ဂျပန်ဝန်ကြီးချုပ်တွေ ဘယ်လိုကားအမျိုးအစားတွေစီးလဲ

ဂျပန်ဝန်ကြီးချုပ်တွေ ဘယ်လိုကားအမျိုးအစားတွေစီးလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1 Aug 2023 12:25 pm တွင် တင်ခဲ့သည်
2232 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဂျပန်ဝန်ကြီးချုပ်တို့ စီးနင်းသော တရားဝင်နိုင်ငံတော်မော်တော်ကားကို “နအိကကု ဇိုးရီ-ဒိုင်အိဂျင်း ဇင်းညိုးရှ” (内閣総理大臣専用車) ဟု ခေါ်ကြသည်။

လက်ရှိစီးသော မော်ဒယ်မှာ Toyota Century ဖြစ်သည်။

အဆိုပါ မော်ဒယ်ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခင်သုံးခဲ့သော Lexus LS နေရာတွင် အစားထိုးခဲ့ခြင်း ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်၏ တရားဝင်မော်တော်ကားသည် ကျည်ကာမှန်တပ်ဆင်ထားပြီး အထူးပြုလုပ်ထားသော စတီးသံချပ်ကာ မော်တော်ကားဖြစ်သည်။ အခြားသော အစိုးရအဖွဲ့ဝင်တို့၏ မော်တော်ကားများတွင်မူ ကျည်ကာများ အထူးတလည်တပ်ဆင်ထားခြင်းမရှိ။

ဂျပန်သည် လက်နက်ဆိုင်ရာဥပဒေတွင် ကမ္ဘာပေါ်၌အတင်းကျပ်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သည်။

 

တော်ဝင်မိသားစုအနေဖြင့်ဆိုလျှင် ဧကရာဇ်သည် လူအုပ်အတွင်းသွားလာချိန် (သို့မဟုတ်) တရားဝင် တာဝန်ထမ်းဆောင်ချိန်များတွင် ကျည်ကာယာဉ်များဖြင့် သွားလာနိုင်သည်။

အမေရိကန်ပြည်ထောင်စုမှ သမ္မတစီးနင်းသော နိုင်ငံတော်ကားနှင့် မတူသည့်အချက်မှာ ဂျပန်ဝန်ကြီးချုပ်၏ မော်တော်ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မောင်းနှင်ခြင်းမဟုတ်။

အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းတစ်ဦးက မောင်းနှင်ခြင်းဖြစ်သည်။

သို့သော် မောင်းနှင်မည့်သူမှာ ယာဉ်မောင်းလေ့ကျင့်မှုများ အပြင်းအထန်ပြုလုပ်ရသည်။

ဝန်ကြီးချုပ်တစ်ဦးပြောင်းတိုင်း ယာဉ်မောင်းသစ် ပြောင်းလဲသည်။

 

ရာထူးမှ ထွက်ခွာသွားရသော ဝန်ကြီးချုပ်နှင့်အတူ ယာဉ်မောင်းလည်း နှုတ်ထွက်ရသည်။

၁၉၂၁ ခုနှစ်မှ ၁၉၃၁ ခုနှစ်အထိ ဂျပန်ဝန်ကြီးချုပ်တို့သည် တရားဝင်မော်တော်ကားအဖြစ် Mercedes-Benz ကို သုံးခဲ့ကြသည်။

၁၉၃၂ ခုနှစ်တွင် တရားဝင်ကားအဖြစ် သံချပ်ကာ Lincoln ကို ပြောင်းလဲသုံးစွဲခဲ့ပြီး အဆိုပါကားကို နောက်ထပ် ဝန်ကြီးချုပ် ၆ ဆက် သုံးခဲ့ကြသည်။

ဝန်ကြီးချုပ် နို့ဘုယုကိ အာဘေး (Nobuyuki Abe) သည်ကား ထိုကားကို မနှစ်သက်။ တင့်ကားတစ်စီး စီးနေရသလိုခံစားရကြောင်း ၎င်းက ပြောသည်။

ယင်းနောက်ပိုင်းဝန်ကြီးချုပ်တို့သည် တရားဝင်ကားအဖြစ် Buicks နှင့် Chryslers များအကြား ဝန်ကြီးချုပ် တစ်ဦးချင်းစီ၏ အကြိုက်ကိုလိုက်ကာ အမျိုးမျိုးပြောင်းလဲသုံးစွဲခဲ့ကြသည်။

 

ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ဂျပန်သည် မော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးရေးမူဝါဒချမှတ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်တို့၏ နိုင်ငံတော်မော်တော်ကားကို အမေရိကန်ကားများမှ ဂျပန်ကားများသို့ ပြောင်းလဲသုံးစွဲ လာခဲ့သည်။

Nissan ကုမ္ပဏီ၏ ဥက္ကဌလည်းဖြစ်သူ ဂျပန်ဝန်ကြီးချုပ် နို့ဘုဆုကဲ့ ကိရှိ (Nobusuke Kishi) သည် နိုင်ငံတော်ကားအဖြစ် Nissan Austin A50 Cambridge နှင့် Toyota Crown တို့ကို သုံးစွဲခဲ့သည်။

အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံရသည့်ဖြစ်ရပ်ပေါ်ပေါက်ပြီးနောက်ပိုင်း ဂျပန်အစိုးရက နိုင်ငံတော်ကားကို ကျည်ကာ Toyota Century အား ပြောင်းလဲသုံးစွဲလာခဲ့သည်။

 

Toyota Century သည် လုံခြုံမှုနှင့် သက်တောင့်သက်သာရှိမှုတို့ကြောင့် နောင် ၄၅ နှစ်တာ ကာလတစ်လျှောက်လုံး နိုင်ငံတော်ကားအဖြစ် သုံးစွဲလာခဲ့သည်။

၂၀၀၈ ခုနှစ်တွင်ကား ဂျပန်အစိုးရက နိုင်ငံတော်ကားအဖြစ် Lexus LS ကို ပြောင်းလဲခဲ့ပြန်သည်။

Lexus LS မှာ Toyota Century ကဲ့သို့ လုံခြုံမှုအဆင့်နှင့် Luxury ဖြစ်မှုတို့ရှိသည့်အပြင် ဆီစားနည်းပြီး CO2 ထုတ်လွှတ်မှု နည်းပါးသည်။

၂၀၂၀ ပြည့်နှစ်တွင်မူ ဂျပန်အစိုးရက Toyota Century ၏ နောက်ဆုံးမော်ဒယ်ကို ပြောင်းလဲသုံးစွဲခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Prime Minister's Official Car (Japan) -Naikaku Souri-Daijin Senyou Sha (fnn, moby)

 

 

 

 

[Zawgyi]

 

ဂ်ပန္ဝန္ၾကီးခ်ဳပ္ေတြ ဘယ္လုိကားအမ်ဳိးအစားေတြစီးလဲ

 

ဂ်ပန္ဝန္ၾကီးခ်ဳပ္တို႔ စီးနင္းေသာ တရားဝင္ႏိုင္ငံေတာ္ေမာ္ေတာ္ကားကို “နအိကကု ဇိုးရီ-ဒိုင္အိဂ်င္း ဇင္းညိဳးရွ” (内閣総理大臣専用車) ဟု ေခၚၾကသည္။

လက္ရွိစီးေသာ ေမာ္ဒယ္မွာ Toyota Century ျဖစ္သည္။

အဆိုပါ ေမာ္ဒယ္ကို ၂၀၂၀ ျပည့္ႏွစ္တြင္ စတင္အသံုးျပဳခဲ့ျခင္းျဖစ္ျပီး ယခင္သံုးခဲ့ေသာ Lexus LS ေနရာတြင္ အစားထိုးခဲ့ျခင္း ျဖစ္သည္။

ဂ်ပန္ဝန္ၾကီးခ်ဳပ္၏ တရားဝင္ေမာ္ေတာ္ကားသည္ က်ည္ကာမွန္တပ္ဆင္ထားျပီး အထူးျပဳလုပ္ထားေသာ စတီးသံခ်ပ္ကာ ေမာ္ေတာ္ကားျဖစ္သည္။ အျခားေသာ အစိုးရအဖြဲ႔ဝင္တို႔၏ ေမာ္ေတာ္ကားမ်ားတြင္မူ က်ည္ကာမ်ား အထူးတလည္တပ္ဆင္ထားျခင္းမရွိ။

ဂ်ပန္သည္ လက္နက္ဆိုင္ရာဥပေဒတြင္ ကမၻာေပၚ၌အတင္းက်ပ္ဆံုးႏိုင္ငံမ်ားတြင္ အပါအဝင္ျဖစ္သည္။

ေတာ္ဝင္မိသားစုအေနျဖင့္ဆိုလွ်င္ ဧကရာဇ္သည္ လူအုပ္အတြင္းသြားလာခ်ိန္ (သို႔မဟုတ္) တရားဝင္ တာဝန္ထမ္းေဆာင္ခ်ိန္မ်ားတြင္ က်ည္ကာယာဥ္မ်ားျဖင့္ သြားလာႏိုင္သည္။

အေမရိကန္ျပည္ေထာင္စုမွ သမၼတစီးနင္းေသာ ႏိုင္ငံေတာ္ကားႏွင့္ မတူသည့္အခ်က္မွာ ဂ်ပန္ဝန္ၾကီးခ်ဳပ္၏ ေမာ္ေတာ္ကားကို လံုျခံဳေရးတပ္ဖြဲ႔ဝင္မ်ားမွ ေမာင္းႏွင္ျခင္းမဟုတ္။

