နေ့နံအလိုက်ဝတ်ဆင်သင့်သော အဆောင်ယတြာကျောက်များ

နေ့နံအလိုက်ဝတ်ဆင်သင့်သော အဆောင်ယတြာကျောက်များ - Property Knowledge in Myanmar from iMyanmarHouse.com
21 Jun 2022 12:41 pm တွင် တင်ခဲ့သည်
9181 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဒီနေ့ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ (၇)ရက်သား/သမီးများ၏ ဆောင်ရမည့် ကျောက်မြတ်ရတနာများနဲ့အတူ မိမိဆောင်သင့်သည့် ကျောက်မျက်ရတနာအား တွဲဖက်မဝတ်ဆင်သင့်သည့် ရှောင်ရန်အရာများကို လေ့လာသိမှတ်သမျှ ဖော်ပြပေးလိုက်ပါတယ်

တနင်္ဂနွေသားသမီးများ၏ အဓိကအဆောင်ရတနာမှာ ပတ္တမြားဖြစ်ပြီး အခြားသောပတ္တမြား၊ ထပ်တစ်ရာတို့ကိုလည်း ဆောင်နိုင်ပါသည်။ အဓိကအဆောင်ရတနာဖြစ်တဲ့ ပတ္တမြား၏ အကျိုးပေးပုံကို သိမှတ်သမျှကို ဝေမျှပေးလိုက်ပါတယ်။ ပတ္တမြား၏ စိုးမိုးဂြိုဟ်မှာ တနင်္ဂနွေဂြိုဟ်ဖြစ်သည့်အတွက်ကြောင့် တနင်္ဂနွေသားသမီးများအနေဖြင့် ပတ္တမြားအား ဝတ်ဆင်ခြင်းဖြင့် အကျိုးထူးကို ခံစားရပါလိမ့်မည်။ အတိုက်အခိုက်ဆိုးများနှင့် ကြုံလာသောအခါတွင်လည်း ပတ္တမြားအားဝတ်ဆင်ခြင်းဖြင့် ကံတရား၏ အထောက်အပံ့ပေးမှုကို ရရှိပါလိမ့်မည်။ တနင်္ဂနွေဂြိုဟ်သည် တနင်္လာဂြိုဟ်နှင့် မိတ်ဖက်ဖြစ်၍ တနင်္လာဂြိုဟ်၏ အဆောင်ရတနာဖြစ်သော ပုလဲနှင့်တွဲဖက်ဝတ်ဆင်ခြင်းဖြင့် ပို၍အကျိုးထူးပါလိမ့်မည်။ 

ပတ္တမြားအားဝတ်ဆင်ခြင်းဖြင့် ကံကောင်းခြင်း၊ အသက်ရှည်ခြင်း၊ အဖဖြစ်သူကျန်းမာခြင်း၊ ဥစ္စာဓနကြွယ်ဝခြင်း၊ ဉာဏ်ပညာထက်မြတ်ခြင်း၊ မေ့လျော့ခြင်းအား သက်သာစေခြင်း၊ အစိုးရအကြီးကဲမှ ဂုဏ်ပြုခံရခြင်း၊ လက်အောက်ငယ်သားတို့ရိုသေခြင်း စသည့်အကျိုးကျေးဇူးများ ခံစားရပါလိမ့်မည်။ တနင်္ဂနွေသားသမီးများသည် ပတ္တမြားကို စိန်၊ နီလာ၊ ဂေါ်မိတ်၊ ကြောင်တို့နှင့် ယှဉ်တွဲ၍ မဝတ်ဆင်သင့်ပါ။ တနင်္လာသားသမီးများ၏ အဓိကအဆောင်ရတနာမှာ ပုလဲဖြစ်ပြီး တခြားသော ရတနာများဖြစ်တဲ့ မျော၊ သလင်း၊ ပုံဆောင်ခဲ တို့ကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ ရတနာ တစ်မျိုးစီ၏ အကျိုးပေးသက်ရောက်မှုကတော့ တူညီမည်မဟုတ်ပါ။ အဓိကအဆောင်ရတနာဖြစ်သည့် ပုလဲ၏အကျိုးပေးပုံကို လေ့လာမိသလောက်ကို ဖော်ပြပေးထားပါသည်။ ပုလဲ၏စိုးမိုးဂြိုဟ်မှာ တနင်္လာဂြိုဟ်ဖြစ်သည့်အတွက်ကြောင့် တနင်္လာသားသမီးများသည် ပုလဲကို ဝတ်ဆင်ပါက ကောင်းကျိုးများကိုပေးစွမ်းနိုင်ပါသည်။ မိမိ၏ကံဇာတာညံ့၍ အမြင်ဆိုးများနှင့် ကြုံလာရသောအခါတွင်လည်း ဆိုးကျိုးများကို ချေဖျက်နိုင်စွမ်းရှိပါသည်။

