၂၀၂၀ ခုနှစ် အိမ်ခြံမြေပါမစ်အသစ် ဝယ်လို့ ဖြစ်မဖြစ်

၂၀၂၀ ခုနှစ် အိမ်ခြံမြေပါမစ်အသစ် ဝယ်လို့ ဖြစ်မဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2023 1:23 pm တွင် တင်ခဲ့သည်
799 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

လက်ရှိအခြေအနေအရ အိမ်ခြံမြေဈေးတွေ အမြင့်ဆုံးမှာ ရောက်နေတယ်ဆိုပေမဲ့ အခုတလော မလေးရှား၊ စင်ကာပူ၊ ကိုရီးယား စတဲ့ နိုင်ငံတွေမှာရောက်နေတဲ့ မြန်မာအများစုကတော့ မောင်ကောင်းဖေရဲ့ ဖုန်းကိုဆက်သွယ်ပြီး အိမ်ခြံမြေတွေဝယ်ချင်လို့ မကြာခဏ ဆက်သွယ် စုံစမ်းကြပါတယ်။

ဒီကနေ့မှာတော့ ... ကိုရီးယား မှာရောက်နေတဲ့ " မောင်အေးချမ်း " တစ်ယောက် " မောင်ကောင်းဖေ " ကို ဖုန်းဆက်လာပါတယ်။ သူကတော့ သူ့ရဲ့ ချွေးနဲ့သွေးနဲ့ရင်းပြီး စုဆောင်းရရှိထားတဲ့ ငွေလေးနဲ့ ဝယ်ဖို့မြေကွက်ရှာနေတာကြာပြီးလို့ ဆိုပါတယ်။ သူ့ရဲ့ ညီမတစ်ယောက်ကိုတာဝန်ပေးထားတယ်လို့ ပြောပါတယ်။

သူရှာနေတာက ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် အနီးက ရပ်ကွက်တွေမှာ ရှာနေတာဖြစ်ပါတယ်။

မြေကွက်တစ်ကွက်တွေ့တာနဲ့ " မောင်ကောင်းဖေ " ထံ Viber က တစ်ဆင့် ပုံတွေပို့လိုက်ပါတယ်။ ပို့လိုက်တဲ့ မြေကွက်တွေမှာ ဂရန်မြေတွေပါသလို ပါမစ်မြေကွက်တွေလည်း ပါပါတယ်။ တစ်ကွက်ပို့လိုက် မောင်ကောင်းဖေက စည်ပင်မှာ စစ်ကြည့်လိုက် လုပ်ပေးပင်မဲ့ စိတ်တိုင်းမကျတာကို စာရွက်စာတမ်း မပြည့်စုံတာတို့ ကန့်ကွက်ချက်တွေ ရှိနေတာတွေရှိနေတာတို့ အပြင် ဂရန်သစ်လျှောက်ထားတာတွေကလည်း တွေ့ရပြန်တော့ စိတ်ရှုပ်တာနဲ့ မဝယ်ဖြစ်သေးပါ ။ ဖွဲမလျော့ပဲ ရှာခ်ိုင်းလိုက်တော့ ရပ်ကွက်အစုံ၊ ပွဲစားမျိုးစုံ ၊ အကျိုးဆောင် ကုမ္ပဏီမျိုးစုံနဲ့ နေရာစုံလည်း လိုက်ကြည့်ခိုင်းပြီးသွားပါပြီ။

မြေကွက်တွေကို ကိုယ်ကကြိုက်ပြန်တော့ မြေကွက်ဈေးက အမြင့်ဈေးမှာ ဖြစ်နေလို့လက်လျော့ပြီး ပြန်လာရတာမျိုးနဲ့လည်း ကြုံခဲ့ရပြန်တယ်။ မိမိနိုင်တဲ့ဈေးနဲ့ ဝယ်ခိုင်းတဲ့နေရာတွေရပြန်တော့လည်း နေရာကချောင်ကျပြီး ကားဂိတ်ရောက်ဖို့ ဘေးတွဲဆိုက်ကယ် စီးပြီး တစ်ဆင့်သွားမှ ရောက်တဲ့နေရာမျိုးတွေ ဖြစ်နေပြန်တယ်။

