နေအိမ်များတွင် မိုးနှင့်အတူရောက်လာတတ်သော ပြဿနာများ

နေအိမ်များတွင် မိုးနှင့်အတူရောက်လာတတ်သော ပြဿနာများ - Property Knowledge in Myanmar from iMyanmarHouse.com
20 Jun 2022 11:53 am တွင် တင်ခဲ့သည်
1294 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ယခုနှစ်ရဲ့ မိုးဦးကျကာလကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ကိုပဲ ကျရောက်သွားခဲ့တာလို့ ပြောရပါမယ်။ ဧပြီနဲ့ မေမှာ ပူပြင်း‌ခြောက်သွေ့ခဲ့သမျှတွေကို မိုးရေက အေးမြစိုစွတ်စေခဲ့ပါပြီ။ ဒါပေမဲ့ အခြားတစ်ဖက်က ကြည့်ရင်တော့ မိုးရွာတဲ့အခါ မိသားစုအတော်များများကို မကြာခဏဆိုသလိုပဲ ခေါင်းခဲစေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုးရာသီနဲ့အတူ ရောက်ရှိလာတတ်တဲ့ ပြဿနာလေးတွေကြောင့်ပဲဖြစ်ပါတယ်။

၁။ ခေါင်မိုးမိုးယိုခြင်း

အိမ်ခေါင်မိုးမိုးယိုခြင်းဟာ မိုးတွင်းကာလမှာ အဖြစ်များဆုံးပြဿနာလို့ဆိုမယ်ဆိုရင် အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ခံကြမှာပါ။ ယိုစိမ့်မှုအဖြစ်များဆုံးနေရာကတော့ ဆက်ကြောင်းဆုံမှတ်နေရာတွေပဲဖြစ်ပါတယ်။ ယိုစိမ့်ရခြင်းကတော့ စံချိန်မမီတဲ့ ခေါင်မိုးကုန်ကြမ်းပစ္စည်းပစ္စယတွေကို ရွေးချယ်အသုံးပြုထားခြင်း၊ မမှန်မကန်တင်ဆင်ထားခြင်း၊ မမှန်မကန်ဒီဇိုင်းထွင်ထားသော အမိုးပုံသဏ္ဌာန်၊ အမိုးအရည်အသွေးနိမ့်ခြင်း၊ အမိုးအုတ်ကြွပ်ပြားများကွဲအက်ခြင်း စသဖြင့် အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

၂။ ခေါင်းမိုးလန်ခြင်း

ဒါကတော့ လေပြင်းတိုက်ခတ်ခံရနိုင်ခြေရှိတဲ့ အရပ်ဒေသရှိ နေအိမ်တွေ ရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စရပ်ပဲဖြစ်ပါတယ်။ သွပ်ပြားတွေ၊ အုတ်ကြွပ်ကြွေပြားတွေ စသဖြင့် ခေါင်းမိုးအတွက် အသုံးပြုထားတဲ့ပစ္စည်းတွေကြား တစ်ခုနဲ့တစ်ခု သေချာချိတ်ဆက်မထားဘူးဆိုရင် လေတိုက်ခတ်မှုက အမိုးကို လန်စေ၊ လွင့်ထွက်သွားစေနိုင်ပါတယ်။

၃။ နံရံများနှင့် ကြမ်းခင်းများတွင် ယိုစိမ့်ခြင်း

မိုးရာသီမှာ နံရံတွေနဲ့ ကြမ်းခင်းတွေ ယိုစိမ့်ခြင်းပြဿနာကတော့ ခေါင်းမိုးမိုးယိုခြင်းနဲ့ ဆင်တူပါတယ်။ အစိုဓာတ်ကြောင့် နံရံတွေကြမ်းခင်းတွေမှာ မှိုတွေပေါက်ပွားကာ ဆေးသားတွေဖောင်းကြွကွာထွက်စေနိုင်ပါတယ်။ အဲဒီနေရာမှာ လျှပ်စစ်မီးခလုတ်ခုံ၊ လျှပ်စစ်မီးကြိုး စသဖြင့် ရှိတယ်ဆိုရင် လျှပ်စစ်အန္တရာယ်ပါဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး နံရံနဲ့ ကြမ်းခင်းတွေမှာ ယိုစိမ်းမှုပြဿနာဟာ ဆန်းရှိတ်တ်အမိုးအကာတပ်ဆင်ထားပုံ၊ ပြတင်းပေါက်ဘောင်တပ်ဆင်ထားပုံနဲ့ အုတ်သားနဲ့ ရေပိုက် (နံရံအနီး ရှိပါက) အရည်အသွေးတို့အပေါ် မူတည်ပါတယ်။

