အိမ်ရောင်းချရာတွင် ‌ရှောင်ရှားရမည့် ထိပ်တန်းအမှား (၇) ခု

အိမ်ရောင်းချရာတွင် ‌ရှောင်ရှားရမည့် ထိပ်တန်းအမှား (၇) ခု - Property Knowledge in Myanmar from iMyanmarHouse.com
17 Jun 2022 12:55 pm တွင် တင်ခဲ့သည်
862 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အောက်မှာ ဖော်ပြပေးသွားမှာတွေကတော့ အိမ်တစ် အိမ်ရောင်းဖို့လုပ်တဲ့အခါ သင်ရှောင်ရှားရမယ့်၊ အမှားတတ်ဆုံး အမှားတွေထဲက ထိပ်တန်းအမှား (၇) ခုပဲ ဖြစ်ပါတယ်။

၁။ ရောင်းချမှု၏ကုန်ကျစရိတ်ကို လျှော့တွက်ခြင်း

- အိမ်တစ်အိမ်ကို ရောင်းတဲ့ စုစုပေါင်းကုန်ကျစရိတ်ကို အကျိုးဆောင်ပွဲခရာခိုင်နှုန်း အများဆုံး ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းကျော်လောက်အထိပဲ ကျလိမ့်မယ်လို့ လူအများစုက မှန်းဆတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ဝယ်သူဆီ အမည်ပေါက်လွှဲပြောင်းပြီးတဲ့အထိ ကြားထဲမှာ ကုန်ကျတဲ့ ရှေ့နေခ၊ စာရွက်စာတမ်းခ၊ အခွန် စတဲ့ အထွေထွေစရိတ် (ဝယ်သူ သို့မဟုတ် ရောင်းသူမှ ကျခံ)၊ ပြုပြင်စရိတ်၊ ဝယ်သူသို့ ဈေးလျှော့ပေးခြင်း စတာတွေထည့်တွက်လိုက်တဲ့အခါ ရောင်းချမှုရဲ့ကုန်ကျစရိတ်ဟာ ရောင်းဈေး (ရောင်းရငွေ) ရဲ့ ၁၀ ရာခိုင်နှုန်းနီးနီးဖြစ်သွားနိုင်ပါတယ်။

- ဒါ့အပြင် သင်က အိမ်ဟောင်းမရောင်းခင် အိမ်သစ်ကို ပြောင်းတယ်ဆိုပါစို့။ ဒါဆို အိမ်သစ်က အပိုထပ်ဝယ်တာမျိုးမဟုတ်ခဲ့ဘူးဆိုရင် ယာယီနေစရာအတွက် ငှားချင်ငှားရနိုင်သလို ချေးငွေနဲ့အိမ်သစ်ဝယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆို စရိတ်တွေ ပိုတိုးလာတော့မှာပါ။

- ဒါကြောင့် ရောင်းချမှုရဲ့ဖြစ်နိုင်ခြေကုန်ကျစရိတ်တွေ သေချာစဉ်းစားပြီး သင့်အသားတင်ရောင်းရငွေကို ကြိုတင်ကာတွက်ချက်သင့်ပါတယ်။

၂။ လက်မခံနိုင်စရာဈေးခေါ်ခြင်း

- သင်လိုချင်တဲ့ဈေးနဲ့ ဈေးကွက်မှာပေါက်တဲ့ဈေး။ ဒီဈေးနှစ်ခုဟာ အဟကြီးဟနေနိုင်ပါတယ်။ များလည်း မများ နည်းလည်းမနည်းဘဲ သင့်တင့်တဲ့ဈေးကို ခေါ်တတ်ဖို့ အရေးကြီးပါတယ်။ ဒါမှ သင့်အိမ်ဟာ အရောင်းဈေးကွက်ပေါ် အကြာကြီးမနေရမှာဖြစ်သလို သင့်အတွက်လည်း ထိုက်တန်တဲ့ရောင်းဈေးကို ရရှိမှာပဲ ဖြစ်ပါတယ်။