ဒီလိုနဲ့ ရှာရင်းရှာရင်း မောလောက်တဲ့အခါကျတော့မှ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့ ရောင်းဖို့ ကြော်ငြာတင်ထားတဲ့ မြေကွက်ကို မောင်အေးချမ်း တစ်ယောက်သဘောကျသွားမိတယ်။ ဒါနဲ့ ကုမ္ပဏီကို ညီမဖြစ်သူကို စေလွှတ်ပြီး မြေကွက်ကို သွားကြည့်ခိုင်းလိုက်တဲ့အခါမှာ ပိုကြိုက်သွားတယ်။ ဒီလိုနဲ့ ရောင်းသူဝယ်သူ ဈေးညှိပြီးတာနဲ့ မောင်ကောင်းဖေ ထံကို မြေချပါမစ်ရဲ့ စာရွက်စာတမ်းတွေကို ဓါတ်ပုံရိုက်ပြီး Viber ကတစ်ဆင့် ပို့လိုက်ပါတယ်။

 

ထူးထူးခြားခြား မြေချပါမစ်ကြီးပါလား

မောင်ကောင်းဖေကြည့်လိုက်တဲ့အခါ မြေချပါမစ်အသစ်ကြီးဖြစ်နေလို့ မျက်လုံးပြူးသွားပါတယ်။ မိသားစုဓါတ်ပုံကလည်း အသစ်စက်စက် ရွှေ့ပြောင်းမည့်သူများ ရဲ့ ရာဇဝင် အကျဉ်းချုပ်မှာရေးဖြည့်ထားတဲ့ လက်ရေးလက်မှတ်တွေကလည်း အသစ်စက်စက် ရေမရောသေးပါဘူး။ ထုံးစံအတိုင်း အိမ်ရာဆောက်လုပ်ခွင့်စာရွက်နဲ့ မှီခိုသူများ စာရင်းတွေကြည့်လိုက်ပြန်တော့လည်း ရေးသွင်းချက်တွေက လတ်လတ်ဆတ်ဆတ်ပါပဲ။

"အလို" ဒီလိုသာဆိုရင် အခုတစ်လော ရေပန်းစားနေတဲ့ မြေချပါမစ် အသစ်တွေများလား အမှန်အကန်ကော ဟုတ်ရဲ့လား စသဖြင့် သံသယပေါင်းများစွာနဲ့ " မောင်ကောင်းဖေ " လည်း အကြိမ်ကြိမ်အခါခါ အပြန်အလှန်စစ်ဆေးကြည့်နေမိပါတော့တယ်။ ငါ့ရဲ့ မျက်စိတွေများ မှုန်ဝါးနေလို့လား အတွေးဖြင့် မျက်မှန်ကိုချွတ်၍ ဖုန်း အကြိမ်ကြိမ် သုတ်ကြည့်နေမိပါတယ်။

" သတိမမူတော့ ဂူမမြင် သတိမူမှ ဂူမြင်၍ ဖြူစင်" သည် ဟူသော ဆိုရိုးစကားလေးကို သတိရပြီး နောက်တစ်ခေါက်ပြန်ကြည့်လိုက်တဲ့အခါမှ စိတ်နှလုံးအေးသွားပါတော့တယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ မြေချပါမစ် (အသစ်) ဖြစ်နေတာကိုတွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် သြဂုတ်လ ကမှ ထုတ်ပေးထားတာ ဖြစ်တယ်။ စည်းအဝိုင်းတံဆိပ်တုံးတွေ ဌါနမှူးက ထုတ်ပေးထားတဲ့ လက်မှတ် တာဝန်ခံအရာရှိ ဌါနခွဲမှူး လက်မှတ် ကြီးကြပ်ရေးမှူးရဲ့ လက်မှတ်နဲ့ ဌါနမှူး လက်မှတ်အောက်မှာ စီစစ်ပြီး မှန်ကန်ကြောင်း အခြားအဆင့် ဝန်ထမ်း (၄)ဦး ရဲ့ လက်မှတ်တွေကိုလည်း တွေ့ရပါတယ်။

ဒုတိယစာရွက် အိမ်ရာဆောက်လုပ်ခွင့်မှာလည်း ဒုတိယ ဌါနမှူး က လက်မှတ်ရေးထိုးထားပါတယ်။ အိမ်ရာ ဆောက်လုပ်ခွင့်ရသူရဲ့ လက်မှတ်နဲ့ လက်ဝဲလက်မ လက်ဗွေ တို့ကိုလည်း တွေ့ရပါတယ်။

ထူးထူးခြားခြားစည်ကမ်းချက်တွေကလည်း တစ်မျိုးပါလား ...

