ခွေးချစ်သူမိသားစုတိုင်းရွေးချယ်သင့်သည့် ထိပ်တန်းခြံလုံခွေးမျိုးစိတ် ( ၅ ) မျိုး

ခွေးချစ်သူမိသားစုတိုင်းရွေးချယ်သင့်သည့် ထိပ်တန်းခြံလုံခွေးမျိုးစိတ် ( ၅ ) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
22 Jul 2023 11:47 am တွင် တင်ခဲ့သည်
1657 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ခြံလုံတဲ့ခွေးတစ်ကောင်သာ မွေးထားလိုက် မလုံခြုံတော့တဲ့ခေတ်အခြေအနေကြီးမှာ ညရေးညတာ ဟူးမန်းတို့ စိတ်ဒုန်းဒုန်းချအေးဆေးအိပ်နိုင်အောင် ဝုတို့က ကာကွယ်ပေးထားမှာနော်။ အိမ်လုံခြုံရေးအတွက် ခြံလုံခွေးအမျိုးအစားရှာနေတဲ့ ဟူးမန်းတို့အတွက် ခွေးမျိုးစိတ်အများကြီးထဲကမှ အရဲ့ရင့်ဆုံးနဲ့အန္တရာယ်အပြည့်၊ ကာကွယ်လိုစိတ်အပြည့်နဲ့ သစ္စာရှိထိပ်တန်းခွေးမျိုးစိတ် (၅) မျိုးအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

 

Akita

 

ဂျပန်အမျိုးအစားဖြစ်တဲ့ Akita ခွေးမျိုးစိတ်ကို အမဲလိုက်ရန် နှင့် ကာကွယ်ရန်အတွက် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ Akita မွှေးပွခွေးလေးတွေဟာ ကျောဘက်ကိုကွေးကျနေတဲ့ အမြီးဖွားဖွားရှည်ရှည်ကလေးများနဲ့ နားရွက်ထောင်ထောင်လေးတွေ ရှိကြပါတယ်။ သခင်ကို အလွန်ခင်တွယ်တတ် ကာကွယ်တတ်တဲ့ ခွေးအမျိုးအစားဖြစ်ပြီး လူလည်း ယဉ်ပါသေးတယ်။ မျိုးနွယ်တူခွေးများနဲ့ အုပ်စုဖွဲ့မနေတတ်ဘဲ တစ်ကောင်တည်း မဟုတ်ရင် အထီးအမတွဲလျက်နေတတ်ပါတယ်။ ပြန်မလာနိုင်တဲ့သခင်ကို ၁၀ နှစ်တိုင်စောင့်နေခဲ့တဲ့ နာမည်ကြီး ဟာချီကို ခွေးလေးဟာ ဟာ Akita ခွေးအမျိုးအစားဖြစ်ပါတယ်။ Akita ခွေးထီးတွေဟာ ပုံမှန်အလေးချိန် ပေါင် ၁၀၀ မှ ၁၃၀ ထိ ရှိတတ်ပြီး အမတွေကတော့ ပေါင် ၇၀ နဲ့ ၁၀၀ ကြားရှိပါတယ်။ Akita ခွေးတစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၁၀ နှစ်ကနေ ၁၃ နှစ်အထိ အသက်ရှည်တတ်ကြပါတယ်။

Doberman Pinscher

 

 

ဂျာမန်ခွေးအမျိုးအစားဖြစ်ပြီး ချိန်းဆွဲကြိုးလေးလည်ပင်းမှာဆွဲ လမ်းလျှောက်ထွက်တဲ့အခါ အလွန်ကြည့်လို့ကောင်းတဲ့ ခွေးမျိုးစိတ်ဖြစ်ပါတယ်။ အရပ်ရှည်တဲ့ Doberman Pinscher ခွေးအမျိုးအစားဟာ ၂၄ လက်မ မှ ၂၈ လက်မအထိ အမြင့်ရှိပြီး ၆၅ ပေါင် ကနေ ပေါင် ၁၀၀ အထိ အလေးချိန်ရှိပါတယ်။ ချောမွေ့ပြောင်လက်နေတဲ့ အမွှေးတို Doberman Pinscher ခွေးလေးတွေဟာ ဉာဏ်ကောင်းပြီး အမြဲတစေ ပျော်မြူးတက်ကြွနေတဲ့ ခွေးလေးတွေမို့ ညဘက်အိမ်ကိုစောင့်ကြည့်ဖို့ရာအတွက် အသင့်တော်ဆုံးခွေးပဲဖြစ်ပါတယ်။ Doberman Pinscher တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းကတော့ ၁၀ နှစ်ကနေ ၁၂ နှစ်ကြား ဖြစ်ပါတယ်။

