ဒူဘိုင်းသို့ တင်ပို့ရန် စီစဉ်ထားသော ခိုးယူခံခဲ့ရသည့် Ferrari နှင့် Range Rover ကားများ ပိုင်ရှင်ဖြစ်သော ပရီးမီးယားလိဂ် ကြယ်ပွင့်များထံ ပြန်လည်ရောက်ရှိ

ဒူဘိုင်းသို့ တင်ပို့ရန် စီစဉ်ထားသော ခိုးယူခံခဲ့ရသည့် Ferrari နှင့် Range Rover ကားများ ပိုင်ရှင်ဖြစ်သော ပရီးမီးယားလိဂ် ကြယ်ပွင့်များထံ ပြန်လည်ရောက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2023 11:19 am တွင် တင်ခဲ့သည်
411 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အင်္ဂလန်တွင် ခိုးယူခံခဲ့ရသည့် Ferrari တစ်စီးနှင့် Range Rover ကားများကို ဒူဘိုင်းသို့ သင်္ဘောတင်ရန် စီစဉ်ထားရာ ယခုအခါ ပိုင်ရှင်ဖြစ်သော ပရီးမီးယားလိဂ် ဘောလုံးကြယ်ပွင့်များထံ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

အက်ဆက်ခရိုင်ရဲတပ်ဖွဲ့ လက်အောက်ခံ ‘ခိုးယူခံရသော ယာဉ်များ ထောက်လှမ်းရေးဌာန’ (SVIU) ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း ပေါင် ၁၆ သန်း (ကန်ဒေါ်လာ သန်း ၂၀) ကျော် တန်ဖိုးရှိသော ယာဉ်များနှင့် အစိတ်အပိုင်းများ ပြန်လည်သိမ်းဆည်း ရရှိကြောင်း ထုတ်ပြန်သည်။

အဆိုပါ သိမ်းဆည်းရရှိမှုများတွင် ထိပ်သီးဘောလုံးကြယ်ပွင့်တို့၏ တန်ဖိုးကြီးကား ၂ စင်း ပါဝင်နေသည်။

အဆိုပါကားများမှာ အက်ဆက်ခရိုင်တွင် ခိုးယူခံရခြင်း မဟုတ်။

 

 

 

သို့သော် အက်ဆက်ခရိုင် ၊ Thurrock အရပ်ရှိ London Gateway ဆိပ်ကမ်းရှိ သင်္ဘောကွန်တိန်နာထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့ရန် စီစဉ်ထားသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါကားများ၏ ပိုင်ရှင် ဘောလုံးကြယ်ပွင့် မည်သူတို့ ဖြစ်သည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

သို့သော် ထင်ရှားကျော်ကြားသော နိုင်ငံတကာအဆင့်ဝင် ကစားသမားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 

 

 

(အက်ဆက်ရဲတပ်ဖွဲ့က တွစ်တာတွင် အဆိုပါကား ၂ စီးအကြောင်း ရေးသားခဲ့ပုံ။)

 

မော်တော်ကား ပြန်လည်ရရှိသွားသော ဘောလုံးကြယ်ပွင့်တစ်ဦးက တုံ့ပြန်ခဲ့ပုံကို SVIU မှ Phile Pentelow က ပြောပြသည်မှာ .....

“သူတကယ်ကို ကျေးဇူးတင်နေပါတယ်။သူ့ကားဟာ သူ့အတွက် အချစ်ရဆုံးပါပဲ။ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုအပေါ် သူအတော်လေး အထင်ကြီးနေပါတယ်။သူက ကျွန်တော် အားပေးတဲ့ အသင်းရဲ့ အကြီးမားဆုံး ပြိုင်ဘက်အသင်းဆီမှာ ကစားနေတာ ဆိုပေမယ့် သူက လူကောင်းတစ်ယောက်ဖြစ်ပြီး နှိမ့်ချတတ်သူ တစ်ယောက်ပါ။သူ့ကို ကူညီခွင့်ရတာ ကောင်းပါတယ်”ဟု ပြောသည်။

 

 

SVIU က ပြောသည်မှာ ကားသူခိုးတို့သည် ခိုးရမည့်ကားများ ရှာဖွေပြီး လျှင်မြန်စွာ လှုပ်ရှားကြကြောင်း ၊ ယင်းနောက်တွင် ကားတစ်စီးလုံး (သို့မဟုတ်) တစစီဖြုတ်ကာ ဈေးကွက်ပေါက်ဈေးအောက် အလွန်နည်းပါးသော ဈေးနှုန်းဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့သို့ ရောင်းချလေ့ရှိကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Stolen Ferrari & Range Rover being shipped to Dubai returned to Premier League superstars with over 100 international caps between them (goal)

 

 

 

[Zawgyi]

 

ဒူဘိုင္းသို႔ တင္ပို႔ရန္ စီစဥ္ထားေသာ ခိုးယူခံခဲ့ရသည့္ Ferrari ႏွင့္ Range Rover ကားမ်ား ပိုင္ရွင္ျဖစ္ေသာ ပရီးမီးယားလိဂ္ ၾကယ္ပြင့္မ်ားထံ ျပန္လည္ေရာက္ရွိ