 

မြေကွက်မှာ နေထိုင်ခွင့်ရသူ လိုက်နာရမည့် စည်ကမ်းချက်တွေကတော့ ....

(၁) မြေအသုံးပြုခွင့်မိန့်ရပြီး (၆)လ အတွင်း လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

(၂) အသုံးပြုခွင့်ရရှိထားသော မြေများအား (၃)နှစ်အတွင်း ပြန်လည်ရောင်းချခြင်း မပြုရ။

(၃) အသုံးပြုခွင့်ရရှိထားသော မြေအပါ် အဆောက်အဦးများသည်။ သက်ဆ်ိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်ကမ်းချက်များအတိုင်း ဆောက်လုပ်ရမည်။

(၄) မြေအသုံပြုခွင့်ရရှိသူသည်။ ၎င်းရရှိထားသော မြေနေရာများတွင် (၆) လ အတွင်းစတင်ဆောက်လုပ်၍ အဆောက်အဦးဆောက်လုပ်ပြီးစီးပါက မြေငှါးစာချုပ် (ဂရန်) ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

(၅) အသုံးပြုခွင့် ရရှိထားသော မြေများကို လျှောက်ထားသူအမည်ဖြင့် သာထားရှိရမည်။ ဖြစ်ပြီး (၃)နှစ် အတွင်း အမည်ပြောင်းခွင့်ပြုမည် မဟုတ်ပါ။

(၆) မြေအသုံးပြုခွင့်ရရှိသူများသည် သတ်မှတ်ထားသော စည်ကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကို လည်းကောင်း ၊ မြေပေါ်ရှိအဆောက်အဦးများကို လည်ကောင်း ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကပြန်လည် သိမ်းယူမည်ဖြစ်ပါသည်။ ပေးသွင်းငွေများကို ပြန်လည် ထုတ်ပေးမည် မဟုတ်ပါ ... ဟု ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

မှီခိုသူများ စာရင်းမှာတော့ ယခင် အိုးအိမ်မှ ထုတ်ပေးထားတဲ့ ပုံစံအတိုင်း ဖြစ်ပါတယ်။ ထူးထူးခြားခြား မတွေ့ရပါ။ ဒါပေမဲ့ ထူးထူးခြားခြား ထပ်တွေ့ရတာကတော့ ယခင်က မြေငှါး ဂရန်စာအုပ်မှာ တွေ့ရတဲ့ မြေပုံ ပါပဲ။ အဲဒီအပြင် မြေကွက်တန်ဖိုး( ၂၂၅) သိန်း ပေးသွင်းထားတဲ့ ငွေရပြေစာတို့ပဲ ဖြစ်ပါတယ်။

ဥပမာ - မြေပုံပေါ်မှာ တွေ့ရတာက ရွှေပြည်သာမြို့နယ် ၊ မြေတိုင်းရပ်ကွက် ၊ အမှတ်( န ၅၄) လူနေရပ်ကွက်အမှတ် (၂၆) မြေကွက်အမှတ် (၀၀၁) ၏ မြေပုံဟု ဖော်ပြပြီး ရည်ညွန်းချက် (၂၄၀၀) စတုရန်းပေ ရေးသားချက်အောက်ဖက်တွင် မြေတိုင်း (၂) မြေတိုင်း (၁) နှင့် ဌါနခွဲမှူး တို့က လက်မှတ်ရေးထိုးထုတ်ပေးထားတာ ကိုတွေ့ရပါတယ်။

"မောင်ကောင်းဖေ" အနေနဲ့ ယခင်က အိုးအိမ်မြေချပါမစ်တွေပဲ စစ်ဆေးဝယ်ယူပေးခဲ့ရတာများပါတယ်။ ယခုလို ၂၀၂၀ ခုနှစ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ပါမစ်အသစ်ကြီးတွေ့ခဲ့ရလို့ အံ့သြပြီး စည်ပင်မြေယာဌာန သို့ အပြေးအလွှား သွားရောက်ပြသစစ်ဆေးရပါတယ်။ အဆိုပါ မြေချပါမစ်မှာ စည်ပင်ဌာနမှ ဝန်ထမ်းများကို ထုတ်ပေးထားတာဖြစ်ကြောင်း သိရတော့ မှ ဝမ်းသာအားရဖြစ်ကာ မြေကွက်ဝယ်မယ့်သူ " မောင်အေးချမ်း " အားဝယ်လို့ရကြောင်း အကြောင်းပြန်လိုက်ပါတော့တယ်။

