အိမ်တွင်မဖြစ်မနေ စိုက်ပျိုးသင့်သည့် ခြင်ပြေးပင်များနှင့် စိုက်ပျိုးနည်းများ

အိမ်တွင်မဖြစ်မနေ စိုက်ပျိုးသင့်သည့် ခြင်ပြေးပင်များနှင့် စိုက်ပျိုးနည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
7 Dec 2023 2:47 pm တွင် တင်ခဲ့သည်
1761 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

မိမိအိမ်မှာရှိတဲ့ သောင်းကျန်းလွန်းတဲ့ခြင်တွေကို ခြင်ဆေးခွေ၊ ခြင်ဖျန်းဆွေးတွေနဲ့ နှိမ်နှင်းနေတုန်းလား?

ဒါက အလွန်အန္တရာယ်များတဲ့ နှိမ်နှင်းခြင်းဖြစ်ပြီး ကလေးငယ်ရှိတဲ့ အိမ်တွေဆိုရင် ပိုပြီးတောင် အန္တရာယ်များလွန်းပါသေးတယ်။

ဒါကြောင့်မို့ အန္တရာယ်မများဘဲ သဘာဝနည်းလမ်းတွေနဲ့ ခြင်တွေပြေးစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင်ဟာ အပင်လေးတွေကို ချစ်မြတ်နိုးပြီး အပင်စိုက်တာလည်းဝါသနာပါတယ်၊ ခြင်တွေကိုလည်း သဘာဝနည်းလမ်းအတိုင်း နှိမ်နှင်းချင်တယ်ဆိုရင် ဒီနည်းလမ်းတွေက သင့်အတွက် အကောင်းဆုံးနည်းလမ်းတွေဖြစ်မှာပါ။ ပြီးတော့ ခြင်ပြေးပင်လေးတွေဟာ မိမိတို့မီးဖိုခန်းအတွက်လည်း အသုံးဝင်တာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်လည်းဖြစ်ပါတယ်။ ခြင်ပြေးပင်လေးတွေကို စိုက်ပျိုးခြင်းဖြင့် မိမိတို့မီးဖိုခန်းရဲ့ ငွေယိုပေါက်က တစ်ဖက်တစ်လမ်းက ကာကွယ်နည်းလည်း ရောက်ပါတယ်။

ကန်စွန်းပင်

 

ကန်စွန်းပင်လေးတွေ ပွင့်ချိန်မှာ ခြင်တွေ ပြေးတယ်ဆိုတဲ့ လျို့ဝှက်ချက်ကို သင်သိပါသလား? အမှန်ပါ.. ကန်စွန်းရွက်ဆိုတာက မိသားစုတိုင်းကြိုက်နှစ်သက်တဲ့ ဟင်းလျာဖြစ်ပြီး၊ ထမင်းပူပူလေးနဲ့ ကန်စွန်းပလိန်းတစ်ခွက်ဟာ အလွန်ပဲလိုက်ဖက်ညီတဲ့ အစားအစာပဲဖြစ်ပါတယ်။

ကန်စွန်းပင် စိုက်ပျိုးနည်း

အိုးထဲကို သဲ(၁)ဆ၊ မြေဆွေး(၁)ဆ၊ ပြာ (၁)ဆုတ် ရောထည့်ပြီး ရေအနည်းငယ်လောင်းပါ။ ကန်စွန်းပင်ကို ၃ လက်မလောက်မြှုပ်ပြီး တစ်ပင်စီစိုက်ပါ။ နေရောင်ခြည်ရတဲ့နေရာမှာထားပြီး ရေလောင်းရန် မမေ့ပါနဲ့။

 

 

 

ပူစီနံ

 

အသုတ်ထဲမှာဖြစ်ဖြစ် ထည့်စားလို့ရပြီး၊ ငါးပိရည်တို့စရာအဖြစ်လည်း စားလို့ရတဲ့ ပူစီနံအရွက်ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ပူစီနံအပင်လေးတွေက ခြင်တွေပြေးစေတဲ့ အနံ့ကိုထုတ်ပေးတာကြောင့် အိမ်မှာ ပူစီနံပင်လေးတွေစိုက်ထားရုံနဲ့ ခြင်ပြေးစေတဲ့အပြင် ဈေးဝယ်ခြင်းထဲက ပစ္စည်းတစ်မျိုးလည်း လျော့စေနိုင်ပါတယ်။

