နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာ

နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာ - Property Knowledge in Myanmar from iMyanmarHouse.com
30 May 2022 12:51 pm တွင် တင်ခဲ့သည်
1344 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ယနေ့ခေတ်အခါတွင် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ဆောင်ရွက်ကြသူများ၊ ပညာသင်အဖြစ်သွားကြသူများ၊ အများအပြားရှိလာပြီး မိမိတို့၏ မွေးရပ်ဇာတိဖြစ်သည့် မြန်မာနိုင်ငံတွင် မိမိတို့၏မိသားစုဝင်များ၊ ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူများအား ကိုယ်စားလှယ်လွှဲအပ်ရန် အကြောင်းပေါ်ပေါက်လာခဲ့ပါက အောက်ပါအချက်များ သိထားသင့်ကြောင်း ဖော်ပြလိုက်ရပါသည်။

သက်သေခံအက်ဥပဒေပုဒ်မ ၈၅-တွင် ဖော်ပြထားသည်မှာ- နိုတြီပဗ္ဗလစ် (သို့) တရားမ တရားသူကြီး၊ ရာဇဝတ် တရားသူကြီး၊ ဗြိတိသျှကောင်စစ်ဝန် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကိုယ်စားပြုသူ ရှေ့မှောက်တွင် ချုပ်ဆို၍ ၎င်းကမှန်ကန်ကြောင်း၊ လက်မှတ်ရေးထိုးထားသော ကိုယ်စားလှယ်လွှဲစာများသည် မှန်ကန်ကြောင်း သက်သေခံစာရွက်စာတမ်းဖြစ်သည်ဟု ပြဌာန်းထားပါသည်။

ထို့ကြောင့် နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာများမှာ သက်ဆိုင်ရာနိုင်ငံတွင်ရှိသည့် မြန်မာသံရုံးမှ တာဝန်ရှိသူ (ဥပမာ ပထမအတွင်းဝန်)ကမှန်ကန်ကြောင်း ထပ်ဆင့်လက်မှတ်ရေးထိုးစေသည့် ကိုယ်စားလှယ် လွှဲစာများသည် မှန်ကန်ကြောင်း သက်သေခံစာရွက်စာတမ်းတစ်ခု ဖြစ်ပါသည်။

သို့သော် အဓိကအချက်မှာ နိုင်ငံခြားမှပေးပို့သော ကိုယ်စားလှယ်လွှဲစာပေးသူသည် အသက်ထင်ရှား ရှိမရှိ၊ မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်ခြင်း ရှိမရှိဆိုသည့် ကိစ္စရပ်ပင်ဖြစ်သည်။ ပေးပို့ထားသော ကိုယ်စားလှယ် လွှဲစာ မှာ နှစ်အတော်အတန်ကြာသွားပြီဆိုက ယင်းအချက်များကို သက်သေပြရန် တာဝန်ရှိလာပါသည်။

ထို့ကြောင့်နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာများတွင် ပတ်ပို့စ်နံပါတ်နှင့် ဗီဇာသက်တမ်းများကို ဖော်ပြ ပေးရပါမည်။

၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ-၂၅ အမှုမှာ ဦးမျိုးခင်တင်ပြသော ဒေါ်ဝိကြိန်၏ အထွေထွေကိုယ်စားလှယ်လွှဲစာမှာ မြန်မာနိုင်ငံသံရုံး ပထမအတွင်းဝန်က မှန်ကန်ကြောင်း ထပ်ဆင့် လက်မှတ် ရေးထိုးထားသော ကိုယ်စားလှယ်လွှဲစာဖြစ်၍ မှန်ကန်ကြောင်း လက်ခံနိုင်သော်လည်း ဒေါ်ဝိကြိန်မှာ အသက်ထင်ရှားရှိ/မရှိနှင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်သွားခြင်း ရှိ/မရှိ တင်ပြနိုင်ရန်အတွက် တရားရုံး ရှေ့ရောက်ရှိရန် ဆင့်ခေါ်သွားသည်ဟု အမိန့်ချမှတ်ခဲ့ပါသည်။

ထို့ကြောင့် နိုင်ငံခြားမှ ပေးပို့သော ကိုယ်စားလှယ်လွှဲစာများတွင် သက်ဆိုင်ရာ မြန်မာသံရုံးရှိ အရာရှိ လက်မှတ် အပြင် ကိုယ်စားလှယ်လွှဲသူ၏ ပတ်ပို့စ်နံပတ်နှင့် ဗီဇာသက်တမ်းများကို ဖော်ပြရေးသားပါရှိလျှင် ပြည့်စုံသည့် ကိုယ်စားလှယ်လွှဲစာဖြစ်ကြောင်း ရေးသားလိုက်ပါသည်။

iMyanmarHouse.com  မှ ထုတ်ဝေသော တိုက်ခန်းနှင့်ကွန်ဒိုခန်းများ ရောင်းဝယ်ငှား မမှားစေဖို့ ဥပဒေ သိမှတ်ဖွယ်ရာမှ ကိုးကားဖော်ပြပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏိုင္ငံျခားမွ ေပးပိုု႔ေသာ ကိုယ္စားလွယ္လႊဲစာ

ယေန႔ေခတ္အခါတြင္ ႏိုင္ငံရပ္ျခားတြင္ အလုပ္လုပ္ကိုင္ေဆာင္ရြက္ၾကသူမ်ား၊ ပညာသင္အျဖစ္သြားၾကသူမ်ား၊ အမ်ားအျပားရွိလာၿပီး မိမိတို႔၏ ေမြးရပ္ဇာတိျဖစ္သည့္ ျမန္မာႏိုင္ငံတြင္ မိမိတို႔၏မိသားစုဝင္မ်ား၊ ကိုယ္စား ေဆာင္ရြက္ခြင့္ရွိသူမ်ားအား ကိုယ္စားလွယ္လႊဲအပ္ရန္ အေၾကာင္းေပၚေပါက္လာခဲ့ပါက ေအာက္ပါအခ်က္မ်ား သိထားသင့္ေၾကာင္း ေဖာ္ျပလိုက္ရပါသည္။

