ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး - Property Knowledge in Myanmar from iMyanmarHouse.com
23 Jun 2022 10:02 am တွင် တင်ခဲ့သည်
1240 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ရွှေဆိုတာရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီးဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက်လုပ်ကြပါတယ်။ရွှေကို အလှအတွက်တင်မကဘဲဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။ မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာတွေရှိလာပါပြီ။ အခုပြောပြမှာကတော့ရွှေထည်ဝတ်ဆင်တာပဲဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးပေးနိုင်သလဲဆိုတာပါပဲ။

ရွှေက ဘယ်လိုကျန်းမာရေးကိုအကျိုးပြုနေသလဲ

 

အဆစ်ရောင်လက္ခဏာေတွကို သက်သာစေတယ်

ရွှေကလေးဘက်နာအဆစ်ရောင်ရောဂါရဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်လို့ ကုသရေးမှာအသုံးပြုကြတာပါ။ အရေပြားမှာ ထိကပ်ပြီးရွှေထည်လက်ဝတ်ရတနာတွေဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။

နာကျင်မှုကို လျော့စေတယ်

နာကျင်ကိုက်ခဲမှုခံစားနေရတဲ့နေရာ သို့မဟုတ် ဒဏ်ရာရှိတဲ့နေရာမှာရွှေကိုထားပေးရင် အနာသက်သာစေဖို့ အထောက်အကူပေးပါတယ်။ရွှေကသွေးကြောတွေကိုပြေလျော့စေပြီးသွေးလည်ပတ်မှုကောင်းစေတဲ့အာနိသင်ရှိတာကြောင့် ခန္ဓါကိုယ်အတွင်းအောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းစေဖို့ အနာကျက်၊ အနာသက်သာဖို့ အားပေးတာဖြစ်ပါတယ်။

ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

ရွှေက ခန္ဓါကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အပူချိန်မှန်နေရင် လူရဲ့ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းစေနိုင်တယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊ hot flashဖြစ်တတ်သူတွေ အတွက် ပိုပြီးသိသာစေပါလိမ့်မယ်။

သွေးလည်ပတ်မှုကောင်းစေတယ်

သွေးလည်ပတ်မှုပိုကောင်းစေဖို့၊ ခန္ဓါကိုယ်အနှံ့ကိုအောက်ဆီဂျင်ရောက်စေဖို့ရွှေကိုအသုံးပြုကြတယ်။သွေးလည်ပတ်မှုကောင်းရင် လူကျန်းမာပြီးရောဂါကင်းစေနိုင်တာပေါ့။

အရေပြားကုထုံးအဖြစ် သုံးနိုင်တယ်

ကလီယိုပက်ထရာဟာ အသားအရေနုပျိုလှပနေစေဖို့ရွှေစင်အစစ်နဲ့ မျက်နှာပေါင်းတင်ခဲ့တယ်လို့ သိရပါတယ်။ရောမခေတ် ကတည်းကရွှေကို လိမ်းဆီအဖြစ်ပြုလုပ်ပြီး အရေပြားရောဂါတွေကုသဖို့သုံးကြပါတယ်။ဆေးပညာတွေအဆင့်မြင့်လာခဲ့ပြီး ဒီထက်ပိုအသုံးပြုလာကြပေမယ့်လည်း အရေပြားအပေါ် ရွှေရဲ့အကျိုးပြုအာနိသင်ကတော့ ထင်ရှားနေဆဲပါပဲ။ အခုဆိုရင် အလှကုန်ပစ္စည်းတွေနဲ့ အသားအရေကုထုံးအမျိုးမျိုးမှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာ အလှအပအတွက်ကောင်းကျိုးထူးလို့ပါ။

