၂၄ ကာရက်ရွှေချထားသော Silver Spur II ရိုးရွိုက်စ်အပြင် ကား အစင်းရေ ၇၀၀၀ ခန့်ပိုင်ဆိုင်ထားသူ ဘရူနိုင်းဘုရင်

၂၄ ကာရက်ရွှေချထားသော Silver Spur II ရိုးရွိုက်စ်အပြင် ကား အစင်းရေ ၇၀၀၀ ခန့်ပိုင်ဆိုင်ထားသူ ဘရူနိုင်းဘုရင် - Property Knowledge in Myanmar from iMyanmarHouse.com
2 Aug 2023 11:21 am တွင် တင်ခဲ့သည်
1374 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကမ္ဘာ့အကြီးမားဆုံး ကားစုဆောင်းမှုဟု ဆိုနိုင်သော အစင်းရေ ၇၀၀၀ ကျော်ရှိပြီး စုစုပေါင်း တန်ကြေးအားဖြင့် ဒေါ်လာ ၅ ဘီလီယံကျော်ဖိုးရှိသော မော်တော်ကားများကို ဘရူနိုင်းဘုရင်က ပိုင်ဆိုင်ထားသည်။

အဆိုပါကားများကို လျှို့ဝှက်ထားရှိပြီး သင့်အနေဖြင့် ဘရူနိုင်းဘုရင်၏ မိတ်ဆွေမဟုတ်ပါက သူ၏ကားများကို မည်သည့်အခါမှ တွေ့ခွင့်ရလိမ့်မည် မဟုတ်ချေ။

ထိုကားများတွင် ဘရူနိုင်းဘုရင် (သို့မဟုတ်) ကားဝါသနာပါသော သူ၏ညီတော် မင်းသားဂျက်ဖရီတို့က အထူးမှာယူထားသော တစ်စီးတည်းသာ ထုတ်လုပ်ထားသည့်ကား များစွာ ပါဝင်သည်။

 

 

၁၉၉၀ ပြည့်လွန်အစောပိုင်းနှင့် အလယ်ပိုင်းကာလများတွင် ထုတ်လုပ်ရောင်းချခဲ့သော Rolls-Royces နှင့် Bentleys ကားအားလုံး၏ ထက်ဝက်ခန့်ကို ဘရူနိုင်းဘုရင်နှင့် မိသားစုက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အများစုမှာ အထူးမှာယူထားသော ကားများဖြစ်ကြသည်။

ဘရူနိုင်းဘုရင် အထူးမှာယူခဲ့သော ကားများတွင် Bentley Dominators ၆ စင်းလည်း ပါဝင်ပြီး ယင်းကုမ္ပဏီ၏ ပထမဆုံး SUV လည်းဖြစ်သည်။

 

 

ထိုကားများသည် ဘရူနိုင်းဘုရင်၏ အခြားကားများစွာနည်းတူ လျှို့ဝှက်စီမံကိန်းတစ်ခု ဖြစ်ခဲ့ပြီး ဘရူနိုင်းသို့ သွားမည့် ကုန်တင်လေယာဉ်ကြီးတစ်စင်းပေါ်သို့ ကားများတင်နေသည်ကို ဓာတ်ပုံဆရာတစ်ဦးက မှတ်တမ်းတင် ထားခဲ့သောကြောင့်သာ အများပြည်သူ သိရှိလာရခြင်း ဖြစ်သည်။

သူ၏ များပြားလှသော မော်တော်ကားများအနက် ၁၉၉၆ ခုနှစ်ထုတ် Bentley Buccaneer, Bentley Camelot ,Phoenix, Imperial, Rapier, Pegasus,Silverstone နှင့် Spectre တို့လည်း ပါဝင်သည်။

 

The Sultan of Brunei's Ferraris and other cars are guarded by Gurkhas

 

အဆိုပါကားနာမည်များ မကြားဖူးသောကြောင့် မအံ့သြပါနှင့်။ Bentley က အဆိုပါကားများကို အများပြည်သူသို့ တရားဝင် ထုတ်လုပ်ရောင်းချခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။