၃။ အမြင့်ဆုံး‌ဈေးပေးသူကိုပဲ စဉ်းစားခြင်း

- အမြင့်ဆုံးဈေးပေးတဲ့သူကပဲ အကောင်းဆုံးမဟုတ်ပါဘူး။ ရောင်းချမှုတစ်ခုမှာ ဖြစ်လာနိုင်တဲ့အရေးပေါ်ကိစ္စတွေအခြေအနေတွေ အများကြီး ရှိနိုင်ပါတယ်။ ဥပမာအားဖြင့်ဆိုရရင် ဝယ်သူရဲ့ ငွေရေးကြေးရေးအခြေအနေပဲဖြစ်ပါတယ်။ ချက်ချင်းချေနိုင်တာလား၊ အရစ်ကျချေမှာလား၊ တစ်ခုခုရောင်းထွက်မှ ဝယ်နိုင်မှာလား စသဖြင့်ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေက ရောင်းချမှုရဲ့ အချိန်ကာလ၊ ရေရာသေချာမှုနဲ့ ရှုပ်ထွေးမှု စတာတွေအပေါ် သက်ရောက်မှု ရှိနိုင်လို့ပဲဖြစ်ပါတယ်။

၄။ အကြီးစားပြင်ဆင်မှုများနှင့် စရိတ်များသည့် ပြုပြင်မွမ်းမံမှုများအား လျစ်လျူရှုခြင်း

- ပြုပြင်စရာတွေများနေတဲ့အိမ်ဟာ ဝယ်သူကို ချက်ချင်းလှည့်ပြန်သွားစေနိုင်ပြီး သင့်အိမ်ရဲ့တန်ဖိုးကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ အရောင်းကြော်ငြာမှာဖော်ပြထားတဲ့ ဖော်ပြချက်တွေနဲ့ သင့်အိမ်ရဲ့လက်တွေ့အခြေအနေတွေ ကိုက်ဖို့ကို ဝယ်သူက မျှော်လင့်ထားတာပဲ ဖြစ်ပါတယ်။ ဝယ်သူအားလုံးလိုလိုကလည်း သွားရောက်ကြည့်ရှုပြီးတော့မှသာ ဝယ်ယူမှုအတွက် ဆုံးဖြတ်ကြတာပါ။

ဒီတော့ အိမ်တစ်အိမ်ရဲ့ အခြေခံအဆောက်အအုံ၊ အင်္ဂါရပ်တွေအကုန်လုံးကို သင့်လျော်အောင်ပြုပြင်ထားရှိပါ။ ဖြစ်နိုင်ရင် လက်သင့်တက်နေရလို့ ရမယ့်အခြေအနေဆို အကောင်းဆုံးပါပဲ။ အလှဆင်မွမ်းမံမှုတွေလည်း ရှိတယ်ဆိုရင်တော့ ဝယ်သူတွေကို ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။

၅။ သင့်အိမ်အား အရောင်းအတွက် ကြိုတင်မပြင်ဆင်ထားခြင်း

- ဝယ်သူလာကြည့်တော့မယ်ဆိုရင် သင့်အိမ်အား အစီအစဉ်တကျ သန့်ရှင်း သပ်ရပ်မှုရှိအောင် ကြိုတင်ပြင်ဆင်ထားပါ။ ဒါမှ ဝယ်သူမျက်စိထဲ သင့်အိမ်ရဲ့အကျယ်အဝန်းကို မှန်မှန်ကန်ကန်မြင်နိုင်ပြီး မျက်စိကျစေနိုင်မှာပါ။

၆။ အကျိုးဆောင်မှားယွင်းရွေးချယ်ခြင်း သို့မဟုတ် ရောင်းချသည့်နည်းလမ်းမှားယွင်းခြင်း

