အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း

အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
11 May 2022 11:28 am တွင် တင်ခဲ့သည်
1333 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မိုးမှာ ရေကြီးအောင် မိုးရွာပြီး ဆောင်းမှာတော့ အအေးလျော့ခဲ့ပေမယ့် အခုနွေမှာတော့ ရိုးရာမပျက် ခြစ်ခြစ်တောက် ပူနေလေရဲ့နော်။ မနက်လင်းကတည်းက စညည်းမိတာ ပူလိုက်တာ ချွေးတွေ လုံးနေတာပဲ ဆိုတဲ့ စကားပါ။ ချက်ရပြုတ်ရ၊ အိမ်မှုကိစ္စတွေ လုပ်ရ၊ ရုံးသွားရနဲ့ မအားမလပ်ပါပဲ။ ဒီကြားထဲ ရုံးသွားတဲ့အခါ မှာ ကားက တိုးကြိတ်စီးရသေးတာနော်။ မဟုတ်လည်း လမ်းက ကျပ်တယ်။ ဒီပြဿနာတွေက နွေမှာ ပိုဆိုးတယ်နော်။ နွေရောက်ပြီဆို အများဆုံး ကြားရတာ တစ်ခုရှိတယ်။ ဒါကတော့ နွေပူလွန်းလို့ ဦးနှောက်သွေးကြော ပြတ်တယ် ဆိုတာပါပဲ။

အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း

နွေအပူကြောင့် ဦးနှောက်သွေးကြောပြတ်တာလားဆိုတာကို ကြည့်လိုက်ကြရအောင်လား ……

နွေအပူကြောင့် ဒီလိုပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်

-ချွေးထွက်လွန်မယ်

- ‌ရေဓာတ်နဲ့ ဆားဓာတ်ဆုံးရှုံးမယ်

- ‌ခေါင်းကိုက်မယ်

- ‌အော့အန်မယ်

- မအီမသာဖြစ်မယ်

- ‌နေလောင်မယ်

- အရေပြားပြဿနာတွေဖြစ်မယ်

- အပူလျှပ်မယ်

- ‌သွေးတိုးတက်မယ်

- ဆီးချိုတက်မယ်

- မိတ်ထွက်မယ်

- ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်

- အစာအဆိပ်သင့်မယ်

- မျက်လုံးထိခိုက်မယ်။

 

နွေပူတာကြောင့် ဦးနှောက်သွေးကြော ပြတ်တာလား

ဦးနှောက်သွေးကြောပြတ် ရတာက နွေပူလို့လား ဆိုတော့ မဟုတ်ပါဘူး။ နွေပူတာကြောင့်အပြင် အခြားသော အကြောင်းအရင်းခံတွေပါ ပါဝင်ပတ်သက်နေတာကြောင့် ဦးနှောက်သွေးကြော ပြတ်ရတာပါ။ သွေးတိုး အပါအဝင် အခြားရောဂါအခံ တစ်ခုခု ရှိနေမယ်။ ဆေးသောက်နေရမယ်။ စားသောက်မှုပုံစံ မှားယွင်းနေမယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းမယ်။ အယ်လ်ကိုဟော သောက်သုံးမယ်၊ တားမြစ်ဆေးဝါးတွေ သုံးစွဲတာနဲ့ အပူဒဏ်တို့ ပေါင်းစပ်မိတာကြောင့် အသံတိတ်လူသတ်သမားလို့ ခေါ်ကြတဲ့ ဘာရောဂါလက္ခဏာမှ ရေရေရာရာမပြဘဲ အသက်သေဆုံးရတဲ့ ဦးနှောက်သွေးကြော ပြတ်ရတာပါ။

ရာသီဥတုပူပြင်းတာ တစ်ခုတည်းကြောင့်တော့ ဦးနှောက်သွေးကြော မပြတ်နိုင်ပါဘူး။ နေထိုင်စားသောက်မှုပုံစံ မှန်ကန်မယ်ဆိုရင် ဦးနှောက်သွေးကြော ပြတ်တာမျိုး ဖြစ်နိုင်ခြေက နည်းပါတယ်။ နွေရာသီမှာ ရုတ်တရက် သတိလစ်သွားတယ်။ အသက်ပါပါသွားတယ်ဆိုတာက အပူလျှပ်တာကြောင့်ပါ။ အပူလျှပ်တာကို သတိမထားမိလို့ ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးပြီး သတိလစ်သွားတာမျိုး ဖြစ်ပါတယ်။