"မောင်အေးချမ်း " လည်း စည်ပင်မြေချပါမစ် ဖြစ်ကြောင်း သိရတဲ့အတွက် စိတ်ချမ်းသာသွားပြီး စရန်ပေးစာချုပ်ချုပ်ခြင်၊ သတင်းစာ ကြော်ငြာခြင်းတို့ ပြုလုပ်ပြီးနောက် အပြီးငွေချေကာ အပိုင်ဝယ်ယူပြီး နောက် ခြံစည်းရိုးခတ်၍ မိုးရာသီတွင်း သီးပင်၊ စားပင်များ စိုက်ပျိုးထားလိုက်ပါတော့တယ်။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ .....

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

၂၀၂၀ ခုႏွစ္ အိမ္ျခံေျမပါမစ္ အသစ္ ဝယ္လို႔ ျဖစ္မျဖစ္

 

လက္႐ွိအေျခအေနအရ အိမ္ျခံေျမေဈးေတြ အျမင့္ဆုံးမွာ ေရာက္ေနတယ္ဆိုေပမဲ့ အခုတေလာ မေလး႐ွား၊ စင္ကာပူ၊ ကိုရီးယား စတဲ့ ႏိုင္ငံေတြမွာေရာက္ေနတဲ့ ျမန္မာအမ်ားစုကေတာ့ ေမာင္ေကာင္းေဖရဲ႕ ဖုန္းကိုဆက္သြယ္ၿပီး အိမ္ျခံေျမေတြဝယ္ခ်င္လို႔ မၾကာခဏ ဆက္သြယ္ စုံးစမ္းၾကပါတယ္။

ဒီကေန႔မွာေတာ့ ... ကိုရီးယား မွာေရာက္ေနတဲ့ " ေမာင္ေအးခ်မ္း " တစ္ေယာက္ " ေမာင္ေကာင္းေဖ " ကို ဖုန္းဆက္လာပါတယ္။ သူကေတာ့ သူ႕ရဲ႕ ေခြၽးနဲ႔ေသြးနဲ႔ရင္းၿပီး စုေဆာင္းရ႐ွိထားတဲ့ ေငြေလးနဲ႔ ဝယ္ဖို႔ေျမကြက္႐ွာေနတာၾကာၿပီးလို႔ ဆိုပါတယ္။ သူ႕ရဲ႕ ညီမတစ္ေယာက္ကိုတာဝန္ေပးထားတယ္လို႔ ေျပာပါတယ္။

သူ႐ွာေနတာက ေ႐ြႊျပည္သာၿမိဳ႕နယ္ သာဓုကန္စက္မႈဇုန္ အနီးက ရပ္ကြက္ေတြမွာ ႐ွာေနတာျဖစ္ပါတယ္။

ေျမကြက္တစ္ကြက္ေတြ႕တာနဲ႔ " ေမာင္ေကာင္းေဖ " ထံ Viber က တစ္ဆင့္ ပုံေတြပို႔လိုက္ပါတယ္။ ပို႔လိုက္တဲ့ ေျမကြက္ေတြမွာ ဂရန္ေျမေတြပါသလို ပါမစ္ေျမကြက္ေတြလည္း ပါပါတယ္။ တစ္ကြက္ပို႔လိုက္ ေမာင္ေကာင္းေဖက စည္ပင္မွာ စစ္ၾကည့္လိုက္ လုပ္ေပးပင္မဲ့ စိတ္တိုင္းမက်တာကို စာ႐ြက္စာတမ္း မျပည့္စုံတာတို႔ ကန္႔ကြက္ခ်က္ေတြ ႐ွိေနတာေတြ႐ွိေနတာတို႔ အျပင္ ဂရန္သစ္ေလွ်ာက္ထားတာေတြကလည္း ေတြ႕ရျပန္ေတာ့ စိတ္႐ႈပ္တာနဲ႔ မဝယ္ျဖစ္ေသးပါ ။ ဖြဲမေလ်ာ့ပဲ ႐ွာခ္ိုင္းလိုက္ေတာ့ ရပ္ကြက္အစုံ၊ ပြဲစားမ်ိဳးစုံ ၊ အက်ိဳးေဆာင္ ကုမၸဏီမ်ိဳးစုံနဲ႔ ေနရာစုံလည္း လိုက္ၾကည့္ခိုင္းၿပီးသြားပါၿပီ။

