လျှပ်စစ်ကားနယ်ပယ်ကို ကိုင်လှုပ်လိုက်သော ကမ္ဘာ့အကြီးမားဆုံး Lithium သိုက်ကြီးတစ်ခု အမေရိကန်တွင် ရှာဖွေတွေ့ရှိ

လျှပ်စစ်ကားနယ်ပယ်ကို ကိုင်လှုပ်လိုက်သော ကမ္ဘာ့အကြီးမားဆုံး Lithium သိုက်ကြီးတစ်ခု အမေရိကန်တွင် ရှာဖွေတွေ့ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
19 Sep 2023 11:52 am တွင် တင်ခဲ့သည်
1533 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်နှင့် အော်ရီဂွန်ပြည်နယ် နယ်စပ်တစ်လျှောက်တွင် ကမ္ဘာ့အကြီးမားဆုံးထဲတွင် ပါဝင်သော လီသီယမ် (Lithium) သိုက်ကြီးတစ်ခု မကြာသေးမီက ရှာဖွေတွေ့ရှိမှုမှာ လျှပ်စစ်ကား (EV) နယ်ပယ်အတွက် ကြီးမားသော ဂယက်ကြီးတစ်ခု ဖြစ်စေခဲ့သည်။

Lithium Americas Corporation, GNS Science နှင့် အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှ မီးတောင်ပညာရှင်များ နှင့် ဘူမိဗေဒပညာရှင်များက ၎င်းတို့၏ တွေ့ရှိချက်ကို ရေးသားတင်ပြထားသည့် စာတမ်းတစ်စောင်ကို သြဂုတ်လ ၃၁ ရက်ထုတ် Science Advances ဂျာနယ်တွင် ဖော်ပြခဲ့သည်။

 

(Albemarle Corp. ၏ Silver Peak လီသီယမ် စက်ရုံဘေးမှ ထရပ်ကားတစ်စင်းဖြတ်သန်းသွားပုံကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်က ရိုက်ကူးထားခြင်း ဖြစ်သည်။ ဓာတ်ပုံ-AP)

 

ယခုရှာဖွေတွေ့ရှိသော လီသီယမ်သိုက်ကြီးမှာ McDermitt အမည်ရှိ မီးတောင်ဝချိုင့်ကြီးတစ်ခုအတွင်း တည်ရှိခြင်းဖြစ်ကာ အဆိုပါချိုင့်ကြီး၏ အလျားမှာ ၂၈ မိုင် ရှည်လျားပြီး အနံမှာ ၂၂ မိုင်ရှိသည်။

အော်ရီဂွန်ပြည်နယ် အရှေ့တောင်ပိုင်း McDermitt မြို့၏ အနောက်ဘက်မှ နီဗားဒါးပြည်နယ် မြောက်ပိုင်းအထိ ဖြန့်ကျက်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၆၈၁၆ တွင် တည်ရှိသည်။

ဤမီးတောင်ဝချိုင့်ကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၉ သန်းက မီးတောင်ပေါက်ကွဲကာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုမီးတောင်ချိုင့်ကြီးတွင် လီသီယမ် မက်ထရစ်တန်ချိန် သန်း ၂၀ မှ သန်း ၄၀ ကြားရှိသည်ဟု ခန့်မှန်းထားရာ ချီလီနှင့် သြစတေးလျတို့၏ လီသီယမ်သိုက်များထက် များပြားသည့် ပမာဏလည်း ဖြစ်သည်။

ဘယ်လ်ဂျီယမ် ဘူမိဗေဒပညာရှင် Anouk Borst က Chemistry World သိပ္ပံသတင်းဌာနသို့ ပြောသည်မှာ လီသီယမ်၏ ကမ္ဘာ့အခင်းအကျင်းတစ်ခုလုံးကို ပြောင်းလဲစေနိုင်ပြီး ဈေးနှုန်း၊ ထောက်ပံ့မှုလုံခြုံရေးတို့အပြင် ပထဝီနိုင်ငံရေးတို့ကိုပါ ပြောင်းလဲစေနိုင်ကြောင်း ပြောကြားသည်။

ဘူမိဗေဒမဟာဗျူဟာပညာရှင် Peter Zeihan က Fox Business သတင်းဌာနသို့ ပြောသည်မှာ ယခုတွေ့ရှိချက်ကြောင့် မိမိတို့၏ ကာလလတ် စီမံကိန်းများကို မပြောင်းလဲသင့်ကြောင်း၊ သန့်စင်ထုတ်လုပ်မှု အခြေခံအဆောက်အအုံများကို ပထမဦးစားပေးအနေဖြင့် အကောင်အထည်ဖော်သင့်ကြောင်း ပြောသည်။

