စွမ်းအားဖြည့်အချိုရည်တွေကို ရှောင်ကြင်သင့်တဲ့အကြောင်းရင်း (၄) ခု

စွမ်းအားဖြည့်အချိုရည်တွေကို ရှောင်ကြင်သင့်တဲ့အကြောင်းရင်း (၄) ခု - Property Knowledge in Myanmar from iMyanmarHouse.com
27 May 2022 12:46 pm တွင် တင်ခဲ့သည်
491 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အလုပ်တွေများပြီး ပင်ပန်းနွမ်းနယ်လာတဲ့အခါ ဒါမှမဟုတ် ညဖက်အလုပ်လုပ်ရင်း အိပ်ငိုက်လာတဲ့အခါမှာ စွမ်းအားဖြည့်အချိုရည်ကို သောက်သုံးတတ်ကြပါတယ်။

စွမ်းအားဖြည့်အချိုရည်တွေက ကျွန်တော်တို့ကို နိုးကြားတက်ကြွစေပြီး ချက်ချင်းပဲ ခွန်အားတွေပြည့်သွားစေသလို့ ခံစားရစေပါတယ်။ ဒါပေမယ့် စွမ်းအားဖြည့်အချိုရည်တွေမှာလည်း မကောင်းတဲ့သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် စွမ်းအားဖြည့် အချိုရည်တွေကို လိုတာထက်ပိုပြီး မသောက်သုံးပဲ တတ်နိုင်သမျှရှောင်ကြင်သင့်တဲ့ အကြောင်းရင်းတစ်ချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ ကဖိန်းဓာတ် စွဲလာမယ်

ကဖိန်းဓာတ်ဟာ စွမ်းအားဖြည့်အချိုရည်တွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။ ကဖိန်းက မှီဝဲတာအချိန်ကြာလာတာနဲ့အမျှ စွဲလာတတ်ပါတယ်။ သင့်အနေနဲ့ လက်ဘက်ရည်နဲ့ ကော်ဖီမသောက်ဘူးဆိုရင်တောင်မှ စွမ်းအားဖြည့်အချိုရည်တွေ သောက်သုံးတာများလာရင် ကဖိန်းဓာတ်ကို စွဲလမ်းလာမှာဖြစ်ပါတယ်။ ကဖိန်းဓာတ်လိုတာထက်ပိုပြီး များများသောက်သုံးမိမယ်ဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

၂။ အိပ်စက်မှုစနစ် ပျက်စီးလာမယ်

စွမ်းအားဖြည့်အချိုရည်သောက်သုံးရင် နိုးကြားတက်ကြွနေတာကြောင့် သင့်ရဲ့အလုပ်တွေ၊ ရည်မှန်းချက်တွေ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မယ်လို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ခန္ဓာကိုယ်မှာ တကယ်တမ်းဖြစ်နေတာကတော့ အိပ်စက်မှုပုံစံစနစ် ပျက်စီးသွားပြီး နောက်ဆုံးမှာ အိပ်မပျော်တဲ့ရောဂါဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ စွမ်းအားဖြည့်အချိုရည်မသောက်ပဲနဲ့ကို အိပ်မရတဲ့ညပေါင်းတွေ များလာမှာဖြစ်ပါတယ်။

၃။ စိတ်ခံစားမှု ပျက်ယွင်းလာမယ်

စွမ်းအားဖြည့်အချိုရည်တွေကို အလွန်အကျွံသောက်သုံးနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေသာမက စိတ်ခံစားမှုပိုင်းဆိုင်ရာကိုပါ ရှုပ်ထွေးပျက်စီးလာစေနိုင်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ စီရိုတိုနင်ဟော်မုန်းပမာဏ နည်းလာတာနဲ့အမျှ နေထိုင်မကောင်းတဲ့ ခံစားချက်ကို ဖြစ်လာစေပါတယ်။ ဒီလိုဖြစ်လာရင် စိတ်ဓာတ်ကျတာတွေ၊ စိတ်ခံစားမှု မူမမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။

၄။ သကြားဓာတ်တွေ လွန်ကဲလာမယ်

စွမ်းအားဖြည့်အချိုရည်တွေဟာ သကြားဓာတ်ပမာဏအများကြီးပါဝင်ပါတယ်။ ဒါ့ကြောင့် သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး ကိုယ်အလေးချိန်လျော့ကျဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။

 

Credit: Gentleman Magazine

 

[Zawgyi]

စြမ္းအားျဖည့္အခ်ိဳရည္ေတြကို ေရွာင္ၾကင္သင့္တဲ့အေၾကာင္းရင္း (၄) ခု

အလုပ္ေတြမ်ားၿပီး ပင္ပန္းႏြမ္းနယ္လာတဲ့အခါ ဒါမွမဟုတ္ ညဖက္အလုပ္လုပ္ရင္း အိပ္ငိုက္လာတဲ့အခါမွာ စြမ္းအားျဖည့္အခ်ိဳရည္ကို ေသာက္သုံးတတ္ၾကပါတယ္။

