စီးပွားရှာတဲ့အခါမှာ
စီးပွားရှာတဲ့အခါမှာ - Property Knowledge in Myanmar from iMyanmarHouse.com
7 Aug 2023 2:16 pm တွင် တင်ခဲ့သည်
484 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ဒီနေ့ဖတ်ရတဲ့ လူမှုကွန်ရက်စာမျက်နှာက စာလေးတစ်ပုဒ်က သိပ်ကိုကောင်းလှပါတယ်။ သူက စီးပွားရှာတာနဲ့ပတ်သက်ပြီး ဘယ်လိုရှာသင့်တယ်ဆိုတာကို မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဖော်ပြထားတာကြောင့်လည်း ပိုပြီးသဘောကျမိတယ်။
လူတွေအနေနဲ့ ကိုယ့်ရဲ့ အကျိုးစီးပွားအတွက် စီးပွားရှာတဲ့အခါမှာ ဘယ်လိုစီးပွားရှာမလဲ ဆိုတာရယ်၊ ကိုယ်ရှာတဲ့စီးပွားရေးဟာ ဘယ်လောက်ထိ တရားသလဲဆိုတာရယ်ကို သိသွားနိုင်တာပေါ့။ မူရင်းရေးသားသူ စိုင်းမျိုးဝင်းကိုလည်း ကျေးဇူးတင်ပါတယ်။
လောကီစီးပွားများ ရှာတဲ့အခါမှာ -
- ဘယ်လောက် ရှာရမှာလဲ၊
- ဘယ်လောက်ဆို တင်းတိမ်သင့်ပြီလဲ၊
- ရသလောက်ရှာတာကို လောဘဇောတိုက်တယ် လို့ ခေါ်ပါသလား၊
- ချမ်းသာရင် ပြီးရောဆိုပြီး မတရားစီးပွား ရှာသင့်ပါသလား၊
- မိမိမှာ ပြည့်စုံပြီ ဆိုပြီး စီးပွားရှာတာကို ရပ်လိုက်သင့်ပါသလား၊
- စီးပွားရှာတဲ့အခါမှာ စိတ်ကို ဘယ်လို ခံယူထားရပါမလဲ ဆိုတဲ့
အယူအဆအမျိုးမျိုးရှိတာကို အမေးလေးနဲ့ ဖော်ပြထားပါတယ်။ ဆက်ပြီးတော့လည်း ဗုဒ္ဓနည်းကျ စီးပွားရှာနည်းလေးကိုလည်း အသိပေးထားပါတယ်။
စီပွားရှာတဲ့အခါမှာ ဗုဒ္ဓက -
စီးပွားရှာတဲ့အခါ အချက်(၄)ချက်နဲ့ ကိုက်ညီအောင် ရှာဖို့ ဟောကြား ဆုံးမခဲ့ပါတယ်။
၁။ ရှိသလောက်နှင့် မတင်းတိမ်ပါနှင့်။
၂။ တရားသဖြင့်နှင့် ရနိုင်သလောက်ရှာပါ။
၃။ မတရားသဖြင့်တော့ မရှာပါနှင့်။
၄။ ရှာရသလောက်နှင့် ရောင့်ရဲတင်းတိမ်ပါ။
ဘုရားရှင် ဟောကြား ဆုံးမခဲ့တဲ့ အဲဒီ(၄)ချက်နဲ့ ကိုက်ညီအောင် စီးပွားရှာကြပါ။ အပူအပင်ကင်းကင်းနဲ့ စီးပွားဥစ္စာတွေ ကြီးပွားတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။
- ဒါ့ကြောင့် ငယ်ရွယ်တဲ့အချိန်မှာ စီးပွားရေးကို သမာအာဇီဝကျကျနဲ့ ရသလောက် ကြိုးစားပြီး ရှာဖွေသင့်လှပါတယ်။
- စီးပွားပြည့်စုံတော့ ဒါန, သီလ, သမထ, ဝိပသနာတရားတွေကို စိတ်အေးချမ်းသာစွာ လုပ်ပြီး နိဗ္ဗာန်ခရီးအတွက် ပါရမီတွေ ဖြည့်လို့ ရနိုင်တာမို့ပါတဲ့ဗျာ…
ကောင်းသောစကား ဆင့်ပွားနိုင်ကြပါစေ…။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
စီးပြားရွာတဲ့အခါမွာ
- ဘယ်လောက် ရှာရမှာလဲ၊
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service