၄။ ရေတံလျှောက်၊ ရေမြောင်း၊ ရေပြွန်ပိတ်ဆို့ခြင်း

 

အားလုံးသိကြတဲ့အတိုင်း မိုးရွာရင် မိုးရေချည်းသက်သက် လာတာမဟုတ်ပါဘူး။ အမှိုက်သရိုက်နဲ့ သစ်ရွက်ကြွေတွေဟာလည်း အတူပါလာတတ်ပါတယ်။ ဒီအရာတွေက ရေတံလျှောက်၊ ရေမြောင်း၊ ရေပြွန်တွေထဲ ကျသွားတဲ့အခါ ပိတ်ဆို့မှုတွေဖြစ်လာစေနိုင်ပါတယ်။ ရေတံလျှောက်၊ ရေမြောင်း၊ ရေပြွန်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးစစ်ပေးခြင်းကပဲ ဒီပြဿနာကို လျော့ပါးမကြုံဆုံရစေမှာပါ။

၅။ မြက်နှင့်ပေါင်းပင်များ အလွန်အကျွံကြီးထွားခြင်း

နေ့စဉ်ရက်ဆက်လိုလို ရွာသွန်းလိုက်တဲ့ မိုး‌ရေတွေအများကြီးကြောင့် မြက်နဲ့ပေါင်းပင်တွေကလည်း တစ်ဟုန်ထိုးကို လျှင်မြန်ကြီးထွားလာမှာပါပဲ။ ပုံမှန်ဖြတ်တောက်ပေး၊ ဆွဲနုတ်ပေးခြင်းကပဲ အစီစီအရီရီသပ်သပ်ရပ်ရပ်နဲ့ အကောင်ပလောင်တွေဘေးရန်ကနေ ကင်းဝေဖြစ်စေမှာပါ။

၆။ ပစ္စည်းပစ္စယများတွင် ရေဝပ်ခြင်း

 

ရေအိုင်ဖို့ ရေဝပ်ဖို့ နေရာရှိတဲ့ ပစ္စည်းတွေက မိုးပေါက်ကျတဲ့နေရာမှာ ရှိနေတယ်ဆိုရင် ၎င်းပစ္စည်းတွေမှာ ရေဝပ်ပါလိမ့်မယ်။ အဲဒီရေတွေကို သွန်မထုတ်ပစ်ဘူးဆိုရင် ခြင်တွဥဥပြီး ပေါက်ပွားစေနိုင်ပါတယ်။ အဲဒီခြင်တွေက သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဦးနှောက်ရောင်ခြင်း စတဲ့ ပြင်းထန်ရောဂါတွေကို သယ်ဆောင်လာနိုင်ပါတယ်။

၇။ နေအိမ်ပေါ် သစ်ပင်ကျိုးကျခြင်း

နေအိမ်အနီးအနားမှာ သစ်ပင်အကြီးကြီး စိုက်ပျိုးထားတယ်ဆိုရင် မိုးတွင်းကာလမှာ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ၎င်းသစ်ပင်ရဲ့ ပင်စည်နဲ့ အကိုင်းအခက်တွေ နေအိမ်ပေါ် ပြိုလဲကျကာ နေအိမ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်လည်း မိုးရာသီမတိုင်ခင်မှာ သစ်ကိုင်းခုတ်ခြင်းတွေ ကြိုတင်လုပ်ဆောင်ထားကြတာကို ပတ်ဝန်းကျင်မှာတွေ့ရမှာပါ။ အိမ်အနားမှာ သစ်ပင်ကြီးတွေ အများအပြားမစိုက်ခြင်းကလည်း ကြိုတင်ကာကွယ်မှုတစ်ခုပါပဲ။