နေအပူဒဏ်က သွေးဖိအားအပေါ် တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ နွေရာသီမှာ အများထင်ကြသလို သွေးတိုးတာထက် သွေးပေါင်ကျတာက ဖြစ်နိုင်ခြေ ပိုများပါတယ်။ အပူဒဏ်ကြောင့် သွေးကြောတွေ ကျယ်လာသလို၊ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကြောင့် သွေးပေါင်ကျဖို့ များပါတယ်။ သာမန်လူတွေမှာ ခန္ဓာကိုယ်က ဒီဖြစ်စဉ်ကို အချိန်မီတုံ့ပြန်နိုင်ပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ တုံ့ပြန်မှု နှေးတာကြောင့် သွေးပေါင်တွေကျပြီး မူးတာ၊ သတိလစ်တာမျိုး ဖြစ်တတ်ပါတယ်။

နွေရာသီမှာ သွေးတိုးတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ အများစုကတော့ သွေးတိုးရောဂါအခံရှိပြီး သေချာမထိန်းတဲ့သူတွေရယ်၊ အပူရှိန်ကြောင့် စိတ်ဖိစီးတဲ့ သူတွေရယ်ပါ။ စိတ်ဖိစီးတာကတော့ ဖိစီးတဲ့ခဏ တိုးမှာပဲဖြစ်ပြီး အမြဲတိုးနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နဂိုသွေးတိုးကို သေချာမထိန်းတဲ့သူတွေက ဦးနှောက်သွေးကြောပြတ်သွားတဲ့အခါ နွေရာသီကြောင့်၊ ပူတာကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရောဂါကို သေချာမထိန်းလို့ ဖြစ်ရတာပဲ ဖြစ်ပါတယ်။

ဘယ်သူတွေက ပိုသတိထားဖို့လိုမလဲ

အပူချိန်ပြင်းနေချိန်မှာ လူတိုင်း သတိထားဖို့လိုတယ်ဆိုပေမယ့် အခုပြောပြမယ့်သူတွေက ပိုသတိထားဖို့ လိုပါမယ်။

- ‌သွေးတိုးရောဂါအခံရှိသူတွေ

- ‌နေပူထဲမှာ တစ်ချိန်လုံးအလုပ်လုပ်နေသူတွေ

- အရက်သောက်သုံးသူတွေ

- တားမြစ်ဆေးသုံးစွဲသူတွေ

- အသက် ၅၀ အထက် လူကြီးတွေ

- ‌ရောဂါအခံတစ်ခုခုကြောင့် ပုံမှန်ဆေးသောက်သုံးနေရသူတွေ

- ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံရှိသူတွေ

- ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေ

- အိပ်ရေးပျက်တာကြောင့် ကိုယ်ခံအားနည်နေသူတွေ

- အဝလွန်နေတဲ့သူတွေ

- နှလုံးရောဂါအခံရှိသူတွေ

- အဆုတ်ရောဂါအခံရှိသူတွေ

- ကျောက်ကပ်ရောဂါအခံရှိသူတွေက ထိခိုက်နိုင်ခြေများပါတယ်။

ဘယ်လိုကာကွယ်မလဲ

ဒီတော့ ကိုယ်တိုင်ကိုဖြစ်ဖြစ် မိသားစုဝင်တွေမှာဖြစ်ဖြစ် ခုလို အခြေအနေကနေ ကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

- ‌ရေဓာတ်ပြည့်ဝနေစေဖို့ရေများများသောက်ပါ။

- အရမ်းပူနေတဲ့အချိန်မှာ အချိုရည်တွေ အလွန်အကျွံမသောက်ပါနဲ့။ - သဘာဝသစ်သီးဖျော်ရည်လေးတွေ သောက်ပါ။

- အရက်သေစာ မသောက်ပါနဲ့။

- ‌နေပူထဲတစ်ချိန်လုံးထွက်မနေပါနဲ့။

- အရိပ်ရတဲ့နေရာမှာနားနားနေနေပါ။

- ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ပါနဲ့။

- အပြင်ထွက်ရင် ထီး၊ဦးထုပ်ဆောင်းပါ။

- ချည်သားပွပွချောင်ချောင်လေတွေဝတ်ဆင်ပါ။

- အပူချိန်မြင့်တဲ့နေ့လယ် ၁၂ နာရီကနေ ၃ နာရီအတွင်း အပြင်ထွက်တာကိုရှောင်ပါ။

- အိပ်ရေးဝအောင်အိပ်ပါ။

- ပေါ့ပါ့ပါးပါးကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပါ။

- ခြေညှပ်ဖိနပ်ဝတ်ပါ။ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်တွေ၊ချွေးစုပ်တဲ့ခြေအိတ်တွေဝတ်ပါ။