German Shepherd

 

 

German Shepherd ခွေးမျိုးဟာ အရမ်းအနံ့ခံကောင်းတဲ့ ထောက်လှမ်းရေးခွေးအမျိုးအစားလို့ ခွေးချစ်သူတိုင်းရင်းနှီးကြမှာပါ။ ဒီ့အပြင်ကို German Shepherd လေးတွေဟာ သခင်အပေါ်ကို သစ္စာရှိပြီး ဉာဏ်ကောင်းတဲ့ခွေးအမျိုးအစားလဲ ဖြစ်ပါသေးတယ်။ ဂျာမန်ခွေးအမျိုးအစားဖြစ်ပြီး ပျှမ်းမျှသက်တမ်းကတော့ ၇ နှစ်ကနေ ၁၀ နှစ်အထိဖြစ်ပါတယ်။ German Shepherd ဟာ ကာကွယ်လိုစိတ်ပြင်းတဲ့ခွေးအမျိုးအစားဖြစ်ပြီး ခြံကျယ်ကျယ်ရှိရင် အိမ်မွေးခွေးအဖြစ် မွေးလို့အကောင်းဆုံးခြံလုံခွေးမျိုးစိတ်ဖြစ်ပါတယ်။

 

Belgian Malinois

 

 

German Shepherd ခွေးလိုပဲ စစ်သုံးခွေးနောက်တစ်မျိုးရှိပါသေးတယ်။ Belgian Malinois ခွေးပဲဖြစ်ပါတယ်။ Belgian Malinois ခွေးရဲ့သဘာဝဟာ အကြောက်အလန့်မရှိဘဲ ကာကွယ်တတ်ပါတယ်။ ဒီခွေးအမျိုးအစားဟာ သခင်အပေါ်အလွန်သစ္စာရှိတဲ့ခွေးအမျိုးအစားဖြစ်ပြီး မိသားစုနဲ့လိုက်လျောညီထွေဖြစ်ဖို့အတွက်တော့ လေ့ကျင့်ပေးဖို့လိုပါတယ်။ Belgian Malinois ခွေးတစ်ကောင်ရဲ့ ပျှမ်းမျှသက်တမ်းဟာ ၁၄ နှစ်ကနေ ၁၆ နှစ်အထိ ရှိပြီး အိမ်မွေးခွေးအဖြစ် အရွေးများဆုံးခွေးအမျိုးအစားလို့ ဆိုနိုင်ပါတယ်။

 

Rottweiler

 

 

ကြီးမား ကာကွယ်တတ်တဲ့ Rottweiler ခွေးဟာ ဂျာမန်ခွေးအမျိုးအစားဖြစ်ပြီး လူကြိုက်အများဆုံးခြံလုံခွေးအမျိုးအစားဖြစ်ပါတယ်။ ဉာဏ်ရည်အလွန်မြင့်ပြီး လှုပ်ရှားမှုသေးသေးလေးတောင်မလွတ်စေရအောင် သတိကြီးကြီးနဲ့ကာကွယ်စောင့်ရှောက်တတ်ပါတယ်။ Rottweiler တစ်ကောင်ဟာ ပေါင် ၈၀ ကနေ ၁၃၀ ထိရှိတတ်ပြီး မွှေးတိုခွေးအမျိုးအစားဖြစ်ပါတယ်။ ပျှမ်းမျှသက်တမ်းကတော့ ၈ နှစ်မှ ၁၀ အထိသာဖြစ်ပါတယ်။

ခွေးမျိုးစိတ်အများကြီးထဲကမှ အိမ်လုံဖို့အတွက်အရွေးချယ်သင့်ဆုံးခွေးအမျိုးအစား ၅ မျိုးကို ဖော်ပြပေးသွားတာဖြစ်ပါတယ်။ ဟူးမန်းတို့အကြိုက်ဆုံး ဝု အမျိုးအစားကိုလည်း ပြောပြပေးသွားခဲ့ဦးနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေခြးခ်စ္သူမိသားစုတိုင္းေ႐ြးခ်ယ္သင့္သည့္ ထိပ္တန္းျခံလုံေခြးမ်ိဳးစိတ္ ( ၅ ) မ်ိဳး

 