ပူစီနံအပင်လေးတွေက စိုက်ပျိုးရလွယ်ကူပြီး နေရာမယူတာကြောင့် တိုက်ခန်းနေသူများတောင် စိုက်ပျိုးလို့ရပါတယ်။

 

ပူစီနံပင်စိုက်ပျိုးနည်း

ပူစီနံပင်လေးတွေက စိုက်ပျိုးရလွယ်ကူသလောက် အလွန်ပဲ ပွားလွယ်တာကြောင့် ခြံကျယ်ကျယ်မရှိပါက အဝကျယ်တဲ့ အိုးထဲမှာ ထည့်စိုက်ဖို့လိုပါတယ်။

ပူစီနံပင်စိုက်ဖို့ မျိုးပင် သပ်သပ်ဝယ်ဖို့မလိုဘဲ စားဖို့ဝယ်လာတဲ့ အပင်ထဲက အရိုးရင့်တာလေးတွေကို စိုက်လို့ရပါတယ်။

အိုးထဲကို ရေစီးဆင်းဖို့လွယ်တဲ့ မြေဆီလွှာအပွကိုထည့်ပြီး အခက်အလက်လေးတွေကို လေးဆစ်လောက်မြှုပ်အောင်ထည့်ပြီး အပေါ်ကနေ မြေဆွေးထပ်ထည့်ပေးရုံပါပဲ။ ရေကိုလည်း အိုးအောက်ခြေထိ စိုတယ်ဆိုရုံလေးလောင်းပေးဖို့လိုပါတယ်။

 

 

 

 

ပင်စိမ်းပင်

 

ငါးလေးအိုးကပ်ကို ငရုတ်သီးစပ်စပ်နဲ့ ပင်စိမ်းရွက်လေးအုပ်ပြီး ချက်စားကြပါတယ်။ ထမင်းစားမြိန်စေတဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။ အဲ့ဒီပင်စိမ်းရွက်လေးတွေကလည်း ခြင်တွေကို ပြေးစေနိုင်တဲ့အနံ့လေးတွေရှိတာမို့ ခြင်ပြေးပင်လေးပဲဖြစ်ပါတယ်။

ပင်စိမ်းပင်စိုက်ပျိုးနည်း

ဈေးထဲက ဝယ်လာတဲ့ ပင်စိမ်းပင်လေးရဲ့ အောက်ခြေကို ဖြတ်ပြီး မြေဆီလွှာထည့်ထားတဲ့ အိုးလေးနဲ့ စိုက်ပျိုးပါ( မြေသြဇာအများကြီးထည့်ဖို့မလိုပါ)၊ အိုးလေးထဲက မြေဆီလွှာတွေခြောက်တဲ့အခါ ရေလောင်းပေးဖို့လိုအပ်ပြီး တစ်နေ့ကို ၆ နာရီလောင် နေရောင်ခြည်ရတဲ့နေရာမှာထားပေးဖို့လိုအပ်ပါတယ်။

 

 

 

ကြက်သွန်ဖြူ

 

အိမ်တိုင်းရဲ့ မီးဖိုခန်းမှာ ရှိပြီး ဟင်းပွဲတိုင်းမှာ မပါမဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူစားခြင်းကြောင်း ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အံ့မခမ်းဖြစ်ပြီး ၎င်းအပင်ကို စိုက်ပျိုးထားခြင်းဖြင့်လည်း ခြင်တွေကို အလွယ်တကူ နှိမ်နှင်းနိုင်မှာဖြစ်ပါတယ်။

