အိမ်ထောင်ရေးမှာ အိမ်အလုပ်တွေကို မိန်းမကပဲ လုပ်ရမှာလား?

အိမ်ထောင်ရေးမှာ အိမ်အလုပ်တွေကို မိန်းမကပဲ လုပ်ရမှာလား? - Property Knowledge in Myanmar from iMyanmarHouse.com
24 May 2022 12:28 pm တွင် တင်ခဲ့သည်
1172 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်အလုပ်ဆိုတာကတော့ ဘာလဲဆိုတာ လက်ညှိုး ထိုးပြရခက်ပေမယ့် လုပ်ရတာတော့ တတောက်တောက်နဲ့ တစ်နေကုန်လုပ်ရင်တောင် မပြီးနိုင်တာမျိုးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင်တော့ သိထားရမယ့် စည်းကမ်း‌တွေ လုပ်ဆောင်ရမှာတွေကို သိထား၊ လိုက်နာနိုင်မှ ပျော်ရွှင်စရာကောင်းပြီး သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ခွင့်ရမှာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး ပိုပြီး သာယာဖို့ ဘာတွေကို ထိန်းချုပ်ရမလဲဆိုတာကိုလည်း ပြောပြထားပါတယ်နော်။

အခု တစ်ခေါက်ကတော့ အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင် အိမ်အလုပ်တွေက ပါလာပါပြီ။ ဒီအလုပ်တွေကို မိန်းမ ဖြစ်သူကပဲ လုပ်ရမှာလားဆိုတာကို ပြောပြပေးချင်ပါတယ်။ အခြေအနေပေါ်မှာ မူတည်ပါတယ်နော်...

အိမ်အလုပ်မှာက မနက်စာ၊ နေ့လည်စာ၊ ညစာ ပြင်ဆင်ချက်ပြုတ်တာက အစ ဈေးသွားတာ၊ အဝတ်လျှော်တာ၊ မီးပူတိုက်တာ၊ အိမ်တံမြက်စည်း လှဲတာ ဖုန်သုတ်တာတွေကအစ အမှိုက်ပစ်တာက အဆုံးပါဝင်ပါတယ်။

အရင်တုန်း အချိန်တွေမှာတော့ အိမ်ထောင်ဦးစီးက အပြင်ထွက် ဝင်ငွေရှာရတဲ့အတွက် အိမ်ရှင်မကပဲ အိမ်အလုပ်တွေကို အကုန်လုပ်ရပါတယ်။ အခုချိန်မှာတော့ အပြင်ထွက်အလုပ်လုပ်တာကို ယောက်ျားရော မိန်းမရော တက်ညီလက်ညီ ပြုလုပ်မှ တော်ကာကျတဲ့အချိန် ဖြစ်တာမို့လို့ အိမ်အလုပ်ကိုလည်း အခြေအနေအပေါ် မူတည်ပြီး အဆင်ပြေသလို ပြုလုပ်လာကြပါတယ်။

အလှည့်ကျ ပြုလုပ်ပါ

ဒီလိုအချိန်မှာ အထူးတလည် အိမ်မှာနေပြီး အိမ်အလုပ်ကို ဒိုင်ခံ ပြုလုပ်ပေးမယ့်သူမရှိတဲ့ အိမ်ထောင်ရေးလေးမှာဆိုရင်တော့ မနက်အလုပ်သွားပြီး ညပြန်လာတဲ့အချိန်မှာ ယောက်ျားရော မိန်းမရောက အိမ်အလုပ်ကို အဆင်ပြေသလို နားလည်မှုနဲ့ ပြုလုပ်ရမှာပါ။ တချို့ လူငယ်အိမ်ထောင်ရေးလေးတွေကတော့ ရှင်းပါတယ်။

တစ်ပတ်မှာ တစ်ရက်ခြား ဖြစ်ဖြစ် တစ်ယောက်တစ်လှည့် မီးဖိုချောင်ဝင်ပါတယ်။ တချို့ကျ ကြားရက်တွေတိုင်း မိန်းမက ချက်တယ်။ ပိတ်ရက်တွေဆိုရင် ယောက်ျားက ချက်တယ်။ တစ်ယောက်က မီးဖိုချောင်ဝင်တဲ့အချိန် ကျန်တစ်ယောက်က အိမ်သန့်ရှင်းရေး လုပ်ပါတယ်။

ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးလေး ဖြစ်ဖို့ အတွက်ကတော့ အချင်းချင်းကြားမှာ အထူးတလည် မတောင်းဆိုရဘဲ ဖြစ်လာတဲ့ နားလည်မှုလေးကို အခြေခံပြီး တည်ဆောက်ဖို့ လိုပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Marry

 

[Zawgyi]


 






အလှည့်ကျ ပြုလုပ်ပါ







Credit: Marry

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service