အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား.........

အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား......... - Property Knowledge in Myanmar from iMyanmarHouse.com
7 Jun 2022 11:25 am တွင် တင်ခဲ့သည်
923 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

တိုးတက်လာတဲ့ခေတ်မှာ အိမ်နောက်ဖေး ဈေးဆိုင်တည်ပြီး လတ်လတ်ဆတ်ဆတ် စားဖို့ထက် freezer ကောင်းကောင်း တစ်လုံးဝယ်ပြီး တစ်ပတ်စာလောက် အေးခဲ စားကြတာ ပိုများပါတယ်။ တိုးတက်လာတဲ့အလျောက် အိမ်ရှင်မတွေကလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် အလုပ်တွေ လုပ်လာရတာကြောင့်လည်း ပါပါတယ်။ ဒီလို အေးခဲထားတဲ့ အစားအစာတွေကို ချက်ပြုတ်တဲ့အခါ သိချင်နေနိုင်မယ့် အကြောင်းအရင်း တစ်ခုက အေးခဲထားတဲ့ အသီးအရွက်တွေ အသားငါးတွေက အာဟာရတန်ဖိုး လျော့သွားလား၊ ပျက်သွားလား ဆိုတာပါ။

တကယ်လို့သာ ဒီလိုမျိုး အာဟာရတန်ဖိုး လျော့မယ်၊ ပျက်မယ်ဆိုရင် စားလိုက်ပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးမပြုတာမျိုးတွေ ဖြစ်လာမှာကိုး။ ဒီတော့ ဒီအချက်လေးကို ဆောင်းပါးလေးထဲမှာ သေသေချာချာ ဖတ်ကြည့်လိုက်ရအောင်နော်။

အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား………

အခုပြောပြမယ့် အစားအစာဆိုတဲ့နေရာမှာ အသား၊ ငါးတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား ပြောချင်ပါတယ်။ တစ်ပတ်တာလုံး ရုံးတက်ရလို့ တစ်ပတ်စာအတွက် ပိတ်ရက်မှာ ဈေးဝယ်တယ်ဆိုပါတော့။ ဒီတော့ အသားငါးတွေကို ရေဆေးသန့်စင်ပြီး freezer ထဲမှာ အခဲခံထားလို့ နေ့စဉ် အလိုက် ချက်ပြုတ်စားတယ်ဟုတ်။

အေးခဲထားတာက အသား၊ ငါးတွေရဲ့ အာဟာရတန်ဖိုးကို ပျက်စေသလား

ဒီလို ချက်ပြုတ်တာက အသား၊ ငါးတွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေလားဆိုတော့ မပျက်စေပါဘူး။ သတိထားရမှာ တစ်ခုက ဆေးကြောသန့်စင်ပြီးတဲ့အခါ သေချာလေးလေလုံအောင် ဘူးနဲ့ထည့်ပြီး အအေးနိုင်နိုင်နဲ့ အေးခဲထားဖို့ပါ။

အအေးမနိုင်ရင်တော့ အသားတွေ၊ ငါးတွေက ပုပ်သိုးပျက်စီးပြီး အာဟာရတန်ဖိုး ပျက်စီးသွားတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီလို အေးခဲတယ်ဆိုတဲ့နေရာမှာ အသား၊ ငါးတွေကို ဘူးထဲ၊ အိတ်ထဲကို ပြည့်ကျပ်အောင် ထည့်တာမျိုး မလုပ်ဘဲ ဘူး ဒါမှမဟုတ် အိတ်ရဲ့ အထက်ပိုင်းမှာ နေရာလွတ် နည်းနည်းလေး ထားပေးဖို့ လိုပါမယ်။ ဒါမှလည်း အသား၊ ငါးတွေက အထားခံမှာပါ။

