တရုတ်ပြည် ရှန်ကျန်းမြို့တွင် ကမ္ဘာ့အကြီးမားဆုံး EV အားသွင်းစခန်းကြီးဖွင့်လှစ်
တရုတ်ပြည် ရှန်ကျန်းမြို့တွင် ကမ္ဘာ့အကြီးမားဆုံး EV အားသွင်းစခန်းကြီးဖွင့်လှစ် - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2023 11:27 am တွင် တင်ခဲ့သည်
921 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
တရုတ်ထိပ်သီး စွမ်းအင်နှင့် ရေနံဓာတုကုမ္ပဏီကြီးဖြစ်သော Shell Global သည် တရုတ် လျှပ်စစ်ကား (EV) ကုမ္ပဏီ BYD နှင့် ပူးပေါင်းကာ ကမ္ဘာ့အကြီးမားဆုံး EV အားသွင်းစခန်းကြီးကို တရုတ်ပြည်တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
တရုတ်ပြည် ရှန်ကျန်းမြို့ (Shenzhen) တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အမြန်အားသွင်းစနစ်ဖြင့် EV ပေါင်း ၂၅၈ စင်း တပြိုင်တည်း အားသွင်းနိုင်မည် ဖြစ်သည်။
စမ်းသပ်ကာလအတွင်း EV ပေါင်းများစွာ အားသွင်းခဲ့ကြသည်။
ရှန်ကျန်းလေဆိပ်အနီးတွင် တည်ရှိပြီး အားသွင်းစခန်းကို Shell Recharge ဟု အမည်ပေးထားသော်လည်း BYD နှင့် ပူးပေါင်းဆောင်ရွက်ထားခြင်း ဖြစ်ကာ Shell နှင့် BYD တို့ ပူးတွဲပါဝင်သော ဖက်စပ်ကုမ္ပဏီမှ ကိုင်တွယ်လည်ပတ်သည်။
ယင်းကုမ္ပဏီ ၂ ခုသည် ပြီးခဲ့သောနှစ်မှ စတင်ပြီး ကမ္ဘာလုံးဆိုင်ရာ EV ကား အားသွင်းလုပ်ငန်းနယ်ပယ်အတွင်း ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
စမ်းသပ်ကာလအတွင်းက ရှန်ကျန်းမြို့ရှိ ဤအားသွင်းစခန်းတွင် နေ့စဉ် EV အစင်းရေ ၃၃၀၀ ကျော် အားသွင်းခဲ့ကြသည်။
အားသွင်းစခန်းဝန်းကြီးအတွင်း အမြန်အားသွင်းစက်များအပြင် ဈေးဆိုင်များ၊ ကော်ဖီဆိုင်၊ အကြွေစေ့ ထည့်လိုက်လျှင် စားသောက်စရာ ထုတ်ပေးသည့်စက်များနှင့် ယာဉ်မောင်းတို့ နားနေရန်နေရာတို့ ပါဝင်သည်။
အမိုးပေါ်တွင် ဆိုလာပြား များစွာ တပ်ဆင်ထားပြီး အဆိုပါ ဆိုလာပြားများမှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တစ်နှစ်လျှင် ကီလိုဝပ်နာရီ ၃၀၀၀၀၀ ခန့် ထုတ်လုပ်ပေးနိုင်သည်ဟု ဆိုသည်။
အဆိုပါ ဓာတ်အားများကိုလည်း EV များ အားသွင်းရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း Shell ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တပ်ဆင်ထားသော အားသွင်းစက်များနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိချေ။
“ဒီအားသွင်းစခန်းသစ်ကြီး ဆောက်လုပ်တာဟာ တရုတ်ပြည်က ကျွန်တော်တို့ရဲ့ ဖောက်သည်တွေရဲ့ ပေါ်ပေါက်လာနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ကတိကဝတ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။” ဟု Shell မှ ကမ္ဘာလုံးဆိုင်ရာ အမှုဆောင် ဒုတိယဥက္ကဌဖြစ်သူ Istvan Kapitany က ပြောသည်။
“EV မောင်းသူတွေဟာ လျင်မြန်ပြီး သက်တောင့်သက်သာရှိတဲ့ အားသွင်းနေရာတွေ ရှာဖွေနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တရုတ်ပြည်ဟာ ကြီးထွားနေတဲ့ အရေးအကြီးဆုံးဈေးကွက်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တရုတ်ပြည်က Customer တွေကို အနာဂတ်မှာလည်း စိတ်ကျေနပ်ဖွယ်ရာ အတွေ့အကြုံတွေ ဆောင်ကြဉ်းပေးသွားဖို့ မျှော်မှန်းထားပါတယ်”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Shell and BYD open world’s largest fast charging park in Shenzhen (electrive)
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service