- စိတ်ချယုံကြည်ရတဲ့  အကျိုးဆောင်ကုမ္ပဏီ  သို့မဟုတ် အကျိုးဆောင်ကို ရွေးချယ်ပါ။ ပွဲခကိုလည်း အစကတည်းက သေချာညှိနှိုင်းထားပါ။ ရောင်းချတဲ့နည်းလမ်းမှန်ဖို့လည်း အလွန်အရေးကြီးပါတယ်။ အိမ်ခြံမြေတွေ အမြန်ဆုံးရောင်းထွက်၊ ငှားရမ်းရတဲ့ (အပလီကေးရှင်း   သုံးစွဲသူနဲ့ ဝဘ်ဆိုက်ကို လစဉ်ဝင်ရောက်ကြည့်ရှုသူဦးရေ ၃ ဒသမ ၈ သန်းကျော်ရှိတဲ့) “မြန်မာနိုင်ငံ၏ နံပါတ် (၁) အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)  ” မှာ သင့်အိမ်အရောင်းကြော်ငြာကို အခမဲ့လွယ်လင့်တကူချက်ချင်းတင်နိုင်ပါတယ်။

၇။ ပြသမှုများအား ကန့်သတ်ခြင်း

- သင့်အိမ်ကို အရောင်းဈေးကွက်တင်ပြီဆိုတာနဲ့ အကျိုးဆောင်က အိမ်ပြချင်တဲ့အခါတိုင်း သင့်ဘက်ကပြခွင့်ပေးနိုင်ဖို့ ကြိုးစားရပါမယ်။ ရည်ရွယ်ချက်ကတော့ အလားအလာရှိတဲ့ ဝယ်သူတွေကို တတ်နိုင်သမျှများအောင် ဆောင်ကြဉ်းနိုင်ဖို့ပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ေရာင္းခ်ရာတြင္ ‌ေ႐ွာင္႐ွားရမည့္ ထိပ္တန္းအမွား (၇) ခု

 

ေအာက္မွာ ေဖာ္ျပေပးသြားမွာေတြကေတာ့ အိမ္တစ္  အိမ္ေရာင္းဖို႔လုပ္တဲ့အခါ  သင္ေ႐ွာင္႐ွားရမယ့္၊ အမွားတတ္ဆုံး အမွားေတြထဲက ထိပ္တန္းအမွား (၇) ခုပဲ ျဖစ္ပါတယ္။

၁။ ေရာင္းခ်မႈ၏ကုန္က်စရိတ္ကို ေလွ်ာ့တြက္ျခင္း

- အိမ္တစ္အိမ္ကို ေရာင္းတဲ့ စုစုေပါင္းကုန္က်စရိတ္ကို အက်ိဳးေဆာင္ပြဲခရာခိုင္ႏႈန္း အမ်ားဆုံး ၅ ရာခိုင္ႏႈန္း၊ ၆ ရာခိုင္ႏႈန္းေက်ာ္ေလာက္အထိပဲ က်လိမ့္မယ္လို႔ လူအမ်ားစုက မွန္းဆတတ္ၾကပါတယ္။ တကယ္တမ္းမွာေတာ့ ဝယ္သူဆီ အမည္ေပါက္လႊဲေျပာင္းၿပီးတဲ့အထိ ၾကားထဲမွာ ကုန္က်တဲ့ ေ႐ွ႕ေနခ၊ စာ႐ြက္စာတမ္းခ၊ အခြန္ စတဲ့ အေထြေထြစရိတ္ (ဝယ္သူ သို႔မဟုတ္ ေရာင္းသူမွ က်ခံ)၊ ျပဳျပင္စရိတ္၊ ဝယ္သူသို႔ ေဈးေလွ်ာ့ေပးျခင္း စတာေတြထည့္တြက္လိုက္တဲ့အခါ ေရာင္းခ်မႈရဲ႕ကုန္က်စရိတ္ဟာ ေရာင္းေဈး (ေရာင္းရေငြ) ရဲ႕ ၁၀ ရာခိုင္ႏႈန္းနီးနီးျဖစ္သြားႏိုင္ပါတယ္။