ေျမကြက္ေတြကို ကိုယ္ကႀကိဳက္ျပန္ေတာ့ ေျမကြက္ေဈးက အျမင့္ေဈးမွာ ျဖစ္ေနလို႕လက္ေလ်ာ့ၿပီး ျပန္လာရတာမ်ိဳးနဲ႕လည္း ၾကဳံခဲ့ရျပန္တယ္။ မိမိႏိုင္တဲ့ေဈးနဲ႔ ဝယ္ခိုင္းတဲ့ေနရာေတြရျပန္ေတာ့လည္း ေနရာကေခ်ာင္က်ၿပီး ကားဂိတ္ေရာက္ဖို႔ ေဘးတြဲဆိုက္ကယ္ စီးၿပီး တစ္ဆင့္သြားမွ ေရာက္တဲ့ေနရာမ်ိဳးေတြ ျဖစ္ေနျပန္တယ္။

ဒီလိုနဲ႔ ႐ွာရင္း႐ွာရင္း ေမာေလာက္တဲ့အခါက်ေတာ့မွ အိမ္ျခံေျမအက်ိဳးေဆာင္ကုမၸဏီတစ္ခုရဲ႕ ေရာင္းဖို႔ ေၾကာ္ျငာတင္ထားတဲ့ ေျမကြက္ကို ေမာင္ေအးခ်မ္း တစ္ေယာက္သေဘာက်သြားမိတယ္။ ဒါနဲ႔ ကုမၸဏီကို ညီမျဖစ္သူကို ေစလႊတ္ၿပီး ေျမကြက္ကို သြားၾကည့္ခိုင္းလိုက္တဲ့အခါမွာ ပိုႀကိဳက္သြားတယ္။ ဒီလိုနဲ႔ ေရာင္းသူဝယ္သူ ေဈးညႇိၿပီးတာနဲ႔ ေမာင္ေကာင္းေဖ ထံကို ေျမခ်ပါမစ္ရဲ႕ စာ႐ြက္စာတမ္းေတြကို ဓါတ္ပုံ႐ိုက္ၿပီး Viber ကတစ္ဆင့္ ပို႔လိုက္ပါတယ္။

 

ထူးထူးျခားျခား ေျမခ်ပါမစ္ႀကီးပါလား

ေမာင္ေကာင္းေဖၾကည့္လိုက္တဲ့အခါ ေျမခ်ပါမစ္အသစ္ႀကီးျဖစ္ေနလို႔ မ်က္လုံးျပဴးသြားပါတယ္။ မိသားစုဓါတ္ပုံကလည္း အသစ္စက္စက္ ေ႐ႊ႕ေျပာင္းမည့္သူမ်ား ရဲ႕ ရာဇဝင္ အက်ဥ္းခ်ဳပ္မွာေရးျဖည့္ထားတဲ့ လက္ေရးလက္မွတ္ေတြကလည္း အသစ္စက္စက္ ေရမေရာေသးပါဘူး။ ထုံးစံအတိုင္း အိမ္ရာေဆာက္လုပ္ခြင့္စာ႐ြက္နဲ႔ မွီခိုသူမ်ား စာရင္းေတြၾကည့္လိုက္ျပန္ေတာ့လည္း ေရးသြင္းခ်က္ေတြက လတ္လတ္ဆတ္ဆတ္ပါပဲ။

"အလို" ဒီလိုသာဆိုရင္ အခုတစ္ေလာ ေရပန္းစားေနတဲ့ ေျမခ်ပါမစ္ အသစ္ေတြမ်ားလား အမွန္အကန္ေကာ ဟုတ္ရဲ႕လား စသျဖင့္ သံသယေပါင္းမ်ားစြာနဲ႕ " ေမာင္ေကာင္းေဖ " လည္း အႀကိမ္ႀကိမ္အခါခါ အျပန္အလွန္စစ္ေဆးၾကည့္ေနမိပါေတာ့တယ္။ ငါ့ရဲ႕ မ်က္စိေတြမ်ား မႈန္ဝါးေနလို႔လား အေတြးျဖင့္ မ်က္မွန္ကိုခြၽတ္၍ ဖုန္း အႀကိမ္ႀကိမ္ သုတ္ၾကည့္ေနမိပါတယ္။