 

အဂၤလန္တြင္ ခိုးယူခံခဲ့ရသည့္ Ferrari တစ္စီးႏွင့္ Range Rover ကားမ်ားကို ဒူဘိုင္းသို႔ သေဘၤာတင္ရန္ စီစဥ္ထားရာ ယခုအခါ ပိုင္ရွင္ျဖစ္ေသာ ပရီးမီးယားလိဂ္ ေဘာလံုးၾကယ္ပြင့္မ်ားထံ ျပန္လည္ေရာက္ရွိသြားျပီ ျဖစ္သည္။

အက္ဆက္ခရိုင္ရဲတပ္ဖြဲ႔ လက္ေအာက္ခံ ‘ခိုးယူခံရေသာ ယာဥ္မ်ား ေထာက္လွမ္းေရးဌာန’ (SVIU) ၏ ထုတ္ျပန္ခ်က္အရ ၂၀၂၃ ခုႏွစ္အတြင္း ေပါင္ ၁၆ သန္း (ကန္ေဒၚလာ သန္း ၂၀) ေက်ာ္ တန္ဖုိးရွိေသာ ယာဥ္မ်ားႏွင့္ အစိတ္အပိုင္းမ်ား ျပန္လည္သိမ္းဆည္း ရရွိေၾကာင္း ထုတ္ျပန္သည္။

အဆုိပါ သိမ္းဆည္းရရွိမႈမ်ားတြင္ ထိပ္သီးေဘာလံုးၾကယ္ပြင့္တို႔၏ တန္ဖိုးၾကီးကား ၂ စင္း ပါဝင္ေနသည္။

အဆိုပါကားမ်ားမွာ အက္ဆက္ခရိုင္တြင္ ခုိးယူခံရျခင္း မဟုတ္။

သို႔ေသာ္ အက္ဆက္ခရိုင္ ၊ Thurrock အရပ္ရွိ London Gateway ဆိပ္ကမ္းရွိ သေဘၤာကြန္တိန္နာထဲတြင္ ေတြ႔ရွိခဲ့ျခင္းျဖစ္ျပီး အေရွ႕အလယ္ပိုင္းေဒသသို႔ တင္ပို႔ရန္ စီစဥ္ထားသည္ကို ေတြ႔ရွိခဲ့သည္။

အဆိုပါကားမ်ား၏ ပိုင္ရွင္ ေဘာလံုးၾကယ္ပြင့္ မည္သူတို႔ ျဖစ္သည္ကို ရဲတပ္ဖြဲ႔က ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေခ်။

သို႔ေသာ္ ထင္ရွားေက်ာ္ၾကားေသာ ႏိုင္ငံတကာအဆင့္ဝင္ ကစားသမားမ်ားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က ေျပာသည္။

(အက္ဆက္ရဲတပ္ဖြဲ႔က တြစ္တာတြင္ အဆိုပါကား ၂ စီးအေၾကာင္း ေရးသားခဲ့ပံု။)

ေမာ္ေတာ္ကား ျပန္လည္ရရွိသြားေသာ ေဘာလံုးၾကယ္ပြင့္တစ္ဦးက တံု႔ျပန္ခဲ့ပံုကို SVIU မွ Phile Pentelow က ေျပာျပသည္မွာ “သူတကယ္ကို ေက်းဇူးတင္ေနပါတယ္။

သူ႔ကားဟာ သူ႔အတြက္ အခ်စ္ရဆံုးပါပဲ။

ရဲတပ္ဖြဲ႔ရဲ႕ ေဆာင္ရြက္မႈအေပၚ သူအေတာ္ေလး အထင္ၾကီးေနပါတယ္။ သူက ကၽြန္ေတာ္ အားေပးတဲ့ အသင္းရဲ႕ အၾကီးမားဆံုး ျပိဳင္ဘက္အသင္းဆီမွာ ကစားေနတာ ဆိုေပမယ့္ သူက လူေကာင္းတစ္ေယာက္ျဖစ္ျပီး ႏွိမ့္ခ်တတ္သူ တစ္ေယာက္ပါ။

သူ႔ကို ကူညီခြင့္ရတာ ေကာင္းပါတယ္”ဟု ေျပာသည္။

SVIU က ေျပာသည္မွာ ကားသူခုိးတို႔သည္ ခိုးရမည့္ကားမ်ား ရွာေဖြျပီး လွ်င္ျမန္စြာ လႈပ္ရွားၾကေၾကာင္း ၊ ယင္းေနာက္တြင္ ကားတစ္စီးလံုး (သို႔မဟုတ္) တစစီျဖဳတ္ကာ ေစ်းကြက္ေပါက္ေစ်းေအာက္ အလြန္နည္းပါးေသာ ေစ်းႏႈန္းျဖင့္ အေရွ႕အလယ္ပိုင္းႏွင့္ အာဖရိကတုိ႔သို႔ ေရာင္းခ်ေလ့ရွိေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Stolen Ferrari & Range Rover being shipped to Dubai returned to Premier League superstars with over 100 international caps between them (goal)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service