ျခံလုံတဲ့ေခြးတစ္ေကာင္သာ ေမြးထားလိုက္ မလုံျခဳံေတာ့တဲ့ေခတ္အေျခအေနႀကီးမွာ ညေရးညတာ ဟူးမန္းတို႔ စိတ္ဒုန္းဒုန္းခ်ေအးေဆးအိပ္ႏိုင္ေအာင္ ဝုတို႔က ကာကြယ္ေပးထားမွာေနာ္။ အိမ္လုံျခဳံေရးအတြက္ ျခံလုံေခြးအမ်ိဳးအစား႐ွာေနတဲ့ ဟူးမန္းတို႔အတြက္ ေခြးမ်ိဳးစိတ္အမ်ားႀကီးထဲကမွ အရဲ႕ရင့္ဆုံးနဲ႔အႏၲရာယ္အျပည့္၊ ကာကြယ္လိုစိတ္အျပည့္နဲ႔ သစၥာ႐ွိထိပ္တန္းေခြးမ်ိဳးစိတ္ (၅) မ်ိဳးအေၾကာင္းကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

Akita

ဂ်ပန္အမ်ိဳးအစားျဖစ္တဲ့ Akita ေခြးမ်ိဳးစိတ္ကို အမဲလိုက္ရန္ ႏွင့္ ကာကြယ္ရန္အတြက္ ႏွစ္ေပါင္းမ်ားစြာ အသုံးျပဳခဲ့ၾကပါတယ္။ Akita ေမႊးပြေခြးေလးေတြဟာ ေက်ာဘက္ကိုေကြးက်ေနတဲ့ အၿမီးဖြားဖြား႐ွည္႐ွည္ကေလးမ်ားနဲ႔ နား႐ြက္ေထာင္ေထာင္ေလးေတြ ႐ွိၾကပါတယ္။ သခင္ကို အလြန္ခင္တြယ္တတ္ ကာကြယ္တတ္တဲ့ ေခြးအမ်ိဳးအစားျဖစ္ၿပီး လူလည္း ယဥ္ပါေသးတယ္။ မ်ိဳးႏြယ္တူေခြးမ်ားနဲ႔ အုပ္စုဖြဲ႕မေနတတ္ဘဲ တစ္ေကာင္တည္း မဟုတ္ရင္ အထီးအမတြဲလ်က္ေနတတ္ပါတယ္။ ျပန္မလာႏိုင္တဲ့သခင္ကို ၁၀ ႏွစ္တိုင္ေစာင့္ေနခဲ့တဲ့ နာမည္ႀကီး ဟာခ်ီကို ေခြးေလးဟာ ဟာ Akita ေခြးအမ်ိဳးအစားျဖစ္ပါတယ္။ Akita ေခြးထီးေတြဟာ ပုံမွန္အေလးခ်ိန္ ေပါင္ ၁၀၀ မွ ၁၃၀ ထိ ႐ွိတတ္ၿပီး အမေတြကေတာ့ ေပါင္ ၇၀ နဲ႔ ၁၀၀ ၾကား႐ွိပါတယ္။ Akita ေခြးတစ္ေကာင္ရဲ႕ ပ်မ္းမွ်သက္တမ္းဟာ ၁၀ ႏွစ္ကေန ၁၃ ႏွစ္အထိ အသက္႐ွည္တတ္ၾကပါတယ္။

Doberman Pinscher

 

ဂ်ာမန္ေခြးအမ်ိဳးအစားျဖစ္ၿပီး ခ်ိန္းဆြဲႀကိဳးေလးလည္ပင္းမွာဆြဲ လမ္းေလွ်ာက္ထြက္တဲ့အခါ အလြန္ၾကည့္လို႔ေကာင္းတဲ့ ေခြးမ်ိဳးစိတ္ျဖစ္ပါတယ္။ အရပ္႐ွည္တဲ့ Doberman Pinscher ေခြးအမ်ိဳးအစားဟာ ၂၄ လက္မ မွ ၂၈ လက္မအထိ အျမင့္႐ွိၿပီး ၆၅ ေပါင္ ကေန ေပါင္ ၁၀၀ အထိ အေလးခ်ိန္႐ွိပါတယ္။ ေခ်ာေမြ႕ေျပာင္လက္ေနတဲ့ အေမႊးတို Doberman Pinscher ေခြးေလးေတြဟာ ဉာဏ္ေကာင္းၿပီး အၿမဲတေစ ေပ်ာ္ျမဴးတက္ႂကြေနတဲ့ ေခြးေလးေတြမို႔ ညဘက္အိမ္ကိုေစာင့္ၾကည့္ဖို႔ရာအတြက္ အသင့္ေတာ္ဆုံးေခြးပဲျဖစ္ပါတယ္။ Doberman Pinscher တစ္ေကာင္ရဲ႕ ပ်မ္းမွ်သက္တမ္းကေတာ့ ၁၀ ႏွစ္ကေန ၁၂ ႏွစ္ၾကား ျဖစ္ပါတယ္။