အေးခဲထားတာက သစ်သီးတွေရဲ့ အာဟာရတန်ဖိုးကို ပျက်စေသလား

အေးခဲထားတာက သစ်သီးတွေရဲ့ အာဟာရတန်ဖိုးကို မလျော့စေနိုင်ပါဘူး။ ဘယ်ရီသီးတွေကို freezing လုပ်ထားတာက ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဒါပေမယ့် စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီးတို့လိုမျိုး အသီးတွေကိုတော့ အေးခဲတာမျိုး မလုပ်ဘဲ အေးမြတဲ့ အပူချိန်မှာ သိမ်းဆည်းထားတာက ပိုကောင်းပါတယ်။

တကယ်လို့ အခဲခံချင်တယ်ဆိုရင်တော့ အခွံသင်၊ ဆေးကြောပြီး အရွယ်တော်လေးတွေ တုံးလို့ ရေသေချာ စစ်ပြီး လေလုံအိတ်၊ ဗူးတို့နဲ့ထည့်လို့ အေးခဲထားသင့်ပါတယ်။ အေးခဲတဲ့အခါ ဗူး၊ ဒါမှမဟုတ် အိတ်ရဲ့ အထက်ပိုင်း ၄ ချိုး ၁ ချိုးစာလောက်ကို နေရာလွတ် ချန်ထားရပါတယ်။

ဒါမှ အာဟာရတန်ဖိုး မပျက်ဘဲ တာရှည်ခံမှာပါ။ ရေစင်အောင် စစ်ခိုင်းရတာက အရမ်းခဲတောင့်နေတာမျိုး မဖြစ်စေဘဲ မူလအရသာလေး မပျက်စေဖို့ပါ။

အေးခဲထားတာက ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရတန်ဖိုးကို ပျက်စေသလား

ဟင်းသီးဟင်းရွက်တွေကလည်း သစ်သီးတွေလိုပါပဲ။ အေးခဲထားတာကြောင့် အာဟာရတန်ဖိုးမပျက်ပါဘူး။ အရွက်တွေကိုလည်း သေချာလေး သန့်စင်ပြီး လေသလပ်ခံလို့ လေလုံအိတ်ထဲ ထည့်ပိတ်ပြီး သေချာလေး သိမ်းဖို့လိုပါမယ်။

သိမ်းတဲ့အခါမှာလည်း လေလုံအိတ် ဒါမှမဟုတ် ဗူးရဲ့ အထက်ပိုင်းမှာ နေရာလွတ် နည်းနည်း ချိန်ပေးဖို့ပါ။ ဒါမှလည်း အထားခံပြီး အာဟာရတန်ဖိုး မပျက်မှာပါ။

ဟင်းသီးဟင်းရွက်တွေကို အာဟာရ မပျက်အောင် အေးခဲ သိမ်းဆည်းလို့ရတဲ့ အခြား တစ်နည်းက ဟင်းသီးဟင်းရွက်တွေကို သေချာလေး သန့်စင်ပြီးတဲ့အခါ ဆူနေအောင်တည်ထားတဲ့ ​ရေနွေးထဲမှာ ၄၅ စက္ကန့်ကနေ စက္ကန့် ၆၀ လောက်ဆေးလို့ ချက်ချင်းဆယ်ပြီး ရေခဲရေထဲကို နှစ်လိုက်ပါ။

ပြီးရင် ရေစင်အောင် စစ်ပြီး လေလုံအိတ် ဒါမှမဟုတ် ဗူးထဲထည့်ပြီး အပေါ်ပိုင်းမှာ ၄ ချိုး ၁ ချိုးစာလောက် နေရာလွတ်ထားပြီး အေးခဲ ထားလိုက်ရုံပါ။

ဒီလို လုပ်တာက အသီးအရွက်တွေရဲ့ အာဟာရတန်ဖိုး မပျက်သလို သဘာဝ အရောင်အဆင်းလည်း မပျက်ပါဘူး။

အေးခဲတာကြောင့် အာဟာရတန်ဖိုးတွေ မပျက်ပါဘူး။ ဒါပေမယ့် အေးခဲထားတဲ့ အစားအစာတွေကို တစ်ပတ်ထက်ပိုပြီးတော့တော့ မထားသင့်ပါဘူး။ နောက်တစ်ချက်က freezer ကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]
























Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service