၈။ လျှပ်စီးပတ်လမ်းတို

မိုးရေနဲ့ မိုးရေအစိုဓာတ်က လျှပ်စီးပတ်လမ်းတိုဆီ လျှပ်စစ်ပေးပိုးမှုကို ပျက်စီးစေနိုင်ပါတယ်။ လျှပ်စစ်ဝိုင်ယာကြိုးတွေနဲ့ အိမ်သုံး လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေကို အိုဟောင်းခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ယိုစိမ့်ခြင်းနဲ့ အသုံးပြရန်ဘေးကင်းမှုရှိမရှိ စတာတွေကို ပုံမှန်စစ်ဆေး‌ပေးရပါမယ်။

၉။ ရေညှိတက်ခြင်း

မိုးတွင်းမှာ ရေညှိအတက်ဆုံးနေရာကတော့ ကွန်ကရစ်ကြမ်းတုံးတွေပဲဖြစ်ပါတယ်။ ဒီပြဿနာကို ထုံးဖြူးခြင်းနဲ့ ပုံမှန်တိုက်ချွတ်ပေးခြင်းကပဲ ပြေလည်စေမှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Problems with houses that come with the rainy season (scbglobalnetwork)

 

 

[Zawgyi]

ေနအိမ္မ်ားတြင္ မိုးႏွင့္အတူေရာက္လာတတ္ေသာ ျပႆနာမ်ား

 

ယခုႏွစ္ရဲ႕ မိုးဦးက်ကာလကေတာ့ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ကိုပဲ က်ေရာက္သြားခဲ့တာလို႔ ေျပာရပါမယ္။ ဧၿပီနဲ႔ ေမမွာ ပူျပင္း‌ေျခာက္ေသြ႕ခဲ့သမွ်ေတြကို မိုးေရက ေအးျမစိုစြတ္ေစခဲ့ပါၿပီ။ ဒါေပမဲ့ အျခားတစ္ဖက္က ၾကည့္ရင္ေတာ့ မိုး႐ြာတဲ့အခါ မိသားစုအေတာ္မ်ားမ်ားကို မၾကာခဏဆိုသလိုပဲ ေခါင္းခဲေစတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မိုးရာသီနဲ႔အတူ ေရာက္႐ွိလာတတ္တဲ့ ျပႆနာေလးေတြေၾကာင့္ပဲျဖစ္ပါတယ္။

၁။ ေခါင္မိုးမိုးယိုျခင္း

အိမ္ေခါင္မိုးမိုးယိုျခင္းဟာ မိုးတြင္းကာလမွာ အျဖစ္မ်ားဆုံးျပႆနာလို႔ဆိုမယ္ဆိုရင္ အားလုံးက တစ္ညီတစ္ၫြတ္တည္း လက္ခံၾကမွာပါ။ ယိုစိမ့္မႈအျဖစ္မ်ားဆုံးေနရာကေတာ့ ဆက္ေၾကာင္းဆုံမွတ္ေနရာေတြပဲျဖစ္ပါတယ္။ ယိုစိမ့္ရျခင္းကေတာ့ စံခ်ိန္မမီတဲ့ ေခါင္မိုးကုန္ၾကမ္းပစၥည္းပစၥယေတြကို ေ႐ြးခ်ယ္အသုံးျပဳထားျခင္း၊ မမွန္မကန္တင္ဆင္ထားျခင္း၊ မမွန္မကန္ဒီဇိုင္းထြင္ထားေသာ အမိုးပုံသဏၭာန္၊ အမိုးအရည္အေသြးနိမ့္ျခင္း၊ အမိုးအုတ္ႂကြပ္ျပားမ်ားကြဲအက္ျခင္း စသျဖင့္ အေၾကာင္းရင္းေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၂။ ေခါင္းမိုးလန္ျခင္း

