ဆန်လုံးညိုနဲ့ ကျန်းမာရေး
ဆန်လုံးညိုနဲ့ ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
8 Jul 2022 10:33 am တွင် တင်ခဲ့သည်
1587 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ကမ္ဘာပေါ်ရှိ လူတိုင်းလိုလိုသည် အသက်ရှင်ရန် ဆန်ကိုချက်ပြီး ထမင်းစားသုံးကြပါသည်။ တချို့တိုင်းရင်းသားများနှင့် တချို့နိုင်ငံများတွင် လူး၊ ဆပ်၊ အာလူး စသော သီးနှံများကို စားသုံးသည်ရှိသော်လည်း အများစုမှာ ထမင်းစားကြသည်မှာ မလွွဲဖြစ်ပါသည်။
ဆန်ဟုပြောရာတွင် လူတို့နေ့စဉ်စားနေသော ဆန်ဖြူဖြူလေးများသည် အဆင့်ဆင့်ပြုပြင်ပြီးမှ ရလာသော ဆန်များဖြစ်ပါသည်။ ဆန်လုံးညိုဆိုသည်မှာလည်း စပါးကိုအခွံချွတ်၍ရလာသော ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်ပင်ဖြစ်ပါသည်။ ဆန်လုံးညိုသည် စပါးကိုအခွံချွတ်ပြီးနောက် စား၍ရသည့်အဆင့်ဖြစ်အောင် ဖွတ်ကာ ရလာသောဆန်ဖြစ်ပါသည်။
ပုံမှန်စားသုံးနေကြဆန်များသည် စပါးကိုအခွံချွတ်ပြီးနောက် စား၍ရသော ဖွဲနုအလွှာတစ်ခုကို ထပ်မံဖယ်ရှားပြီး နောက်ဆုံးတွင် ဖြူဖွေးအောင်အကြိမ်ကြိမ်ဖွတ်ထားသော ဆန်များဖြစ်ပါသည်။ ဆန်လုံးညိုမှာမူ ထိုသို့မဟုတ်ဘဲ အပေါ်ယံစပါးခွံကိုဖယ်ရှားပြီးနောက် အကြိမ်ကြိမ်မဖွတ်ဘဲ စား၍ရသော အတိုင်းတာထိထားပြီး အပေါ်ယံဖွဲနုလွှာပါး (bran layer) ကို မဖယ်ရှားထားသော ဆန်ဖြစ်ပါသည်။ အကြိမ်ကြိမ်ဖွတ်ထားသော ဆန်များသည် အပေါ်ယံလွှာရှိ အဖိုးတန် vitamins (ဗိုက်တာမင်) များ၊ fibres (အမျှင်) များစွာကုန်ဆုံးသွားကာ အာဟာရဓာတ်ကို လိုသလောက်ပေးနိုင်တော့ပါ။ ဆန်လုံးညိုသည် အပေါ်ယံအလွှာပါးပါဝင်သောကြောင့် သာမန်ဆန်များကဲ့သို့ နှစ်ရှည်မခံတတ်ပါ။ သာမန်အားဖြင့် အခန်းအပူချိန်တွင် 6 လခန့် အထားခံပါသည်။
အာဟာရဓာတ်မြင့်မားသော ဆန်လုံးညိုကို ဝိတ်ချရာတွင်လည်း အသုံးပြုကြပါသည်။ ကိုလက်စထရောနှင့် ကယ်လိုရီပါဝင်မှုကလည်း သာမန်ဆန်ထက်ပိုနည်းသဖြင့် ဝိတ်ချသူများရွေးချယ်ရန် အထူးသင့်တော်ပါသည်။ ဆန်လုံးညို၏ အပြင်ဘက်ဆုံးအလွှာကြောင့် အမျှင်ဓာတ်ပါဝင်မှုမြင့်မားကာ ဆာလောင်မှုကို ထိန်းချုပ်ပေးပါသည်။ ထို့ကြောင့် ဝိတ်ချနေသူများကလည်း ထမင်းဖြူအစား ဆန်လုံးညိုကို အစားထိုးစားသင့်ပါသည်။ ဆန်လုံးညိုတွင် lignan ဓာတ်ပါခြင်းသည် နှလုံးရောဂါဖြစ်ခြင်းကိုလည်း ဟန့်တားပေးပါသည်။ Antioxident သည်လည်း ကင်ဆာဖြစ်ခြင်းကို လျော့နည်းစေပါသည်။
ဆန်လုံးညိုတစ်ခွက်တွင် မဂ္ဂနီဆီယမ် ၂၁ % ပါဝင်ပါသည်။ မဂ္ဂနီဆီယမ်သည် အရိုးများတွက်ကောင်းမွန်စေပြီး ကြွက်သားများကို ပြေလျော့စေပါသည်။
ဆီးချိုသမားများအတွက်လည်း ကယ်လိုရီပါဝင်မှုနည်းသော ဆန်လုံးညိုကို ဆန်ဖြူအစားထိုးသုံးနိုင်ပါသည်။ ထို့ပြင် ဗိုက်တာမင်နှင့် အခြားအာဟာရများကြွယ်ဝသဖြင့် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါသည်။
ဤသို့အာဟာရဓာတ်များကြွယ်ဝသော ဆန်လုံးညိုကို ချက်ရာတွင်လည်းသာမန် ထမင်းချက်သကဲ့သို့ ချက်နိုင်ပါသည်။ သို့သော် ညအိပ်ခါနီးတွင်မူ အစာမ​ကြေဖြစ်တတ်၍ အလွန်အမင်းမစားမိရန်လိုပါသည်။
ထို့ကြောင့် ထမင်းဖြူအစား တစ်ခါတစ်ရံတွင်ဆန်လုံးညိုကို အစားထိုးစားကြည့်သင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါတော့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: greenwaymyanmar
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
Central Shop House
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service