နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု

နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု - Property Knowledge in Myanmar from iMyanmarHouse.com
17 Jun 2022 11:41 am တွင် တင်ခဲ့သည်
1073 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အနီရောင် ရဲရဲလေးနဲ့ ပုံစံလေးကလည်း ချစ်စရာကောင်းတဲ့ နှင်းသီးလေး က စားလို့ ကောင်းသလို မစားဖူးသူလည်း ခပ်ရှားရှားဖြစ်မယ် ထင်ပါတယ်။ ဒီလို စားဖူးသင့်တဲ့ နှင်းသီးလေးက ကျန်းမာရေးအတွက် အကျိုးများသလို အသားအရေအတွက်လည်း ကောင်းကျိုးပေးပါသတဲ့။ ဘယ်လို ကောင်းကျိုးပေးသလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

နှင်းသီး ဆိုတာ

 

နှင်းသီဆိုတာက ပန်းရောင် ကနေ အနီရောင် ရဲရဲလေးအထိ ရှိတတ်ပြီး ခပ်ပုပုလေးကနေ ရှည်မျောမျောလေး ပုံစံ အမျိုးမျိုးရှိပါတယ်။ အခိုင်လိုက် သီးတတ်ပြီး အပင်ကြီးမျိုးပါ။

အသားက ခပ်ပွပွလေးနဲ့ အရည်ရွှမ်းပြီး အရသာက ချိုချိုလေးပါ။ စားလိုက်ရင် ရင်အေးစေတဲ့ သစ်သီး တစ်မျိုးပါ။ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။

နှင်းသီးမှာ ဘယ်လိုအာဟာရတွေ ပါဝင်နေလဲ

စားရတာ အရသာရှိလှတဲ့ နှင်းသီးလေးမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

ရေဓာတ်

ပရိုတင်း

ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်

အဆီဓာတ်

ဗီတာမင် C

ဗီတာမင် A

ဗီတာမင် B1 (Thiamine)

ဗီတာမင် B3 (Niacin)

ကယ်လ်ဆီယမ်

သံဓာတ်

မဂ္ဂနီဆီယမ်

ဖော့စဖရိတ်

ပိုတက်ဆီယမ်

ဆာလဖာ တို့ ပါဝင်နေပါတယ်။

နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု

စားလို့ကောင်းတဲ့ နှင်းသီးလေး က အသားအရေ လှပမှုအတွက် အခုလို ထောက်ပံ့ပေးပါတယ်။

အသားအရေကျန်းမာစေတယ်

နှင်းသီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို oxidative stressတွေ၊ စိတ်ဖိစီးမှုနဲ့ ညစ်ညမ်းမှုတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသာအရေကို ကျန်းမာစေပါတယ်။

အသားအရေ ခြောက်သွေ့မှု ကင်းစေလို အရေးအကြောင်းတွေလည်း ကင်းစေပါတယ်။

အမည်းစက်တွေ သက်သာစေနိုင်ပါတယ်

နှင်းသီး နဲ့ နှင်းသီးပင်ရဲ့ အရွက်မှာပါတဲ့ phenolic က အသားအရေကို ဖြူဝင်းစေပြီး အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို UV B အန္တရာယ်က ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

ဝက်ခြံ ကာကွယ်ပေးပါတယ်

နှင်းသီးက ဝက်ခြံကြောင့် အရေပြားရောင်ရမ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အရေပြား ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ နှင်းသီးပင်ရဲ့ အရွက်က အရောင်ကျစေနိုင်သလို ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

အရေပြား ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်

နှင်းသီးပင်ရဲ့ အခေါက်က အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ဓာတ်မတည့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားထိခိုက်မှုတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။

အရေပြားကို ရေဓာတ်ဖြည့်ပေးတယ်

နှင်းသီးက အရေပြားကို ရေဓာတ်ဖြည့်ပေးသလို အသားအရေကို ကြည်လင်လှပစေပါတယ်။ နှင်းသီး စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

အဆီပြန်တာကို သက်သာစေပြီး အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

နေလောင်တာကို သက်သာစေတယ်

နှင်းသီးမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ နေလောင်တာကို သက်သာစေနိုင်သလို နေရောင်ကြောင့် အရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကဲ ……. နှင်းသီးလေး စားရင်း နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှုကို ရယူလိုက်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ႏွင္းသီးေလး ကေပးတဲ့ အသားအေရ လွပမႈ

 

အနီေရာင္ ရဲရဲေလးနဲ႔ ပုံစံေလးကလည္း ခ်စ္စရာေကာင္းတဲ့ ႏွင္းသီးေလး က စားလို႔ ေကာင္းသလို မစားဖူးသူလည္း ခပ္႐ွား႐ွားျဖစ္မယ္ ထင္ပါတယ္။ ဒီလို စားဖူးသင့္တဲ့ ႏွင္းသီးေလးက က်န္းမာေရးအတြက္ အက်ိဳးမ်ားသလို အသားအေရအတြက္လည္း ေကာင္းက်ိဳးေပးပါသတဲ့။ ဘယ္လို ေကာင္းက်ိဳးေပးသလဲဆိုတာကိုေတာ့ ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ေနာ္။

ႏွင္းသီး ဆိုတာ

ႏွင္းသီဆိုတာက ပန္းေရာင္ ကေန အနီေရာင္ ရဲရဲေလးအထိ ႐ွိတတ္ၿပီး ခပ္ပုပုေလးကေန ႐ွည္ေမ်ာေမ်ာေလး ပုံစံ အမ်ိဳးမ်ိဳး႐ွိပါတယ္။ အခိုင္လိုက္ သီးတတ္ၿပီး အပင္ႀကီးမ်ိဳးပါ။