ကြက်သွန်ဖြူစိုက်ပျိုးနည်းများ

မြေကြီးအကျယ်မရှိသူတွေက အိုးနဲ့ မြေကြီးအကျယ်ရှိသူတွေကတော့ ဘောင်လေးလုပ်ပြီး စိုက်ပျိုးနိုင်ပါတယ်။ အိုးထဲကို မြေဆွေးထည့်ပြီး ကြက်သွန်ဖြူကို အမွှာလေးတွေခွဲပြီး မြေဆွေးထဲ ထိုးစိုက်ထားရုံပါပဲ။ အညှောင့်ထွက်မယ့်အပိုင်းကို အပေါ်မှာထားပြီး စိုက်ပျိုးဖို့ သတိပြုမိပါစေ။ ရေပုံမှန်လောင်းပေးဖို့လည်း မမေ့ပါနဲ့နော်....

 

 

 

စပါးလင်

မုန့်ဟင်းခါးချက်တဲ့အခါမှဖြစ်ဖြစ်၊ အသားဟင်းတွေချက်တဲ့အခါမှာပဲဖြစ်ဖြစ် အမွှေးနံ့သာအနေနဲ့ ထည့်ချက်တဲ့ စပါးလင်ကို လူတိုင်းသိကြပါတယ်။

အိမ်မှာ စပါးလင်ပင်စိုက်ပျိုးထားရုံနဲ့ ခြင်ဆေးခွေထွန်းစရာမလို၊ ခြင်းဆေးဖျန်းစရာမလိုဘဲ ခြင်တွေကို အလွယ်တကူ နှိမ်နှင်းနိုင်မှာဖြစ်ပါတယ်။

 

စပါးလင်စိုက်ပျိုးနည်း

လွယ်ပါတယ်။ ဈေးထဲက ဝယ်လာတဲ့ စပါးလင်ပင်ရဲ့ အရင်းပိုင်း(၂ လက်မလောက်)ကို ရေဖန်ခွက်ထဲထည့်စိမ်ပါ။ ၇ ရက်ကြာပြီးနောက် စပါးလင်ပင်မှ အမြစ်လေးတွေထွက်လာပါလိမ့်မယ်။ ထို့နောက် မြေဆွေးထည့်ထားတဲ့အိုးထဲကို ၁ လက်မလောက်မြုပ်အောင် ထိုးစိုက်ပြီး ရေလောင်းပေးပါ။ ဒီနည်းနဲ့ လွယ်ကူလျင်မြန်စွာ စပါးလင်ပင်စိုက်ပျိုးနိုင်ပါပြီ။

ဒီခြင်ပြေးပင်(၅)မျိုးဟာ အိမ်တိုင်းရဲ့ မီးဖိုခန်းတွေမှာလည်း အသုံးတည့်ပြီး အိမ်မှာမဖြစ်မနေစိုက်ပျိုးထားရုံနဲ့ ခြင်များပြေးစေနိုင်တဲ့အပြင် အိမ်ရဲ့ မီးဖိုခန်းမှ ငွေယိုပေါက်ကိုလည်း အနည်းငယ်တော့ ပိတ်စို့ပေးစေနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိအိမ်မှာ အပင်စိမ်းစိမ်းလေးတွေ စိုက်ပျိုးထားခြင်းကလည်း မိမိရဲ့ စိတ်ကို လန်းဆန်းစေပါတယ်။

 

 

ဒါကြောင့် စာဖတ်သူတို့လည်း ငွေကုန်ကြေးကျမများဘဲ အလွယ်တကူစိုက်ပျိုးလို့ရတဲ့ ခြင်ပြေးပင်လေးတွေကို အခုပဲ စိုက်ပျိုးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

အိမ္တြင္မျဖစ္မေန စိုက္ပ်ိဳးသင့္သည့္ ျခင္ေျပးပင္မ်ားႏွင့္ စိုက္ပ်ိဳးနည္းမ်ား

 

မိမိအိမ္မွာ႐ွိတဲ့ ေသာင္းက်န္းလြန္းတဲ့ျခင္ေတြကို ျခင္ေဆးေခြ၊ ျခင္ဖ်န္းေဆြးေတြနဲ႔ ႏွိမ္ႏွင္းေနတုန္းလား?