အစိုးရအဖြဲ႔ရံုးမွ ဝန္ထမ္းတစ္ဦးက ေမာင္းႏွင္ျခင္းျဖစ္သည္။

သို႔ေသာ္ ေမာင္းႏွင္မည့္သူမွာ ယာဥ္ေမာင္းေလ့က်င့္မႈမ်ား အျပင္းအထန္ျပဳလုပ္ရသည္။

ဝန္ၾကီးခ်ဳပ္တစ္ဦးေျပာင္းတိုင္း ယာဥ္ေမာင္းသစ္ ေျပာင္းလဲသည္။

ရာထူးမွ ထြက္ခြာသြားရေသာ ဝန္ၾကီးခ်ဳပ္ႏွင့္အတူ ယာဥ္ေမာင္းလည္း ႏႈတ္ထြက္ရသည္။

၁၉၂၁ ခုႏွစ္မွ ၁၉၃၁ ခုႏွစ္အထိ ဂ်ပန္ဝန္ၾကီးခ်ဳပ္တို႔သည္ တရားဝင္ေမာ္ေတာ္ကားအျဖစ္ Mercedes-Benz ကို သံုးခဲ့ၾကသည္။

၁၉၃၂ ခုႏွစ္တြင္ တရားဝင္ကားအျဖစ္ သံခ်ပ္ကာ Lincoln ကို ေျပာင္းလဲသံုးစြဲခဲ့ျပီး အဆိုပါကားကို ေနာက္ထပ္ ဝန္ၾကီးခ်ဳပ္ ၆ ဆက္ သံုးခဲ့ၾကသည္။ ဝန္ၾကီးခ်ဳပ္ ႏို႔ဘုယုကိ အာေဘး (Nobuyuki Abe) သည္ကား ထိုကားကို မႏွစ္သက္။ တင့္ကားတစ္စီး စီးေနရသလိုခံစားရေၾကာင္း ၎က ေျပာသည္။

ယင္းေနာက္ပိုင္းဝန္ၾကီးခ်ဳပ္တို႔သည္ တရားဝင္ကားအျဖစ္ Buicks ႏွင့္ Chryslers မ်ားအၾကား ဝန္ၾကီးခ်ဳပ္ တစ္ဦးခ်င္းစီ၏ အၾကိဳက္ကိုလိုက္ကာ အမ်ဳိးမ်ဳိးေျပာင္းလဲသံုးစြဲခဲ့ၾကသည္။

ဒုတိယကမၻာစစ္ၾကီးေနာက္ပိုင္း ဂ်ပန္သည္ ေမာ္ေတာ္ယာဥ္လုပ္ငန္းဖြံ႔ျဖိဳးေရးမူဝါဒခ်မွတ္ခဲ့ျပီးေနာက္ ဝန္ၾကီးခ်ဳပ္တို႔၏ ႏိုင္ငံေတာ္ေမာ္ေတာ္ကားကို အေမရိကန္ကားမ်ားမွ ဂ်ပန္ကားမ်ားသို႔ ေျပာင္းလဲသံုးစြဲ လာခဲ့သည္။ Nissan ကုမၸဏီ၏ ဥကၠဌလည္းျဖစ္သူ ဂ်ပန္ဝန္ၾကီးခ်ဳပ္ ႏို႔ဘုဆုကဲ့ ကိရွိ (Nobusuke Kishi) သည္ ႏိုင္ငံေတာ္ကားအျဖစ္ Nissan Austin A50 Cambridge ႏွင့္ Toyota Crown တို႔ကို သံုးစြဲခဲ့သည္။

အေမရိကန္သမၼတ ဂၽြန္အက္ဖ္ကေနဒီလုပ္ၾကံခံရသည့္ျဖစ္ရပ္ေပၚေပါက္ျပီးေနာက္ပိုင္း ဂ်ပန္အစိုးရက ႏိုင္ငံေတာ္ကားကို က်ည္ကာ Toyota Century အား ေျပာင္းလဲသံုးစြဲလာခဲ့သည္။

Toyota Century သည္ လံုျခံဳမႈႏွင့္ သက္ေတာင့္သက္သာရွိမႈတို႔ေၾကာင့္ ေနာင္ ၄၅ ႏွစ္တာ ကာလတစ္ေလွ်ာက္လံုး ႏိုင္ငံေတာ္ကားအျဖစ္ သံုးစြဲလာခဲ့သည္။

၂၀၀၈ ခုႏွစ္တြင္ကား ဂ်ပန္အစိုးရက ႏိုင္ငံေတာ္ကားအျဖစ္ Lexus LS ကို ေျပာင္းလဲခဲ့ျပန္သည္။

Lexus LS မွာ Toyota Century ကဲ့သို႔ လံုျခံဳမႈအဆင့္ႏွင့္ Luxury ျဖစ္မႈတို႔ရွိသည့္အျပင္ ဆီစားနည္းျပီး CO2 ထုတ္လႊတ္မႈ နည္းပါးသည္။

၂၀၂၀ ျပည့္ႏွစ္တြင္မူ ဂ်ပန္အစိုးရက Toyota Century ၏ ေနာက္ဆံုးေမာ္ဒယ္ကို ေျပာင္းလဲသံုးစြဲခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Prime Minister's Official Car (Japan) -Naikaku Souri-Daijin Senyou Sha (fnn, moby)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service