“သတ္တရိုင်းတွေကို ဘယ်နေရာက တွေ့တယ်ဆိုတာထက် လီသီယမ်သတ္တုရိုင်းကို လီသီယမ် သတ္တုအဖြစ် သန့်စင်ပြီး ဘက်ထရီအဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်ရကြမှာ ဖြစ်ပါတယ်”

လီသီယမ်ရှားပါးပြတ်လပ်မှု ပေါ်ပေါက်ဖွယ်ရှိသော အလားအလာ၏ ခြိမ်းခြောက်မှု ခံရသော ကားထုတ်လုပ်သူတို့သည် EV ဘက်ထရီများအတွက် လီသီယမ်ရရှိရေး အလုအယက်ကြိုးပမ်းနေကြချိန်တွင် ယခုတွေ့ရှိမှုစာတမ်း ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

လီသီယမ် ပြတ်လပ်ပါက တစ်နှစ်လျှင် EV သန်း ဆယ်နှင့်ချီ၍ အရောင်းမြှင့်တင်ရန် စီစဉ်ထားမှုများကို ပျက်ပြားစေနိုင်သည်။

လီသီယမ် ရရှိရေး အလုအယက်ကြိုးပမ်းမှုများကြောင့် နိုင်ငံရေး ပဋိပက္ခများ ဖြစ်လာကြပြီး လီသီယမ် ထုတ်ယူသောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ထောက်ပြကြသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာတွင် လာမည့် ဆယ်စုနှစ်အတွင်း လီသီယမ် ထုတ်လုပ်မှုမှာ ၃ ဆမြင့်တက်မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။

သို့သော် လျှပ်စစ် SUV များ ၊ ပြိုင်ကားများနှင့် Sedan များ၏ ဝယ်လိုအားမှာ ရောင်းလိုအားထက် ပိုမိုများပြားနေသည်။

လီသီယမ် ဘက်ထရီတစ်လုံးအတွက် လီသီယမ် ၁၇ ပေါင်နှင့် ကိုဗော့ ၊ နီကယ်နှင့် အခြားသတ္တုများ လိုအပ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lithium deposit found in US may be among world’s largest, study finds (foxbusiness)

 

 

 

 

[Zawgyi]

 

လွ်ပ္စစ္ကားနယ္ပယ္ကို ကိုင္လႈပ္လိုက္ေသာ ကမၻာ့အၾကီးမားဆံုး Lithium သိုက္ၾကီးတစ္ခု အေမရိကန္တြင္ ရွာေဖြေတြ႔ရွိ

 

အေမရိကန္ျပည္ေထာင္စု၊ နီဗားဒါးျပည္နယ္ႏွင့္ ေအာ္ရီဂြန္ျပည္နယ္ နယ္စပ္တစ္ေလွ်ာက္တြင္ ကမၻာ့အၾကီးမားဆံုးထဲတြင္ ပါဝင္ေသာ လီသီယမ္ (Lithium) သိုက္ၾကီးတစ္ခု မၾကာေသးမီက ရွာေဖြေတြ႔ရွိမႈမွာ လွ်ပ္စစ္ကား (EV) နယ္ပယ္အတြက္ ၾကီးမားေသာ ဂယက္ၾကီးတစ္ခု ျဖစ္ေစခဲ့သည္။

Lithium Americas Corporation, GNS Science ႏွင့္ ေအာ္ရီဂြန္ျပည္နယ္တကၠသိုလ္မွ မီးေတာင္ပညာရွင္မ်ား ႏွင့္ ဘူမိေဗဒပညာရွင္မ်ားက ၎တုိ႔၏ ေတြ႔ရွိခ်က္ကို ေရးသားတင္ျပထားသည့္ စာတမ္းတစ္ေစာင္ကို ၾသဂုတ္လ ၃၁ ရက္ထုတ္ Science Advances ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည္။

(Albemarle Corp. ၏ Silver Peak လီသီယမ္ စက္ရံုေဘးမွ ထရပ္ကားတစ္စင္းျဖတ္သန္းသြားပံုကို ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္က ရိုက္ကူးထားျခင္း ျဖစ္သည္။ ဓာတ္ပံု-AP)

ယခုရွာေဖြေတြ႔ရွိေသာ လီသီယမ္သိုက္ၾကီးမွာ McDermitt အမည္ရွိ မ္ီးေတာင္ဝခ်ဳိင့္္ၾကီးတစ္ခုအတြင္း တည္ရွိျခင္းျဖစ္ကာ အဆိုပါခ်ဳိင့္ၾကီး၏ အလ်ားမွာ ၂၈ မိုင္ ရွည္လ်ားျပီး အနံမွာ ၂၂ မိုင္ရွိသည္။

ေအာ္ရီဂြန္ျပည္နယ္ အေရွ႕ေတာင္ပိုင္း McDermitt ျမိဳ႕၏ အေနာက္ဘက္မွ နီဗားဒါးျပည္နယ္ ေျမာက္ပိုင္းအထိ ျဖန္႔က်က္တည္ရွိျပီး ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၆၈၁၆ တြင္ တည္ရွိသည္။