စိတ်ကျန်းမာတယ်

ရွှေဝတ်ရရင် သဘောမကျတဲ့သူတော့ရှားပါတယ်။ အလှအပအတွက်ရော ဂုဏ်ယူဝင့်ကြွားမှုအတွက်ရောရွှေဝတ်ရတာ နှစ်သက်ကြပါတယ်။ရွှေနဲ့လက်ဝတ်ရတနာလေးတွေ ဝတ်ထားရရင် မှန်ထဲကြည့်ရင်းကိုပြုံးနေကြတာ။ တကယ်တော့ရှေးယခင်တည်းက စိတ်ဖိစီးမှုသက်သာစေတဲ့ဆေးတစ်လက်အဖြစ်ရွှေကိုသုံးကြတာ ရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရွှေဝတ်ထားသူတွေကိုကြည့်ရင် ရွှေဝတ်ခြင်းကို စိတ်ခွန်အားတက်စေတဲ့ အရာတစ်ခုအဖြစ်မြင်ရမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ေ႐ႊဝတ္ျခင္းရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူး

 

ေ႐ႊဆိုတာေ႐ွးယခင္ေခတ္တည္းက တန္ဖိုးထားၿပီးဝတ္ဆင္သုံးစြဲခဲ့ၾကတဲ့ အရာပါ။ ဘုရင္ေခတ္ကဆို အသုံးအေဆာင္ေတြမွာပါေ႐ႊနဲ႔ခ်ည္းပဲ သုံးခဲ့ၾကတာ၊ အဝတ္အထည္ေတြမွာပါ ထည့္သြင္းရက္လုပ္ၾကပါတယ္။ေ႐ႊကို အလွအတြက္တင္မကဘဲေဆးကုမႈအေနနဲ႔ပါ အသုံးျပဳၾကတယ္ဆိုတာေရာ သင္သိရဲ႕လား။ မ်က္ႏွာေ႐ႊသြင္းတယ္ဆိုတာေတာ့ ၾကားဖူးမွာေပါ့။ ဒီလိုပါပဲေရာဂါအမ်ိဳးမ်ိဳးအတြက္ ကုထုံးတခ်ိဳ႕မွာေ႐ႊကိုထည့္သြင္းအသုံးျပဳေနၾကတာေတြ႐ွိလာပါၿပီ။ အခုေျပာျပမွာကေတာ့ေ႐ႊထည္ဝတ္ဆင္တာပဲျဖစ္ျဖစ္၊ ကုထုံးမွာ ပါဝင္တာပဲျဖစ္ျဖစ္ လူ႕က်န္းမာေရးကို ဘယ္လိုအက်ိဳးေက်းဇူးေပးႏိုင္သလဲဆိုတာပါပဲ။

ေ႐ႊက ဘယ္လိုက်န္းမာေရးကိုအက်ိဳးျပဳေနသလဲ

အဆစ္ေရာင္လကၡဏာေတြကို သက္သာေစတယ္

ေ႐ႊကေလးဘက္နာအဆစ္ေရာင္ေရာဂါရဲ႕လကၡဏာေတြကို သက္သာေလ်ာ့ပါးေစႏိုင္လို႔ ကုသေရးမွာအသုံးျပဳၾကတာပါ။ အေရျပားမွာ ထိကပ္ၿပီးေ႐ႊထည္လက္ဝတ္ရတနာေတြဝတ္ဆင္႐ုံနဲ႔ ဒီေဝဒနာခံစားရတာေတြကို သိသာတဲ့ရာခိုင္ႏႈန္းအထိ သက္သာေစႏိုင္ပါတယ္။

နာက်င္မႈကို ေလ်ာ့ေစတယ္

နာက်င္ကိုက္ခဲမႈခံစားေနရတဲ့ေနရာ သို႔မဟုတ္ ဒဏ္ရာ႐ွိတဲ့ေနရာမွာေ႐ႊကိုထားေပးရင္ အနာသက္သာေစဖို႔ အေထာက္အကူေပးပါတယ္။ေ႐ႊကေသြးေၾကာေတြကိုေျပေလ်ာ့ေစၿပီးေသြးလည္ပတ္မႈေကာင္းေစတဲ့အာနိသင္႐ွိတာေၾကာင့္ ခႏၶါကိုယ္အတြင္းေအာက္ဆီဂ်င္ေရာက္႐ွိမႈပိုေကာင္းေစဖို႔ အနာက်က္၊ အနာသက္သာဖို႔ အားေပးတာျဖစ္ပါတယ္။

ခႏၶါကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးတယ္

ေ႐ႊက ခႏၶါကိုယ္အပူခ်ိန္ကိုထိန္းညႇိေပးႏိုင္ပါတယ္။ ကိုယ္အပူခ်ိန္မွန္ေနရင္ လူရဲ႕ကိုယ္ခံအားစနစ္ကိုလည္း ပိုေကာင္းေစႏိုင္တယ္။ အထူးသျဖင့္ ခ်မ္းတုန္တတ္သူေတြ၊ ညဘက္ေခြၽးထြက္သူေတြ၊ hot flashျဖစ္တတ္သူေတြ အတြက္ ပိုၿပီးသိသာေစပါလိမ့္မယ္။

ေသြးလည္ပတ္မႈေကာင္းေစတယ္

ေသြးလည္ပတ္မႈပိုေကာင္းေစဖို႔၊ ခႏၶါကိုယ္အႏွံ႔ကိုေအာက္ဆီဂ်င္ေရာက္ေစဖို႔ေ႐ႊကိုအသုံးျပဳၾကတယ္။ေသြးလည္ပတ္မႈေကာင္းရင္ လူက်န္းမာၿပီးေရာဂါကင္းေစႏိုင္တာေပါ့။

အေရျပားကုထုံးအျဖစ္ သုံးႏိုင္တယ္

ကလီယိုပက္ထရာဟာ အသားအေရႏုပ်ိဳလွပေနေစဖို႔ေ႐ႊစင္အစစ္နဲ႔ မ်က္ႏွာေပါင္းတင္ခဲ့တယ္လို႔ သိရပါတယ္။ေရာမေခတ္ ကတည္းကေ႐ႊကို လိမ္းဆီအျဖစ္ျပဳလုပ္ၿပီး အေရျပားေရာဂါေတြကုသဖို႔သုံးၾကပါတယ္။ေဆးပညာေတြအဆင့္ျမင့္လာခဲ့ၿပီး ဒီထက္ပိုအသုံးျပဳလာၾကေပမယ့္လည္း အေရျပားအေပၚ ေ႐ႊရဲ႕အက်ိဳးျပဳအာနိသင္ကေတာ့ ထင္႐ွားေနဆဲပါပဲ။ အခုဆိုရင္ အလွကုန္ပစၥည္းေတြနဲ႔ အသားအေရကုထုံးအမ်ိဳးမ်ိဳးမွာေ႐ႊကိုထည့္သြင္းအသုံးျပဳေနၾကတာ အလွအပအတြက္ေကာင္းက်ိဳးထူးလို႔ပါ။

စိတ္က်န္းမာတယ္

ေ႐ႊဝတ္ရရင္ သေဘာမက်တဲ့သူေတာ့႐ွားပါတယ္။ အလွအပအတြက္ေရာ ဂုဏ္ယူဝင့္ႂကြားမႈအတြက္ေရာေ႐ႊဝတ္ရတာ ႏွစ္သက္ၾကပါတယ္။ေ႐ႊနဲ႔လက္ဝတ္ရတနာေလးေတြ ဝတ္ထားရရင္ မွန္ထဲၾကည့္ရင္းကိုျပဳံးေနၾကတာ။ တကယ္ေတာ့ေ႐ွးယခင္တည္းက စိတ္ဖိစီးမႈသက္သာေစတဲ့ေဆးတစ္လက္အျဖစ္ေ႐ႊကိုသုံးၾကတာ ႐ွိခဲ့ပါတယ္။ ကိုယ့္ကိုယ္ကိုယုံၾကည္မႈအျပည့္နဲ႔ ေ႐ႊဝတ္ထားသူေတြကိုၾကည့္ရင္ ေ႐ႊဝတ္ျခင္းကို စိတ္ခြန္အားတက္ေစတဲ့ အရာတစ္ခုအျဖစ္ျမင္ရမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service