" သတိမမူေတာ့ ဂူမျမင္ သတိမူမွ ဂူျမင္၍ ျဖဴစင္" သည္ ဟူေသာ ဆို႐ိုးစကားေလးကို သတိရၿပီး ေနာက္တစ္ေခါက္ျပန္ၾကည့္လိုက္တဲ့အခါမွ စိတ္ႏွလုံးေအးသြားပါေတာ့တယ္။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနက ထုတ္ေပးထားတဲ့ ေျမခ်ပါမစ္ (အသစ္) ျဖစ္ေနတာကိုေတြ႕ရပါတယ္။ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ကမွ ထုတ္ေပးထားတာ ျဖစ္တယ္။ စည္းအဝိုင္းတံဆိပ္တုံးေတြ ဌါနမႉးက ထုတ္ေပးထားတဲ့ လက္မွတ္ တာဝန္ခံအရာ႐ွိ ဌါနခြဲမႉး လက္မွတ္ ႀကီးၾကပ္ေရးမႉးရဲ႕ လက္မွတ္နဲ႔ ဌါနမႉး လက္မွတ္ေအာက္မွာ စီစစ္ၿပီး မွန္ကန္ေၾကာင္း အျခားအဆင့္ ဝန္ထမ္း (၄)ဦး ရဲ႕ လက္မွတ္ေတြကိုလည္း ေတြ႕ရပါတယ္။

ဒုတိယစာ႐ြက္ အိမ္ရာေဆာက္လုပ္ခြင့္မွာလည္း ဒုတိယ ဌါနမႉး က လက္မွတ္ေရးထိုးထားပါတယ္။ အိမ္ရာ ေဆာက္လုပ္ခြင့္ရသူရဲ႕ လက္မွတ္နဲ႔ လက္ဝဲလက္မ လက္ေဗြ တို႔ကိုလည္း ေတြ႕ရပါတယ္။

ထူးထူးျခားျခားစည္ကမ္းခ်က္ေတြကလည္း တစ္မ်ိဳးပါလား ...

 

ေျမကြက္မွာ ေနထိုင္ခြင့္ရသူ လိုက္နာရမည့္ စည္ကမ္းခ်က္ေတြကေတာ့ ....

(၁) ေျမအသုံးျပဳခြင့္မိန္႔ရၿပီး (၆)လ အတြင္း လုပ္ငန္းစတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရမည္။

(၂) အသုံးျပဳခြင့္ရ႐ွိထားေသာ ေျမမ်ားအား (၃)ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ျခင္း မျပဳရ။

(၃) အသုံးျပဳခြင့္ရ႐ွိထားေသာ ေျမအပၚ အေဆာက္အဦးမ်ားသည္။ သက္ဆ္ိုင္ရာဌာနမ်ားမွ သတ္မွတ္ထားသည့္ စည္ကမ္းခ်က္မ်ားအတိုင္း ေဆာက္လုပ္ရမည္။

(၄) ေျမအသုံျပဳခြင့္ရ႐ွိသူသည္။ ၎ရ႐ွိထားေသာ ေျမေနရာမ်ားတြင္ (၆) လ အတြင္းစတင္ေဆာက္လုပ္၍ အေဆာက္အဦးေဆာက္လုပ္ၿပီးစီးပါက ေျမငွါးစာခ်ဳပ္ (ဂရန္) ရ႐ွိေရး ေဆာင္႐ြက္ေပးမည္ျဖစ္ပါသည္။

(၅) အသုံးျပဳခြင့္ ရ႐ွိထားေသာ ေျမမ်ားကို ေလွ်ာက္ထားသူအမည္ျဖင့္ သာထား႐ွိရမည္။ ျဖစ္ၿပီး (၃)ႏွစ္ အတြင္း အမည္ေျပာင္းခြင့္ျပဳမည္ မဟုတ္ပါ။