ဒါက အလြန္အႏၲရာယ္မ်ားတဲ့ ႏွိမ္ႏွင္းျခင္းျဖစ္ၿပီး ကေလးငယ္႐ွိတဲ့ အိမ္ေတြဆိုရင္ ပိုၿပီးေတာင္ အႏၲရာယ္မ်ားလြန္းပါေသးတယ္။

ဒါေၾကာင့္မို႔ အႏၲရာယ္မမ်ားဘဲ သဘာဝနည္းလမ္းေတြနဲ႔ ျခင္ေတြေျပးေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

သင္ဟာ အပင္ေလးေတြကို ခ်စ္ျမတ္ႏိုးၿပီး အပင္စိုက္တာလည္းဝါသနာပါတယ္၊ ျခင္ေတြကိုလည္း သဘာဝနည္းလမ္းအတိုင္း ႏွိမ္ႏွင္းခ်င္တယ္ဆိုရင္ ဒီနည္းလမ္းေတြက သင့္အတြက္ အေကာင္းဆုံးနည္းလမ္းေတြျဖစ္မွာပါ။ ၿပီးေတာ့ ျခင္ေျပးပင္ေလးေတြဟာ မိမိတို႔မီးဖိုခန္းအတြက္လည္း အသုံးဝင္တာေၾကာင့္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ အစီအစဥ္လည္းျဖစ္ပါတယ္။ ျခင္ေျပးပင္ေလးေတြကို စိုက္ပ်ိဳးျခင္းျဖင့္ မိမိတို႔မီးဖိုခန္းရဲ႕ ေငြယိုေပါက္က တစ္ဖက္တစ္လမ္းက ကာကြယ္နည္းလည္း ေရာက္ပါတယ္။

ကန္စြန္းပင္

ကန္စြန္းပင္ေလးေတြ ပြင့္ခ်ိန္မွာ ျခင္ေတြ ေျပးတယ္ဆိုတဲ့ လ်ိဳ႕ဝွက္ခ်က္ကို သင္သိပါသလား? အမွန္ပါ.. ကန္စြန္း႐ြက္ဆိုတာက မိသားစုတိုင္းႀကိဳက္ႏွစ္သက္တဲ့ ဟင္းလ်ာျဖစ္ၿပီး၊ ထမင္းပူပူေလးနဲ႔ ကန္စြန္းပလိန္းတစ္ခြက္ဟာ အလြန္ပဲလိုက္ဖက္ညီတဲ့ အစားအစာပဲျဖစ္ပါတယ္။

ကန္စြန္းပင္ စိုက္ပ်ိဳးနည္း

အိုးထဲကို သဲ(၁)ဆ၊ ေျမေဆြး(၁)ဆ၊ ျပာ (၁)ဆုတ္ ေရာထည့္ၿပီး ေရအနည္းငယ္ေလာင္းပါ။ ကန္စြန္းပင္ကို ၃ လက္မေလာက္ျမႇဳပ္ၿပီး တစ္ပင္စီစိုက္ပါ။ ေနေရာင္ျခည္ရတဲ့ေနရာမွာထားၿပီး ေရေလာင္းရန္ မေမ့ပါနဲ႔။

ပူစီနံ

အသုတ္ထဲမွာျဖစ္ျဖစ္ ထည့္စားလို႔ရၿပီး၊ ငါးပိရည္တို႔စရာအျဖစ္လည္း စားလို႔ရတဲ့ ပူစီနံအ႐ြက္ကို လူတိုင္းသိၾကမယ္ထင္ပါတယ္။ ပူစီနံအပင္ေလးေတြက ျခင္ေတြေျပးေစတဲ့ အနံ႔ကိုထုတ္ေပးတာေၾကာင့္ အိမ္မွာ ပူစီနံပင္ေလးေတြစိုက္ထား႐ုံနဲ႔ ျခင္ေျပးေစတဲ့အျပင္ ေဈးဝယ္ျခင္းထဲက ပစၥည္းတစ္မ်ိဳးလည္း ေလ်ာ့ေစႏိုင္ပါတယ္။

