂၆)။ လယ်မြေများကို ဆွမ်း၊ သက်န်း၊ ကျောင်း၊ ဆေးအတွက် မိဘများက သက်ရှိထင်ရှားရှိစဉ် လှူဒါန်းမှုပြုနိုင်ပြီး ရဟန်းဘုန်းကြီးမှ တိုက်ရိုက် အပေးစာချုပ်ဖြင့် လက်ခံခြင်းတော့ မပြုနိုင်ပါ။ ကပ္ပိယမှသာ အဆိုပါပစ္စည်းအား သာသနာအတွက် လက်ခံနိုင်ကာ ထိန်းသိမ်းစောင့်ရှောက်ခြင်းလဲ ပြုနိုင်ပါသည်။ ထို့ ကြောင့် ရဟန်းဝတ်သည်မှ အပြီးတိုင်ရည်ရွယ်၍ ဝတ်သည်လား၊ ခေတ္တရည်စူး၍ ဝတ်သည်လား သုံးသပ်ရမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service