ကျန်းမာရေးအတွက် အောက်ခံအဝတ်အစားတွေကို မီးပူတိုက်သင့်လား၊ မတိုက်သင့်ဘူးလား ?

ကျန်းမာရေးအတွက် အောက်ခံအဝတ်အစားတွေကို မီးပူတိုက်သင့်လား၊ မတိုက်သင့်ဘူးလား ? - Property Knowledge in Myanmar from iMyanmarHouse.com
3 Jun 2022 1:49 pm တွင် တင်ခဲ့သည်
1630 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အဝတ်အစားတွေ ညီညီညာညာနဲ့ သပ်ရပ်နေဖို့ မီးပူတိုက်ကြပါတယ်။ ဒါပေမယ့် အောက်ခံအဝတ်အစားတွေကို မီးပူတိုက်ရတဲ့အခါ အချိန်ကုန်တယ်လို့ ခံစားရပါတယ်။ အဲဒါကြောင့် အောက်ခံအဝတ်အစားတွေကို မီးပူတိုက်သင့်လား၊ မတိုက်သင့်ဘူးလား ဆိုတာကို  ဖော်ပြပေးမယ်နော်။

အောက်ခံအဝတ်အစားတွေကို လျှော်ပြီးတဲ့အခါ အချို့က မီးပူတိုက်သလို အချို့ကတော့ ဒီတိုင်းပဲ ဝတ်လိုက်ကြပါတယ်။ တကယ်တော့ လျှော်ထားတဲ့ အဝတ်အစားတွေက ထင်သလောက် မသန့်ရှင်းပါဘူး။ အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားတွေ ရှိနေပြီး သူတို့တွေက ပွားသထက် ပွားနေကြပါတယ်။

အပူချိန်အရမ်းမြင့်မှသာ အဲဒီဘက်တီးရီးယားတွေ မရှိနိုင်တော့တာပါ။ အချို့ဘက်တီးရီးယားတွေက အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်အထိ အသက်ရှင်နိုင်ကြပါတယ်။ ဒါပေမယ့် အဲဒီအပူချိန်နဲ့လည်း အဝတ်အစားတိုင်းကို လျှော်လို့မရပါဘူး။

အောက်ခံအဝတ်အစားတွေမှာ ဘက်တီးရီးယားတွေ အများဆုံး ရှိနေနိုင်ပါတယ်။ အောက်ခံအဝတ်အစားတွေကို မီးပူတိုက်တာက ပိုးသတ်တာနဲ့ အတူတူပါပဲ။ ခန္ဓာကိုယ်ရဲ့ သီးသန့်နေရာတွေမှာ မှိုနဲ့ပတ်သက်ပြီး ပိုးဝင်တတ်သူတွေက အောက်ခံအဝတ်အစားတွေကို မီးပူတိုက်ပြီးမှ ဝတ်သင့်ပါတယ်။

 

အောက်ခံအဝတ်အစားတွေကို ဘာ့ကြောင့် မီးပူတိုက်ပြီးမှ ဝတ်သင့်တာလဲ။

အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားပေါင်းများစွာ ပေါက်ဖွားနေပါတယ်။ E,salmonelia,staphylococcus aureus တို့လို ဘက်တီးရီယားတွေက အဝတ်လျှော်စက်ထဲမှာ အများဆုံးပါပဲ။ အဝတ်တွေထဲမှာ ဖုန်တွေ၊ အညစ်အကြေးတွေကလည်း အများရှိနေနိုင်ပါသေးတယ်။

အဲဒီလို ဖုန်နဲ့အညစ်အကြေးတွေက ဓာတ်မတည့်တာတွေဖြစ်စေပါတယ်။ အဲဒါကြောင့် အဝတ်အစားတွေကို မီးပူတိုက်တာ၊ ရေနွေးငွေ့ပေးတာတို့ ပြုလုပ်သင့်ပါတယ်။

အောက်ခံအဝတ်အစားတွေကို ဘယ်လိုမီးပူတိုက်မလဲ။

အထူးသဖြင့် အမျိုးသမီးတွေရဲ့ အောက်ခံအဝတ်အစားတွေကို ပါးလွှာပြီး နူးညံ့တဲ့ချည်တွေနဲ့ ရက်လုပ်ထားကြပါတယ်။ အဲဒါကြောင့် သေသေချာချာ ဂရုစိုက်ပြီး မီးပူတိုက်ဖို့ လိုအပ်ပါတယ်။

-အောက်ခံအဝတ်အစားမှာပါတဲ့ အညွှန်းစာတွေကို မီးပူမတိုက်ခင်မှာ သေချာဖတ်သင့်ပါတယ်။ ချည်သား၊ ပိုးသား၊ ရေယွန်ချည်၊ ပေါ်လီအက်စတာတွေက ချည်သားတွေနဲ့ မတူဘဲ အပူချိန်တိတိကျကျလိုအပ်ပါတယ်။

- ဘယ်အပူချိန်နဲ့မီးပူတိုက်ရမလဲဆိုတာ မသေချာရင် အပူချိန်နည်းနည်းလေးထားပြီး ဖြည်းဖြည်းချင်း အပူချိန်ကို တိုးသွားပါ။

- အောက်ခံအဝတ်အစားတွေကို အပေါ်က ပိတ်စတစ်ထပ်ခံပြီးမှ မီးပူတိုက်ပါ။

 

ခြေအိတ်တွေကို မီးပူတိုက်ဖို့ လိုအပ်သလား။

ခြေအိတ်တွေကတော့ မဖြစ်မနေ မီးပူတိုက်ဖို့ မလိုအပ်ပါဘူး။ ခြေအိတ်တွေကို ‌လျှော်ပြီးတဲ့အခါမှ တွန့်ကြေနေတတ်ပါတယ်။ ဒါပေမယ့် ခြေအိတ်ကို ဝတ်လိုက်ရင် တွန့်ကြေနေတာတွေက ပျောက်သွားပါတယ်။ အဲဒါကြောင့် ကျွမ်းကျင်သူတွေက ခြေအိတ်ကို မီးပူတိုက်ဖို့ အကြံမပေးပါဘူး။

ခြေအိတ်ကို ဘယ်လိုမီးပူတိုက်မလဲ။

ဒါပေမယ့် သင်က ခြေအိတ်ကို မီးပူတိုက်ချင်တယ် ဆိုရင်တော့

- ခြေအိတ်ပေါ်မှာ အဝတ်စတစ်ခုခု ခံပြီးမှသာ မီးပူတိုက်ပါ။

- သာမန်အပူချိန်နဲ့ ခြေအိတ်ကို မီးပူတိုက်လို့ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: lovemedia

 

 

[Zawgyi]






 









 










Credit: lovemedia

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service