လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ ဥပဒေအကြောင်း ဖော်ပြရေးသားပေးလိုက်ပါတယ်။

လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ ဥပဒေအကြောင်း ဖော်ပြရေးသားပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
29 Jul 2023 2:45 pm တွင် တင်ခဲ့သည်
1919 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

စာချုပ်ချုပ်ဆိုသူနှစ်ဦးမှာ လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများဥပဒေ-၂အရ ဤဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုရာရန် ကြံရွယ်ချက်ရှိလျှင် မြို့ရွာဓလေ့ထုံးတမ်းများကို ပယ်နိုင်ကြောင်း ဖော်ပြထားသည်။

ငွေပေးချေရန် ကတိလက်မှတ်ဆိုသည်မှာ တစ်စုံတစ်ယောက်သောသူက ပေးချေရန်ရှိသောငွေကို ခံဝန်လက်မှတ်ရေးထိုးခြင်းပင်ဖြစ်ပါသည်။မည်သည့်ဝန်ခံချက်တွင်မဆို ငွေပေးဆပ်ရန်ကတိပြုပါက လွှဲပြောင်း နိုင်သောစာချုပ်စာတမ်းများဥပဒေ-၄ အရ ကတိလက်မှတ်တစ်စောင် ဖြစ်ပေါ်လာသည်။

ထို့နည်းတူ စာချုပ်တစ်စောင်တွင် တစ်စုံတစ်ယောက်အား‌ ငွေပေးချေရန်၊လွှဲပြောင်းပေးအပ်ရန် ချိန်းဆိုကတိပြုထားပါက ထိုစာချုပ်ကို ငွေလွှဲလက်မှတ်ဟုလဲ ခေါ်ဆိုနိုင်ပါသည်။

ငွေလွှဲလက်မှတ်၊ ငွေပေး ချေရန် ကတိလက်မှတ်စာချုပ်မှာ ပျက်စီး၊ပျောက်ဆုံးပါက စာချုပ်တွင်လဲ ငွေလက်ခံသူအမည် မဖော်ပြထား လျှင် စာချုပ်လက်ရှိ ကိုင်ဆောင်ထားသူမှာရပိုင်ခွင့်ရှိပါသည်။

လွှဲပြောင်းနိုင်သော စာချုပ်လက်မှတ်အား ပြင်ဆင်ခြင်းမှာ မူလသဘောတူကြံစည်ချက်နှင့်ကွဲလွဲပြီး သက်ဆိုင်ပါဝင်သူများက သဘောမတူလျှင် ၎င်းလက်မှတ်မှာ ပျက်သည်။

လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများဥပဒေ-၁၃ အရ လွှဲပြောင်းနိုင်သော စာချုပ်လက်မှတ်ဆိုသည် မှာ သတ်မှတ်ဖော်ပြသူတို့လည်းကောင်း၊အမိန့်ရှိရာသူတို့လည်းကောင်း၊လက်မှတ်ယူဆောင်လာသူတို့လည်းကောင်း ပေးအပ်ရန် ငွေလွှဲလက်မှတ်၊ ငွေခံ (ချက်လက်မှတ်) ဆိုလိုပါသည်။ချက်လက်မှတ်ဆိုသည်မှာ ချက်လက်မှတ်ရေးထိုးသူ ဘဏ်စာရင်းထဲမှ ငွေအား ငွေလက်ခံသူသို့ပေးအပ်ရန် ဘဏ်ကို ညွှန်ကြားခြင်းပင်ဖြစ်ပါသည်။ မိမိစာရင်းရှင်အပ်ငွေမှ ငွေထုတ်ဖို့ရန်အတွက်လဲ ချက်ကို အသုံးပြုနိုင်ပါတယ်။

ငွေချေးသက်သေခံလက်မှတ် ငွေတိုက်စာချုပ်ဆိုသည်မှာလဲငွေချေးသူနှင့် ချေးငွေထုတ်ပေး သူတို့ အကြားသဘောတူစာချုပ်ပင်ဖြစ်ကာ ဝယ်ယူသည့်အခါ ကြားကာလအတိုးအနှုန်းအား လျော့၍ တန်ဖိုးသင့် ကာ ဝယ်ယူရခြင်းဖြစ်ပြီး သတ်မှတ်ကာလပြည့်သည့်အခါ သဘောတူညီချက်အတိုင်း ငွေအပြည့်အဝရရှိမည် ဖြစ်ပါသည်။

ကတိလက်မှတ်ကိုဖြစ်စေ၊ငွေလွှဲလက်မှတ်ကိုဖြစ်စေ၊ငွေခံ(ချက်)လက်မှတ်ကိုဖြစ်စေ၊ ရေးသားချုပ်ဆို ခြင်း၊လက်ခံခြင်း၊တဆင့်လက်မှတ် ရေးထိုးခြင်းပြီးဆုံးလျှင် ငွေလွှဲခြင်းပြီးမြောက်သည်ဟု အဓိပ္ပာယ်ကောက် ယူနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]













 


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service