- ဒါ့အျပင္ သင္က အိမ္ေဟာင္းမေရာင္းခင္ အိမ္သစ္ကို ေျပာင္းတယ္ဆိုပါစို႔။ ဒါဆို အိမ္သစ္က အပိုထပ္ဝယ္တာမ်ိဳးမဟုတ္ခဲ့ဘူးဆိုရင္ ယာယီေနစရာအတြက္ ငွားခ်င္ငွားရႏိုင္သလို ေခ်းေငြနဲ႔အိမ္သစ္ဝယ္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဒါဆို စရိတ္ေတြ ပိုတိုးလာေတာ့မွာပါ။

- ဒါေၾကာင့္ ေရာင္းခ်မႈရဲ႕ျဖစ္ႏိုင္ေျခကုန္က်စရိတ္ေတြ ေသခ်ာစဥ္းစားၿပီး သင့္အသားတင္ေရာင္းရေငြကို ႀကိဳတင္ကာတြက္ခ်က္သင့္ပါတယ္။

၂။ လက္မခံႏိုင္စရာေဈးေခၚျခင္း

- သင္လိုခ်င္တဲ့ေဈးနဲ႔ ေဈးကြက္မွာေပါက္တဲ့ေဈး။ ဒီေဈးႏွစ္ခုဟာ အဟႀကီးဟေနႏိုင္ပါတယ္။ မ်ားလည္း မမ်ား နည္းလည္းမနည္းဘဲ သင့္တင့္တဲ့ေဈးကို ေခၚတတ္ဖို႔ အေရးႀကီးပါတယ္။ ဒါမွ သင့္အိမ္ဟာ အေရာင္းေဈးကြက္ေပၚ အၾကာႀကီးမေနရမွာျဖစ္သလို သင့္အတြက္လည္း ထိုက္တန္တဲ့ေရာင္းေဈးကို ရ႐ွိမွာပဲ ျဖစ္ပါတယ္။

၃။ အျမင့္ဆုံး‌ေဈးေပးသူကိုပဲ စဥ္းစားျခင္း

- အျမင့္ဆုံးေဈးေပးတဲ့သူကပဲ အေကာင္းဆုံးမဟုတ္ပါဘူး။ ေရာင္းခ်မႈတစ္ခုမွာ ျဖစ္လာႏိုင္တဲ့အေရးေပၚကိစၥေတြအေျခအေနေတြ အမ်ားႀကီး ႐ွိႏိုင္ပါတယ္။ ဥပမာအားျဖင့္ဆိုရရင္ ဝယ္သူရဲ႕ ေငြေရးေၾကးေရးအေျခအေနပဲျဖစ္ပါတယ္။ ခ်က္ခ်င္းေခ်ႏိုင္တာလား၊ အရစ္က်ေခ်မွာလား၊ တစ္ခုခုေရာင္းထြက္မွ ဝယ္ႏိုင္မွာလား စသျဖင့္ျဖစ္ပါတယ္။ အဲဒီအေျခအေနေတြက ေရာင္းခ်မႈရဲ႕ အခ်ိန္ကာလ၊ ေရရာေသခ်ာမႈနဲ႔ ႐ႈပ္ေထြးမႈ စတာေတြအေပၚ သက္ေရာက္မႈ ႐ွိႏိုင္လို႔ပဲျဖစ္ပါတယ္။

၄။ အႀကီးစားျပင္ဆင္မႈမ်ားႏွင့္ စရိတ္မ်ားသည့္ ျပဳျပင္မြမ္းမံမႈမ်ားအား လ်စ္လ်ဴ႐ႈျခင္