- အပူအအေးပြင်းထန်တဲ့ အခြေအနေပြောင်းလဲမှုကို သတိထားပါ။

- နေပူထဲကနေ ပြန်လာလာချင်း ရေခဲရေ အေးအေးတွေသောက်တာမျိုးမလုပ်ပါနဲ့။

အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ ဒါကြောင့် အခုပြောပြခဲ့တာတွေကို သတိထားလို့ ကိုယ်တိုင်ကိုရော ချစ်ရသူတွေကိုပါ အသံတိတ်လူသတ်သမားလက်ကနေ ကာကွယ်ကယ်ဆယ်လိုက်ပါနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

အပူဒဏ္ နဲ႔ ဦးေႏွာက္ေသြးေၾကာ ျပတ္ျခင္း

မိုးမွာ ေရႀကီးေအာင္ မိုး႐ြာၿပီး ေဆာင္းမွာေတာ့ အေအးေလ်ာ့ခဲ့ေပမယ့္ အခုေႏြမွာေတာ့ ႐ိုးရာမပ်က္ ျခစ္ျခစ္ေတာက္ ပူေနေလရဲ႕ေနာ္။ မနက္လင္းကတည္းက စညည္းမိတာ ပူလိုက္တာ ေခြၽးေတြ လုံးေနတာပဲ ဆိုတဲ့ စကားပါ။ ခ်က္ရျပဳတ္ရ၊ အိမ္မႈကိစၥေတြ လုပ္ရ၊ ႐ုံးသြားရနဲ႔ မအားမလပ္ပါပဲ။ ဒီၾကားထဲ ႐ုံးသြားတဲ့အခါ မွာ ကားက တိုးႀကိတ္စီးရေသးတာေနာ္။ မဟုတ္လည္း လမ္းက က်ပ္တယ္။ ဒီျပႆနာေတြက ေႏြမွာ ပိုဆိုးတယ္ေနာ္။ ေႏြေရာက္ၿပီဆို အမ်ားဆုံး ၾကားရတာ တစ္ခု႐ွိတယ္။ ဒါကေတာ့ ေႏြပူလြန္းလို႔ ဦးေႏွာက္ေသြးေၾကာ ျပတ္တယ္ ဆိုတာပါပဲ။

အပူဒဏ္ နဲ႔ ဦးေႏွာက္ေသြးေၾကာ ျပတ္ျခင္း

ေႏြအပူေၾကာင့္ ဦးေႏွာက္ေသြးေၾကာျပတ္တာလားဆိုတာကို ၾကည့္လိုက္ၾကရေအာင္လား ……

ေႏြအပူေၾကာင့္ ဒီလိုျပႆနာေတြရင္ဆိုင္ရႏိုင္ပါတယ္

-ေခြၽးထြက္လြန္မယ္

- ‌ေရဓာတ္နဲ႔ ဆားဓာတ္ဆုံး႐ႈံးမယ္

- ‌ေခါင္းကိုက္မယ္

- ‌ေအာ့အန္မယ္

- မအီမသာျဖစ္မယ္

- ‌ေနေလာင္မယ္

- အေရျပားျပႆနာေတြျဖစ္မယ္

- အပူလွ်ပ္မယ္

- ‌ေသြးတိုးတက္မယ္

- ဆီးခ်ိဳတက္မယ္

- မိတ္ထြက္မယ္

- ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္မယ္

- အစာအဆိပ္သင့္မယ္

- မ်က္လုံးထိခိုက္မယ္။

 