အသားက ခပ္ပြပြေလးနဲ႔ အရည္႐ႊမ္းၿပီး အရသာက ခ်ိဳခ်ိဳေလးပါ။ စားလိုက္ရင္ ရင္ေအးေစတဲ့ သစ္သီး တစ္မ်ိဳးပါ။ အေ႐ွ႕ေတာင္အာ႐ွေဒသေတြမွာ ေပါက္ေရာက္ၾကပါတယ္။

 

ႏွင္းသီးမွာ ဘယ္လိုအာဟာရေတြ ပါဝင္ေနလဲ

စားရတာ အရသာ႐ွိလွတဲ့ ႏွင္းသီးေလးမွာ အခုလို အာဟာရေတြ ပါဝင္ေနပါတယ္။

ေရဓာတ္

ပ႐ိုတင္း

ကာဗိုဟိုက္ဒရိတ္

အမွ်င္ဓာတ္

အဆီဓာတ္

ဗီတာမင္ C

ဗီတာမင္ A

ဗီတာမင္ B1 (Thiamine)

ဗီတာမင္ B3 (Niacin)

ကယ္လ္ဆီယမ္

သံဓာတ္

မဂၢနီဆီယမ္

ေဖာ့စဖရိတ္

ပိုတက္ဆီယမ္

ဆာလဖာ တို႔ ပါဝင္ေနပါတယ္။

ႏွင္းသီးေလး ကေပးတဲ့ အသားအေရ လွပမႈ

စားလို႔ေကာင္းတဲ့ ႏွင္းသီးေလး က အသားအေရ လွပမႈအတြက္ အခုလို ေထာက္ပံ့ေပးပါတယ္။

အသားအေရက်န္းမာေစတယ္

ႏွင္းသီးမွာ ဗီတာမင္ A နဲ႔ ဗီတာမင္ C ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အသားအေရကို oxidative stressေတြ၊ စိတ္ဖိစီးမႈနဲ႔ ညစ္ညမ္းမႈေတြေၾကာင့္ ထိခိုက္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ အသာအေရကို က်န္းမာေစပါတယ္။

အသားအေရ ေျခာက္ေသြ႕မႈ ကင္းေစလို အေရးအေၾကာင္းေတြလည္း ကင္းေစပါတယ္။

အမည္းစက္ေတြ သက္သာေစႏိုင္ပါတယ္

ႏွင္းသီး နဲ႔ ႏွင္းသီးပင္ရဲ႕ အ႐ြက္မွာပါတဲ့ phenolic က အသားအေရကို ျဖဴဝင္းေစၿပီး အေရျပားေပၚက အမည္းစက္ေတြကို သက္သာေစႏိုင္ပါတယ္။ အသားအေရကို UV B အႏၲရာယ္က ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္ပါတယ္။

ဝက္ျခံ ကာကြယ္ေပးပါတယ္

ႏွင္းသီးက ဝက္ျခံေၾကာင့္ အေရျပားေရာင္ရမ္းတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးသလို အေရျပား ပိုးဝင္တာမ်ိဳး မျဖစ္ေစဖို႔လည္း ကာကြယ္ေပးပါတယ္။ ႏွင္းသီးပင္ရဲ႕ အ႐ြက္က အေရာင္က်ေစႏိုင္သလို ဓာတ္တိုးဆန္႔က်င္အာနိသင္ ႂကြယ္ဝပါတယ္။ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္ၿပီး ဝက္ျခံ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဝက္ျခံ အမာ႐ြတ္ေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

အေရျပား ပိုးမဝင္ေအာင္ ကာကြယ္ေပးပါတယ္

ႏွင္းသီးပင္ရဲ႕ အေခါက္က အေရျပားျပႆနာ ေတာ္ေတာ္မ်ားမ်ားကို သက္သာေစႏိုင္ပါတယ္။ ဓာတ္မတည့္တာကိုလည္း သက္သာေစႏိုင္ပါတယ္။ အေရျပားထိခိုက္မႈေတြကို ထိထိေရာက္ေရာက္ သက္သာေစႏိုင္ပါတယ္။

အေရျပားကို ေရဓာတ္ျဖည့္ေပးတယ္

ႏွင္းသီးက အေရျပားကို ေရဓာတ္ျဖည့္ေပးသလို အသားအေရကို ၾကည္လင္လွပေစပါတယ္။ ႏွင္းသီး စားေပးလို႔ ရသလို အေရျပားေပၚမွာ တိုက္႐ိုက္ အသုံးျပဳေပးလို႔လည္း ရပါတယ္။

အဆီျပန္တာကို သက္သာေစၿပီး အေရျပားကို ေရဓာတ္ျဖည့္ေပးႏိုင္ပါတယ္။

ေနေလာင္တာကို သက္သာေစတယ္

ႏွင္းသီးမွာ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးႏိုင္တဲ့ ျဒပ္ေပါင္းေတြ ပါဝင္ေနပါတယ္။ ေနေလာင္တာကို သက္သာေစႏိုင္သလို ေနေရာင္ေၾကာင့္ အေရျပား ထိခိုက္တာမ်ိဳး မျဖစ္ေစဖို႔လည္း ကာကြယ္ေပးႏိုင္ပါတယ္။

ကဲ ……. ႏွင္းသီးေလး စားရင္း ႏွင္းသီးေလး ကေပးတဲ့ အသားအေရ လွပမႈကို ရယူလိုက္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service