 

အောင်မြင်ခြင်းအမှုသို့ရောက်ရန် အခက်အခဲအတားအဆီးများ ရှိပါက ထိုအခက်အဲများအား ရှင်းလင်းဖယ်ရှားနိုင်ပါသည်။ တနင်္လာဂြိုဟ်သည် အင်္ဂါဂြိုဟ်နှင့် မိတ်ကျသဖြင့် အင်္ဂါဂြိုဟ်၏ရတနာဖြစ်သော သန္တာကျောက်နှင့် ဝတ်ဆင်ပါက ပို၍အကျိုးဖြစ်ထွန်းပါမည်။ ပုလဲကို အဆောင်အယောင်အဖြစ် ဝတ်ဆင်ခြင်းဖြင့် စိတ်၏ အေးချမ်းခြင်း၊ အမိထံမှ ပျော်ရွှင်မှုတို့ကို ရရှိခြင်း၊ အုပ်ချုပ်ရေး၌အောင်မြင်ခြင်း၊ မြေယာဝင်ခြင်း၊ အလုပ်အကိုင်နာမည်ဂုဏ်သတင်း ကျော်ကြားခြင်း၊ အစိုးရထံမှ ဂုဏ်ပြုခြင်း စသည့်အကျိုး တို့ကို ခံစားရနိုင်သည်။ တနင်္လာသားသမီးသည် ကျန်းမာရေးညံ့နေမည်ဆိုပါက ပုလဲအား အဆောင်အနေနှင့် ဝတ်ဆင်ပေးလျှင် ကံတရား၏အထောက်အပံ့ကို ရရှိစေပါလိမ့်မည်။ ပုလဲကို မြ၊ စိန်၊ နီလာ၊ ဂေါ်မိတ်၊ ကြောင်တို့ဖြင့် ယှဉ်တွဲဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ အင်္ဂါသားသမီးများ၏ အဓိကအဆောင်ရတနာမှာ သန္တာကျောက်ဖြစ်ပြီး အခြားရတနာများဖြစ်သည့် ပတ္တမြား၊ မြ၊ နီလာ၊ ကြို့ တို့ကို ဝတ်ဆင်နိုင်ပါသည်။ သန္တာကျောက်၏ စိုမိုးဂြိုဟ်သည် အင်္ဂါဂြိုဟ်ဖြစ်သည့်အတွက်ကြောင့် အင်္ဂါသား၊ သမီးများသည် သန္တာကျောက်အား ဝတ်ဆင်ခြင်းဖြင့် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်ပါသည်။ ခိုက်ရန်ဖြစ်ပွားမှုနှင့် ဘေးအန္တရာယ်များကြုံတွေ့လာပါက ဇာတာရှင်အား အကာအကွယ်ပေးပါသည်။ အင်္ဂါဂြိုဟ်သည် ကြာသပတေးဂြိုဟ်နှင့် မိတ်ဖက်ဖြစ်သဖြင့် ကြာသပတေးဂြိုဟ်၏ရတာဖြစ်သော ဥဿဖယားနှင့် တွဲဖက်ဝတ်ဆင်ခြင်းဖြင့် ပို၍အကျိုးပေးပါလိမ့်မည်။