 ‌ေႏြပူတာေၾကာင့္ ဦးေႏွာက္ေသြးေၾကာ ျပတ္တာလား

ဦးေႏွာက္ေသြးေၾကာျပတ္ ရတာက ေႏြပူလို႔လား ဆိုေတာ့ မဟုတ္ပါဘူး။ ေႏြပူတာေၾကာင့္အျပင္ အျခားေသာ အေၾကာင္းအရင္းခံေတြပါ ပါဝင္ပတ္သက္ေနတာေၾကာင့္ ဦးေႏွာက္ေသြးေၾကာ ျပတ္ရတာပါ။ ေသြးတိုး အပါအဝင္ အျခားေရာဂါအခံ တစ္ခုခု ႐ွိေနမယ္။ ေဆးေသာက္ေနရမယ္။ စားေသာက္မႈပုံစံ မွားယြင္းေနမယ္။ ကိုယ္လက္လႈပ္႐ွားမႈ နည္းမယ္။ အယ္လ္ကိုေဟာ ေသာက္သုံးမယ္၊ တားျမစ္ေဆးဝါးေတြ သုံးစြဲတာနဲ႔ အပူဒဏ္တို႔ ေပါင္းစပ္မိတာေၾကာင့္ အသံတိတ္လူသတ္သမားလို႔ ေခၚၾကတဲ့ ဘာေရာဂါလကၡဏာမွ ေရေရရာရာမျပဘဲ အသက္ေသဆုံးရတဲ့ ဦးေႏွာက္ေသြးေၾကာ ျပတ္ရတာပါ။

ရာသီဥတုပူျပင္းတာ တစ္ခုတည္းေၾကာင့္ေတာ့ ဦးေႏွာက္ေသြးေၾကာ မျပတ္ႏိုင္ပါဘူး။ ေနထိုင္စားေသာက္မႈပုံစံ မွန္ကန္မယ္ဆိုရင္ ဦးေႏွာက္ေသြးေၾကာ ျပတ္တာမ်ိဳး ျဖစ္ႏိုင္ေျခက နည္းပါတယ္။ ေႏြရာသီမွာ ႐ုတ္တရက္ သတိလစ္သြားတယ္။ အသက္ပါပါသြားတယ္ဆိုတာက အပူလွ်ပ္တာေၾကာင့္ပါ။ အပူလွ်ပ္တာကို သတိမထားမိလို႔ ဦးေႏွာက္အပါအဝင္ ကိုယ္တြင္းအဂၤါေတြ ပ်က္စီးၿပီး သတိလစ္သြားတာမ်ိဳး ျဖစ္ပါတယ္။

ေနအပူဒဏ္က ေသြးဖိအားအေပၚ ေတာ္ေတာ္ေလးသက္ေရာက္မႈ႐ွိေနတာပါ။ ေႏြရာသီမွာ အမ်ားထင္ၾကသလို ေသြးတိုးတာထက္ ေသြးေပါင္က်တာက ျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။ အပူဒဏ္ေၾကာင့္ ေသြးေၾကာေတြ က်ယ္လာသလို၊ ေရနဲ႔ ဓာတ္ဆား ဆုံး႐ႈံးတာေၾကာင့္ ေသြးေပါင္က်ဖို႔ မ်ားပါတယ္။ သာမန္လူေတြမွာ ခႏၶာကိုယ္က ဒီျဖစ္စဥ္ကို အခ်ိန္မီတုံ႔ျပန္ႏိုင္ေပမယ့္ အသက္ႀကီးတဲ့သူေတြမွာေတာ့ တုံ႔ျပန္မႈ ေႏွးတာေၾကာင့္ ေသြးေပါင္ေတြက်ၿပီး မူးတာ၊ သတိလစ္တာမ်ိဳး ျဖစ္တတ္ပါတယ္။

ေႏြရာသီမွာ ေသြးတိုးတဲ့ သူေတြလည္း ႐ွိႏိုင္ပါတယ္။ အမ်ားစုကေတာ့ ေသြးတိုးေရာဂါအခံ႐ွိၿပီး ေသခ်ာမထိန္းတဲ့သူေတြရယ္၊ အပူ႐ွိန္ေၾကာင့္ စိတ္ဖိစီးတဲ့ သူေတြရယ္ပါ။ စိတ္ဖိစီးတာကေတာ့ ဖိစီးတဲ့ခဏ တိုးမွာပဲျဖစ္ၿပီး အၿမဲတိုးေနမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ နဂိုေသြးတိုးကို ေသခ်ာမထိန္းတဲ့သူေတြက ဦးေႏွာက္ေသြးေၾကာျပတ္သြားတဲ့အခါ ေႏြရာသီေၾကာင့္၊ ပူတာေၾကာင့္လို႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ ေရာဂါကို ေသခ်ာမထိန္းလို႔ ျဖစ္ရတာပဲ ျဖစ္ပါတယ္။

ဘယ္သူေတြက ပိုသတိထားဖို႔လိုမလဲ

အပူခ်ိန္ျပင္းေနခ်ိန္မွာ လူတိုင္း သတိထားဖို႔လိုတယ္ဆိုေပမယ့္ အခုေျပာျပမယ့္သူေတြက ပိုသတိထားဖို႔ လိုပါမယ္။