ထိုကားများကို အထူးမှာယူမှုဖြင့် လျှို့ဝှက်စွာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဘရူနိုင်းဘုရင်၏ မိသားစုသည် Bentley မော်တော်ကားပေါင်း အစင်း ၃၈၀ ခန့် ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းရသည်။

 

 

 

ဘရူနိုင်းဘုရင် အများဆုံး ပိုင်ဆိုင်ထားသည်မှာ Rolls-Royce များ ဖြစ်သည်။

Rolls- Royce အစင်းရေ ၆၀၀ ပိုင်ဆိုင်ထားပြီး အများစုမှာ အထူးမှာယူထားခြင်းဖြစ်သည်။

Rolls-Royce Royale , Majestic နှင့် Cloudesque တို့ကဲ့သို့ လျှို့ဝှက်မော်တော်ကားများ ပါဝင်ပြီး အားလုံးမှာ ကြီးမားခန့်ညားသော Limousine များ ဖြစ်ကြသည်။

သူ၏ Rolls-Royce များအနက် အများစုမြင်ဖူးကြသည်မှာ ထိမ်းမြားမင်္ဂလာနေ့တွင် စီးနင်းခဲ့သော Silver Spur II ဖြစ်သည်။

 

 

A Bugatti EB110 is part of the Sultan's fleet

 

 

ထိုကားသည် သာမန် Silver Spur မဟုတ်။

၂၄ ကာရက် ရွှေချထားသော မော်တော်ကား ဖြစ်သည်။

အခြားထင်ရှားသော ကားများမှာ အထူးမှာယူထားသော Ferrari များ ဖြစ်သည်။

ယင်းသို့အနက် ကမ္ဘာပေါ်တွင် ၇ စင်းသာရှိသော 456 GT Venice လည်း ပါဝင်ပြီး ၆ စီးကို မင်းသားဂျက်ဖရီက ပိုင်ဆိုင်ထားကာ တစ်စီးမှာ ဗြိတိန်နိုင်ငံသားတစ်ဦး ပိုင်ဆိုင်သည်ဟု ဆိုသည်။

ထို့အပြင် ၁၉၈၈ ခုနှစ်တွင် မှာယူခဲ့သော F90 တစ်စီးနှင့် 1995 FX ၆ စင်းတို့လည်း ပါဝင်သည်။

အထူးမှာယူခြင်းမဟုတ်သော်လည်း ရှားပါးသော Ferrari ဖြစ်သည့် 250 GTO လည်းပါဝင်ကာ Ferrari အားလုံးတွင် ဈေးအကြီးဆုံးဖြစ်ကာ ဘရူနိုင်းဘုရင်တွင် ၂ စင်းပိုင်ဆိုင်ထားသည်။

 

 

The Sultan ordered a bespoke Bentley Buccaneer

 

 

ထို့အပြင် Ferrari များတွင် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဟုဆိုကြသော F40 ၁၁ စင်းလည်း ပိုင်ဆိုင်ထားသည်။

ဘရူနိုင်းဘုရင်၏ မော်တော်ကားများတွင် McLaren F1 ,Jaguar XJ 220 ၊ အထူးမှာယူထားသော Aston Martin Vantage Special Series ၊ တစ်စင်းတည်းသာ ရှိသော BMW Nazca M12 နှင့် Bugatti EB 110 တစ်စင်းတို့လည်း ပါဝင်သည်။

အဆိုပါကားအားလုံးကို ကြီးမားကျယ်ဝန်းလှသော ကားနန်းတော်ကြီး တစ်ခုအတွင်း သိမ်းဆည်းထားရှိသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Sultan of Brunei’s Unbelievable Car Collection From The Bugatti EB110 to a Bentley Buccaneer (spyscape)

 

 

 

 

[Zawgyi]

 

၂၄ ကာရက္ေရႊခ်ထားေသာ Silver Spur II ရိုးရြိဳက္စ္အျပင္ ကား အစင္းေရ ၇၀၀၀ ခန္႔ပိုင္ဆိုင္ထားသူ ဘရူႏိုင္းဘုရင္