ပူစီနံအပင္ေလးေတြက စိုက္ပ်ိဳးရလြယ္ကူၿပီး ေနရာမယူတာေၾကာင့္ တိုက္ခန္းေနသူမ်ားေတာင္ စိုက္ပ်ိဳးလို႔ရပါတယ္။

ပူစီနံပင္စိုက္ပ်ိဳးနည္း

ပူစီနံပင္ေလးေတြက စိုက္ပ်ိဳးရလြယ္ကူသေလာက္ အလြန္ပဲ ပြားလြယ္တာေၾကာင့္ ျခံက်ယ္က်ယ္မ႐ွိပါက အဝက်ယ္တဲ့ အိုးထဲမွာ ထည့္စိုက္ဖို႔လိုပါတယ္။

ပူစီနံပင္စိုက္ဖို႔ မ်ိဳးပင္ သပ္သပ္ဝယ္ဖို႔မလိုဘဲ စားဖို႔ဝယ္လာတဲ့ အပင္ထဲက အ႐ိုးရင့္တာေလးေတြကို စိုက္လို႔ရပါတယ္။

အိုးထဲကို ေရစီးဆင္းဖို႔လြယ္တဲ့ ေျမဆီလႊာအပြကိုထည့္ၿပီး အခက္အလက္ေလးေတြကို ေလးဆစ္ေလာက္ျမႇဳပ္ေအာင္ထည့္ၿပီး အေပၚကေန ေျမေဆြးထပ္ထည့္ေပး႐ုံပါပဲ။ ေရကိုလည္း အိုးေအာက္ေျခထိ စိုတယ္ဆို႐ုံေလးေလာင္းေပးဖို႔လိုပါတယ္။

ပင္စိမ္းပင္

ငါးေလးအိုးကပ္ကို င႐ုတ္သီးစပ္စပ္နဲ႔ ပင္စိမ္း႐ြက္ေလးအုပ္ၿပီး ခ်က္စားၾကပါတယ္။ ထမင္းစားၿမိန္ေစတဲ့ ဟင္းတစ္ခြက္လည္း ျဖစ္ပါတယ္။ အဲ့ဒီပင္စိမ္း႐ြက္ေလးေတြကလည္း ျခင္ေတြကို ေျပးေစႏိုင္တဲ့အနံ႔ေလးေတြ႐ွိတာမို႔ ျခင္ေျပးပင္ေလးပဲျဖစ္ပါတယ္။

ပင္စိမ္းပင္စိုက္ပ်ိဳးနည္း

ေဈးထဲက ဝယ္လာတဲ့ ပင္စိမ္းပင္ေလးရဲ႕ ေအာက္ေျခကို ျဖတ္ၿပီး ေျမဆီလႊာထည့္ထားတဲ့ အိုးေလးနဲ႔ စိုက္ပ်ိဳးပါ( ေျမၾသဇာအမ်ားႀကီးထည့္ဖို႔မလိုပါ)၊ အိုးေလးထဲက ေျမဆီလႊာေတြေျခာက္တဲ့အခါ ေရေလာင္းေပးဖို႔လိုအပ္ၿပီး တစ္ေန႔ကို ၆ နာရီေလာင္ ေနေရာင္ျခည္ရတဲ့ေနရာမွာထားေပးဖို႔လိုအပ္ပါတယ္။

ၾကက္သြန္ျဖဴ

အိမ္တိုင္းရဲ႕ မီးဖိုခန္းမွာ ႐ွိၿပီး ဟင္းပြဲတိုင္းမွာ မပါမျဖစ္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ပဲျဖစ္ပါတယ္။ ၾကက္သြန္ျဖဴစားျခင္းေၾကာင္း က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ အံ့မခမ္းျဖစ္ၿပီး ၎အပင္ကို စိုက္ပ်ိဳးထားျခင္းျဖင့္လည္း ျခင္ေတြကို အလြယ္တကူ ႏွိမ္ႏွင္းႏိုင္မွာျဖစ္ပါတယ္။