German Shepherd

 

German Shepherd ေခြးမ်ိဳးဟာ အရမ္းအနံ႔ခံေကာင္းတဲ့ ေထာက္လွမ္းေရးေခြးအမ်ိဳးအစားလို႔ ေခြးခ်စ္သူတိုင္းရင္းႏွီးၾကမွာပါ။ ဒီ့အျပင္ကို German Shepherd ေလးေတြဟာ သခင္အေပၚကို သစၥာ႐ွိၿပီး ဉာဏ္ေကာင္းတဲ့ေခြးအမ်ိဳးအစားလဲ ျဖစ္ပါေသးတယ္။ ဂ်ာမန္ေခြးအမ်ိဳးအစားျဖစ္ၿပီး ပွ်မ္းမွ်သက္တမ္းကေတာ့ ၇ ႏွစ္ကေန ၁၀ ႏွစ္အထိျဖစ္ပါတယ္။ German Shepherd ဟာ ကာကြယ္လိုစိတ္ျပင္းတဲ့ေခြးအမ်ိဳးအစားျဖစ္ၿပီး ျခံက်ယ္က်ယ္႐ွိရင္ အိမ္ေမြးေခြးအျဖစ္ ေမြးလို႔အေကာင္းဆုံးျခံလုံေခြးမ်ိဳးစိတ္ျဖစ္ပါတယ္။

Belgian Malinois

German Shepherd ေခြးလိုပဲ စစ္သုံးေခြးေနာက္တစ္မ်ိဳး႐ွိပါေသးတယ္။ Belgian Malinois ေခြးပဲျဖစ္ပါတယ္။ Belgian Malinois ေခြးရဲ႕သဘာဝဟာ အေၾကာက္အလန္႔မ႐ွိဘဲ ကာကြယ္တတ္ပါတယ္။ ဒီေခြးအမ်ိဳးအစားဟာ သခင္အေပၚအလြန္သစၥာ႐ွိတဲ့ေခြးအမ်ိဳးအစားျဖစ္ၿပီး မိသားစုနဲ႔လိုက္ေလ်ာညီေထြျဖစ္ဖို႔အတြက္ေတာ့ ေလ့က်င့္ေပးဖို႔လိုပါတယ္။ Belgian Malinois ေခြးတစ္ေကာင္ရဲ႕ ပွ်မ္းမွ်သက္တမ္းဟာ ၁၄ ႏွစ္ကေန ၁၆ ႏွစ္အထိ ႐ွိၿပီး အိမ္ေမြးေခြးအျဖစ္ အေ႐ြးမ်ားဆုံးေခြးအမ်ိဳးအစားလို႔ ဆိုႏိုင္ပါတယ္။

Rottweiler

ႀကီးမား ကာကြယ္တတ္တဲ့ Rottweiler ေခြးဟာ ဂ်ာမန္ေခြးအမ်ိဳးအစားျဖစ္ၿပီး လူႀကိဳက္အမ်ားဆုံးျခံလုံေခြးအမ်ိဳးအစားျဖစ္ပါတယ္။ ဉာဏ္ရည္အလြန္ျမင့္ၿပီး လႈပ္႐ွားမႈေသးေသးေလးေတာင္မလြတ္ေစရေအာင္ သတိႀကီးႀကီးနဲ႔ကာကြယ္ေစာင့္ေ႐ွာက္တတ္ပါတယ္။ Rottweiler တစ္ေကာင္ဟာ ေပါင္ ၈၀ ကေန ၁၃၀ ထိ႐ွိတတ္ၿပီး ေမႊးတိုေခြးအမ်ိဳးအစားျဖစ္ပါတယ္။ ပွ်မ္းမွ်သက္တမ္းကေတာ့ ၈ ႏွစ္မွ ၁၀ အထိသာျဖစ္ပါတယ္။

ေခြးမ်ိဳးစိတ္အမ်ားႀကီးထဲကမွ အိမ္လုံဖို႔အတြက္အေ႐ြးခ်ယ္သင့္ဆုံးေခြးအမ်ိဳးအစား ၅ မ်ိဳးကို ေဖာ္ျပေပးသြားတာျဖစ္ပါတယ္။ ဟူးမန္းတို႔အႀကိဳက္ဆုံး ဝု အမ်ိဳးအစားကိုလည္း ေျပာျပေပးသြားခဲ့ဦးေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service