 

ကမၻာ့အၾကီးမားဆံုး ကားစုေဆာင္းမႈဟု ဆိုႏိုင္ေသာ အစင္းေရ ၇၀၀၀ ေက်ာ္ရွိျပီး စုစုေပါင္း တန္ေၾကးအားျဖင့္ ေဒၚလာ ၅ ဘီလီယံေက်ာ္ဖုိးရွိေသာ ေမာ္ေတာ္ကားမ်ားကို ဘရူႏိုင္းဘုရင္က ပိုင္ဆိုင္ထားသည္။

အဆုိပါကားမ်ားကို လွ်ိဳ႕ဝွက္ထားရွိျပီး သင့္အေနျဖင့္ ဘရူႏိုင္းဘုရင္၏ မိတ္ေဆြမဟုတ္ပါက သူ၏ကားမ်ားကို မည္သည့္အခါမွ ေတြ႔ခြင့္ရလိမ့္မည္ မဟုတ္ေခ်။

ထိုကားမ်ားတြင္ ဘရူႏိုင္းဘုရင္ (သို႔မဟုတ္) ကားဝါသနာပါေသာ သူ၏ညီေတာ္ မင္းသားဂ်က္ဖရီတုိ႔က အထူးမွာယူထားေသာ တစ္စီးတည္းသာ ထုတ္လုပ္ထားသည့္ကား မ်ားစြာ ပါဝင္သည္။

၁၉၉၀ ျပည့္လြန္အေစာပိုင္းႏွင့္ အလယ္ပိုင္းကာလမ်ားတြင္ ထုတ္လုပ္ေရာင္းခ်ခဲ့ေသာ Rolls-Royces ႏွင့္ Bentleys ကားအားလံုး၏ ထက္ဝက္ခန္႔ကို ဘရူႏိုင္းဘုရင္ႏွင့္ မိသားစုက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အမ်ားစုမွာ အထူးမွာယူထားေသာ ကားမ်ားျဖစ္ၾကသည္။

ဘရူႏိုင္းဘုရင္ အထူးမွာယူခဲ့ေသာ ကားမ်ားတြင္ Bentley Dominators ၆ စင္းလည္း ပါဝင္ျပီး ယင္းကုမၸဏီ၏ ပထမဆံုး SUV လည္းျဖစ္သည္။

ထုိကားမ်ားသည္ ဘရူႏိုင္းဘုရင္၏ အျခားကားမ်ားစြာနည္းတူ လွ်ိဳ႕ဝွက္စီမံကိန္းတစ္ခု ျဖစ္ခဲ့ျပီး ဘရူႏိုင္းသို႔ သြားမည့္ ကုန္တင္ေလယာဥ္ၾကီးတစ္စင္းေပၚသို႔ ကားမ်ားတင္ေနသည္ကို ဓာတ္ပံုဆရာတစ္ဦးက မွတ္တမ္းတင္ ထားခဲ့ေသာေၾကာင့္သာ အမ်ားျပည္သူ သိရွိလာရျခင္း ျဖစ္သည္။

သူ၏ မ်ားျပားလွေသာ ေမာ္ေတာ္ကားမ်ားအနက္ ၁၉၉၆ ခုႏွစ္ထုတ္ Bentley Buccaneer, Bentley Camelot ,Phoenix, Imperial, Rapier, Pegasus,Silverstone ႏွင့္ Spectre တို႔လည္း ပါဝင္သည္။

အဆိုပါကားနာမည္မ်ား မၾကားဖူးေသာေၾကာင့္ မအံ့ၾသပါႏွင့္။ Bentley က အဆိုပါကားမ်ားကို အမ်ားျပည္သူသို႔ တရားဝင္ ထုတ္လုပ္ေရာင္းခ်ျခင္း မရွိခဲ့ေသာေၾကာင့္ ျဖစ္သည္။