သက္ေသခံအက္ဥပေဒပုဒ္မ ၈၅-တြင္ ေဖာ္ျပထားသည္မွာ- ႏိုႀတီပဗၺလစ္ (သို႔) တရားမ တရားသူႀကီး၊ ရာဇဝတ္ တရားသူႀကီး၊ ၿဗိတိသွ်ေကာင္စစ္ဝန္ သို႔မဟုတ္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ ကိုယ္စားျပဳသူ ေရွ႕ေမွာက္တြင္ ခ်ဳပ္ဆို၍ ၎ကမွန္ကန္ေၾကာင္း၊ လက္မွတ္ေရးထိုးထားေသာ ကိုယ္စားလွယ္လႊဲစာမ်ားသည္ မွန္ကန္ေၾကာင္း သက္ေသခံစာရြက္စာတမ္းျဖစ္သည္ဟု ျပဌာန္းထားပါသည္။

ထို႔ေၾကာင့္ ႏိုင္ငံျခားမွ ေပးပို႔ေသာ ကိုယ္စားလွယ္လႊဲစာမ်ားမွာ သက္ဆိုင္ရာႏိုင္ငံတြင္ရွိသည့္ ျမန္မာသံ႐ုံးမွ တာဝန္ရွိသူ (ဥပမာ ပထမအတြင္းဝန္)ကမွန္ကန္ေၾကာင္း ထပ္ဆင့္လက္မွတ္ေရးထိုးေစသည့္ ကိုယ္စားလွယ္ လႊဲစာမ်ားသည္ မွန္ကန္ေၾကာင္း သက္ေသခံစာရြက္စာတမ္းတစ္ခု ျဖစ္ပါသည္။

သို႔ေသာ္ အဓိကအခ်က္မွာ ႏိုင္ငံျခားမွေပးပို႔ေသာ ကိုယ္စားလွယ္လႊဲစာေပးသူသည္ အသက္ထင္ရွား ရွိမရွိ၊ ျမန္မာႏိုင္ငံသားအျဖစ္ စြန္႔လႊတ္ျခင္း ရွိမရွိဆိုသည့္ ကိစၥရပ္ပင္ျဖစ္သည္။ ေပးပို႔ထားေသာ ကိုယ္စားလွယ္ လႊဲစာ မွာ ႏွစ္အေတာ္အတန္ၾကာသြားၿပီဆိုက ယင္းအခ်က္မ်ားကို သက္ေသျပရန္ တာဝန္ရွိလာပါသည္။

ထို႔ေၾကာင့္ႏိုင္ငံျခားမွ ေပးပို႔ေသာ ကိုယ္စားလွယ္လႊဲစာမ်ားတြင္ ပတ္ပို႔စ္နံပါတ္ႏွင့္ ဗီဇာသက္တမ္းမ်ားကို ေဖာ္ျပ ေပးရပါမည္။

၂၀၁၃ ခုႏွစ္၊ ျမန္မာႏိုင္ငံတရားစီရင္ထုံး စာမ်က္ႏွာ-၂၅ အမႈမွာ ဦးမ်ိဳးခင္တင္ျပေသာ ေဒၚဝိႀကိန္၏ အေထြေထြကိုယ္စားလွယ္လႊဲစာမွာ ျမန္မာႏိုင္ငံသံ႐ုံး ပထမအတြင္းဝန္က မွန္ကန္ေၾကာင္း ထပ္ဆင့္ လက္မွတ္ ေရးထိုးထားေသာ ကိုယ္စားလွယ္လႊဲစာျဖစ္၍ မွန္ကန္ေၾကာင္း လက္ခံႏိုင္ေသာ္လည္း ေဒၚဝိႀကိန္မွာ အသက္ထင္ရွားရွိ/မရွိႏွင့္ ျမန္မာႏိုင္ငံသားအျဖစ္မွ စြန္႔လႊတ္သြားျခင္း ရွိ/မရွိ တင္ျပႏိုင္ရန္အတြက္ တရား႐ုံး ေရွ႕ေရာက္ရွိရန္ ဆင့္ေခၚသြားသည္ဟု အမိန္႔ခ်မွတ္ခဲ့ပါသည္။

ထို႔ေၾကာင့္ ႏိုင္ငံျခားမွ ေပးပို႔ေသာ ကိုယ္စားလွယ္လႊဲစာမ်ားတြင္ သက္ဆိုင္ရာ ျမန္မာသံ႐ုံးရွိ အရာရွိ လက္မွတ္ အျပင္ ကိုယ္စားလွယ္လႊဲသူ၏ ပတ္ပို႔စ္နံပတ္ႏွင့္ ဗီဇာသက္တမ္းမ်ားကို ေဖာ္ျပေရးသားပါရွိလွ်င္ ျပည့္စုံသည့္ ကိုယ္စားလွယ္လႊဲစာျဖစ္ေၾကာင္း ေရးသားလိုက္ပါသည္။

iMyanmarHouse.com မွ ထုတ္ေဝေသာ တိုက္ခန္းႏွင့္ကြန္ဒိုခန္းမ်ား ေရာင္းဝယ္ငွား မမွားေစဖို႔ ဥပေဒ သိမွတ္ဖြယ္ရာမွ ကိုးကားေဖာ္ျပပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service