ဤမီးေတာင္ဝခ်ဳိင့္ၾကီးမွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၉ သန္းက မီးေတာင္ေပါက္ကြဲကာ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ယခုမီးေတာင္ခ်ဳိင့္ၾကီးတြင္ လီသီယမ္ မက္ထရစ္တန္ခ်ိန္ သန္း ၂၀ မွ သန္း ၄၀ ၾကားရွိသည္ဟု ခန္႔မွန္းထားရာ ခ်ီလီႏွင့္ ၾသစေတးလ်တို႔၏ လီသီယမ္သိုက္မ်ားထက္ မ်ားျပားသည့္ ပမာဏလည္း ျဖစ္သည္။

ဘယ္လ္ဂ်ီယမ္ ဘူမိေဗဒပညာရွင္ Anouk Borst က Chemistry World သိပၸံသတင္းဌာနသို႔ ေျပာသည္မွာ လီသီယမ္၏ ကမၻာ့အခင္းအက်င္းတစ္ခုလံုးကို ေျပာင္းလဲေစႏိုင္ျပီး ေစ်းႏႈန္း၊ ေထာက္ပံ့မႈလံုျခံဳေရးတို႔အျပင္ ပထဝီႏိုင္ငံေရးတို႔ကိုပါ ေျပာင္းလဲေစႏိုင္ေၾကာင္း ေျပာၾကားသည္။

ဘူမိေဗဒမဟာဗ်ဴဟာပညာရွင္ Peter Zeihan က Fox Business သတင္းဌာနသို႔ ေျပာသည္မွာ ယခုေတြ႔ရွိခ်က္ေၾကာင့္ မိမိတို႔၏ ကာလလတ္ စီမံကိန္းမ်ားကို မေျပာင္းလဲသင့္ေၾကာင္း၊ သန္႔စင္ထုတ္လုပ္မႈ အေျခခံအေဆာက္အအံုမ်ားကို ပထမဦးစားေပးအေနျဖင့္ အေကာင္အထည္ေဖာ္သင့္ေၾကာင္း ေျပာသည္။

“သတၱရိုင္းေတြကို ဘယ္ေနရာက ေတြ႔တယ္ဆိုတာထက္ လီသီယမ္သတၱဳရိုင္းကို လီသီယမ္ သတၱဳအျဖစ္ သန္႔စင္ျပီး ဘက္ထရီအျဖစ္ ေျပာင္းလဲဖို႔ လုပ္ေဆာင္ရၾကမွာ ျဖစ္ပါတယ္”

လီသီယမ္ရွားပါးျပတ္လပ္မႈ ေပၚေပါက္ဖြယ္ရွိေသာ အလားအလာ၏ ျခိမ္းေျခာက္မႈ ခံရေသာ ကားထုတ္လုပ္သူတို႔သည္ EV ဘက္ထရီမ်ားအတြက္ လီသီယမ္ရရွိေရး အလုအယက္ၾကိဳးပမ္းေနၾကခ်ိန္တြင္ ယခုေတြ႔ရွိမႈစာတမ္း ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

လီသီယမ္ ျပတ္လပ္ပါက တစ္ႏွစ္လွ်င္ EV သန္း ဆယ္ႏွင့္ခ်ီ၍ အေရာင္းျမွင့္တင္ရန္ စီစဥ္ထားမႈမ်ားကို ပ်က္ျပားေစႏိုင္သည္။

လီသီယမ္ ရရွိေရး အလုအယက္ၾကိဳးပမ္းမႈမ်ားေၾကာင့္ ႏိုင္ငံေရး ပဋိပကၡမ်ား ျဖစ္လာၾကျပီး လီသီယမ္ ထုတ္ယူေသာေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈမ်ားကို ေထာက္ျပၾကသည္။

တကမၻာလံုးအတုိင္းအတာတြင္ လာမည့္ ဆယ္စုႏွစ္အတြင္း လီသီယမ္ ထုတ္လုပ္မႈမွာ ၃ ဆျမင့္တက္မည့္ လမ္းေၾကာင္းေပၚတြင္ ရွိေနသည္။

သို႔ေသာ္ လွ်ပ္စစ္ SUV မ်ား ၊ ျပဳိင္ကားမ်ားႏွင့္ Sedan မ်ား၏ ဝယ္လိုအားမွာ ေရာင္းလိုအားထက္ ပိုမိုမ်ားျပားေနသည္။

လီသီယမ္ ဘက္ထရီတစ္လံုးအတြက္ လီသီယမ္ ၁၇ ေပါင္ႏွင့္ ကိုေဗာ့ ၊ နီကယ္ႏွင့္ အျခားသတၱဳမ်ား လိုအပ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lithium deposit found in US may be among world’s largest, study finds (foxbusiness)

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service