ထိုကားမ်ားကို အထူးမွာယူမႈျဖင့္ လွ်ိဳ႕ဝွက္စြာ ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဘရူႏိုင္းဘုရင္၏ မိသားစုသည္ Bentley ေမာ္ေတာ္ကားေပါင္း အစင္း ၃၈၀ ခန္႔ ပိုင္ဆိုင္ထားသည္ဟု ခန္႔မွန္းရသည္။

ဘရူႏိုင္းဘုရင္ အမ်ားဆံုး ပိုင္ဆိုင္ထားသည္မွာ Rolls-Royce မ်ား ျဖစ္သည္။

Rolls- Royce အစင္းေရ ၆၀၀ ပိုင္ဆိုင္ထားျပီး အမ်ားစုမွာ အထူးမွာယူထားျခင္းျဖစ္သည္။

Rolls-Royce Royale , Majestic ႏွင့္ Cloudesque တို႔ကဲ့သုိ႔ လွ်ဳိ႕ဝွက္ေမာ္ေတာ္ကားမ်ား ပါဝင္ျပီး အားလံုးမွာ ၾကီးမားခန္႔ညားေသာ Limousine မ်ား ျဖစ္ၾကသည္။

သူ၏ Rolls-Royce မ်ားအနက္ အမ်ားစုျမင္ဖူးၾကသည္မွာ ထိမ္းျမားမဂၤလာေန႔တြင္ စီးနင္းခဲ့ေသာ Silver Spur II ျဖစ္သည္။

ထိုကားသည္ သာမန္ Silver Spur မဟုတ္။

၂၄ ကာရက္ ေရႊခ်ထားေသာ ေမာ္ေတာ္ကား ျဖစ္သည္။

အျခားထင္ရွားေသာ ကားမ်ားမွာ အထူးမွာယူထားေသာ Ferrari မ်ား ျဖစ္သည္။

ယင္းသုိ႔အနက္ ကမၻာေပၚတြင္ ၇ စင္းသာရွိေသာ 456 GT Venice လည္း ပါဝင္ျပီး ၆ စီးကို မင္းသားဂ်က္ဖရီက ပိုင္ဆိုင္ထားကာ တစ္စီးမွာ ျဗိတိန္ႏိုင္ငံသားတစ္ဦး ပိုင္ဆိုင္သည္ဟု ဆုိသည္။

ထုိ႔အျပင္ ၁၉၈၈ ခုႏွစ္တြင္ မွာယူခဲ့ေသာ F90 တစ္စီးႏွင့္ 1995 FX ၆ စင္းတို႔လည္း ပါဝင္သည္။

အထူးမွာယူျခင္းမဟုတ္ေသာ္လည္း ရွားပါးေသာ Ferrari ျဖစ္သည့္ 250 GTO လည္းပါဝင္ကာ Ferrari အားလံုးတြင္ ေစ်းအၾကီးဆံုးျဖစ္ကာ ဘရူႏိုင္းဘုရင္တြင္ ၂ စင္းပိုင္ဆိုင္ထားသည္။

ထို႔အျပင္ Ferrari မ်ားတြင္ စိတ္လႈပ္ရွားဖြယ္ အေကာင္းဆံုးဟုဆိုၾကေသာ F40 ၁၁ စင္းလည္း ပိုင္ဆိုင္ထားသည္။

ဘရူႏိုင္းဘုရင္၏ ေမာ္ေတာ္ကားမ်ားတြင္ McLaren F1 ,Jaguar XJ 220 ၊ အထူးမွာယူထားေသာ Aston Martin Vantage Special Series ၊ တစ္စင္းတည္းသာ ရွိေသာ BMW Nazca M12 ႏွင့္ Bugatti EB 110 တစ္စင္းတုိ႔လည္း ပါဝင္သည္။

အဆိုပါကားအားလံုးကို ၾကီးမားက်ယ္ဝန္းလွေသာ ကားနန္းေတာ္ၾကီး တစ္ခုအတြင္း သိမ္းဆည္းထားရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Sultan of Brunei’s Unbelievable Car Collection From The Bugatti EB110 to a Bentley Buccaneer (spyscape)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service