ဒါကေတာ့ ေလျပင္းတိုက္ခတ္ခံရႏိုင္ေျခ႐ွိတဲ့ အရပ္ေဒသ႐ွိ ေနအိမ္ေတြ ရင္ဆိုင္ေျဖ႐ွင္းရမယ့္ကိစၥရပ္ပဲျဖစ္ပါတယ္။ သြပ္ျပားေတြ၊ အုတ္ႂကြပ္ေႂကြျပားေတြ စသျဖင့္ ေခါင္းမိုးအတြက္ အသုံးျပဳထားတဲ့ပစၥည္းေတြၾကား တစ္ခုနဲ႔တစ္ခု ေသခ်ာခ်ိတ္ဆက္မထားဘူးဆိုရင္ ေလတိုက္ခတ္မႈက အမိုးကို လန္ေစ၊ လြင့္ထြက္သြားေစႏိုင္ပါတယ္။

၃။ နံရံမ်ားႏွင့္ ၾကမ္းခင္းမ်ားတြင္ ယိုစိမ့္ျခင္း

မိုးရာသီမွာ နံရံေတြနဲ႔ ၾကမ္းခင္းေတြ ယိုစိမ့္ျခင္းျပႆနာကေတာ့ ေခါင္းမိုးမိုးယိုျခင္းနဲ႔ ဆင္တူပါတယ္။ အစိုဓာတ္ေၾကာင့္ နံရံေတြၾကမ္းခင္းေတြမွာ မိႈေတြေပါက္ပြားကာ ေဆးသားေတြေဖာင္းႂကြကြာထြက္ေစႏိုင္ပါတယ္။ အဲဒီေနရာမွာ လွ်ပ္စစ္မီးခလုတ္ခုံ၊ လွ်ပ္စစ္မီးႀကိဳး စသျဖင့္ ႐ွိတယ္ဆိုရင္ လွ်ပ္စစ္အႏၲရာယ္ပါျဖစ္ေစႏိုင္ပါတယ္။ ဒီလိုမ်ိဳး နံရံနဲ႔ ၾကမ္းခင္းေတြမွာ ယိုစိမ္းမႈျပႆနာဟာ ဆန္း႐ွိတ္တ္အမိုးအကာတပ္ဆင္ထားပုံ၊ ျပတင္းေပါက္ေဘာင္တပ္ဆင္ထားပုံနဲ႔ အုတ္သားနဲ႔ ေရပိုက္ (နံရံအနီး ႐ွိပါက) အရည္အေသြးတို႔အေပၚ မူတည္ပါတယ္။

၄။ ေရတံေလွ်ာက္၊ ေရေျမာင္း၊ ေရႁပြန္ပိတ္ဆို႔ျခင္း

အားလုံးသိၾကတဲ့အတိုင္း မိုး႐ြာရင္ မိုးေရခ်ည္းသက္သက္ လာတာမဟုတ္ပါဘူး။ အမိႈက္သ႐ိုက္နဲ႔ သစ္႐ြက္ေႂကြေတြဟာလည္း အတူပါလာတတ္ပါတယ္။ ဒီအရာေတြက ေရတံေလွ်ာက္၊ ေရေျမာင္း၊ ေရႁပြန္ေတြထဲ က်သြားတဲ့အခါ ပိတ္ဆို႔မႈေတြျဖစ္လာေစႏိုင္ပါတယ္။ ေရတံေလွ်ာက္၊ ေရေျမာင္း၊ ေရႁပြန္ေတြကို ပုံမွန္သန္႔႐ွင္းေရးလုပ္ေပးစစ္ေပးျခင္းကပဲ ဒီျပႆနာကို ေလ်ာ့ပါးမၾကဳံဆုံရေစမွာပါ။

၅။ ျမက္ႏွင့္ေပါင္းပင္မ်ား အလြန္အကြၽံႀကီးထြားျခင္း

ေန႔စဥ္ရက္ဆက္လိုလို ႐ြာသြန္းလိုက္တဲ့ မိုး‌ေရေတြအမ်ားႀကီးေၾကာင့္ ျမက္နဲ႔ေပါင္းပင္ေတြကလည္း တစ္ဟုန္ထိုးကို လွ်င္ျမန္ႀကီးထြားလာမွာပါပဲ။ ပုံမွန္ျဖတ္ေတာက္ေပး၊ ဆြဲႏုတ္ေပးျခင္းကပဲ အစီစီအရီရီသပ္သပ္ရပ္ရပ္နဲ႔ အေကာင္ပေလာင္ေတြေဘးရန္ကေန ကင္းေဝျဖစ္ေစမွာပါ။