- ျပဳျပင္စရာေတြမ်ားေနတဲ့အိမ္ဟာ ဝယ္သူကို ခ်က္ခ်င္းလွည့္ျပန္သြားေစႏိုင္ၿပီး သင့္အိမ္ရဲ႕တန္ဖိုးကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။ ပိုၿပီးအေရးႀကီးတာကေတာ့ အေရာင္းေၾကာ္ျငာမွာေဖာ္ျပထားတဲ့ ေဖာ္ျပခ်က္ေတြနဲ႔ သင့္အိမ္ရဲ႕လက္ေတြ႕အေျခအေနေတြ ကိုက္ဖို႔ကို ဝယ္သူက ေမွ်ာ္လင့္ထားတာပဲ ျဖစ္ပါတယ္။ ဝယ္သူအားလုံးလိုလိုကလည္း သြားေရာက္ၾကည့္႐ႈၿပီးေတာ့မွသာ ဝယ္ယူမႈအတြက္ ဆုံးျဖတ္ၾကတာပါ။ ဒီေတာ့ အိမ္တစ္အိမ္ရဲ႕ အေျခခံအေဆာက္အအုံ၊ အဂၤါရပ္ေတြအကုန္လုံးကို သင့္ေလ်ာ္ေအာင္ျပဳျပင္ထား႐ွိပါ။ ျဖစ္ႏိုင္ရင္ လက္သင့္တက္ေနရလို႔ ရမယ့္အေျခအေနဆို အေကာင္းဆုံးပါပဲ။ အလွဆင္မြမ္းမံမႈေတြလည္း ႐ွိတယ္ဆိုရင္ေတာ့ ဝယ္သူေတြကို ဆြဲေဆာင္ႏိုင္မွာ အေသအခ်ာပါပဲ။

၅။ သင့္အိမ္အား အေရာင္းအတြက္ ႀကိဳတင္မျပင္ဆင္ထားျခင္း

- ဝယ္သူလာၾကည့္ေတာ့မယ္ဆိုရင္ သင့္အိမ္အား အစီအစဥ္တက် သန္႔႐ွင္း သပ္ရပ္မႈ႐ွိေအာင္ ႀကိဳတင္ျပင္ဆင္ထားပါ။ ဒါမွ ဝယ္သူမ်က္စိထဲ သင့္အိမ္ရဲ႕အက်ယ္အဝန္းကို မွန္မွန္ကန္ကန္ျမင္ႏိုင္ၿပီး မ်က္စိက်ေစႏိုင္မွာပါ။

၆။ အက်ိဳးေဆာင္မွားယြင္းေ႐ြးခ်ယ္ျခင္း သို႔မဟုတ္ ေရာင္းခ်သည့္နည္းလမ္းမွားယြင္းျခင္း

- စိတ္ခ်ယုံၾကည္ရတဲ့ အက်ိဳးေဆာင္ကုမၸဏီ သို႔မဟုတ္ အက်ိဳးေဆာင္ကို ေ႐ြးခ်ယ္ပါ။ ပြဲခကိုလည္း အစကတည္းက ေသခ်ာညႇိႏိႈင္းထားပါ။ ေရာင္းခ်တဲ့နည္းလမ္းမွန္ဖို႔လည္း အလြန္အေရးႀကီးပါတယ္။ အိမ္ျခံေျမေတြ အျမန္ဆုံးေရာင္းထြက္၊ ငွားရမ္းရတဲ့  ( အပလီေကး႐ွင္း   သုံးစြဲသူနဲ႔ ဝဘ္ဆိုက္ကို လစဥ္ဝင္ေရာက္ၾကည့္႐ႈသူဦးေရ ၃ ဒသမ ၈ သန္းေက်ာ္႐ွိတဲ့) “ျမန္မာႏိုင္ငံ၏ နံပါတ္ (၁) အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း)  ” မွာ သင့္အိမ္အေရာင္းေၾကာ္ျငာကို အခမဲ့လြယ္လင့္တကူခ်က္ခ်င္းတင္ႏိုင္ပါတယ္။

၇။ ျပသမႈမ်ားအား ကန္႔သတ္ျခင္း

- သင့္အိမ္ကို အေရာင္းေဈးကြက္တင္ၿပီဆိုတာနဲ႔ အက်ိဳးေဆာင္က အိမ္ျပခ်င္တဲ့အခါတိုင္း သင့္ဘက္ကျပခြင့္ေပးႏိုင္ဖို႔ ႀကိဳးစားရပါမယ္။ ရည္႐ြယ္ခ်က္ကေတာ့ အလားအလာ႐ွိတဲ့ ဝယ္သူေတြကို တတ္ႏိုင္သမွ်မ်ားေအာင္ ေဆာင္ၾကဥ္းႏိုင္ဖို႔ပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service