စြမ္းအားျဖည့္အခ်ိဳရည္ေတြက ကြၽန္ေတာ္တို႔ကို ႏိုးၾကားတက္ႂကြေစၿပီး ခ်က္ခ်င္းပဲ ခြန္အားေတြျပည့္သြားေစသလို႔ ခံစားရေစပါတယ္။ ဒါေပမယ့္ စြမ္းအားျဖည့္အခ်ိဳရည္ေတြမွာလည္း မေကာင္းတဲ့သက္ေရာက္မႈေတြ ႐ွိေနပါတယ္။ ဒါ့ေၾကာင့္ စြမ္းအားျဖည့္ အခ်ိဳရည္ေတြကို လိုတာထက္ပိုၿပီး မေသာက္သုံးပဲ တတ္ႏိုင္သမွ်ေ႐ွာင္ၾကင္သင့္တဲ့ အေၾကာင္းရင္းတစ္ခ်ိဳ႕ကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ ကဖိန္းဓာတ္ စြဲလာမယ္

ကဖိန္းဓာတ္ဟာ စြမ္းအားျဖည့္အခ်ိဳရည္ေတြရဲ႕ အဓိကပါ၀င္ပစၥည္းျဖစ္ပါတယ္။ ကဖိန္းက မွီဝဲတာအခ်ိန္ၾကာလာတာနဲ႔အမွ် စြဲလာတတ္ပါတယ္။ သင့္အေနနဲ႔ လက္ဘက္ရည္နဲ႔ ေကာ္ဖီမေသာက္ဘူးဆိုရင္ေတာင္မွ စြမ္းအားျဖည့္အခ်ိဳရည္ေတြ ေသာက္သုံးတာမ်ားလာရင္ ကဖိန္းဓာတ္ကို စြဲလမ္းလာမွာျဖစ္ပါတယ္။ ကဖိန္းဓာတ္လိုတာထက္ပိုၿပီး မ်ားမ်ားေသာက္သုံးမိမယ္ဆိုရင္ မလိုလားအပ္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြျဖစ္လာႏိုင္ပါတယ္။

၂။ အိပ္စက္မႈစနစ္ ပ်က္စီးလာမယ္

စြမ္းအားျဖည့္အခ်ိဳရည္ေသာက္သုံးရင္ ႏိုးၾကားတက္ႂကြေနတာေၾကာင့္ သင့္ရဲ႕အလုပ္ေတြ၊ ရည္မွန္းခ်က္ေတြ ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ ၿပီးေျမာက္ေအာင္ျမင္ေအာင္ လုပ္ႏိုင္မယ္လို႔ ထင္ခ်င္ထင္ပါလိမ့္မယ္။ ဒါေပမယ့္ သင့္ရဲ႕ခႏၶာကိုယ္မွာ တကယ္တမ္းျဖစ္ေနတာကေတာ့ အိပ္စက္မႈပုံစံစနစ္ ပ်က္စီးသြားၿပီး ေနာက္ဆုံးမွာ အိပ္မေပ်ာ္တဲ့ေရာဂါျဖစ္လာႏိုင္ပါတယ္။ ဒီလိုျဖစ္ၿပီဆိုရင္ေတာ့ စြမ္းအားျဖည့္အခ်ိဳရည္မေသာက္ပဲနဲ႔ကို အိပ္မရတဲ့ညေပါင္းေတြ မ်ားလာမွာျဖစ္ပါတယ္။

၃။ စိတ္ခံစားမႈ ပ်က္ယြင္းလာမယ္

စြမ္းအားျဖည့္အခ်ိဳရည္ေတြကို အလြန္အကြၽံေသာက္သုံးေနမယ္ဆိုရင္ ႐ုပ္ပိုင္းဆိုင္ရာ ဆိုးက်ိဳးေတြသာမက စိတ္ခံစားမႈပိုင္းဆိုင္ရာကိုပါ ႐ႈပ္ေထြးပ်က္စီးလာေစႏိုင္ပါတယ္။ သင့္ရဲ႕ခႏၶာကိုယ္ထဲမွာ စီ႐ိုတိုနင္ေဟာ္မုန္းပမာဏ နည္းလာတာနဲ႔အမွ် ေနထိုင္မေကာင္းတဲ့ ခံစားခ်က္ကို ျဖစ္လာေစပါတယ္။ ဒီလိုျဖစ္လာရင္ စိတ္ဓာတ္က်တာေတြ၊ စိတ္ခံစားမႈ မူမမွန္တာေတြ ျဖစ္လာႏိုင္ပါတယ္။

၄။ သၾကားဓာတ္ေတြ လြန္ကဲလာမယ္

စြမ္းအားျဖည့္အခ်ိဳရည္ေတြဟာ သၾကားဓာတ္ပမာဏအမ်ားႀကီးပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကို ေရဓာတ္ခမ္းေျခာက္ေစၿပီး ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႔အတြက္ အဟန္႔အတားျဖစ္ေစပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service