ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅) သွယ်
ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅) သွယ် - Property Knowledge in Myanmar from iMyanmarHouse.com
4 Jul 2022 12:16 pm တွင် တင်ခဲ့သည်
884 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ခေါင်းစဉ်ကိုဖတ်ပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဆိုတာကရှိမှမရှိဘဲ ဘယ်လိုဖြစ်နိုင်မှာလဲလို့များတွေးနေလား။ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးယူလို့ရပါတယ်။ လိုအပ်တဲ့လုပ်ဆောင်စရာတွေတော့ရှိတာပေါ့။ ဘာတွေများဖြစ်မလဲ။ ဖတ်ကြည့်လိုက်ပါနော်။
ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ဖန်တီးရအောင်
ခြင်လုံဇကာတပ်ဆင်အသုံးပြုပါ –နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေတပ်ဆင်ပြီးနေအိမ်ထဲကိုခြင်တွေမဝင်ရောက်နိုင်အောင်ကာကွယ်ပါ။ခြင်လုံဇကာတပ်ဖို့အဆင်မပြေဘူးဆိုရင်ခြင်ထောင်အသုံးပြုပေးလည်းရပါတယ်။နောက်ထပ်လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုကနေအိမ်တံခါးတွေကို လုံအောင်ပိတ်ပြီးလေအေးပေးစက်ဖွင့်ထားလို့လည်းရပါတယ်။လေအေးပေးစက်မရှိဘူးဆိုရင် ပန်ကာဖွင့်ထားလို့ရပါတယ်။
ငှက်မွေးပါ –နေအိမ်မှာ ငှက်ကလေးတွေမွေးထားတာကလည်းခြင်တွေကို နှိမ်နှင်းရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ ကြက်လေးတွေ ငှက်လေးတွေကခြင်ကိုအစားအစာအဖြစ်စားသုံးကြပါတယ်။ ငှက်ကို သီးသန့်မမွေးနိုင်ဘူးဆိုရင်နေအိမ်အနီးဝန်းကျင်မှာ ငှက်အိမ်လေးတွေဆောက်လုပ်ပေးထားလိုက်ပါ။ အသိုက်လာဖွဲ့တဲ့ငှက်လေးတွေကခြင်နှိမ်နှင်းရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးပါလိမ့်မယ်။
ရေဝပ်နေတဲ့နေရာတွေထဲကိုကော်ဖီမှုန့်တွေဖြူးပေးပါ –ကော်ဖီမှုန့်မှာခြင်သားလောင်းလေးတွေကိုသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ကော်ဖီကြိုက်တတ်သူတွေဆိုရင်တော့ ဒီနည်းလမ်းကအဆင်ပြေတာပေါ့နော်။ သုံးပြီးသားကော်ဖီမှုန့်တွေကိုနေအိမ်အနီးအပါးမှာရှိနေတဲ့ရေဝပ်နေတဲ့နေရာတွေမှာဖြူးပေးလိုက်ပါ။ ဒီနည်းလမ်းက အသုံးတည့်မယ့် ခြင်ကောင်ရေလျော့ချရေးလုပ်ငန်းစဉ်တစ်ရပ်ပါ။
ခြင်ပြေးစေတဲ့အပင်တွေစိုက်ပါ – တိုက်ခန်းနဲ့နေသူတွေဆိုရင်တော့ ဝရံတာဒါမှမဟုတ် အခန်းတွင်းမှာ၊ခြံနဲ့နေသူတွေဆိုရင်တော့နေအိမ်အနီးဝန်းကျင် နဲ့ ခြံထဲမှာခြင်ပြေးစေတဲ့အပင်တွေစိုက်ထားပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလို့ရပါတယ်။ခြင်ပြေးစေဖို့ လာဗင်ဒါပန်းပင်၊ ပူစီနံပင်၊ကြောင်ဆေးပင်၊ ပင်စိမ်းပင်နဲ့ ကြက်သွန်ဖြူပင် (ကြက်သွန်မိတ်) တို့စိုက်ထားလို့ရပါတယ်။
ခြင်နိုင်ဆေးသုံးပါ –ခြင်ပြေးအောင်အသုံးပြုလေ့ရှိတဲ့ အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ခြင်နိုင်ဆေးဆိုတဲ့နေရာမှာလည်းခြင်ဆေးခွေကိုအသုံးပြုနိုင်သလိုခြင်ပြေးစက်၊ခြင်ဆေးစပရေးဆိုပြီး အမျိုးအစားတွေကို စုံလင်နေတာပါပဲ။ ကလေးငယ်ရှိသူတွေအနေနဲ့ကတော့ခြင်ဆေးထက် စပရေးကပိုအဆင်ပြေပါတယ်။ စပရေးကခြင်တင်မကဘဲ အခြားအင်းဆက်တွေကိုပါနှိမ်နှင်းပေးနိုင်တာကြောင့်ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တင်မကဘဲ အင်းဆက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုပါ ဖန်တီးနိုင်စေမှာပါ။
အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက်ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးကြည့်လိုက်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
 Credit: hellosayarwon
[Zawgyi]
Credit: hellosayarwon
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
42 Mini Condo
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service