သန္တာကျောက်ကို ဝတ်ဆင်ခြင်းဖြင့် အသက်ရှည်ခြင်း၊ အနာမဲ့ခြင်း၊ နာမည်သတင်းကျော်ကြားခြင်း၊ ဘဝ၏စည်းစိမ်အမျိုးမျိုး ခံစားရခြင်း၊ သားသမီးရတနာပြည့်စုံခြင်း၊ အသိဉာဏ်ထက်မြတ်ခြင်း၊ အလုပ်အကိုင်များ အထူးအောင်မြင်ခြင်း၊ အိမ်တွင်းရေး သာယာခြင်းတို့အပြင် ဇာတာရှင်သည် ကျောင်းသား၊ ကျောင်းသူများဖြစ်ပါက ဖြေဆိုထားသော စာမေးပွဲများ ထူးချွန်အောင်မြင်စေပါလိမ့်မည်။ သန္တာကျောက်ကို မြ၊ စိန်၊ နီလာ၊ ဂေါ်မိတ်၊ ကြောင်တို့နှင့် တွဲဖက်ဝတ်ဆင်ခြင်းကို ရှောင်ရှားသင့်ပါသည်။ ဗုဒ္ဓဟူးသားသမီးများ အဓိကအဆောင်ရတနာမှာ မြဖြစ်ပြီး အခြားသော ခရမ်းစွဲ၊ ပတ္တမြား၊ ကြို့တို့ကိုလည်း အဆောင်အဖြစ်ဝတ်ဆင်နိုင်ပါသည်။ မြကျောက်၏စိုးမိုးဂြိုဟ်မှာ ဗုဒ္ဓဟူးဂြိုဟ်ဖြစ်သည့်အတွက် ဗုဒ္ဓဟူးသား၊ သမီးများသည် မြကျောက်ကို ဝတ်ဆင်ခြင်းဖြင့် အကျိုးစီပွားဖြစ်ထွန်းနိုင်ပါသည်။ ဗုဒ္ဓဟူးသည် အမြင်အယှဉ်ဆိုးခံရလျှင် မြကို ဝတ်ဆင်ခြင်းဖြင့် ဆိုးကျိုးများကို ချေဖျက်ကာကွယ်နိုင်ပါသည်။ ဗုဒ္ဓဟူးဂြိုဟ်သည် စနေဂြိုဟ်နှင့်မိတ်ဖက်ဖြစ်သဖြင့် စနေဂြိုဟ်၏ ရတနာဖြစ်သော နီလာ၊ စိန်စသည်တို့နှင့် တွဲဖက်ဝတ်ဆင်နိုင်ပါသည်။

မြကိုဝတ်ဆင်ခြင်းဖြင့် ဥစ္စာဓန၊ ပညာကျော်ကြားခြင်း တို့ကြောင့် အမြတ်စွန်းများစွာရှိခြင်း၊ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ ရာထူးတိုးခြင်း၊ အထက်လူကြီးက ဂုဏ်ပြုခံရခြင်း၊ နာမည်သတင်းကျော်ကြားခြင်း၊ ပျော်ရွှင်ခြင်း၊ ပညာရေးအောင်မြင်ခြင်း၊ အိမ်တွင်းသာယာချမ်းမြေ့ခြင်း စသည့်အကျိုးကျေးဇူးများ ခံစားရပါသည်။ မြကို ပုလဲ၊ သန္တာကျောက်တို့ဖြင့် ယှဉ်တွဲ၍ မဝတ်ဆင်သင့်ပေ။

ကြာသပတေးသားသမီးများ၏ အဆောင်ရတနာမှာ ဥဿဖယားဖြစ်ပြီး အခြားသော နီလာ၊ ကြောင် စသည့်ရတနာများကိုလည်း အဆောင်အဖြစ်ဝတ်ဆင်နိုင်ပါသည်။ ဥဿဖယား၏ စိုးမိုးဂြိုဟ်မှာ ကြာသပတေးဖြစ်သည့်အတွက် ကြာသပတေးသား၊ သမီးများသည် ဥဿဖယားကို ဝတ်ဆင်ခြင်းဖြင့် အကျိုးထူးများ ခံစားရပါလိမ့်မည်။ ရန်စွယ်အတိုက်အခိုက်များကို ဖယ်ရှားပေးပြီး ကြာသပတေးဂြိုဟ်၏ မိတ်ဖက်ဖြစ်သော အင်္ဂါဂြိုဟ်၏ ရတနာဖြစ်သော သန္တာကျောက်နှင့် တွဲဖက်ဝတ်ဆင်ပါက ပို၍အကျိုးထူးပါလိမ့်မည်။ 