ၾကက္သြန္ျဖဴစိုက္ပ်ိဳးနည္းမ်ား

ေျမႀကီးအက်ယ္မ႐ွိသူေတြက အိုးနဲ႔ ေျမႀကီးအက်ယ္႐ွိသူေတြကေတာ့ ေဘာင္ေလးလုပ္ၿပီး စိုက္ပ်ိဳးႏိုင္ပါတယ္။ အိုးထဲကို ေျမေဆြးထည့္ၿပီး ၾကက္သြန္ျဖဴကို အမႊာေလးေတြခြဲၿပီး ေျမေဆြးထဲ ထိုးစိုက္ထား႐ုံပါပဲ။ အေညႇာင့္ထြက္မယ့္အပိုင္းကို အေပၚမွာထားၿပီး စိုက္ပ်ိဳးဖို႔ သတိျပဳမိပါေစ။ ေရပုံမွန္ေလာင္းေပးဖို႔လည္း မေမ့ပါနဲ႔ေနာ္....

စပါးလင္

မုန္႔ဟင္းခါးခ်က္တဲ့အခါမွျဖစ္ျဖစ္၊ အသားဟင္းေတြခ်က္တဲ့အခါမွာပဲျဖစ္ျဖစ္ အေမႊးနံ႔သာအေနနဲ႔ ထည့္ခ်က္တဲ့ စပါးလင္ကို လူတိုင္းသိၾကပါတယ္။

အိမ္မွာ စပါးလင္ပင္စိုက္ပ်ိဳးထား႐ုံနဲ႔ ျခင္ေဆးေခြထြန္းစရာမလို၊ ျခင္းေဆးဖ်န္းစရာမလိုဘဲ ျခင္ေတြကို အလြယ္တကူ ႏွိမ္ႏွင္းႏိုင္မွာျဖစ္ပါတယ္။

 

စပါးလင္စိုက္ပ်ိဳးနည္း

လြယ္ပါတယ္။ ေဈးထဲက ဝယ္လာတဲ့ စပါးလင္ပင္ရဲ႕ အရင္းပိုင္း(၂ လက္မေလာက္)ကို ေရဖန္ခြက္ထဲထည့္စိမ္ပါ။ ၇ ရက္ၾကာၿပီးေနာက္ စပါးလင္ပင္မွ အျမစ္ေလးေတြထြက္လာပါလိမ့္မယ္။ ထို႔ေနာက္ ေျမေဆြးထည့္ထားတဲ့အိုးထဲကို ၁ လက္မေလာက္ျမဳပ္ေအာင္ ထိုးစိုက္ၿပီး ေရေလာင္းေပးပါ။ ဒီနည္းနဲ႔ လြယ္ကူလ်င္ျမန္စြာ စပါးလင္ပင္စိုက္ပ်ိဳးႏိုင္ပါၿပီ။

ဒီျခင္ေျပးပင္(၅)မ်ိဳးဟာ အိမ္တိုင္းရဲ႕ မီးဖိုခန္းေတြမွာလည္း အသုံးတည့္ၿပီး အိမ္မွာမျဖစ္မေနစိုက္ပ်ိဳးထား႐ုံနဲ႔ ျခင္မ်ားေျပးေစႏိုင္တဲ့အျပင္ အိမ္ရဲ႕ မီးဖိုခန္းမွ ေငြယိုေပါက္ကိုလည္း အနည္းငယ္ေတာ့ ပိတ္စို႔ေပးေစႏိုင္မွာပဲျဖစ္ပါတယ္။ ဒါ့အျပင္ မိမိအိမ္မွာ အပင္စိမ္းစိမ္းေလးေတြ စိုက္ပ်ိဳးထားျခင္းကလည္း မိမိရဲ႕ စိတ္ကို လန္းဆန္းေစပါတယ္။

ဒါေၾကာင့္ စာဖတ္သူတို႔လည္း ေငြကုန္ေၾကးက်မမ်ားဘဲ အလြယ္တကူစိုက္ပ်ိဳးလို႔ရတဲ့ ျခင္ေျပးပင္ေလးေတြကို အခုပဲ စိုက္ပ်ိဳးၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service