(၆) ေျမအသုံးျပဳခြင့္ရ႐ွိသူမ်ားသည္ သတ္မွတ္ထားေသာ စည္ကမ္းခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ပါက ခြင့္ျပဳထားေသာ ေျမကို လည္းေကာင္း ၊ ေျမေပၚ႐ွိအေဆာက္အဦးမ်ားကို လည္ေကာင္း ၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ကျပန္လည္ သိမ္းယူမည္ျဖစ္ပါသည္။ ေပးသြင္းေငြမ်ားကို ျပန္လည္ ထုတ္ေပးမည္ မဟုတ္ပါ ... ဟု ေရးသားေဖာ္ျပထားတာေတြ႕ရပါတယ္။

မွီခိုသူမ်ား စာရင္းမွာေတာ့ ယခင္ အိုးအိမ္မွ ထုတ္ေပးထားတဲ့ ပုံစံအတိုင္း ျဖစ္ပါတယ္။ ထူးထူးျခားျခား မေတြ႕ရပါ။ ဒါေပမဲ့ ထူးထူးျခားျခား ထပ္ေတြ႕ရတာကေတာ့ ယခင္က ေျမငွါး ဂရန္စာအုပ္မွာ ေတြ႕ရတဲ့ ေျမပုံ ပါပဲ။ အဲဒီအျပင္ ေျမကြက္တန္ဖိုး( ၂၂၅) သိန္း ေပးသြင္းထားတဲ့ ေငြရေျပစာတို႔ပဲ ျဖစ္ပါတယ္။

ဥပမာ - ေျမပုံေပၚမွာ ေတြ႕ရတာက ေ႐ႊျပည္သာၿမိဳ႕နယ္ ၊ ေျမတိုင္းရပ္ကြက္ ၊ အမွတ္( န ၅၄) လူေနရပ္ကြက္အမွတ္ (၂၆) ေျမကြက္အမွတ္ (၀၀၁) ၏ ေျမပုံဟု ေဖာ္ျပၿပီး ရည္ၫြန္းခ်က္ (၂၄၀၀) စတုရန္းေပ ေရးသားခ်က္ေအာက္ဖက္တြင္ ေျမတိုင္း (၂) ေျမတိုင္း (၁) ႏွင့္ ဌါနခြဲမႉး တို႔က လက္မွတ္ေရးထိုးထုတ္ေပးထားတာ ကိုေတြ႕ရပါတယ္။

"ေမာင္ေကာင္းေဖ" အေနနဲ႔ ယခင္က အိုးအိမ္ေျမခ်ပါမစ္ေတြပဲ စစ္ေဆးဝယ္ယူေပးခဲ့ရတာမ်ားပါတယ္။ ယခုလို ၂၀၂၀ ခုႏွစ္မွာ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနက ထုတ္ေပးထားတဲ့ ပါမစ္အသစ္ႀကီးေတြ႕ခဲ့ရလို ႕ အံ့ၾသၿပီး စည္ပင္ေျမယာဌာန သို႔ အေျပးအလႊား သြားေရာက္ျပသစစ္ေဆးရပါတယ္။ အဆိုပါ ေျမခ်ပါမစ္မွာ စည္ပင္ဌာနမွ ဝန္ထမ္းမ်ားကို ထုတ္ေပးထားတာျဖစ္ေၾကာင္း သိရေတာ့ မွ ဝမ္းသာအားရျဖစ္ကာ ေျမကြက္ဝယ္မယ့္သူ " ေမာင္ေအးခ်မ္း " အားဝယ္လို ့ရေၾကာင္း အေၾကာင္းျပန္လိုက္ပါေတာ့တယ္။

"ေ မာင္ေအးခ်မ္း " လည္း စည္ပင္ေျမခ်ပါမစ္ ျဖစ္ေၾကာင္း သိရတဲ့အတြက္ စိတ္ခ်မ္းသာသြားၿပီး စရန္ေပးစာခ်ဳပ္ခ်ဳပ္ျခင္၊ သတင္းစာ ေၾကာ္ျငာျခင္းတို႔ ျပဳလုပ္ၿပီးေနာက္ အၿပီးေငြေခ်ကာ အပိုင္ဝယ္ယူၿပီး ေနာက္ ျခံစည္း႐ိုးခတ္၍ မိုးရာသီတြင္း သီးပင္၊ စားပင္မ်ား စိုက္ပ်ိဳးထားလိုက္ပါေတာ့တယ္။

လူအခ်င္းခ်င္းလွည့္ပတ္ျခင္း ကင္း႐ွင္းၾကပါေစ .....

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

maha
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service