ဥဿဖယားကို ဝတ်ဆင်ခြင်းဖြင့် သားသမီးထံမှ ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ဥစ္စာဓနတိုးပွားခြင်း၊ ပညာရေး၌ အောင်မြင်ခြင်း၊ မြေယာဝင်ခြင်း၊ အိမ်တွင်းသာယာခြင်း စသည့်အကျိုးတို့ကို ခံစားရပါလိမ့်မည်။ ဥဿဖယားကို မြ၊ စိန်၊ နီလာ၊ ဂေါ်မိတ်၊ ကြောင် အစရှိသော ရတနာများဖြင့် ယှဉ်တွဲပြီး ဝတ်ဆင်ခြင်းကို ရှောင်ရှားသင့်ပါသည်။ သောကြာသားသမီးများ၏ အဓိကအဆောင်ရတနာမှာ စိန်ဖြစ်ပြီး အခြားသော မြ၊ ကြောင်၊ သုံးပန်လှ အစရှိသော ရတနာများကိုလည်း ဝတ်ဆင်နိုင်ပါသည်။ စိန်၏စိုးမိုးဂြိုဟ်မှာ သောကြာဂြိုဟ်ဖြစ်သည့်အတွက်ကြောင့် သောကြာသားသမီးများသည် စိန်ကို အဆောင်ရတနာအနေဖြင့် ဝတ်ဆင်မည်ဆိုပါက အကျိုးထူးများ ခံစားရပါလိမ့်မည်။ စိန်ကို ဝတ်ဆင်ခြင်းဖြင့် ဆိုးကျိုးများကိုလည်း ချေဖျက်ပေးနိုင်ပါသည်။

မိတ်ဖက်ဖြစ်သော စနေဂြိုဟ်၏ရတနာ နီလာနှင့် တွဲဖက်ဝတ်ဆင်ခြင်းဖြင့်လည်း ပို၍အကျိုးဖြစ်ထွန်းစေပါသည်။ စိန်ကို ဝတ်ဆင်ခြင်းဖြင့် သားသမီးများကို အကြောင်းပြု၍ ပျော်ရွှင်ချမ်းမြေ့ခြင်း၊ အသိဉာဏ်ထက်မြတ်ခြင်း၊ နာမည်ဂုဏ်သတင်းကျော်ကြားခြင်း၊ ယှဉ်ပြိုင်ရာ၌ အောင်မြင်ခြင်း၊ အိမ်ထောင်ရေးသာယာခြင်း၊ ဂုဏ်ပြုခံရခြင်း၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများနှင့် ပတ်သက်၍ ကျန်းမာစေခြင်း စသည့်အကျိုးထူးများ ခံစားရပါလိမ့်မည်။ စိန်ကို ပတ္တမြား၊ ပုလဲ၊ သန္တာ၊ ကျောက်တို့ဖြင့် ယှဉ်တွဲမဝတ်ဆင်ရန် အထူးဂရုပြုသင့်ပါသည်။

စနေသားသမီးများ၏ အဓိကအဆောင်ရတနာမှာ နီလာဖြစ်ပြီး အခြားသော စိန်၊ တာကွိုက်(စ်) အစရှိသော ရတနာများကိုလည်း ဆင်ယင်နိုင်ပါသည်။ နီလာ၏စိုးမိုးဂြိုဟ်မှာ စနေဂြိုဟ်ဖြစ်သည့်အတွက် စနေသားသမီးများသည် နီလာကို အဆောင်အဖြစ် ဝတ်ဆင်မည်ဆိုပါက အကျိုးထူးခံစားရပါလိမ့်မည်။ မကောင်းသောအန္တရာယ်များကို ချေဖျက်ပေးနိုင်ပြီး မိတ်ဖက်ဖြစ်သော ဗုဒ္ဓဟူးဂြိုဟ်၏ရတနာ မြဖြင့် ယှဉ်တွဲ၍ ဝတ်ဆင်ပါက ပို၍သိသာစွာ အကျိုးထူးခံစားရစေပါမည်။ နီလာကိုဆောင်ယောင်ဝတ်ဆင်ခြင်းဖြင့် အိမ်တွင်းရေးပျော်ရွှင်ချမ်းမြေ့ခြင်း၊ အိမ်နှင့် မြေယာဝင်ခြင်း၊ အမိနှင့်သား ပြိုင်တူအောင်မြင်ခြင်း၊ အောက်လက်ငယ်သားများ ရိုသေလေးစားခြင်း၊ ငွေကြေးဥစ္စာချမ်းသာမှုကို ရရှိစေခြင်း၊ လုပ်ငန်းရပ်အားလုံး အောင်မြင်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

နီလာကို ပတ္တမြား၊ ပုလဲ၊ သန္တာ၊ ဥဿဖယားတို့ဖြင့် ယှဉ်တွဲ၍ မဝတ်ဆင်သင့်ပါ။ ဖော်ပြပေးတဲ့အကြောင်းအရာများသည် မိမိတို့နေ့နံအလိုက် ဝတ်ဆင်သင့်သည် အဆောင်ယတြာလေးများ အကြောင်းကို ဗဟုသုတပြည့်စုံစွာ ရေးသားပေးထားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: uhtongoldsmith

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service