- ‌ေသြးတိုးေရာဂါအခံ႐ွိသူေတြ

- ‌ေနပူထဲမွာ တစ္ခ်ိန္လုံးအလုပ္လုပ္ေနသူေတြ

- အရက္ေသာက္သုံးသူေတြ

- တားျမစ္ေဆးသုံးစြဲသူေတြ

- အသက္ ၅၀ အထက္ လူႀကီးေတြ

- ‌ေရာဂါအခံတစ္ခုခုေၾကာင့္ ပုံမွန္ေဆးေသာက္သုံးေနရသူေတြ

- က်န္းမာေရးနဲ႔မညီတဲ့ စားေသာက္မႈပုံစံ႐ွိသူေတြ

- ကိုယ္လက္လႈပ္႐ွားမႈနည္းသူေတြ

- အိပ္ေရးပ်က္တာေၾကာင့္ ကိုယ္ခံအားနည္ေနသူေတြ

- အဝလြန္ေနတဲ့သူေတြ

- ႏွလုံးေရာဂါအခံ႐ွိသူေတြ

- အဆုတ္ေရာဂါအခံ႐ွိသူေတြ

- ေက်ာက္ကပ္ေရာဂါအခံ႐ွိသူေတြက ထိခိုက္ႏိုင္ေျခမ်ားပါတယ္။

ဘယ္လိုကာကြယ္မလဲ

ဒီေတာ့ ကိုယ္တိုင္ကိုျဖစ္ျဖစ္ မိသားစုဝင္ေတြမွာျဖစ္ျဖစ္ ခုလို အေျခအေနကေန ကာကြယ္ဖို႔ဆိုရင္ ဒီအခ်က္ေလးေတြကို လိုက္နာဖို႔ လိုပါမယ္။

- ‌ေရဓာတ္ျပည့္ဝေနေစဖို႔ေရမ်ားမ်ားေသာက္ပါ။

- အရမ္းပူေနတဲ့အခ်ိန္မွာ အခ်ိဳရည္ေတြ အလြန္အကြၽံမေသာက္ပါနဲ႔။ - သဘာဝသစ္သီးေဖ်ာ္ရည္ေလးေတြ ေသာက္ပါ။

- အရက္ေသစာ မေသာက္ပါနဲ႔။

- ‌ေနပူထဲတစ္ခ်ိန္လုံးထြက္မေနပါနဲ႔။

- အရိပ္ရတဲ့ေနရာမွာနားနားေနေနပါ။

- ျပင္းျပင္းထန္ထန္ေလ့က်င့္ခန္းလုပ္တာမ်ိဳးမလုပ္ပါနဲ႔။

- အျပင္ထြက္ရင္ ထီး၊ဦးထုပ္ေဆာင္းပါ။

- ခ်ည္သားပြပြေခ်ာင္ေခ်ာင္ေလေတြဝတ္ဆင္ပါ။

- အပူခ်ိန္ျမင့္တဲ့ေန႔လယ္ ၁၂ နာရီကေန ၃ နာရီအတြင္း အျပင္ထြက္တာကိုေ႐ွာင္ပါ။

- အိပ္ေရးဝေအာင္အိပ္ပါ။

- ေပါ့ပါ့ပါးပါးကိုယ္လက္လႈပ္႐ွားမႈေလးေတြလုပ္ပါ။

- ေျခညႇပ္ဖိနပ္ဝတ္ပါ။ ေလဝင္ေလထြက္ေကာင္းတဲ့ ဖိနပ္ေတြ၊ေခြၽးစုပ္တဲ့ေျခအိတ္ေတြဝတ္ပါ။

- အပူအေအးျပင္းထန္တဲ့ အေျခအေနေျပာင္းလဲမႈကို သတိထားပါ။

- ေနပူထဲကေန ျပန္လာလာခ်င္း ေရခဲေရ ေအးေအးေတြေသာက္တာမ်ိဳးမလုပ္ပါနဲ႔။

အသက္ကို ဉာဏ္ေစာင့္ပါတယ္ေနာ္။ ဒါေၾကာင့္ အခုေျပာျပခဲ့တာေတြကို သတိထားလို႔ ကိုယ္တိုင္ကိုေရာ ခ်စ္ရသူေတြကိုပါ အသံတိတ္လူသတ္သမားလက္ကေန ကာကြယ္ကယ္ဆယ္လိုက္ပါေနာ္။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service