၆။ ပစၥည္းပစၥယမ်ားတြင္ ေရဝပ္ျခင္း

ေရအိုင္ဖို႔ ေရဝပ္ဖို႔ ေနရာ႐ွိတဲ့ ပစၥည္းေတြက မိုးေပါက္က်တဲ့ေနရာမွာ ႐ွိေနတယ္ဆိုရင္ ၎ပစၥည္းေတြမွာ ေရဝပ္ပါလိမ့္မယ္။ အဲဒီေရေတြကို သြန္မထုတ္ပစ္ဘူးဆိုရင္ ျခင္တြဥဥၿပီး ေပါက္ပြားေစႏိုင္ပါတယ္။ အဲဒီျခင္ေတြက ေသြးလြန္တုပ္ေကြး၊ ငွက္ဖ်ား၊ ဦးေႏွာက္ေရာင္ျခင္း စတဲ့ ျပင္းထန္ေရာဂါေတြကို သယ္ေဆာင္လာႏိုင္ပါတယ္။

၇။ ေနအိမ္ေပၚ သစ္ပင္က်ိဳးက်ျခင္း

ေနအိမ္အနီးအနားမွာ သစ္ပင္အႀကီးႀကီး စိုက္ပ်ိဳးထားတယ္ဆိုရင္ မိုးတြင္းကာလမွာ မိုးသည္းထန္စြာ႐ြာသြန္းျခင္းနဲ႔ ေလျပင္းတိုက္ခတ္မႈေတြေၾကာင့္ ၎သစ္ပင္ရဲ႕ ပင္စည္နဲ႔ အကိုင္းအခက္ေတြ ေနအိမ္ေပၚ ၿပိဳလဲက်ကာ ေနအိမ္ကိုထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။ ဒါေၾကာင့္လည္း မိုးရာသီမတိုင္ခင္မွာ သစ္ကိုင္းခုတ္ျခင္းေတြ ႀကိဳတင္လုပ္ေဆာင္ထားၾကတာကို ပတ္ဝန္းက်င္မွာေတြ႕ရမွာပါ။ အိမ္အနားမွာ သစ္ပင္ႀကီးေတြ အမ်ားအျပားမစိုက္ျခင္းကလည္း ႀကိဳတင္ကာကြယ္မႈတစ္ခုပါပဲ။

၈။ လွ်ပ္စီးပတ္လမ္းတို

မိုးေရနဲ႔ မိုးေရအစိုဓာတ္က လွ်ပ္စီးပတ္လမ္းတိုဆီ လွ်ပ္စစ္ေပးပိုးမႈကို ပ်က္စီးေစႏိုင္ပါတယ္။ လွ်ပ္စစ္ဝိုင္ယာႀကိဳးေတြနဲ႔ အိမ္သုံး လွ်ပ္စစ္အသုံးအေဆာင္ပစၥည္းေတြကို အိုေဟာင္းျခင္း၊ ပ်က္စီးယိုယြင္းျခင္း၊ ယိုစိမ့္ျခင္းနဲ႔ အသုံးျပရန္ေဘးကင္းမႈ႐ွိမ႐ွိ စတာေတြကို ပုံမွန္စစ္ေဆး‌ေပးရပါမယ္။

၉။ ေရညႇိတက္ျခင္း

မိုးတြင္းမွာ ေရညႇိအတက္ဆုံးေနရာကေတာ့ ကြန္ကရစ္ၾကမ္းတုံးေတြပဲျဖစ္ပါတယ္။ ဒီျပႆနာကို ထုံးျဖဴးျခင္းနဲ႔ ပုံမွန္တိုက္ခြၽတ္ေပးျခင္းကပဲ ေျပလည္ေစမွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Problems with houses that come with the rainy season (scbglobalnetwork)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service