အိုးပိုင်အိမ်ပိုင်

အိုးပိုင်အိမ်ပိုင် - Property Knowledge in Myanmar from iMyanmarHouse.com
9 Aug 2023 3:38 pm တွင် တင်ခဲ့သည်
605 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ပြုခဲ့သည့် ကံတရားများကလွဲလျှင် ပိုင်ဆိုင်ရာ ဘယ်အရာကိုမှ သံသရာထိယူသွားလို့ မရဘူးဆိုသည်ကို တရားသဘောအရ သိသည်။ ဒါကသေပြီးမှ ဖြစ်သည့်ကိစ္စ။ ဘဝကဖြစ်လာပြီးပြီဖြစ်၍ နေဖို့ရာကလိုသည်။

မသေခင် ရှင်သန်နေရစဉ် အချိန်အတွင်းမှာတော့ နေဖို့ရာအတွက် အိုးပိုင်အိမ်ပိုင်ရှိကြရမည်။ ပိုင်ဆိုင်မှုတို့ ရှိထားပါမှ အခြားသောကိစ္စတို့ကို စဉ်းစားရသည်က ပို၍အဆင်ပြေလိမ့်မည်ဟုထင်ပါသည်။ ထို့ကြောင့် ကိုယ်ပိုင်နေစရာလေး ပိုင်ဆိုင်နိုင်ဖို့ စိတ်မှာအမြဲပဲ တောင့်တနေမိသည်။

သို့သော် မိမိပိုင်ဆိုင်လိုသည်တို့ကလည်း တရားသော ပိုင်ဆိုင်ခြင်းမျိုးဖြင့်သာ ပိုင်ဆိုင်လိုခြင်းသာဖြစ်ပါသည်။

ဘဝမှာ ကိုယ့်အိုး ကိုယ့်အိမ်နှင့် မနေနိုင်သေးသမျှ ရှင်သန်နေရသည်က အဓိပ္ပါယ်မရှိလှဟုထင်သည်။ တကယ်လည်း အဓိပ္ပါယ်မရှိသည်ကို တွေ့နေရသည်။ ပူပင်သောကတွေနှင့် နေနေရသည်။

ခြောက်လစာ၊ တစ်နှစ်စာ စာချုပ်ပြီးထားလျှင် အပူတွေလျော့သလိုလို ဖြစ်သွားတတ်သော်လည်း စာချုပ်သက်တမ်း ကုန်ဆုံးရက်နီးနီးလာတိုင်း နေစရာအတွက် ရင်မှာ ဆင့်ကဲဆင့်ကဲ ပူပူလာပြန်သည်။

ငှားခပေးဖို့ တတ်လည်း တတ်နိုင်သည်။ လုပ်ကိုင်စားသောက်ဖို့ သင့်တော်နေသည့် နေရာလေး ဖြစ်နေသည်ဆိုဦးတော့ ပိုင်ရှင်က ဆက်လက်ငှားရမ်းခြင်း မပြုလျှင်လည်း ပူရပြန်ပါသည်။

အိမ်ငှားနေရသည့်ဘဝတွေက မရေရာရှိလှသည်။ အချိန်တန်လျှင် ပိုင်ရှင်ကို ပြန်အပ်ရမည်။ ဆက်နေလိုလျှင် ငှားရမ်းခပေးနိုင်ဖို့ကြိုးစားရသည်။ ဒီအိမ်အပေါ်တွင် နေထိုင်နေစဉ်ကာလအတွင်း မပျက်စီးအောင် ဂရုစိုက်နေထိုင်ကြရသည်။ ကိုယ့်အိမ်ပမာ ပြင်ဆင်မွမ်းမံမှုတွေ ဘာမှမလုပ်နိုင်။ ရှိသည့်အတိုင်းသာ မပျက်အောင်နေကြရသည်။

ငှားနေရသောအိမ်ကို ကိုယ့်အိမ်ပမာထင်မှတ်မေ့လျော့ပြီး ပရိဘောဂ အဆောင်အယောင်တွေကို စုဆောင်းထားမိလိုက်ပါလျှင် တစ်ချိန်မှာ ဒုက္ခရောက်တော့သည်။ ပြောင်းရွှေ့ဖို့ဖြစ်လာခဲ့လျှင် ထိုအရာတို့သည် မိမိအတွက် ဝန်ထုပ်ဝန်ပိုးတို့ ဖြစ်လာပါတော့သည်။

အိမ်ရှင်က သဘောကောင်းသည်ဆိုဦးတော့ ကိုယ့်ကို အပိုင်ပေးထားသည့် အိမ်မဟုတ်ဘူးဆိုသည်ကိုတော့ မိမိစိတ်မှာ သွင်းထားရသည်။ သူတို့လည်း ပိုက်ဆံလိုချင်၍ အိမ်ကို အငှားချထားခြင်းဖြစ်သည်။ ကာလအလျောက် ငှားရမ်းခတွေကို တိုးတောင်းလာပါလိမ့်မည်။ဆက်ပြီးနေလိုက တောင်းသည့်ဈေးကို ပေးနိုင်ဖို့ မိမိဘက်က အဆင်သင့်လုပ်ထားရသည်။

မဖြစ်လို့သာ အိမ်ငှားနေကြရသည်။ ငှားရမ်းနေထိုင်မှုသက်တမ်းကြလာသည့်အခါ ငှားရမ်းခတို့ကို တွက်ဆကြည့်လျှင် အိမ်တစ်လုံးဝယ်နိုင်လောက်သော ပမာဏနီးပါး ရှိလာခဲ့သည်ကို တွေ့ရသည်။ယခင်ကသာ နေစရာ အိမ်တစ်လုံးဖြစ်ဖြစ်၊ တိုက်ခန်းတစ်ခန်းပဲဖြစ်ဖြစ် ချေးငွေနဲ့ ဝယ်ယူနေထိုင်ပြီး လစဉ်ချေးငွေကိုဆပ်ခဲ့လျှင် ယခုလောက်ဆို လက်ဆုပ်လက်ကိုင် နေစရာတစ်ခုကတော့ ရှိနေလောက်ပြီ။

အခုတော့ ခေတ်အခြေအနေကြီးအရ သာမန်လူတစ်ယောက်အတွက် အစစတက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင်ပင့် စားသောက်ရေးကို အလျဉ်မီအောင်ဖြည့်နေရသည်။ ထို့ကြောင့် နေစရာအတွက်က ပိုပြီး အလှမ်းဝေးခဲ့လေပြီးလား။

ငှက်မှာလည်း အသိုက်ရှိရမည်၊ မြေခွေးမှာလည်း ကျင်းရှိရမည်။ လူတွေမှာလည်း မိသားစုလိုက် စိတ်ချနွေးထွေးစွာ နေထိုင်နိုင်ဖို့ ကိုယ့်အိုး ကိုယ့်အိမ်လေးတွေ ရှိဖို့လိုသည်။

လူတိုင်းအိမ်ပိုင်ဆိုင်နိုင်ကြပါစေ…။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အိုးပိုင်အိမ်ပိုင်

 



















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service